New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Tuesday, February 26, 2013

လွှတ်တော်ဥက္ကဌကြီးထံတင်ပြချက်

အာဘော်/ဆောင်းပါး — ၂၅ ဇန်န၀ါရီလ ၂၀၁၃

သူရရွေမန်း
ဥက္ကဌ
ပြည်သူ့ လွှတ်တော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
လူမျိုးခြားစစ်ဆေးခြင်းအားရပ်တန့်ရေးနှင့်ဒုက္ခသည်ပြည်သူများအား သူ့နေရာနှင့်သူ ပြန် လည် ချ ထားရေးကို လုံခြုံစွာဖြင့် ဦးစားပေးကူညီရန် တင်ပြခြင်း။

၂၀၁၂ခုနှစ် ရခိုင်အကြမ်းဖက်မူသည် ဘင်္ဂလားရခိုင်သူပုန်များနှင့် အနောက်သားရခိုင်လူမျိုးပါတီခေါင်းဆောင် များ၏ ပူးပေါင်းကြံစည်မူကြောင့် ဖြစ်ပွားခဲ့သည်မှာ ထင်ရှားပါသည်။
ဤသို့ အကြမ်းဖက်မူကို နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးကြိုးပမ်းမူမှာလည်း တရားဥပဒေစိုးမိုးရေးနှင့် လူ့ အခွင့် အရေး တန်ဖိုးထားမူ အားနည်းမူကြောင့် ဖြေရှင်းရေး မှတ်တိုင်ဝေးနေရခြင်းပင်ဖြစ်နေသည်ဟု သုံးသပ်မိပါသည်။
သို့ သော် အပြစ်မဲ့ ဒုက္ခရောက်နေသော ရခိုင်၊ ရိုဟင်ဂျာ၊ ကမန်စသော ပြည်သူများ ၏ဘ၀ခံစားနေ ရသော နှစ် ၀က်ကျော် အတိဒုက္ခများကို စာနာသော အားဖြင့် ပြည်တွင်းဖူလုံမူမရှိဘဲ နိုင်ငံတကာမှ အကူအညီများ ကိုနေ့  စဉ်နှင့် အမျှ တောင်းခံနေရသည်မှာ ရှက်စရာကောင်းလှပါသည်။
တဖန် အကြမ်းဖက်မူအဆုံးသက်ရေးနည်းလမ်းတွင် နိုင်ငံတော်၏ ဥပဒေ၊ နည်းဥပဒေများကို ဘင်္ဂလားရခိုင် သူပုန် နှင့် ပါတီများက ဆက်လက် ဖီဆန်နေခြင်းသည် တရားဥပဒေ စိုးမိုးရေးနှင့် လူ့  အခွင့်အရေးလေးစားမူ ကိုထိရောက်စွာ ဟန့် တားမူခံနေရသည်ဟု သုံးသပ်မိပါသည်။ အကြောင်းမှာ သမ္မတကြီးမှ ရခိုင် အုပ်စုကို သတိပေးခြင်း၊   ကော်မရှင် မှသတိပေးခြင်း၊ ဥပဒေပါအဆုံးအဖြက်များကို နာမခံခြင်း၊ ရခိုင်နန်းကျဆုံးခြင်းနေ့  ဟူ၍ထွင်ပြီး သမိုင်းကြောင်း ရန်စပြုခြင်း၊ ယနေ့ တိုင် ရိုဟင်ဂျာ များနှင့် အတူ မနေထိုင်လိုကြောင်း ဟူ၍ ဒေသ ခံအုပ်ချူပ်ရေး မူးများ အား ခြိမ်းခြောက်ခြင်း ဟူသော ဆန့် ကျင်မူအစုစုကို လက်ပိုက် ကြည့်နေခြင်းသည် ကချင်ဒေသကဲ့သို့ အန္တရာယ်နှင့်ကြုံကြိုက် ခံရမည်ဟု စိုးရိမ်မိပါသည်။
ဤကဲ့သို့ ရခိုင်တို့ ၏လူမျိုးစုခွဲခြားပိုင်းခြားမူ ဗျူဟာဖြင့် အကြမ်းဖက်မူကို နိုင်ငံတော်ကလည်း ဖြေရှင်းရာတွင် ဒုက္ခ သည်များကိုသာ လူမျိုးခွဲခြားပြီး စစ်တမ်းကောက်ခြင်း၊ လူမျိုးစု ဇာတိမှန်အား အတင်းပြောင်း လဲရေးမှတ် ခြင်း၊ မရလျင် နှိပ်စက်မူနည်းဆင်ခြင်းဟူသော နည်းသည်လည်း တရားမျှတမူနှင့် လူ့  အခွင့်အရေးဥပဒေများနှင့် ဆန့်  ကျင်သောကြောင့် အမြန်ဆုံး ရပ်တန့် ပေးပါရန် အလေးအနက်တောင်းဆိုအပ်ပါသည်။
တဖန်နိုင်ငံတော်သည် ဤအကြမ်းဖက်မူကို လူမျိုးစု ၂စု ပြသနာဟူ၍ လွဲမှားစွာ နားလည်ယူပြီး စုံစမ်း စစ် ဆေးရေး အဖွဲ့ ၏ လုပ်ငန်းဖြင့်လည်းကောင်း၊ လုံခြုံရေး သတင်းအရ လည်းကောင်း၊ အကြမ်းဖက်မူတွင် ပါဝင်ထင် ရှားသော ရခိုင်သူပုန်နှင့် ဘင်္ဂလားရခိုင်ပါတီခေါင်းဆောင်များ၊ နောက်ခံကြိုးကိုင်ထားသူများအားလုံး သိ ကုန်ပြီး သော်လ ည်း အရေးယူမူမပြုနိုင်လျင်ထားပါတော ၊့ ဒုက္ခသည်စခန်းအသီးသီး ကိုရောက်နေသောပြည် သူများ၏ အတိဒုက္ခကို မခံနိုင်၍ သေခြင်း၊ ပျောက်ခြင်း၊ တိုင်းတပါးသို့ ထွက်ပြေးရခြင်း အစုစုကို နိုင်ငံတော်မှ တာဝန်ခံရ မည်အားလျော်စွာ ယခုဒုက္ခရောက်နေသူများကို ဦးစားပေး၍ သူ့ နေရာနှင့် သူ ပြန်လည်ချထားမူ တစ်ခု တည်းသာ လုံခြုံစွာ ကူညီပေးရန် အချိန်ကျပြီ ဖြစ်နေသည်။
တဖန် ရခိုင်ဒေသတွင် ဘင်္ဂလားမှ မွတ်စ်လင်မ်တွေတံခါးမရှိခိုးဝင်လာမူဟူ၍ ယုံမှားနေမူဖြင့် ရှုပ်ထွေးနေမူနှင့် အတူ ယနေ့ ရခိုင် အရေး ဖြစ်စဉ်က စတင်ပြီး ရခိုင် ဒေသသို့  ဘင်္ဂလား နယ်ဖွား ရခိုင် (ဗုဓ္ဒဘာသာ) များသာ အမျိုးတူဟူ၍ အကြောင်းခံပြီး ရခိုင်ပြည်လွတ်မြောက်ပြီဟူသော ရခိုင်ပါတီ၏ အသံဖြင့် ဘင်္ဂလားရှိတစ်မျိုး တစ်ဆွေ လုံး နေ့ စဉ်နှင့် အမျှ ခိုးဝင်လာပြီး နေထိုင်မူခက်ခဲလာသောအခါ ရိုဟင်ဂျာများ၏နယ်မြေများကို နစကမှသိမ်းယူပြီး အတင်းနေရာချ ထားနေကြောင်းတွေ့ နေရပါသည်။ ဤသို့  ဘင်္ဂလားရခိုင်များ ခိုးဝင်လာမူကို မည်သည့်ဥပဒေဖြင့်တားဆီးနိုင်မည် ကို သတိ ပြုလိုပါသည်။
သို့ သော် ရခိုင် အကြမ်းဖက်မူတွင် ပါဝင်ခဲ့သော ဘင်္ဂလားရခိုင်သူပုန်များ၊ ခိုးသွင်းတိုက်ခဲ့သော လက်နက် များ၊ မြေပေါ်ရှိ အနောက်သား ရခိုင် ပါတီခေါင်းဆောင်များ၊ နောက်ခံကြိုးကိုင် ထားသော အငြိမ်းစား ဗိုလ်ချုပ်များ၊ ၀န်ကြီးများ စာရင်းဇယားအားလုံးရရှိထားကာ နိုင်ငံတော် သမ္မတထံ အသိပေးပြီး နိုင်ငံတော် နှင့် ဇာတိမြေဖွား ပြည် သူများကိုကာကွယ်မူအားဖြင့် လည်းကောင်း ၊ အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေး လည်းကောင်း၊ တပ်မတော်နှင့် အတူ ၀င်ရောက်ချေမုန်းရမည်မှာ ဧကန်မုချပင်ဖြစ်ပေသည်။
အထူးသဖြင့် ဘင်္ဂလားရခိုင်ပါတီခေါင်းဆောင် အေးမောင်မှ ယနေ့ တိုင် ခွဲခြားနေထိုင်ရေးဟူသော ခြိမ်းခြောက် မူအသံကို နိုင်ငံတော်မှ ရပ်တန့် သင့်ကြောင်း၊ မဟုတ်လျင် ရခိုင်ပြည်နယ်ပြသနာကို ဘယ်နည်းဖြင့် မရှင်းနိုင် ကြောင်း ရခိုင်နှင့် ရိုဟင်ဂျာ သည် ဘယ်တော့မှခွဲမနေနိုင်ကြောင်း၊ အတူမနေထိုင်လိုသော ဘင်္ဂလားရခိုင်များ၏ စာရင်း ဇယားပြုစု၍ တခြားတိုင်းနှင့် ပြည်နယ်သို့  ခွဲထုတ်ပြောင်းလဲနေထိုင်သင့်စေလိုပါကြောင်းအကြံပြုတင်ပြ လိုပါသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားလည်း လေးစားကြည်ညိုရမည့်မင်းသမီးဖြစ်ပါသည်။ သူမအား နယ်မြေ တွင် ကွင်းဆင်းတာဝန်ပေး ကစားကြည့်ရာတွင် ကြေးနီတောင်စီမံကိန်းတွင် အ၀ါကဒ်ထိပြီး ရခိုင်-ရိုဟင်ဂျာ အရေး တွင် အနီကဒ်ထိပြန်ခဲ့ပါသည်။ အကြောင်းမှာ ရခိုင်တွင် ရိုဟင်ဂျာအရေးကို သူမအဖေ ဗိုလ်ချူပ်အောင်ဆန်း ကသိပြီး သမီးကတွေဝေနေမူပေါ်တွင်ခံရခြင်းဖြစ်သည်။ တဖန်ယခုကချင်အရေးတွင် ပါဝင်စေရန်လေ့လာမူတွင် မတော် တဆ အနီကဒ်ထပ်မံထိခံရလျင် ၂၀၁၅ ရည်မှန်းချက်ပျက်သွားမှာစိုးလို့  လွှတ်တော်တွင်း သာတာဝန်ပေး ကူညီစေလိုပါသည်။
ထို့ ကြောင့် ဒုက္ခရောက်နေသောပြည်သူများ၏ဘ၀ကိုဖြေရှင်းပြီးလျင် နိုင်ငံတော်မှ လိုအပ်သော ဖြစ် မူကျူး လွန်မူအား ရှာဖွေအရေးယူရေးနှင့် နိုင်ငံသားဖြစ်တည်ရေးတို့ ကို ဥပဒေ၊ နည်းဥပဒေများအရ လွှတ်တော် ၏ဆုံးဖြတ်ချက်နှင့် အညီ အကောင်ထည်ဖော်ရေးနှင့် ယနေ့ နိုင်ငံတော် ၏လူမျိုးခွဲခြား စီစစ်ခြင်းအား ချက် ချင်းရပ်ပြီး ပြည်လည်နေရာချထားရေးကို ဦးစားပေးကာလုံခြုံစွာ ကူညီဖြေရှင်းပေးပါရန် ယနေ့ ကျင်း ပနေသောလွှတ်တော်အစည်းအဝေးသို့  အလေးအနက်တင် ပြတောင်းဆိုအပ်ပါသည်။
လေးစားစွာဖြင့်
ဇာနည်မောင် (National Foundation) BKK

No comments:

Post a Comment