New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Sunday, February 17, 2013

သမီးရည်းစားပြသနာကြောင့် ဖြစ်ပွားသော လူ သတ် မှု ကို လူမျိုးစုပြသနာအဖြစ်ဖန်တီးပြီး နယ်မြေရှိ နစကအဖွဲ့က ရိုဟင်ဂျာလူမျိုးများ အား ခြိမ်းခြောက် ဖမ်းဆီးနှိပ်စက်နေခြင်း

သမီးရည်းစားပြသနာကြောင့် ဖြစ်ပွားသောလူသတ်မှုကို လူမျိုးစုပြသနာအဖြစ်ဖန်တီးပြီးနယ်မြေရှိ နစက အဖွဲ့က ရိုဟင်ဂျာလူမျိုးများအား ခြိမ်းခြောက် ဖမ်းဆီးနှိပ်စက်နေခြင်း ။
မောင်းတောမြောက်ပိုင်း ၊ အမှတ်(၅) နစက နယ်မြေ ငါးခူရစခန်းပိုင် မြို့သစ်ကျေးရွာအုပ်စု ၊ ညောင်ဘွေ   ကျေးရွာနေ အုပ်ချုပ်ရေးမှုး ဦးဘတင် နေအိမ်တွင် ရံဖန်ရံခါ ကုန်အရောင်း အ၀ယ်ပြုလုပ်သော ရခိုင် အမျိုး သား ကုန်သည်ပွဲစားများ တည်းခိုနေထိုင်ကြပါသည် ၊ ထိုကုန်သည်များထဲတွင် စစ်တွေမြို့တွင်နေ ထိုင် သော ကုန်သည်ပွဲစား ဦးမောင်အေးမှာလည်း တဦးအပါအ၀င် ပင်ဖြစ်ပါသည်။ ဦးမောင်အေး သည် ဘင်္ဂလားဒေရှ် နယ်စပ်သို့ မကြာခဏ ကုန်ရောင်းဝယ်ပြု လုပ်ပြီး မောင်းတောမြို့ ရှိ
ဦးဘတင်နေအိမ် တွင်ပင် အမြဲတည်းခို နေထိုင်ပါသည်။
ဖြစ်စဉ်မှာ – ဦးဘတင်တွင် အသက်(၄၀) နှစ်ခန့်ရှိသော မချေ အမည်ရှိ ညီမတဦးရှိပါသည်။ ၎င်း၏ညီမ ဖြစ်သူ မချေအား အမျိုးတော်စပ်သူ ရွှေပန်းထိမ်လုပ်ငန်း လုပ်ကိုင်သော ရခိုင်အမျိုးသားတဦးနှင့် ထိမ်းမြား လက်ထပ်ပေးရန် စီစဉ်ထားပါသည်။ထိုအကြောင်းကို ညီမဖြစ်သူ မချေမှာ လက်မခံပဲ ငြင်းဆန် နေပြီး စစ်တွေသား ဦးမောင်အေး နှင့်သာ လက်ထပ်ထိမ်းမြားရန် ဆန္ဒရှိနေပါသည်။ လွန်ခဲ့သော နှစ် အနည်း ငယ်ခန့်ကပင် မချေနှင့် ဦးမောင်အေးတို့ ချစ်ကျွမ်းဝင် နေကြောင်းကို ဦးမောင်အေး နှင့် အတူတည်း ခိုနေထိုင်သူ သူငယ်ချင်းများလည်း သိရှိကြပြီး မချေအား မောင်အေး နှင့်သာလျှင် နီးစပ်စေ လိုကြပါသည်။
ဖေဖေါ်ဝါရီလ (၁၀) ရက် နေ့ မနက် ၀၀း ၁၅ နာရီခန့်တွင် ဦးဘတင်မှာ တရေးနိုးလာပြီး အောက်ထပ်သို့ ဆင်းကြည့်ရာတွင် ချိန်းတွေ့နေသော ညီမဖြစ်သူမချေ နှင့် မိတ်ဆွေ ကိုမောင်အေး ကိုတွေ့ ရှိသောအခါ ဒေါသ ပေါက်ကွဲ၍ စကားများရန်ဖြစ်ကြပါသည်။ တဖက်နှင့်တဖက်စကား အပြန်အလှန်များ ရာတွင် တုတ်၊ဓါး ၊လှံ စသည့်လက်နက်များပါ ပါဝင်လာပြီး နှစ်ဖက်ရန်ပွဲမှာ အရှိန် အဟုန် ပြင်းထန် လာရာတွင် ဦးမောင်အေး၏ မိတ်ဆွေများဖြစ်သော ဦးနေလင်းအောင် အသက် (၂၂) နှစ် နှင့် ဦးစောညွှန့်အောင် (၃၉)နှစ် တို့ကရောက်ရှိ လာပြီး ၀င်ရောက် ဖျန်ဖြေ ရန်ကြိုးစားရာ ဦးဘတင်မှ သေနတ် ဖြင့် ပစ်ဖေါက် ခုခံခဲ့ပါသဖြင့် ဦးမောင်အေးမှာ ရင်ဘတ်ကိုထိမှန်ခဲ့ပြီး အခင်းဖြစ်နေရာတွင် ပင် သေဆုံး ခဲ့ပါသည်။ ဦးနေလင်းအောင် နှင့် ဦးစောညွှန့်အောင်တို့မှာလည်း ပြင်းထန်စွာ ဒဏ်ရာအသီး သီးရရှိ ခဲ့ပါသည်။
အထက်ပါဖြစ်ရပ်မှန်ကို မပေါ်ပေါက်နိုင်ရန်အတွက် မသမာသူအချို့ကလုပ်ကြံဖန်တီး ကာ ဖြစ်စဉ် ကိုပြောင်းပြန် လုပ်ပြီး ရန်ကုန်အခြေစိုက် ရန်ကုန်တိုင်းမ် မီဒီယာ အတွဲ (၉) ၊ အမှတ် (၇) ၊ ဖေဖေါ်ဝါရီ လ (၁၂) ရက်နေ့ထုတ် စာစောင်တွင် မောင်းတောတွင် န.စ.က အယောင်ဆောင် ဘင်္ဂါလီအချို့ အကြမ်းဖက် တိုက်ခိုက် သည်ဟု ဖြစ်ရပ်မှန်နှင့် လွှဲမှားစွာ ဖေါ်ပြပြီး လူမျိုးစု(၂)စု ကို ပြသနာ ဖြစ်အောင်ဝါဒဖြန့် လှုံ့ဆော်နေခြင်းဖြစ်ပါသည်။
စာစောင်များတွင် လုပ်ကြံဖန်တီးဖော်ပြသော ဖြစ်စဉ်ကို အခွင့်ကောင်းယူ၍ နယ်မြေရှိ နစကအဖွဲ့မှ အခင်းဖြစ်ရွာ အနီးရှိ ဒိုးတန်းကျေးရွာသား ဦးဇော်မူလုက်၏သားဖြစ်သူ မာမက်ဟာရှိမ်း (ခ) မာတာရှီ (စိတ်ဝေဒနာရှင်) အားအသုံးချ၍ ဖြစ်ရပ်မှန်နှင့် လွှဲမှားနေသော ထွက်ဆိုချက် အမျိုးမျိုး ကို ထွက်ဆိုခိုင်းပြီး ထိုထွက်ဆိုချက်ကို အကြောင်းပြု၍ ဒိုးတန်းကျေးရွာအုပ်စု နှင့် အောက်ပြုမကျေးရွာအုပ်စု ၊ အထက်ပြု မကျေးရွာအုပ်စု ၊ လောင်းဒုံ ကျေးရွာအုပ်စု ၊ ငါးစားကြူးကျေးရွာအုပ်စု တို့မှ အေးချမ်းစွာနေထိုင်သော အပြစ်မဲ့ ရိုဟင်ဂျာလူမျိုးများ ကိုအမျိုးမျိုး ခြိမ်းခြောက် ရိုက်နှက်၍ ယနေ့ထိ အမျိုးသား ၊အမျိုးသမီး နှင့် ကလေးသူငယ်များ အပါအ၀င် ရိုဟင်ဂျာ လူမျိုး အယောက် (၈၀) ခန့်ကို ဖမ်းဆီးချုပ်နှောင် ထားသည်ဟုသိရှိရပြီး ၎င်းဖမ်းဆီးထားသူများထဲမှ (၅) ဦးကို နစက ဒုကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စိုးလှိုင် နှင့် နစက နယ်မြေမှူး ဗိုလ်မှူး ၀င်းမင်းလှိုင် တို့က ခြိမ်းခြောက်ပြီး ငွေကြေးလက်ခံရယူကာ ၁၃. ၂. ၂၀၁၃ ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ယနေ့နောက် ဆက်တွဲ သတင်းအဖြစ် အထက် ပါကျေးရွာအသီးသီးမှ ငွေကြေးတတ်နိုင်သော ရိုဟင်ဂျာ လူမျိုးများအား တရားခံစာရင်းမှ ပယ်ဖျက်ပေး မည် ဟု ဆိုကာ ခြိမ်းခြောက်ငွေကြေးတောင်းခံနေကြောင်း လည်း သတင်း ရရှိပါသည်။
မောင်သော်
၁၄ ၊ ဖေဖေါ်ဝါရီလ ၊ ၂၀၁၃

No comments:

Post a Comment