New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Monday, May 6, 2013

သမ္မတပါတီအချို့ တွေ့ဆုံဆွေးနွေး၊ ကုရ်အာန်အား ပြင်ဆင်ရန်လည်း ပါတီတစ်ခုမှ ဆွေးနွေးခဲ့


 

၂၀၁၃ ခုနှစ်၊ မေလ (၆) ရက် | TEOL

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် ပြည်တွင်းရှိနိုင်ငံရေးပါတီများ၏ တာဝန်ကိုယ်စားလှယ်များနှင့် ယမန် နေ့ က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားပါတီ (၈)ခုနဲ့၊ နိုင်ငံရေးပါတီ (၁၀)ခုတို့မှ တက်ရောက်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတော့ တွေ့ဆုံရန် ဖိတ်ကြားခြင်းမခံရ၍ တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ အလားတူပင် ပြည်ခိုင်ဖြိုးပါတီတို့မှလည်း တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရပြီး မည်သည့်အကြောင်း ကြောင့် တက်ရောက်ခြင်းမရှိသည်ကိုလည်း မသိရသေးပါ။

တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန်မှ ပါတီတစ်ခုကို (၅)မိနစ် ပြောဆိုခွင့်ပေးခဲ့ပြီး ပြည်သူဗဟိုပြုစနစ်ဖြင့်
အားလုံး ပါဝင်နိုင်သည့် မြန်မာနိုင်ငံတော်သစ်ကို တည်ဆောက်ပြီး အမျိုးသားရေး ပန်းတိုင်သို့သွားရောက် ရာတွင် ပါတီများလည်း ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံမှုအပြီးတွင် မြန်မာ့အသံမှ တွေ့ဆုံခဲ့သူပါတီတာဝန်ခံများနှင့် အင်တာဗျူးခြင်းများအား ထုတ်လွှင့် ခဲ့ပြီး မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ နေမျိုးဝေဆိုသူမှလည်း အင်တာဗျူးတွင် ယခင်က ၎င်းပြောကြားခဲ့သည့် ကုရ်အာန်ကျမ်းမြတ်အား တရားစွဲဆိုမည့်အကြောင်းအား သမ္မတဦးသိန်းစိန်အား ပြောပြခဲ့ကြောင်းကို ဖော်ထုတ်ပြောကြားသွားတာ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခွင့်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။

၎င်းနေမျိုးဝေမှ သမ္မတဦးသိန်းစိန်အား ၎င်းထုတ်နှုတ်ထားသည့် ကုရ်အာန်ကျမ်းစာပါ စာရွက်စာ တမ်း များအား ပေးပြီးသားဖြစ်ကြောင်းနှင့် ဦးသိန်းစိန်မှ ရပြီးသားဖြစ်ပြီး နဲနဲမြည်းပြီးပြီဖြစ်ကြောင်း များကိုလည်း ၎င်း၏ ဖေ့စ်ဘွက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရှိရပါတယ်။


အလင်းမျက်ဝန်းမီဒီယာ

No comments:

Post a Comment