New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Saturday, March 9, 2013

ထိုင်းနိုင်ငံ၊ဘန်ကောက်ညီလာခံတွင် သမိုင်းလိမ်ပညာရှင်က ရိုဟင်ဂျာကို မငြင်းနိုင်ဘဲလက်ခံခြင်း …


သမိုင်းရေးတဲ့နေ့ 10.3.2013
၂၀၁၃ ခု မတ်လ ၉ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟီဓော တက္ကသိုလ်မှာ ခေတ်သစ် ရခိုင်သမိုင်းကို စရေးတဲ့နေ့လို့ ခံစားလိုက်ရပါတယ်။ ထိုင်းနိုင်ငံရောက် ရခိုင်အမျိုးသားများက ကမကထ လုပ်ပြီး ရခိုင်သမိုင်းကို ရေးနိုင်ဘို့ စီစဉ်ခဲ့ပါတယ်။ ရခိုင်အမျိုးသားများ စီစဉ်ခဲ့ပေမယ့်-၊ ရိုဟင်ဂျာများကိုတော့ ဖိတ်ကြားခြင်းမရှိခဲ့ပါ။ ဒါပေမယ့်- ဘန်ကောက်ကို ကျွန်တော်ရောက်ပြီး- အခမ်းအနားစီစဉ်သူကို ကြည့်တော့ ကျွန်တော့မိတ်ဆွေ အရင်းထက် ပိုပြီး သံယောဇဉ်ရှိတဲ့ ကိုကျော်သောင်း ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်နေပါတယ်။ ကျွန်တော်လည်း ဖိတ်စာပါ ဖုံးနဲ့ ဆက်သွယ်လိုက်ပါတယ်။ ကိုကျော်သောင်းက အလုပ်များနေပြီး ဖုံးမကိုင်ဖြစ်ပါ။- ကိုဇော်မင်းထွန်းက ဖုံး ကိုင်ပါတယ်။ ကျွန်တော် ကိုဌေးလွင်ဦး ဖြစ်ကြောင်း အခမ်းအနားကို တက်ရောက်ချင်ကြောင်း အကြောင်းကြား ခဲ့ပါတယ်။
ကိုဇော်မင်းထွန်းတို့ တိုင်ပင်ပြီး ကျွန်တော်နဲ့နောက်ထပ် ရိုဟင်ဂျာ အမျိုးသားရေး လှုပ်ရှားသူ သုံးဦး တက် ရောက်ခွင့်ရခဲ့ပါတယ်။ ဒီပွဲမှာ တစ်ဘက်တစ်ဘက် ဆက်ဆံရေးတန့်နေတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာတို့ ထိပ်တိုက်တိုး မလား၊ သို့မဟုတ် ကျွန်တော်နဲ့ ဆရာဒေါက်တာအေးချမ်း ထိပ်တိုက်တိုးမလား- ဆိုပြီး တက်ရောက်သူများရဲ့ မျက်နှာများ နည်းနည်း
အသက်မဲ့နေခဲ့ပါတယ်။
အပြောင်းအလဲက မြန်ဆန်လွန်းလှပါတယ်။ နာရီဝက်လောက်အတွင်းမှာ တစ်ဘက်နဲ့တစ်ဘက် ရန်လိုသူတွေ မဟုတ်ဘူး ဆိုတာကို နွေးထွေးစွာ
ခံစားမိလာခဲ့တယ်။ တစ်ယောက်-တစ်ယောက် ပြုံးပြချင်လာကြတယ်၊ မျက်နှာက ရပ်တန့်မာကြောနေတဲ့ အရေပြာတွေပြား ပြေလျှော့လာခဲ့ပါတယ်။ အခမ်းအနားမှာ ပထမဆုံး စကား ပြောသူက ဂျက်လိုင်ဒါ ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး- သူ့ဘက်က ပဋိပက္ခသဘောတရားများကို ရှောင်ကြဉ်ပြောဆိုသွား ခဲ့ပါတယ်။ ပြီးတော့ မေးလိုရာများကို စာရေးပြီး မေးခဲ့ရပါတယ်။ ဒုတိယမြောက် ပုဂ္ဂိုလ် စတီဗင် ဆိုတဲ့ စကော် လာ တစ်ဦးဖြစ်ပြီး သူ့ဘက်ကလည်း ပဋိပက္ခ ဖြစ်စေမယ့် အရာများကို ရှောင်ဖယ်ပြောဆိုခဲ့ပါတယ်။ သူအလှည့် ပြီးတော့လည်း မေးလိုရာများကို စာရေးမေးခဲ့ရပါတယ်။ နောက်ဆုံး စကားပြောတဲ့ ပုဂ္ဂိုလ်ကတော့ ဆရာဒေါက်တာအေးချမ်း ဖြစ်ပါတယ်။ အပွင့်လင်းဆုံးပြောရရင် ကျွန်တော်တို့ တွေးထင်ထားသလောက် သဘောထား တင်းမာသူ မဟုတ်ဘဲ-၊ သူသိရာကို သူ့ဘက်က ပွင့်ပွင့် လင်းလင်း ၀ုန်းဝုန်းဒိုင်းဒိုင်းပြောတတ်သူ ဖြစ်ကြောင်း စတင်ခံစားမိပါတယ်-၊ သူသိထားတာ ဆိုတော့ ထုံးစံ အတိုင်း “ရိုဟင်ဂျာ” ဆိုတာ မရှိဘူးပေါ့၊ “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးကို ၁၉၅၁ ခုနောက်ပိုင်းမှ မစ္စတာ ဂဖားရ်က ဖန်တီးခဲ့တာ ဖြစ်ကြောင်း ရှင်းလင်းပါတယ်။ ဆရာစကားပြောပြီးတဲ့ အချိန်မှာ ဆရာ့ကို မေးခွန်းတွေ မေးပါတယ်-၊ ဒီမေးခွန်းမေးတဲ့ အထဲမှာ ကျွန်တော်လည်း ပါဝင်ခဲ့ပါတယ်။ ကျွန်တော့မေးခွန်းမတိုင်မှီ- ရဟန်း တစ်ပါးက ကုလားတန်မြစ် ဆိုတာ ဘယ်လို အမည်တွင်လာသလဲ မေးတဲ့မေးခွန်းကို – ဆရာက သူဒီသမိုင်းကို မသိကြောင်း၊ ကစ္စပနဒီ ဆိုတဲ့ အမည်ကိုပဲ သိကြောင်း- သူမသိတာကို မသိကြောင်း ပြောဆိုရဲတဲ့ သတ္တိကို တွေ့ လိုက်ရပါတယ်။ ဒီအချိန်ထိ ကျွန်တော့မေးခွန်းကို ဖြေမယ် မဖြေမယ် မသိသေးပါ။ သို့သော် သူမသိတာကို မသိ ဘူးပြောရဲတဲ့ သတ္တိကို တွေ့လိုက်ရလို့ ကျွန်တော် ဆရာ့ကို လေးစားမိပါတယ်။ (ဒီတစ်ချက်နဲ့ပဲ လေးစားမိသွားပါတယ်။)
ပြီးတော့ ကျွန်တော့မေးခွန်းကို ဖတ်ပါတယ်။ မေးခွန်းထဲမှာ ဆရာဟာ သမိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ရခိုင်နယ်မှာ ၁၈၀၀ မတိုင်မှီကတည်းက “ရိုဟင်ဂျာ”ဆိုတဲ့ အမည်နာမ ရှိခဲ့တာကို မသိပါသလား။ မသိခဲ့ရင် “— စာမျက်နှာ၊ စာအုပ် အမည်ကို ကြည့်ပါ။”လို့ မေးထားတာပါ။ ဆရာက အဲ့ဒီမေးခွန်းကို ဖတ်ပြီး ကျွန်တော့ကို စိန်ခေါ်ထားတဲ့ ကိုဌေးလွင်ဦးပါ- ကျေးဇူးတင်ပါတယ်။ သူ့ကို မိုက်ကရိုဖုံးပေးလိုက်ပါလို့-၊ လှမ်းပြောလိုက်ပါတယ်။ ကျွန်တော်က လည်း ဆရာ့ကို ကျေးဇူးတင်ကြောင်း-၊ ဆရာစာအုပ်ပေါင်းများစွာကို ဖတ်ခဲ့ပြီ ဖြစ်ပေမယ့် ဒီစာအုပ်ကို မဖတ်မိ သေးတာ ဖြစ်နိုင်ကြောင်း မိတ္တူကူးသွားတဲ့ စာအုပ်ကို အဆင်သင့်ထုတ်ပြီး- စာမျက်နှာကို လှန်ပေးလိုက်ပါ တယ်။
ကျွန်တော်အလွန်အံ့သြတဲ့ စကားကို ဆရာ့ဆီက ကြားလိုက်ရပါတယ်။ အဲ့ဒါက “ရိုဟင်ဂျာ” ဆိုတာ ကျွန်တော် တို့ ရခိုင်တွေကို ခေါ်တဲ့ အမည်ပါတဲ့။ (ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို မငြင်းတဲ့ အပြင်- ရခိုင်တွေကိုပင် ရိုဟင်ဂျာ လို့ ခေါ်ကြောင်း ဆရာ့ပါးစပ်က လူထုရှေ့မှာ ပြောမယ်လို့ ကျွန်တော် မထင်ထားပါ။) ကျွန်တော်က ဆက်လက် ပြီး သက်သေပြပါတယ်။ အဲ့ဒီ ရိုဟင်ဂျာ ဆိုတာ ရခိုင်ကို ခေါ်တာ မဟုတ်ကြောင်း- သူတို့ရဲ့ “ရိုဟင်ဂျာ” တို့ရဲ့ ဘာသာစကားကို ဒီမှာ အတိအကျ ဖေါ်ပြထားကြောင်း- နေ၊ လ၊ ကမ္ဘာ တို့ကို ရိုဟင်ဂျာလို့ ဘယ်လိုခေါ်တယ် ဆိုတာကို ဖေါ်ပြထားကြောင်း ဒီစကားလုံးတွေဟာ ရခိုင်စကားလုံးတွေ မဟုတ်ကြောင်း ဆက်တိုက် ထောက်ပြ လိုက်ပါတယ်။
ဆရာဂုဏ် ဆိုတဲ့ စိတ်ဖြစ်တော့ အနည်းငယ် ခုခံဘို့ ကြိုးစားပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဆရာမငြင်းတော့ ဘဲ- ခင်ဗျားရဲ့ Source က Secondary ဖြစ်တယ်၊ ကျွန်တော် ပြောနေတာက primary ကို ပြောနေတာ ဆိုပြီး စကားကို အနိုင်ယူဘို့ ကြိုးစားပါတယ်။ ကျွန်တော်က နောက်တစ်အုပ်ကို ဆက်တိုက် ထုတ်ပြီး သက်သေပြမယ် လုပ်တော့-၊ တော်ပြီ တော်ပြီ-၊ ကျွန်တော်တို့ အချိန်လောက်မှာ မဟုတ်ဘူးဆိုပြီး ပွဲကို ရပ်လိုက်ပါတယ်။ ဆရာ့ ရဲ့ မျက်နှာမှာ ဆက်လက်ခုခံ ငြင်းဘို့ မပြတော့ဘဲ-၊ စကားရပ်လိုက်တဲ့ သဘောကိုပဲ တွေ့ရပါတယ်။ တစ်သက် လုံး ဆရာလုပ်လာခဲ့တဲ့ သဘောနဲ့ ဆရာဆိုတဲ့ လျှပ်တစ်ပြက်မာနအနည်းငယ်ကလွဲလို့ အမှန်တစ်ခုကို မျက်လုံးနဲ့ မြင်လိုက်ရတဲ့အခါ ဆက်မငြင်းတော့တဲ့ သဘောကိုလည်း မြင်လိုက်ရပါတယ်။ ပရိတ်သတ်ထံမှလည်း လက်ခုပ် သံများကို ကျွန်တော် လုံးဝ မမျှော်လင့်ဘဲ အကြီးအကျယ် ရလိုက်ပါတယ်။
ဒီနေရာမှာ ဆရာကိုယ်တိုင်က “ရိုဟင်ဂျာ” ဆိုတာကို ဆက်မငြင်းတော့ဘဲ- ရိုဟင်ဂျာသည် ရခိုင် ဖြစ်သလိုပင် ၀န်ခံလိုကြောင်းကို တွေ့ရတဲ့ အပြင်-၊ ဘန်ကောက်ရောက် ရခိုင်အမျိုးသားလူငယ် များကလည်း အမှန်တရားကို ကြိုက်ကြောင်း လက်ခုပ်သံများနဲ့ သက်သေပြခဲ့ပါတယ်။
ပရိတ်သတ်ကြီးက တက်ရောက်လာတဲ့ ရိုဟင်ဂျာများကိုလည်း ဖက်လည်းတကင်း ညီအစ်ကိုတွေလို ပျူငှာခင်မင် သွားတာကို တွေ့လိုက်ရတယ်။ အသိုင်းအ၀ိုင်းနှစ်ခု ဆွဲမစေ့လိုက်ရပဲ- ၀ုန်းဒိုင်း ချစ်ခင်သွားတဲ့ ဖြစ်ရပ်က သမိုင်း သစ်ကို တစ်ကယ်ရေးလိုက်ခြင်း ဖြစ်သွားပါတယ်။
အခမ်းအနားစီစဉ်ကြသူများ၊ တက်ရောက်လာတဲ့ ရဟန်းသံဃာ လူကြီး လူငယ်များဟာ – လူသားချင်းကြား တိုင်းရင်းသား ညီနောင်ချင်းကြား ပြန်လည်သင့်မြတ်ရေးနဲ့ ချစ်ခင်ရေးကို မျှော်လင့်ချက်တစ်ကြီး သက်သေပြနိုင် လိုက်တဲ့ သမိုင်းစစ်စစ်ကို ရေးခဲ့နိုင်ပါပြီ။ ဒီလို အသိုင်းအ၀ိုင်းမျိုး မြန်မာနိုင်ငံ အနှံ့မှာ ပေါ်ပေါက်လာဘို့ပဲ လိုပါ တော့တယ်။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
credit : Facebook

No comments:

Post a Comment