New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Wednesday, March 27, 2013

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဇီးကုန်းမြို့နှင့် မင်းလှမြို့တို့တွင် အကြမ်းဖက်မှုများ တပြိုင်နက်တည်း ဖြစ်ပွားခဲ့



Created on Wednesday, 27 March 2013 19:53

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဇီးကုန်းမြို့နှင့် မင်းလှမြို့တို့တွင် ၂၀၁၃ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့ ညနေ (၃) နာရီ အချိန်ခန့်၌ အကြမ်းဖက်မှုများ တပြိုင်နက်တည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့တွင် မတ်လ (၂၇) ရက်နေ့ ညနေ (၃) နာရီအချိန်ခန့်မှ စတင်၍ လူအင်အား (၂၀၀) ခန့်မှ အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ရှင်းလင်းဆောင်ရွက်ခဲ့ရာ ညနေ (၅) နာရီ အချိန်ခန့်တွင် လူစုကွဲသွားခဲ့ကြောင်း သိရသည်။

ထို့အတူ မင်းလှမြို့တွင်လည်း မတ်လ (၂၇) ရက်နေ့ ညနေ (၃) နာရီအချိန်ခန့်၌ မင်းလှမြို့ပေါ်ရှိ ဂျာမေဗလီအား လူအင်အား (၅၀၀) ခန့်မှ ၀င်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဤသို့ဖြင့် ညနေ ၄ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် လူစုကွဲသွားခဲ့ကြောင်းသိရသည်။

ဤကဲ့သို့ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ရှင်းလင်း လူစုခွဲမှုကြောင့် ဆူပူအကြမ်းဖက်မှုတွင် ပါဝင်သူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မင်းလှမြို့တွင် (၃)ဦးနှင့်၊ ဇီးကုန်းမြို့တွင် (၁)ဦး၊ စုစုပေါင်း (၄) ဦး ဒဏ်ရာရ ရှိခဲ့သည်။ အဆိုပါ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အခြားဒေသများ၌ အလားတူ ကိစ္စမျိုး ထပ်မံ ဖြစ်ပွားခြင်း မရှိစေရန် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အကူအညီကို ရယူ၍ ရဲတပ်ဖွဲ့ဝင်အင်အား အလုံအလောက်ဖြင့် မြို့မိမြို့ဖများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ သံဃာတော်ကြီးများ စသည့် ပုဂ္ဂိုလ်များ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နေ့ညကင်းလှည့် စောင့်ကြပ်ခြင်း၊ ကြိုတင် သတင်းရယူခြင်း များ ကိုလည်း စဉ်ဆက်မပျက် လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

"ဒီကိစ္စက သာမန်ဘာသာရေး အဓိကရုဏ်း မဟုတ်ဘူး၊ မိတ္ထီလာမှာကဲ့သို့ မွတ်စလင် ဘာသာဝင်ကနေပြီးတော့ တစ်ခုခု မှားယွင်းပြီးတော့ ဆောင်ရွက်ခဲ့တယ်ဆိုတာလည်း ဒီဖြစ်စဉ်မှာ ဖော်ထုတ်လို့ မရဘူး။ ဒီမှာ ကတော့   ဘေးပယောဂကြောင့် ဒီလိုမျိုး ဖြစ်တယ်လို့ သုံးသပ်တယ်။ နောက်ကွယ်ကနေ ကြိုးကိုင်ပြီးတော့ ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းများရဲ့ ဆောင်ရွက်ချက်၊ ဒါကိုလည်း ဖျက်ဆီးဆောင်ရွက်ခဲ့တဲ့ လူတွေကို လည်း ဥပဒေအရ ထိရောက်စွာ အရေးယူဖို့ ဆောင်ရွက်လျက် ရှိပါတယ်။ အမှုကို ခိုင်ခိုင်မာမာ တည်ဆောက် ပြီးတော့ အရေးယူသလိုပဲ တပိုင်းက ဥပဒေမဲ့လုပ်ရပ်တွေကို တားဆီးဆောင်ရွက်နေပါတယ်။ တပိုင်းကလည်း တည်ငြိမ်အေးချမ်းမှု ရှိလာတာနဲ့အမျှ ဖျက်ဆီးရာမှာ ပါဝင်တဲ့သူတွေကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်အောင် ဆောင်ရွက်နေပါတယ်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ရဲ့ ဦးစီးကွပ်ကဲမှုနဲ့ တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးပြန်ရအောင် ဆောင်ရွက်နေပါတယ်" ဟု ပဲခူးတိုင်းဒေသကြီး အတွင်း လက် တလော ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး မြ၀င်းမှ ပြောကြားပါသည်။

Re-Post By ACM 27-3-2013
အေးချမ်းမွန် Credit & Copy From >>Eleven Media Group<< Thank

No comments:

Post a Comment