New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Wednesday, March 27, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်နိုင်ငံရေးပါတီ အသီးသီး၊ ဘာသာရေးအဖွဲ့အစည်း၊အစိုးရသတင်းစာကျေညာအရ ထောက်ပြကာတင်ပြရလျှင်----


ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို လိုလားနေသောတိုင်းသူ/ပြည်သားအားလုံးမှ ယနေ့လတ်တလော ဖြစ်ပေါ်နေသော မငြိမ်သက်မှုများ၊လုယက်မှုများ၊လူသတ်မှုများ၊ဘာသာရေး အဆောက်အဦး၊နေအိမ်၊ဆိုင် ခန်းစ သည့်တို့ကို အခွင့်ကောင်း လိုလား သူ လူတစ်စု အကြောင်းအမျိုးမျိုးပြခြင်း၊ ဘာသာရေး ကိုဗန်းပြ ပြီးအချင်းချင်းသွေးခွဲ စည်းရုံးခြင်း များ ပြုလုပ် လာကြ သည် ကိုတွေ့ရပါသည်။

ရှေးပဝေသဏီကပင်နေထိုင်သော မိတ္ထိလာမြို့သူ/သား သာမန်အကြောင်းကိစ္စတစ်ခုမှ တစ်မြို့လုံးပြာကျသွားအောင် ပြုလုပ်ခဲ့သည်မှာ အခွင့်ရေးသမားများ၏ကြိုတင် အစီစဉ်ရှိ၍ တစ်ခဏအတွင်းယခုကဲ့ဖြစ်ကြောင်းလူတိုင်း သိရှိနားလည် ပါသည်။ ထိုမှတစ်ဆင့်အခြားမြို့ကြီးများကိုပင် ကူးစက်လာအောင် အကွက်ဆင်လှုပ်ရှားနေကြောင်းမြင်တွေ့နေရသည်။

ဤကဲ့သို့သောအခြေအနေဆိုးများ မဖြစ်လာရေးအတွက် နိုင်ငံရေးပါတီများ၊ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့ အစည်းများ၊ဌာနဆိုင်ရာများ၊အခြားအဖွဲ့အသီးသီး၊ရပ်မိရပ်ဖအပါအ၀င်အားလုံးက ၀ိုင်းဝန်း ထိန်းသိမ်းရန် အထူးလို အပ်နေ ပါသည်။

အကယ်၍၀ိုင်းဝန်ထိန်းသိမ်းရန်ပျက်ကွက်မည်ဆိုပါကတိုင်းပြည်ဆူပူမှုတစ်ခုဖြစ်လာအောင်မသမာ သူများ ကို အခွင့် အရေး ပေး သကဲ့သို့ဖြစ်သွားမည်။ (၈၈) အရေးအခင်းကဲ့သို့ဖြစ်လာပါက မလွဲမရှောင်သာဘဲ တိုင်းပြည် တာဝန် အရပ်ရပ်ကို စစ်တပ်မှ သိမ်းယူသွားမည်ဖြစ်သည်။ မိမိတို့လျှောက်လှမ်း မျှော်မှန်းနေ သည့် ဒီမိုကရေစီ ပန်းတိုင်သို့ မရောက်ဘဲနောက်ပြန်ဆုတ်ကာ အမှောင်လောက သို့ရောက်ရှိသွားမညကို အထူးသတိပြုရန် လိုပါသည်။

ရပ်ကွက်အသီးသီးတွင်နေထိုင်ကြသော လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံတို့သည် စိတ်ဝမ်းမကွဲဘဲ စည်လုံး ညီညွတ် ကာမိမိရပ်ကွက်/ကျေးရွာများကိုလည်း အထူးစောင့်ရှောက် ရန် မိမိ၏တာဝန်တစ်ရပ် ဟုမှတ်ယူ ရန်လိုပါသည်။
သို့ဖြစ်ရာ အထက်ပါအဖွဲ့အသီးသီးမှ ဆွေးနွေးတိုင်ပင်၍ နိုင်ငံ၏လုံခြုံရေးအတွက် ဘာသာစွဲ၊ပုဂ္ဂိုလ်စွဲ၊၀ါဒစွဲ စသည် တို့ကို စွန့်လွတ်ပြီးဝိုင်းဝန်းဆွေးနွေးတိုင်ပင်ညှိနိုင်းကာ အနာဂါတ်ဒီမိုကရေစီမျှော်မှန်းချက်ပန်းတိုင် အတွက် အားလုံးက ကာကွယ်ရန်တိုက်တွန်းနိုးဆော်ပါသည်။

No comments:

Post a Comment