New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Monday, February 18, 2013

နစကနယ်မြေ (၅) မှမောင်တောမြောက်ပိုင်းတွင်တရားဝင်ဓါးပြတိုက်နေ


QS Madani 
RB News 
17.2.2013 
မောင်တော ။ ။ မောင်တောမြို့နယ်မြောက်ပိုင်း၊ မြို့သစ်ကျေးရွာ (ရူစူဖာရာ) တွင်ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင်ရခိုင်လူမျိုး အချင်းချင်းပြဿနာဖြစ် ပွားပြီးနောက် ရခိုင်အစွန်းရောက်များနှင့် အစိုးရ အာဏာ ပိုင်များသည် မြို့သစ်ကျေးရွာ အနီးပတ်ဝန်းကျင်ရှိ ရွာများတွင် စုံစမ်းစစ်ဆေးမှုပြု လုပ်ရမည်ဟုခေါင်းစဉ် တပ်၍ ရိုဟင်ဂျာ ရွာသူရွာသား များအားအစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ နေအိမ်များသို့ ၀င်ရောက်စီး နင်း၍ တရားဝင် ဓါးပြတိုက်ခြင်းပြု လုပ်လျက် ရှိသည်။ ဖေဖော်ဝါရီလ (၁၀) ရက်နေ့နောက်ပိုင်းမှစ၍ နစကများ၊ စရဖများနှင့် လက်နက်ကိုင်ဆောင်ထားသော ရခိုင်အစွန်းရောက် လူငယ်များသည် တရွာဝင် တရွာထွက်၍ စုံစမ်းစစ်ဆေးရေး ခေါင်းစဉ်ဖြင့် ရိုဟင်ဂျာ ရွာသူရွာသား များကို နည်းလမ်းမျိုးစုံဖြင့် ဒုက္ခပေး လျက် ရှိကြောင်းသိရှိ ရပါသည်။  နေအိမ်များကို စီးနင်းသည်နှင့် တပြိုင်နက် နေအိမ်ရှိ လူများကို ရိုက်နှက် ခြင်း၊ ငွေကြေးများ၊ ရွှေများ၊ အ၀တ်အစားများနှင့်နေအိမ်ပိုင် ဆိုင်မှုအထောက် အထားများ ကိုလု ယူကြ ကြောင်းသိရပါသည်။ 
ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ဒိုးတန်းကျေးရွာအုပ်စု၊ လူဒိုင်းရွာသို့ ၀င်ရောက်၍ အောက်ဖော်ပြပါ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး များကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 
(၁) ဦးနာဇီရ်ဟူစိန်း (ဘ) အမည်မသိ (အသက် ၅၀ နှစ်) 
(၂) ဒေါ်ကူလ်ဆူမာ (ဘ) ဦးဟာမိတ်ဟူစိန်း (အသက် ၄၅ နှစ်) 
(၃) ဦးလေယာကာသ်အလီ (ဘ) ဦးဆေရာဂျူလ်အစ္စလာမ် (အသက် ၄၅ နှစ်) 
(၄) မောင်ဘရှာရ် (ဘ) ဦးလေယာကာသ်အလီ (အသက် ၂၀ နှစ်) 
(၅) မောင်အုစ်မာန် (ဘ) ဦးအဒူလသီဖ် (အသက် ၁၈ နှစ်) 
(၆) ဦးလေယာကာသ်အလီ (ဘ) အမည်မသိ (အသက် ၃၀ နှစ်) 
(၇) ဦးမိုဟာမတ်ဒေဒရီစ် (ဘ) မော်လာနာဦးကဘီရ် (အသက် ၂၉ နှစ်) 
(၈) ဦးမိုဟာမတ်ဟာရှင် (ဘ) ဦးဇော်မီရ် (အသက် ၂၅ နှစ်) 
(၉) မောင်မိုဟာမတ်အာနတ်စ် (ဘ) ဦးဆယာဒ်အဟမတ် (အသက် ၂၀ နှစ်) 
(၁၀) ဦးကမာလ်ဟူစိန်း (ဘ) ဦးမိုဟာမတ်ဟူစိန်း (အသက် ၂၂ နှစ်) 
အထက်ဖော်ပြပါ (၁၀) ဦးမှ (၄) ဦးကိုဖမ်းဆီးသွားသည့်နေ့ ညဘက်တွင်သတ်ဖြတ်လိုက်ကြောင်း သတင်း ရ ရှိပါသည်။ 
ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် အောက်ပြူး မကျေးရွာ (ဟာဆာဘီလ်) ကိုနစကများ ၀င်ရောက်စီး နင်းခဲ့ပြီး၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် အထက်ပြူး မကျေးရွာ ရှိနေအိမ် ၂၁ အိမ်ကိုဝင်ရောက်စီး နင်းခဲ့သည်။ အဆိုပါနေအိမ် ၂၁ အိမ်မှ စားနပ် ရိက္ခာများ လုယက်ခဲ့ပြီး ရိုက်နှက်၍ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်သွားရန် နစက များမှပြော ဆိုခဲ့ကြောင်း သိရပါသည်။ ဦးအေလီယာစ်၏  နေအိမ်သို့ ၀င်ရောက်စီးနင်း ရာတွင် နစကများမှ “မင်းက ဘင်္ဂလီဖြစ်တဲ့ အတွက် ငါတို့ လုပ်ချင်သလို လုပ်မယ်” ဟုပြောပြီး နောက် ကော် ဖီမစ် ထုတ်များ ကိုတွေ့သော အခါ “အရသာရှိတဲ့ ဒီကော်ဖီမစ်တွေ သောက်ပြီး မင်း ဒီနိုင်ငံ ထဲက ထွက် မသွားနိုင် တာလား” ဟုပြောဆိုခဲ့သည်။ 
ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင်ဒိုးတန်းရွာရှိ နေအိမ် (၄၁) အိမ်ကိုဝင်ရောက်စီးနင်းကြောင်းသိရှိရပါ သည်။ ဖေဖော်ဝါရီ (၁၅) ရက်နေ့တွင် ငါးစားကြိုးကျေးရွာအုပ်စု၊ လိပ်အိုင်ရွာရှိနေအိမ် (၆၀) ကိုဝင် ရောက် စီးနင်းခဲ့သည်။ အဆိုပါနေ အိမ်များမှ ငွေကြေးများ၊ ရွှေများ၊ အ၀တ်အစားများ၊ ဟင်းချက်သည့် အိုး များ၊ မြေယာပိုင်ဆိုင်မှု၊ နေအိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်းများနှင့် အခြားသော တန်ဖိုးရှိ သည့်ပစ္စည်း များ ကိုလုယူ ခဲ့ကြောင်း သိရပါသည်။ 
ထိုကဲ့သို့ သန်းပေါင်းများစွာ တန်ဖိုးရှိသည့် ပစ္စည်းများ လုယူခံရခြင်း၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရခြင်း တို့ကြောင့် ရိုဟင်ဂျာ ရွာသူရွာသား အများအပြားမှာ မိမိတို့၏ကျေးရွာများရှိနေအိမ်များကို စွန့်ခွာ၍ တောင် များပေါ်နှင့်ဆည်များ၊ ကန်များအနီး အ၀ှက်များတွင်နေရာယူ၍ နေထိုင်လျက်ရှိကြသည်။ 
အာဏာပိုင်များမှ ရခိုင်ရွာ တစ်ရွာလျှင် သေနတ် ၄ လက်စီခွဲတမ်းချပေးထားပြီး၊ ယခုအခါ လက်နက်များ ကိုင်ဆောင်၍ ဈေးများ၊ ပြည်သူ အများသွား လာသည့်နေရာ များတွင် ရိုဟင်ဂျာများအားခြိမ်းခြောက် လျက် ရှိကြောင်း သတင်းရရှိပါသည်။ 
ယခုဖြစ်ပေါ်နေသောအခြေအနေများကို ဖန်တီးနေသည့်အဓိကတာဝန်ရှိသူ (၃) ဦးမှာ - 
(၁) နစကနယ်မြေ (၅) မှ ဦးထွန်းထွန်းနိုင် 
(၂) စရဖမှ ဦးမိုးပျံထွန်း 
(၃) နစကနယ်မြေ (၅) နယ်မြေမှူး ဗိုလ်မှူးဝင်းလှိုင် - တို့ဖြစ်ပါသည်။
onversation

No comments:

Post a Comment