မိတ္ထီလာမှ မွတ်စလင်များအားအကြမ်းဖက်မှု ယခုတိုင် မရပ်တံ့သေး ယခု ဒိုဘီကုန်း၌ မီးရှို့နေ
(22-03-2013 9:00 AM )
မတ်လ ၂၂၊ ၂၀၁၃
M-Media
အေးမောင်
မိတ္ထီလာ ။ ။ မတ်လ ၂၀-ရက်နေ့မှစတင်ကာ မိတ္ထီလာတစ်မြို့လုံးရှိ
မွတ်စလင်မ်များ၏ ဗလီများ၊ လူနေအိမ်များ၊ လူများအား အကြမ်းဖက်ဖျက်ဆီး၊
သတ်ဖြတ်မှုများအား ယခုအချိန်ထိတိုင် ထိန်းသိမ်းနိုင်မှု
မရှိသေးကြောင်း သတင်းရရှိသည်။
မိတ္ထီလာမြို့တွင် မတ်လ
၂၀-ရက်နေ့ စီးပွားရေးအရောင်းအ၀ယ်ကိစ္စကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော
ဘာသာရေး အကြမ်းဖက်မှုများအား ယခုအချိန်အထိ ထိန်းသိမ်းကာကွယ်နိုင်မှုမရှိသေးကြောင်း၊
ယခု မနက် ၉-နာရီဝန်းကျင်ခန့်တွင် မိတ္ထီလာမြို့ ဒိုဘီကုန်းရပ်ကွက်တွင်
တကြော့ပြန်လည်ပြီး မီးရှို့ဖျက်ဆီးသတ်ဖြတ် မှု များ ပြုလုပ်နေကြောင်း၊
အချို့ရပ်ကွက်အတွင်းမှ လူများသည် တောထဲပြေးဝင် ပုန်းအောင်းနေသည့်အတွက်
အိမ်များမပျက်သော်လည်း အိမ်မှာနေရင် လုံခြုံရေးမရှိ၍
ဒုက္ခသည်စခန်း(ဘောလုံးကွင်း)တွင် ပို့ထားမည်ဟုဆိုကာ ရဲများမှ လာရောက်ခေါ်ယူသွားကြောင်း၊ ဒုက္ခသည် စခန်းတွင် သောက်စရာရေ မရှိ၍ ဒုက္ခရောက်နေရကြောင်းများ သိရသည်။
"ခုနကပဲ ဒိုဘီကုန်းမှာ မီးရှို့နေပါတယ်။ ကျွန်တော့်အသိတစ်ယောက်ဆို စစ်တပ်ထဲ
ရောက်နေပါတယ်။ သူ့လုံခြုံရေး အရ စစ်တပ်က အသိမိတ်ဆွေကခေါ်သွားတာပါ။
ဒိုဘီကုန်းမှာ မီးရှို့နေလို့ ဆိုင်ကယ်မောင်းပြီး ထွက်ပြေးသွားတဲ့
ကျွန်တော့်မိတ်ဆွေ သားအဖနှစ်ယောက်ကို အကြမ်းဖက်လူတွေက ၀ိုင်းတားပြီး
ရိုက်သတ်လိုက်တာ အဲဒီနေရာ မှာပဲ သေသွားပါတယ်။ သူတို့ကို ၀ိုင်းရိုက်သတ်တာကို
ကျွန်တော် ကိုယ်တိုင် မျက်စိနဲ့မြင်တာပါ။ အခုတော့ ကျွန်တော်
ဒုက္ခသည်စခန်းမှာရောက်နေပါတယ်။"လို့ မိတ္ထီလာမြို့ခံ အကြမ်းဖက်ခံရမှု ဒုက္ခသည်တစ်ယောက်မှ M-Media ကို ပြောပြလာပါတယ်။
"ခုနကပဲ ဒိုဘီကုန်းမှာ မီးရှို့နေပါတယ်။ ကျွန်တော့်အသိတစ်ယောက်ဆို စစ်တပ်ထဲ ရောက်နေပါတယ်။ သူ့လုံခြုံရေး အရ စစ်တပ်က အသိမိတ်ဆွေကခေါ်သွားတာပါ။ ဒိုဘီကုန်းမှာ မီးရှို့နေလို့ ဆိုင်ကယ်မောင်းပြီး ထွက်ပြေးသွားတဲ့ ကျွန်တော့်မိတ်ဆွေ သားအဖနှစ်ယောက်ကို အကြမ်းဖက်လူတွေက ၀ိုင်းတားပြီး ရိုက်သတ်လိုက်တာ အဲဒီနေရာ မှာပဲ သေသွားပါတယ်။ သူတို့ကို ၀ိုင်းရိုက်သတ်တာကို ကျွန်တော် ကိုယ်တိုင် မျက်စိနဲ့မြင်တာပါ။ အခုတော့ ကျွန်တော် ဒုက္ခသည်စခန်းမှာရောက်နေပါတယ်။"လ
No comments:
Post a Comment