New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Thursday, May 16, 2013

လူလိမ်တို့ရဲ့နိဂုံး။ – ဌေးလွင်ဦး

ဆောင်းပါး – ဌေးလွင်ဦး - RB News (၁၄- မေ-၂၀၁၃)

မိမိ အာဏာ အတွက် တိုင်းပြည် တစ်ခုလုံးကို လိမ်ညာ လှည့်ပတ်တဲ့ လူတွေ၊ ညစ်ပတ်တဲ့ သူတွေ၊ တိုင်းပြည် အပေါ်မှာ စိတ်စေတနာ ယုတ်သူတွေ၊ မျိုးဆက်သစ် များရဲ့ ဘ၀ များကို ပညာ ဗဟုသုတ မျက်လုံး ကန်းသွား အောင် အကွက်ချ စီစဉ် သူတွေ၊ ကိုယ်ကျိုး တစ်ခု ကိုသာ ကြည့်ပြီး တစ်တိုင်း ပြည်လုံး ဆင်းရဲ မွဲတေ သွားအောင် ဖန်တီး ခဲ့သူတွေ၊ ကြေးစား လူမိုက်များ မွေးပြီး- ဗိုလ်ကျ အနိုင်ကျင့် ခဲ့သူတွေ–၊ ဒီလို လူစား မျိုးတွေ တိုင်းပြည်ရဲ့ အာဏာကို ရယူခြင်းက လွင့်စင် သွားပါမှ တစ်ပြည် တစ်ခုလုံး တိုးတက် ကောင်းမွန် သာယာဝ ပြောလာ မှာပါ။ ကမ္ဘာ့ အလည်မှာ ဂုဏ်သိက္ခာ ရှိစွာ ရပ်တည် လာနိုင် မှာပါ။

လူယုတ်မာ တွေဟာ တိုင်းပြည်ကို စိတ် စေတနာနဲ့ အုပ်ထိန်း ပေးခဲ့ခြင်း မရှိ၊ လူနည်းစု တိုင်းရင်း သားတွေ အပေါ် ရိုးသား ဖြောင့်မတ်စွာ တန်းတူ ညီမျှ အခွင့် အရေးတွေ ပေးခဲ့ ခြင်းမရှိ- ကြီးနိုင် ငယ်ညှင်း ပြုခဲ့ ယုံမျှ မက အသံတိတ် မျိုးတုံး သတ်မှု တွေကို စနစ် တကျ စီစဉ် အကွက်ချ ကျူးလွန် ခဲ့ပါတယ်။

ကရင် တွေကို ပြတိုက် ထဲမှာ ကြည့်ရ မယ်လို့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး တစ်ယောက်ရဲ့ ကြိမ်းဝါး သံကို ကရင် အမျိုးသား တွေရဲ့ နားဝမှ ပဲ့တင်သံ မပျောက် သေးပါ။ မျက်ကန်း မျိုးချစ် တွေဟာ ကရင် ချင်းကြားမှာ ဘာသာရေး ကို အသုံး ချပြီး အားနဲ့ သွားအောင် လုပ်ခဲ့တယ်။ ပြီးတော့ အသံတိတ် မျိုးတုံး သတ်မှုကို စနစ် တကျ ကျူးလွန်ခဲ့ တယ်။ မြန်မာ နိုင်ငံမှာ ဒုတိယ အများဆုံး တိုင်းရင်းသား ဘ၀ ကနေပြီး ကရင် လူမျိုးဟာ မြန်မာ ပြည်ထဲမှာ မျိုးတုံး သွားမတတ် ဖြစ်ခဲ့ ရတယ်။ သေကြေ ထွက်ပြေး ခဲ့ရသူ ကရင် လူဦးရေက လက်ရှိ ကျန်နေ ခဲ့တဲ့ ကရင် လူဦးရေ ထက် ပိုမို များပြား ခဲ့ရတယ်။ ဒါကို ကရင် လူမျိုးတွေ အသိပါ။

ချင်းလူမျိုး များကိုလည်း အသံတိတ် မျိုးတုံး သုတ်သင် ခဲ့ပါတယ်။ လက်ရှိ ချင်း ပြည်နယ် ဆိုတဲ့ နေရာမှာ ချင်းလူဦး ရေဟာ သုံးပုံနှစ်ပုံ ပျောက်ဆုံး ကုန်ပါတယ်။ ဒါကို ချင်း လူမျိုးတွေ အသိပါ။

ကချင်- ကချင် လူမျိုးကို လည်း နည်းမျိုး စုံနဲ့ သတ်ဖြတ် သုတ်သင် ခဲ့တယ်။ ကချင် လူမျိုး တွေရဲ့ ဘ၀ဟာ လည်း မျိုး တုံးလု နီးပါးလို့ ဆိုနိုင် ပါတယ်။

ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ ချင်း- ဆိုတဲ့ တိုင်းရင်း သားတွေကို အမည် နာမ ဖျောက်ဖျက်လို့ မရ နိုင်လို့ အမည် နာမ ကို မဖျောက် ဖျက်သေး ပေမယ့်-၊ နဂို ရှိနေတဲ့ လူဦးရေ ထက် အဆ ပေါင်းများစွာ ယုတ်လျှော့ သွားအောင် မျိုးတုံး သုတ်သင် ခဲ့တာ ကိုတော့ ဖုံးဖိ ထားလို့ မရနိုင် တော့ပါ။ ဖေါ်ပြပါ တိုင်းရင်း သားတွေမှာ လက်နက်ကိုင် တော်လှန် ရေး အင်အား စုတွေ ရှိနေလို့ စစ်မက် ဖြစ်ပွား ရတယ်လို့ အကြောင်း ပြပေမယ့်-၊ လက်နက် မကိုင်တဲ့ သာမန် ရိုးရိုး အေးအေး တိုင်းရင်းသား လူထုကို နဂိုမူလ နေရာ များက တာဝန် မဲ့စွာ- သေချင်တဲ့ နေရာမှာ သေလိုက် ဆိုတဲ့ သဘောနဲ့ မောင်း ထုတ်ခြင်း၊ ကျေးရွာ လိုက် မီးရှို့ သတ်ဖြတ် ခြင်း၊ အကြိမ်ကြိမ် အခါခါ- အရွာရွာ အကျေး ကျေး ပြုလုပ် ခဲ့မှု၊ စာပေ ပညာ မသင် ယူရအောင် နှစ်ပေါင်း ၅၀ လောက် ဖန်တီး ထားခဲ့မှု၊ သူတို့ပိုင် လယ်မြေ၊ ယာမြေ၊ အိမ်မြေ များကို အတင်း အဓမ္မ သိမ်းပိုက် ခဲ့မှု- အမှုပေါင်း သိန်းနဲ့ချီ ရှိခဲ့ ပါတယ်။ ဒါတွေ အားလုံး ခံရသူ တိုင်းရဲ့ ရင်ထဲမှာ မှတ်ကျောက် ဖြစ်နေ ခဲ့ပါပြီ။

ဒီအမှု တွေကို ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ ရေးနဲ့ အတူ သင်ပုန်း ချေနိုင် မယ်လို့ ခံစား ခဲ့ကြ ပေမယ့်-။ အခုတော့ ရိုဟင်ဂျာ များကို မျိုးပြုတ် အပြတ် ရှင်းမှု၊ မြန်မာပြည် အတွင်း အစ္စလာမ် သာသနာ ၀င်များကို မျိုးပြုတ် သုတ်သင်မှု၊ ကချင် နယ်စစ်ပွဲမှာ တိုက်လေယာဉ် သုံးစွဲမှု၊ ရှမ်းနယ်က ကျေးရွာ များကို အတင်း အဓမ္မ သုတ်သင် ရှင်းလင်း မှုတို့က အာဏာရူး အုပ်စုနဲ့ လက်ပါးစေ မျက်ကန်း မျိုးချစ် တို့ကို အရေး ယူမယ် ဆိုတဲ့ အသိ စိတ်ကို ပြန်လည် ဖွံ့ဖြိုး စေခဲ့ ပါတော့တယ်။

အဆိုး ဆုံးနဲ့ အပီ ပြင်ဆုံး မျိုးတုံး သတ်မှု အဖြစ် ရာဇ၀တ် ကောင်များ ကိုယ်တိုင် ၀န်ခံ လိုက်တာက-၊ ရိုဟင်ဂျာ ဆိုတာ မရှိပါဘူး ဆိုတဲ့ စကားလုံးနဲ့ အစ္စလာမ် သာသနာဝင် တွေကို ဧည့်သည် ဖြစ်တယ်လို့ တရားဝင် ပြော လိုက်တဲ့ စကားလုံးပါ။

ရိုဟင်ဂျာ ဆိုတာ ရှိပါတယ်၊ တိုင်းရင်းသား စင်စစ် ဖြစ်ပါ တယ်လို့ သက်သေ ပြသူ တွေကို ရာဇ၀တ် ကောင်များ ဘက်က သမိုင်း အထောက် အထားနဲ့ ချေပနိုင်ခြင်း မရှိ၊ ကမ္ဘာ့ အလယ်မှာ ဖြေရှင်း နိုင်ခြင်း မရှိဘဲ-၊ တစ်ဘက် သတ် အာဏာ သုံးပြီး- ခံငြင်း နေခြင်းဟာ ဒီလူမျိုးစု တစ်ခုလုံးကို မြန်မာ နိုင်ငံ အတွင်းက အပြီးသတ် သုတ်သင် ပစ်လိုက်မယ်- ဆိုတဲ့ အဖြေကိုပဲ ပေးနေ ပါတယ်။ ဒါကို သမ္မတ ကိုယ်တိုင် ကျူးလွန်တယ်။ မျက်ကန်း မျိုးချစ်များ ကိုယ်တိုင် ကျူးလွန်တယ်။ ဗဟို အစိုးရ ဖွဲ့ပေးတဲ့ ကော်မရှင် ကိုယ်တိုင် ကျူးလွန်တယ်။ ခံငြင်း ခြင်းနဲ့ မေ့မှားခြင်း မတူညီဘူး ဆိုတာ ကိုတော့ လူတိုင်း သိပါတယ်။ မေ့မှားလို့- သေချာအောင် မလေ့လာ ရသေးလို့ မသိဘူး လို့ ပြောရင်-၊ ကျွန်တော်တို့ မှားသွားပါ တယ်လို့ စကားကို ပြင်လို့၊ တောင်းပန်လို့ ရနိုင် ပေမယ့်-။ တစ်ဘက်သတ် ဗြောင်ခံ ငြင်းခြင်း အတွက် မှားသွား တယ်လို့ ပြင်လို့ တောင်းပန်လို့ မရနိုင် တော့ပါ။ ဗြောင်ခံ ငြင်းခြင်း အတွက် တောင်းပန်ခြင်း အစား ဗြောင်ခံ ငြင်းမိကြောင်း ၀န်ခံရဘို့ လမ်းတစ်ခုပဲ ရှိပါတယ်။ အလားတူပဲ- မြန်မာ နိုင်ငံ အတွင်းက အစ္စလာမ် သာသနာ ၀င်တွေကို ဧည့်သည်တွေ ဖြစ်တယ်လို့ သုံးနှုံး ပြောဆို သူများဟာ လည်း အကယ် ၍ ဗြောင်ခံ ငြင်းနေ မယ်ဆိုရင်-၊ နောင်တစ်ချိန်မှာ တောင်းပန်လို့ မရ တော့ဘဲ-၊ ဗြောင်ခံ ငြင်းမိကြောင်း ၀န်ခံရ တော့မှာပါ။

အကယ်၍ ရိုဟင်ဂျာကို ရိုဟင်ဂျာ အဖြစ် ၀န်မခံဘဲ-၊ မသိ ဟန်ဆောင် နေမယ်၊ ဆက်လက် ငြင်းဆန် နေမယ် ဆိုရင်၊ မြန်မာ မွတ်ဆလင် တွေကို ဧည့်သည် ဆိုတဲ့ ဆိုင်းဘုတ် တပ်ပြီး ဖြစ်စေ၊ ကုလား ဆိုတဲ့ စကားလုံး နဲ့ဖြစ်စေ Label တပ်နေမယ် ဆိုရင်- ဒါဟာ လူမျိုး တစ်မျိုးရဲ့ ပကတိ တည်ရှိမှု Existence ကို ပါယ်ဖျက်ခြင်း ဖြစ်ပြီး မျိုးတုံး သတ်ဖြတ်မှု အတွက် အဓိက ကျတဲ့ သော့ချက်ကို ဖွင့်ပေးခြင်း ဖြစ်တဲ့ အတွက်၊ ဒီစကား လုံးမျိုးကို ပြောဆိုတဲ့ သမ္မတ အပါအ၀င် ဗြောင်ခံ ငြင်းသူ တစ်ဦး ချင်းစီဟာ- မျိုးတုံး သတ်ဖြတ်မှုနဲ့ လူမျိုး တစ်မျိုးကို ဖျောက်ဖျက် မှုမှာ ပါဝင် ပတ်သက် နေကြောင်း မိမိ ကိုယ်မိမိ သက်သေ ထွက်ဆို နေခြင်းသာ ဖြစ်ပါတယ်။

အာဏာရှင် ဦးနေ၀င်း ခေတ်မှာသော် လည်းကောင်း၊ အာဏာရှင် ဦးသန်းရွှေ လက်ထက်မှာ သော်လည်းကောင်း မျိုးတုံး သတ်ဖြတ် မှုနဲ့ အရေးယူ ခံခဲ့ရသူ မရှိခဲ့ ပေမယ့်–၊ အခု ဦးသိန်းစိန် လက်ထက် မှာတော့ ဘယ်လို မှကို ရှောင်လွှဲ ခွင့်မရ ရင်ဆိုင် ရတော့ မှာပါ။

ဝန်ကြီး ဦးအောင်မင်း စင်္ကပူမှာ ပြောသလို- ကျွန်တော် တို့က စစ်အာဏာ ရှင်စနစ်က မွေးဘွား လာသူတွေ ဖြစ်ပြီး တစ်ကယ် တမ်းတော့ ဘာဆို ဘာမှ မတတ်ခဲ့၊ မသိခဲ့ ပါဘူးလို့ ခုံရုံးပေါ်မှာ ထုချေ လို့လည်း- အသုံး ၀င်တော့မှာ မဟုတ်ပါ။ မျိုးတုံး သတ်ဘို့၊ ဗြောင်လိမ်ဘို့၊ ကမ္ဘာ လှည့်ပတ် တောင်းစားဘို့၊ မိမိနဲ့ အပေါင်း ပါများ သားသမီး များကို ကမ္ဘာ့ ဘီလီယံ နာကြီးတွေ ဖြစ်အောင် တိုင်းပြည် တွင်းက သယံဇာတ များကို မောင်ပိုင် စီးဘို့ ခိုးယူဘို့-၊ ကိုတော့ ဘယ်လို တတ်ခဲ့ ပါသလဲ-၊ ဆိုတဲ့ မေးခွန်းတွေ တန်းစီ ရှိနေ ပါတယ်။

အခု အချိန်မှာ – အာဏာပိုင် တရားခံ များက အမှု မပတ်ရေးနဲ့- UN လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် မချရေး အတွက် တိုင်းပြည် တစ်ပြည်လုံး ကြိုက်သလို လုပ်ပါ ဆိုတဲ့ အခမဲ့ ရောင်းစားမှုနဲ့ အင်အားကြီး နိုင်ငံ တစ်ချို့ကို ဆက်ကြေးပေး နေပေမယ့်-၊ အမှန် တစ်ကယ် ဥပဒေဟာ အဲ့ဒီ ဆက်ကြေးရဲ့ အထက်မှာ ရှိနေ ပါတယ်။

ဦးသိန်းစိန်၊ ဦးရဲထွဋ် တို့ အနေနဲ့ မျိုးတုံး သတ်ဖြတ်မှု မဟုတ် ရပါဘူး ဆိုတဲ့ အဖြေကို အလွတ်တမ်း မီဒီယာများ က ချေပ နေမယ့်အစား–၊ ကမ္ဘာ့ ခုံရုံး ပေါ်မှာ ကမ္ဘာ သိအောင် ချေပ ခွင့်ကို ရတော့ မှာပါ။

လူမျိုးတုံး သတ်ဖြတ် မှုရဲ့ အစ တောင်ကုတ် မြို့မှာ သူတော်စင် အစ္စလာမ် သာသနာရေး ၀န်ဆောင် ဆယ်ဦးကို အကြမ်းဖက် သတ်ဖြတ် ခဲ့တဲ့ အတွက်-၊ အဲ့ဒီ နေ့ရက်ရဲ့ နှစ်ပတ် လည်နေ့မှာ ရာဇ၀တ် ကောင်တွေ စတင် ကံနိမ့် ရပါ တော့မယ်။ ယတြာနဲ့ ဆက်ကြေး တို့လည်း မကယ် နိုင်တော့ဘူး ဆိုတာကို ရာဇ၀တ် ကောင်များ သိပါစေ။

နောက်နောင်မှာ အစ္စလာမ် သာသနာ ၀င်များ ကိုသာ မက- မြန်မာ ပြည်အတွင်း မည်သည့် တိုင်းရင်းသားကို မဆို မျိုးတုံး သတ်ဖြတ်ဘို့ လူဆိုး လူမိုက်များ မပေါ် စေရအောင် သူတော်စင် ဆယ်ပါးရဲ့ သွေးနဲ့ ရေးခဲ့ပြီ ဖြစ်ကြောင်း သမိုင်းတွင် စေရ ပါမယ်။

ဌေးလွင်ဦး

No comments:

Post a Comment