New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Friday, March 22, 2013

မိတ္ထီလာအရေး ဗီဂျေနမ်ဘီးယား ကြေညာချက်ထုတ်ပြန်


Friday, March 22, 2013

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ အခြားဒေသများသို့ ဆက်လက်ကူးစက်ပြန့်ပွားမှုမရှိစေရန် နှင့်   နောက်ထပ်အသက်ဆုံးရှုံးမှုများ မရှိစေရန်အတွက် အာဏာပိုင်များ၏ ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ် သကဲ့သို့ ဘာသာရေးနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များကလည်း မိမိတို့၏ နောက်လိုက်နောက် ပါများအား ပဋိပက္ခအကြမ်းဖက်မှုများ အဆုံးသတ်ရန် နှင့် တရားဥပဒေ ကို လေးစားလိုက်နာရန် တိုက်တွန်း အားပေးရမည်ဖြစ်ကြောင်း ကုလအထူးသံတမန် မစ္စတာ ဗီဂျေနမ်ဘီးယားကဆိုသည်။

ယမန်နေ့ညက မြန်မာနိုင်ငံသို့ ရောက်လာသော ကုလအထူးသံတမန် မစ္စတာ ဗီဂျေနမ်ဘီးယားက မိတ္ထီလာမြို့ ပဋိပက္ခတွင်းသေဆုံးခဲ့ရသူများနှင့် ပျက်ဆီးဆုံးရှုံးမှုများ အတွက် အလွန်ပင်ဝမ်းနည်းမိကြောင်း သတင်း ထုတ်ပြန် ထားခဲ့သည်။

ယခုအရေးနှင့်ပတ်သတ်၍မြန်မာအစိုးရအဖွဲ့ထိပ်တန်းခေါင်းဆောင်များအဖွဲ့အစည်းခေါင်းဆောင်များနှင့် လွှတ်တော် ဥက္ကဌများက ထုတ်ပြန်ပြောဆိုခဲ့သော သဘောထားများမှာ ချီးမွမ်းလေးစား ဖွယ်ကောင်းပြီး ပဋိပက္ခဒေသ တွင်း အာဏာပိုင်များက နိုးနိုးကြားကြား တာဝန်ထမ်းဆောင် ရန်လိုအပ်သည်ဟု ပါရှိသည်။

PN 055
Popular Myanmar News Journal

No comments:

Post a Comment