New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Monday, February 18, 2013

သီရိလင်္ကာ ရေတပ်ကနေ စနေနေ့က ကယ်တင်လိုက်တဲ့ရိုဟင်ဂျာ ၁၃၀ တွင်လမ်းတွင် ၉၈ ဦးသေဆုံး

 BBC Burmese's photo.


 

သီရိလင်္ကာ ရေတပ်က ကယ်လိုက်တဲ့လှေ ဂေါလ် ဆိပ်ကမ်းမြို့ရောက်ရှိ

သီရိလင်္ကာ ရေတပ်ကနေ စနေနေ့က ကယ်တင်လိုက်တဲ့ ဘင်္ဂလား မြန်မာ နယ်စပ်က လူတွေ ပါတဲ့ စက်လှေ တစီးဟာ သီရိလင်္ကာ နိုင်ငံ ဆိပ်ကမ်း ဂေါလ်မြို့ကို ဆိုက်ရောက် သွားပြီ ဖြစ်ပါတယ်။
အဲဒီလှေပေါ်မှာ လူပေါင်း ၁၃၀ ပါလာတာ ဖြစ်ပြီး၊ ၉၈ ဦး ကတော့ လမ်းမှာ သေဆုံးသွားလို့ ပယ်လယ်ထဲမှာ ပစ်ချထားခဲ့ကာ အခုတော့ အသက်ရှင်လျက် ၃၂ ဦး ကျန်ရှိ ပါတယ်။
အားလုံး ယောကျာ်းတွေ ဖြစ်ကြတဲ့ ဒီလူတွေဟာ မွတ်ဆလင်တွေ ဖြစ်ကြတယ် လို့လည်း သူတို့ အတွက် ဘာသာပြန် ပေးနေတဲ့ သီရိလင်္ကာ ဗုဒ္ဓဘာသာ ဘုန်တော်ကြီး တပါးက ဘီဘီစီကို ပြောပါတယ်။
သူတို့ဟာ အလုပ် အကိုင် ရှာဖွေဖို့ အတွက် မလေးရှားနဲ့ သြစတြေးလျ ဘက်ကို သွားဖို့ ကြိုးစားခဲ့ကြ တာ ဖြစ်ပြီး၊ လမ်းမှာ စက်ပျက်ကာ သီရိလင်္ကာ ပင်လယ်ပြင်ဘက် ရောက်ရှိ သွားကြတာ ဖြစ်ပါတယ်။

No comments:

Post a Comment