New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Friday, March 1, 2013

မြန်မာ ဒုက္ခသည်များ ကယ်ဆယ်ရေး လုပ်ဆောင်ချက်များ အတွက် သီရိလင်္ကာရေတပ်ကို UNHCR မှ အသိအမှတ်ပြု ချီးကျူး

Rakhine Straight Views's photo.
 
 
February 28, 2013
M-Media

လွန်ခဲ့သည့်သီတင်းပတ်က အပယ်ခံမြန်မာတိုင်းရင်းသားလူစုကို ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင် ရွက်ပေး ခဲ့ သည့် သီရိလင်္ကာရေတပ်အား ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ မဟာမင်းကြီးရုံး – The United Nations High Commissioner for Refugees (UNHCR) ရုံးမှ   သောကြာနေ့ တွင် အသိအမှတ်ပြုချီးကျူးလိုက်သည်။

“ အခုနောက်ဆုံးအဖြစ်ဆိုးအပေါ် UNHCR အနေနဲ့ အထူးကြေကွဲ ၀မ်းနည်းရပါတယ်။ ဒီအုပ်စု ကို မြန်မြန် ဆန်ဆန်ကယ်တင်ပြီး အရေးပေါ်ဆေးဝါးကုသထောက်ပံ့နိုင်ခဲ့တဲ့ သီရိလင်္ကာရေတပ်ရဲ့ လုပ်ရပ် ဟာ တကယ် ချီးကျူးလောက်ပါပေတယ် ” ဟူ၍ UNHCR အေဂျင်စီ၏ပြောခွင့်ရ ပုဂ္ဂိုလ် Andrej Mahecic က ဂျနီဗာရှိ စာနယ်ဇင်းသမားတို့ထံ ပြောကြားသည်။

နိုင်ငံတကာ၏အကာအကွယ်လိုအပ်နေသော ထိုသူတို့အနက် မည်သည့်ဒုက္ခသည်များအတွက်ကိုမဆို ကူညီ မှု လုပ်ငန်းများ၌ UNHCR မှ လက်တွဲပံ့ပိုးသွားရန် အဆင်သင့်ရှိကြောင်းလည်း သူက ဆို သည်။ မှောင် ခိုလှေ များဖြင့် အိန္ဒိယသမုဒ္ဒရာအား ဖြတ်ထွက် ရန်ကြိုးစား ယင်း သေ ဆုံးရသူ များပြားလာ သည့်အဖြစ်အား တားဆီးကာကွယ်ရေးကို အမြန်ဆုံး စီစဉ်ဆောင်ရွက်သွားကြဖို့ UNHCR အေဂျင်စီ က ဆော်သြလိုက် သည်။

အိန္ဒိယသမုဒ္ဒရာကို ကျော်ဖြတ်ရန်အားထုတ်နေသော နောက်ဆုံးလူစုသည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာလူ့ အဖွဲ့ အစည်းဝင်များဖြစ်ကြပြီး ၊ ယင်းသို့ ဖြတ်ကျော်ကြခြင်းမှာ ၄င်းတို့နိုင်ငံတွင်း (၏ ညှင်းပန်းနှိပ်စက် မှုများ) မှ လွတ်မြောက်အောင် ထွက်ပြေးလာကြခြင်းဖြစ်သည်။

“ မိမိတိုင်းပြည်ကနေ ကိုယ်လွတ်ရုန်းထွက်ပြေးလာကြသူတွေအဖို့ အိန္ဒိယသမုဒ္ဒရာဟာ ကမ္ဘာ့ အကြီးမား ဆုံး သေမင်းခံတွင်းရေပြင်ကြီး တစ်ခု အပါအ၀င် ဖြစ်လာရပါပြီ ” ဟု ယင်းပုဂ္ဂိုလ်မှပင် ထပ်မံပြောကြား သည်။ ၂၀၁၂ ခုနှစ်အတွင်း မှောင်ခိုလှေများဖြင့် ထွက်ပြေး တိမ်းရှောင်လာကြ သူများမှာ လူပေါင်း တစ်သောင်းသုံးထောင်ခန့်ရှိပြီး ၄င်းတို့အနက် လူပေါင်းငါးရာနီးပါးမှာ စက်လှေပျက်စီးခြင်း သို့မဟုတ် ဘင်္ဂလားပင်လယ်ကွေ့တွင် နစ်မြုပ်ရခြင်းကြောင့် သေဆုံးခဲ့ရသည်ဟု အေဂျင်စီမှ ခန့်မှန်းထားသည်။

UNHCR ၏ သုံးသပ်ချက်အရ ယင်းသို့ မျှော်လင့်ချက်ကင်းမဲ့၍ အရဲစွန့်လာကြသော မှောင်ခိုလှေ စီးဒုက္ခ သည်အများစုတို့မှာ အမျိုးသားများ ဖြစ်ခဲ့သော်လည်း၊ ယခုသီတင်းပတ်များ အတွင်း အမျိုးသမီးများ၊ ကလေးငယ်များပါ တိုးပွားလာပြီဟု သိရသည်။

မြန်မာလှေသင်္ဘောပေါ်၌ အသက်ရှင်ကျန်ရစ်နေသူ အယောက် ၃၀ ကျော်ကို သီရိလင်္ကာရေတပ်မှ ကယ် ဆယ်နိုင်ခဲ့သည်။ လူ ၉၀ ဦးခန့်မှာ ပင်လယ်ပြင်၌ သေဆုံးသွားခဲ့သည်ဟု ယူဆရသည်။

Karapitiya ဆေးရုံတွင် ဆေးဝါးကုသမှုခံယူပြီးသော ရှင်သန်ကျန်ရစ်သူအားလုံးကို သီရိလင်္ကာနိုင်ငံ၏ ထိန်းသိမ်းရေးဌာနတစ်ခုတွင် စောင့်ရှောက်ထားလျက်ရှိသည်။

Ref:http://www.navy.lk/index.php?id=3984

No comments:

Post a Comment