အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်(ILO) နှင့် မြန်မာနိုင်ငံမှ
တရားဝင် အလုပ်သမား သမဂ္ဂ အဖွဲ့များ ရန်ကုန်မြို့၌ ၂ ရက်ကြာ ဆွေးနွေးပွဲ တရပ်
ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ တနင်္လာနေ့ စတင်သည့် ယင်းဆွေးနွေးပွဲ၌ ဂျနီဗာ
အလုပ်သမား ညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်ရွေးချယ်ရန်၊ ခုံသမာဓိ
ကောင်စီ၊ ILO ၏ အကြံပေး အတိုင်ပင်ခံ အဖွဲ့ စသည်တို့ကို ပြန် လည် စိစစ်
ဖွဲ့စည်းရန် ရှိကြောင်း ဘီဘီစီ သတင်း၌ ပါရှိသည်။ မြန်မာနိုင်ငံတွင် လက်ရှိ
မှတ်ပုံတင်ကျပြီးသား အလုပ်သမား သမဂ္ဂ အဖွဲ့ ၅၀၀ ခန့်ရှိကြောင်း၊
မြို့နယ်အဆင့် အလုပ်သမား သမဂ္ဂ ၆ ဖွဲ့နှင့် သဘောင်္သား သမဂ္ဂ အဖွဲ့ချုပ် ၁ ဖွဲ့
ရှိကြောင်း သိရသည်။
New 1
Now Main menu , Sub menu taps on test
Monday, April 29, 2013
Subscribe to:
Post Comments (Atom)
No comments:
Post a Comment