New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Monday, April 29, 2013

လင်နှင့် မယားဝတ္တရား

Myawady News's photo.
 
 
လင်နှင့် မယားဝတ္တရား
***************

လောကမှာ အမျိုးသားနဲ့ အမျိုးသမီး လက်ထက်ထိမ်းမြားကြားတဲ့အခါ ဘဝတစ်လျှောက် ခရီှးရှည်ကြီး သွားရတဲ့အခါ အချင်းချင်း အတွဲညီဖို့လိုပါတယ်။ယခုဘဝမှာလည်း စိတ်ချမ်းသာစွာပေါင်းသင်းဆက်ဆံ လိုတယ်။နောင် ဘဝတစ်လျှောက်မှာလည်း ပေါင်းသင်းဆက်ဆံလိုတယ်။သံသရာတစ်လျှောက်ဘဝများ စွာ ပေါင်းသင်းဆက်ဆံပြီး အဆုံးဘဝထိလက်တွဲပြီး နိဗ္ဗာန်စံဝင်ချင်တယ်ဆိုတဲ့ ဇနီးမောင်နှံများ အတွက် အောက်ပါအချက်လေးများကို ဂရုတစိုက်.အလေးနက်ထားဖို့လိုပါတယ်။အိမ်ထောင်ရေးမှာ အတွဲ အားဖြင့် လေးတွဲရှိပါတယ်။အဲဒါကဘာတွေလဲလို့ဆိုတော့


၁။လူသေယောင်္ကျားနှင့်လူသေမိန်းမအတွဲ


ဆိုလိုတာက ယောင်္ကျားဖြစ်သူကသီလမရှိဘူး၊ကိုယ်ကျင့်တရားမကောင်းဘူး၊သဒ္ဓါတရားမရှိသလို မိန်းမဖြစ် သူက လည်း သီလမရှိ၊ကိုယ်ကျင့်တရားမကောင်း၊သဒ္ဓါတရားမရှိတဲ့ ဇနီးမောင်နှံအတွဲကို လူသေယော င်္ကျားနှင့် လူသေမိန်းမအတွဲလို့ဆိုလိုတာပါ။

၂။နတ်သမီးမိန်းမနှင့် လူသေယောင်္ကျားအတွဲ


မိန်းမကသီလရှိတယ်။ကိုယ်ကျင့်တရားကောင်းတယ်။သဒ္ဓါတရားကောင်းတယ်။သမာဓိရှိတယ်။ပညာရှိ တယ်။ဒါပေမယ့်ယောင်္ကျားဖြစ်သူက သီလမရှိဘူး၊ကိုယ်ကျင့်တရားမကောင်းဘူး၊သဒ္ဓါတရားမွဲတယ်။သမာဓိ မရှိဘူး၊ပညာဆိုတာလည်း မရှိဘူးဆိုရင် နတ်သမီးမိန်းမနှင့် လူသေယောင်္ကျားအတွဲဖြစ်ပါတယ်။အတွဲမညီ ပါဘူး။ပထမအတွဲကလည်း မကောင်းတဲ့အတွဲဖြစ်ပါတယ်။

၃။နတ်သားယောင်္ကျားနှင့် လူသေမိန်းမအတွဲ

ယောင်္ကျားဘက်ကကောင်းတယ်။သီလရှိတယ်။ကိုယ်ကျင့်တရားကောင်းတယ်။သဒ္ဓါ တရားကောင်း တယ်။ သမာဓိ ကောင်းတယ်။ပညာရှိတယ်။ဒါကိုနတ်သားနဲ့တူတယ်လို့ဆိုတာပါ။မိန်းမလုပ်သူက သီလမရှိ ဘူး၊ ကိုယ် ကျင့်တရားမကောင်းဘူး။သမာဓိမရှိဘူး၊ပညာမဲ့တယ်။ဒီလိုအတွဲမျိုးကလည်း အတွဲမညီပြန်ပါ ဘူး။ ဒီအတွဲကိုယောင်္ကျားဘက်ကကောင်းပြီး မိန်းမဘက်ကမကောင်းလို့ နတ်သားယောင်္ကျားနှင့်လူသေမိန်းမ အတွဲလို့ဆိုတာပါ။

၎။နတ်သားယောင်္ကျားနှင့်နတ်သမီးမိန်းမ


ဒီအတွဲကတော့ အကောင်းဆုံးအတွဲပဲ။ယောင်္ကျားကလည်းသီလရှိတယ်။ ကိုယ်ကျင့်တရားကောင်းတယ်။ သမာဓိရှိတယ်။ပညာရှိတယ်။ သဒ္ဓါတရားရှိသလို၊မိန်းမဖြစ်သူကလည်း သီလရှိတယ်။ ကိုယ်ကျင့် တရား ကောင်းတယ်။သမာဓိရှိတယ်။ ပညာရှိတယ်။ သဒ္ဓါတရားရှိတယ်။အလွန်ကောင်းမွန်ပြီး လူတိုင်း လူတိုင်း စံနမူနာ ယူပြီး လိုက်နာကျင့်သုံးအပ်တဲ့အတွဲဖြစ်ပါတယ်။အတွဲ ညီညီနဲ့ ကောင်းတဲ့သူ အချင်းချင်း၊ သူတော်ကောင်း အဖြစ်ဖြင့် ကောင်းတဲ့ အကျင့်တွေကိုကျင့်ပြီးတော့ မေတ္တာ၊ကရုဏာတွေ နားလည်မှုတွေ ထားပြီးပေါင်းသင်း မယ်ဆိုရင် အိမ်ထောင်ရေးဟာ မသာယာဖွယ် မရှိပါဘူး။သာယာမှာပါ။

ဒါနဲ့ပတ်သတ်ပြီး မှတ်သားလိုက်နာထိုက်တဲ့ ဝတ္ထုကြောင်းတစ်ခုကိုပြောချင်ပါတယ်။မြတ်စွာဘုရားဘဂ္ဂတိုင်း သံသုမာရဂိရိဆိုတဲ့မြို့မှာ သီးတင်းသုံးတော်မူနေတဲ့အခါ အဲဒီမြို့မှာ မြတ်စွာဘုရားရှင်ကို သားအရင်းကဲ့သို့ ချစ်မြတ်နိုးကြတဲ့ နကုလပိတာနဲ့ နကုလမာတာဆိုတဲ့ ဒကာကြီး ဒကာမကြီးဆိုတာရှိပါတယ်။မြတ်စွာဘုရား ကိုပထမဆုံးတွေ့ဆုံချိန်မှာပင် သောတာပန်များဖြစ်ခဲ့တာပါ။မြတ်စွာဘုရားရှင်နှင့်ဘဝများစွာ အမျိုးတော်စပ် ခဲ့တာ၊ဘဝများစွာ အတူနေရခဲ့ကြရသောကြောင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့ အလွန်ပင် အကျွမ်းဝင်သောကြောင့် အကျွမ်းဝင်တဲ့နေရာမှာ ဧတဒဂ်အရာဖြင့် မြှောက်စားခံရတဲ့ ဒကာကြီး နဲ့ ဒကာမကြီးဖြစ်ပါတယ်။မြတ်စွာဘုရားရှင် မြို့ထဲကို ဆွမ်းခံကြွတော့ ထိုဒကာကြီး ဒကာမကြီးအိမ်ကိုလည်း ကြွပါတယ်။ ခင်းထားတဲ့နေရာမြတ်မှာ မြတ်စွာဘုရားရှင်ထိုင်တော်မူနေတုန်း ဒကာကြီးနဲ့ဒကာမကြီးက ရိုသေစွာရှိခိုးပါတယ်။အဲဒီအခါမှာ နကုလပိတာဆိုတဲ့ ဒကာကြီးက လျှောက်ထားတယ်။မြတ်စွာဘုရားရှင် တပည့်တော်မှာ ဟောဒီနကုလမာတာဒကာမကြီးကို ငယ်ငယ်ရွယ်ရွယ်တည်းက ထိမ်းမြားပြီး ပေါင်းသင်းခဲ့ တာဖြစ်ပါတယ်ဘုရား။တပည့်တော်ဟာ နကုလမာတာကို ထိမ်းမြားသောအခါမှစ၍ အခြားသူတစ်ယောက် ကို ကိုယ်ထိလက်ရောက်မဆိုထားဘိ၊စိတ်နှင့်မျှမပြစ်မှားမိပါ။နကုလမာတာကို ယခုဘဝမှာလည်း အမြဲ ကြည့်နေချင် ပေါင်းသင်းလိုပြီး သံသရာမှာလဲ အတူတူပေါင်းသင်းလိုပါတယ်ဘုရား။

ထိုစကားကို နကုလမာတာ ကြားလျှင် အားကျမခံ သူ့စိတ်ရင်းကိုလျှောက်သည်မှာတပည့်မသည်လည်း ငယ်စဉ်အခါကပင် နကုလပိတာ၏ အိမ်သို့လိုက်ပါခဲ့ရပါသည်။ထိုအခါမှစ၍ အခြားသူကိုစိတ်မျှ မကူးမိပါ။ နကုလပိတာကို ယခုဘဝမှာလည်း အမြဲကြည့်နေချင် သံသရာမှာလည်း အမြဲတွေ့မြင်လိုပါသည်။ ထိုခင်ပွန်း ဇနီးနှစ်ဦးတို့ရဲ့ စကားကို ဘုရားရှင်က ပြန်လည်မိန့်တော်မူတာက ယခုဘဝမှာ စိတ်တူသဘောတူ ကြည်ဖြူ ကြသော ဇနီးခင်ပွန်း တို့သည် နောက်နောင်ဘဝ၌ မကွဲမကွာ ဖြစ်လိုကြလျှင် တစ်ယောက်နှင့်တစ်ယောက် သဒ္ဓါ၊သီလ၊စာဂ၊ပညာတို့ အရာရာ တူစေကြရမည်။

သဒ္ဓါဆိုတာ ရတနာသုံးပါး၊ကိုဆည်းကပ်ကိုးကွယ်ခြင်း၊ကံနှင့် ကံ၏အကျိုးကိုသက်ဝင်ယုံကြည်ခြင်း၊မိဘ ဆရာသမားများ၏ဂုဏ်များကိုသက်ဝင်ယုံကြည်ကြပြီး ကျေးဇူးသိတတ်စွာဆပ်ရခြင်းစတဲ့ သဒ္ဓါ တရားနှင့်   ပြည့်စုံစေရမှာပါ။ဒီသဒ္ဓါတရားက အင်မတန်မှ ဂရုပြုရမှာဖြစ်ပါတယ်။ဆိုလိုတာက ရတနာသုံးပါး ဆိုတာ ဗုဒ္ဓဘာသာမှာပဲရှိတာဖြစ်ပါတယ်။ဒါကြောင့် အိမ်ထောင်ပြုတော့မယ်ဆိုရင် ဘာသာတူသူ လူမျိုးတူ အချင်း ချင်း ပဲ ဖြစ်သင့်ပါတယ်။မိမိက ဘာသာတရားကိုင်းရှိုင်းပြီး ရတနာသုံးနဲ့ မိဘ၊ဆရာသမား များ ကိုကြည်ညိုလေးစား သော်လည်း မိမိနဲ့ပေါင်းသင်းနေထိုင်သူက ဘာသာခြားဖြစ်နေမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်သလို သာယာဖြောင့်ဖြူးခြင်းလည်းရှိမှာမဟုတ်ဘူး။ဒါကြောင့် အိမ်ထောင်ပြုမယ်ဆိုရင် သဒ္ဓါ တရားချင်း တူသူချင်း သာပြုသင့်ပါတယ်။ဘာသာတူသူနဲ့သာပြုသင့်ပါတယ်။ဒါက ဦးဇင်းတို့ပြော တဲ့စကား မဟုတ်ပဲ မြတ်စွာဘုရား တရားတော်အရ အသိပေးခြင်းဖြစ်ပါတယ်။

နောက်သီလပါ။ဒါလည်းအရေးကြီးပြန်တယ်။မိမိကသီလရှိပြီး မိမိနဲ့ပေါင်းသင်းနေထိုင်သူက သီမကင်းမဲ့နေ မယ်ဆိုရင်မဖြစ်ပြန်ဘူး။အိမ်သားကသီလလုံခြုံပြီးအိမ်သူကကာမေသုမိစ္ဆာစာရစတဲ့ လတွေဖောက်ပြား နေမယ်ဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်ပါ။ဒါကြောင့်အိမ်ရှင်ကသီလရှိသလို အိမ်သူကလည်းသီလရှိရမှာ ဖြစ်ပါတယ်။

စာဂကျပြန်တော့လည်းတူရဦးမှာပါ။စာဂဆိုတာ လှူဒါန်းခြင်း ပေးကမ်းခြင်းကိုဆိုလိုတာပါ။တစ်ယောက်က လှူဒါန်းမှုပြုလျှင် တစ်ယောက်က ကြည်ဖြူရပါမယ်။မပိတ်ပင်ရဘူး၊မတားမြစ်ရဘူး၊မကြည်မဖြူမဖြစ်ရဘူး၊ “မယ်ကလှူမူ မောင်ကြည်ဖြူ မောင်ကလှူဒါန်း မယ်ရွှင်လန်း”ဖြစ်ရမှာပါ။နောက်ဆုံးတစ်ချက်က ပညာပါ။ ပညာချင်းတူရမှာပါ။လောကီပညာ၊မှစ၍ အရာရာ စဉ်းစားချင့်ချိန် ဆုံးဖြတ်နိုင်တဲ့ပညာ နောက်ဆုံးဝိပဿနာ ပညာထိတူကြရမှာဖြစ်ပါတယ်။ထိုလေးချက်နဲ့ ယောင်္ကျားနှင့်မိန်းမ တူညီမည်ဆိုလျှင် ယခုဘဝမှာလည်း မခွဲမခွာ သာသာယာယာ ပေါင်းသင်းရမည်ဖြစ်သလို၊နောင်ဘဝအဆက်ဆက်မှာလည်း အတူတူပေါင်းသင်း ရမည်ဖြစ်တယ်လို့ မြတ်စွာဘုရားကဟောတော်မူပါတယ်။ ဒီဒေသနာတော်ကို သတိထား ဂရုစိုက်ပြီး တစ်ယောက်တစ်ယောက် ယခုဘဝမှာလည်း နတ်သား နတ်သမီးနဲ့တူတဲ့ လင်မယားအဖြစ်ပေါင်းသင်း နေထိုင်ကြပြီး ဘဝတစ်လျှောက်လုံးပေါင်းသင်းနေထိုင်ချင်တယ်ဆိုရင် ယုံကြည်မှု(သဒ္ဓါ)၊ကိုယ်၊နှုတ်နှစ်ပါး လုံခြုံစောင့်ထိန်းမှု(သီလ)၊ပေးကမ်းလှူဒါန်းခြင်း(စာဂ)နဲ့ အကောင်းအဆိုးကိုခွဲခြမ်းစိတ်ဖြာနိုင်တဲ့(ပညာ) ဒီလေးပါးကိုလက်ကိုင်ထားနိုင်ပါစေဟု ဆုတောင်းမှု ပြုလိုက်ရပါသည်။

အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

လင်နှင့် မယားဝတ္တရား

****************



လင်ဝတ္တရား(၅)ပါး

(၁) အမြတ်တနိုး ခေါ်ဆို၊ ကြင်နာခြင်းဖြင့်၎င်း၊
(၂) နှိမ့်ချ၍ မခေါ်ဆို၊ မဆက်ဆံခြင်းဖြင့်၎င်း၊
(၃) မိမိမယားကိုလွန်၍ အခြားမိန်းမတို့၌ မပျော်ပါးခြင်းဖြင့်၎င်း၊
(၄) စားဖိုဆောင်အုပ်စိုးမှုကို လွှဲအပ်ခြင်းဖြင့်၎င်း၊
(၅) အဝတ်တန်ဆာဥစ္စာကို ပေးကမ်းအပ်နှင်းခြင်းဖြင့်၎င်း ပြုစုအပ်၏။

( “ဗုဒ္ဓဘာသာကောင်းတစ်ယောက်” စာအုပ်မှ

မယားဝတ္တရား(၅)ပါး


(၁) အမှုကြီးငယ်တို့ကို ကောင်းစွာစီရင်၏
(၂) နှစ်ဘက်သော ဆွေမျိုးတို့ကို ချီးမြှောက်၏
(၃) မိမိလင်မှတစ်ပါး အခြားသောယောက်ျားတို့၌ လွန်ကျူးသော အကျင့်မှကင်း၏
(၄) ရှာဖွေစုဆောင်းခဲ့သည် ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်၏
(၅) အလုံးစုံသောကိစ္စတို့၌ လိမ္မာ၍ ပျင်းရိခြင်းကင်း၏

( “ဗုဒ္ဓဘာသာကောင်းတစ်ယောက်” စာအုပ်မှ )

No comments:

Post a Comment