အေးနိုင် DVB ၂၉ ဧပြီ ၂၀၁၃
ရခိုင်ပြည်နယ် ပဋိပက္ခနဲ့စပ်လျဉ်းတဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့ခင်း ၂ နာရီ မြန်မာငြိမ်းချမ်းရေးစင်တာမှာ
ရခိုင်ကော်မရှင်အစီရင်ခံစာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ
ကော်မရှင်တာဝန်ရှိသူတွေက အချက်အလက်ရှာဖွေခြင်းနဲ့ နောက်နောင်မဖြစ်ပွားအောင်
အကြံပြုတင်ပြတဲ့အပိုင်း ၂ ပိုင်းကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း
ရှင်းလင်းပါတယ်။
ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုကြီးက “ဒီကော်မရှင်ရဲ့
ဆောင်ရွက်ရမယ့်အပိုင်း ၂ ပိုင်း ရှိပါတယ်။ တပိုင်းက
အချက်အလက် ရှာဖွေပြုစုခြင်းပါ။ အဲဒါက ဒီကိစ္စဖြစ်ပေါ်တဲ့ လတ်တလော
အကြောင်းရင်းတွေနဲ့ ဒီကိစ္စဖြစ်ပေါ်စေတဲ့ အခြေခံ အကြောင်းရင်းတွေ။ အဲဒါတွေကို
အတတ်နိုင်ဆုံး လူတွေ့မေးမြန်းချက်တွေနဲ့ ကိုယ်တိုင် ကွင်းဆင်းလေ့လာ မှုတွေ၊
နောက်ပြီးတော့ သမိုင်းစာရွက်စာတမ်း အထောက်အထားမှတ်တမ်းများနဲ့
စာကြည့်တိုက်များ ကနေ ရှာဖွေစုဆောင်းတဲ့ အချက်အလက်တွေ အစရှိသဖြင့်
အတတ်နိုင်ဆုံး ရှာဖွေပြုစုခဲ့ပါတယ်။”
“နောက်တခုကတော့
အကြံပြုချက်အပိုင်းပါ။ လက်ရှိဖြစ်နေတာတွေကို ကျနော်တို့က ပကတိအတိုင်း
လက် ခံနိုင်အောင်၊ နားလည်နိုင်အောင် ကြိုးစားပြီးတော့ နောက်နောင်
ဒါမျိုးထပ်မဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ပဋိပက္ခဖြစ်နေ တဲ့ကာလမှာ
အနိမ့်ဆုံးအဆင့် နောက်တကြိမ် မဖြစ်ပွားအောင် ဘယ်လိုကြိုတင်စီမံမှုတွေ၊
အကာ ကွယ်တွေလုပ်ကြမလဲ။ ပြီးရင် တဖြည်းဖြည်းချင်း ပျော့ပျောင်းတဲ့
ဘာသာရေးခေါင်းဆောင်တွေ၊ မတူကွဲပြားတဲ့ လူ့အဖွဲ့ အစည်းက ခေါင်းဆောင်တွေ
အချင်းချင်း တွေ့ဆုံညှိနှိုင်းတာတွေကစပြီး ပုံမှန်အခြေအနေ ပြန်ရောက်အောင်
ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုတဲ့ လူမှုရေးသဟဇာတဖြစ်အောင် ဆောင်ရွက်နိုင်မယ့်
နည်းလမ်းတွေ အကြံပြု တင်ပြထားတယ်။”
“တဆက်တည်းမှာပဲ
အင်မတန်အကဲဆတ်တဲ့ကိစ္စဖြစ်တဲ့ ကျနော်တို့ နိုင်ငံသားတွေ၊
တိုင်းရင်းသားတွေရဲ့ စိတ်ခံစားမှု၊ စိုးရိမ်ထိတ်လန့်မှု၊ နောက်ပြီးတော့
နှစ်ဘက်ကြားထဲမှာ ရှိတဲ့ မယုံသင်္ကာမှု၊ အဲဒါတွေကို လျှော့ချနိုင်မယ့်
နည်းလမ်းတွေ ကိုလည်း ရှာဖို့ ကျနော်တို့ ရေရှည်အချိန်ယူသွားရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီပြဿနာကို ဖြေရှင်းတဲ့အခါမှာ ရှုထောင့်အသီးသီးကနေ ပြည့်ပြည့်စုံစုံ
ချဉ်းကပ်နိုင်ဖို့ ကော်မရှင်က ကြိုးစား ခဲ့ကြောင်း နဲ့
ကော်မရှင်အစီရင်ခံစာမှာ ပထမဦးဆုံး နံပါတ် ၁ ဦးစားပေးဖော်ပြထားတဲ့ ကဏ္ဍဟာ
ဒုက္ခသည်များ ကိစ္စဖြစ်ကြောင်း၊ ဘာဖြစ်လို့လည်းဆိုတော့
လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ရှုထောင့်၊ လူသား အသက်ရှင်နေထိုင်ခွင့်နဲ့
ပတ်သက်လို့ ဘယ်လောက်အလေးထားတယ်ဆိုတာ အထင်အရှားပေါ်လွင်ကြောင်း
ရှင်းပြသွားပါတယ်။
ဒါဟာ ဒုက္ခသည်တွေ အစားအစာနဲ့ အမိုးအကာ
ရရှိရေးကိစ္စကို နံပါတ် ၁ ဦးစားပေးအနေနဲ့ ဖော်ပြထားကြောင်း ဦးကိုကိုကြီးက
ရှင်းလင်းပြောဆိုခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ပြန်လည်သဟဇာတဖြစ်ဖို့အတွက် ဆောင် ရွက်နိုင်မယ့်နည်း လမ်းတွေ အစရှိသဖြင့် ကျနော်တို့ အခန်းကဏ္ဍ ၁၂ ခု ခွဲထားပြီးတော့ ပြုစုထားပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်ဖြစ်တဲ့အတွက် စီမံခန့်ခွဲနိုင်တဲ့ အခွင့်အာဏာမရှိကြောင်းနဲ့ ကော်မရှင် အနေနဲ့ ကတော့ တွေ့ ရှိတဲ့အချက်အလက်တွေ၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့အကြံပြုချက်တွေ
တင်ပြတာသာဖြစ်ပြီး ပံ့ပိုးကူညီ၊ ဖြေရှင်း မယ့်ကိစ္စတွေကိုတော့ သက်ဆိုင်ရာ
ဌာနဆိုင်ရာအဖွဲ့အစည်းတွေက လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ ဦးကိုကိုကြီးက
ရှင်းလင်းပြောပြသွားပါတယ်။
နောက်ဆက်တွဲသတင်းတွေကို ဆက်လက်ဖော်ပြသွားပါမယ်။
source: => https://www.facebook.com/ photo.php?fbid=534575609914277& set=a.191581544213687.40682.19 1574990881009&type=1
အေးနိုင် DVB ၂၉ ဧပြီ ၂၀၁၃
ရခိုင်ပြည်နယ် ပဋိပက္ခနဲ့စပ်လျဉ်းတဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့ခင်း ၂ နာရီ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ရခိုင်ကော်မရှင်အစီရင်ခံစာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ကော်မရှင်တာဝန်ရှိသူတွေက အချက်အလက်ရှာဖွေခြင်းနဲ့ နောက်နောင်မဖြစ်ပွားအောင် အကြံပြုတင်ပြတဲ့အပိုင်း ၂ ပိုင်းကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းပါတယ်။
ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုကြီးက “ဒီကော်မရှင်ရဲ့ ဆောင်ရွက်ရမယ့်အပိုင်း ၂ ပိုင်း ရှိပါတယ်။ တပိုင်းက အချက်အလက် ရှာဖွေပြုစုခြင်းပါ။ အဲဒါက ဒီကိစ္စဖြစ်ပေါ်တဲ့ လတ်တလော အကြောင်းရင်းတွေနဲ့ ဒီကိစ္စဖြစ်ပေါ်စေတဲ့ အခြေခံ အကြောင်းရင်းတွေ။ အဲဒါတွေကို အတတ်နိုင်ဆုံး လူတွေ့မေးမြန်းချက်တွေနဲ့ ကိုယ်တိုင် ကွင်းဆင်းလေ့လာ မှုတွေ၊ နောက်ပြီးတော့ သမိုင်းစာရွက်စာတမ်း အထောက်အထားမှတ်တမ်းများနဲ့ စာကြည့်တိုက်များ ကနေ ရှာဖွေစုဆောင်းတဲ့ အချက်အလက်တွေ အစရှိသဖြင့် အတတ်နိုင်ဆုံး ရှာဖွေပြုစုခဲ့ပါတယ်။”
“နောက်တခုကတော့ အကြံပြုချက်အပိုင်းပါ။ လက်ရှိဖြစ်နေတာတွေကို ကျနော်တို့က ပကတိအတိုင်း လက် ခံနိုင်အောင်၊ နားလည်နိုင်အောင် ကြိုးစားပြီးတော့ နောက်နောင် ဒါမျိုးထပ်မဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ပဋိပက္ခဖြစ်နေ တဲ့ကာလမှာ အနိမ့်ဆုံးအဆင့် နောက်တကြိမ် မဖြစ်ပွားအောင် ဘယ်လိုကြိုတင်စီမံမှုတွေ၊ အကာ ကွယ်တွေလုပ်ကြမလဲ။ ပြီးရင် တဖြည်းဖြည်းချင်း ပျော့ပျောင်းတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ မတူကွဲပြားတဲ့ လူ့အဖွဲ့ အစည်းက ခေါင်းဆောင်တွေ အချင်းချင်း တွေ့ဆုံညှိနှိုင်းတာတွေကစပြီး ပုံမှန်အခြေအနေ ပြန်ရောက်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုတဲ့ လူမှုရေးသဟဇာတဖြစ်အောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ အကြံပြု တင်ပြထားတယ်။”
“တဆက်တည်းမှာပဲ အင်မတန်အကဲဆတ်တဲ့ကိစ္စဖြစ်တဲ့ ကျနော်တို့ နိုင်ငံသားတွေ၊ တိုင်းရင်းသားတွေရဲ့ စိတ်ခံစားမှု၊ စိုးရိမ်ထိတ်လန့်မှု၊ နောက်ပြီးတော့ နှစ်ဘက်ကြားထဲမှာ ရှိတဲ့ မယုံသင်္ကာမှု၊ အဲဒါတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေ ကိုလည်း ရှာဖို့ ကျနော်တို့ ရေရှည်အချိန်ယူသွားရမှာဖြစ်ပါတယ
ဒီပြဿနာကို ဖြေရှင်းတဲ့အခါမှာ ရှုထောင့်အသီးသီးကနေ ပြည့်ပြည့်စုံစုံ ချဉ်းကပ်နိုင်ဖို့ ကော်မရှင်က ကြိုးစား ခဲ့ကြောင်း နဲ့ ကော်မရှင်အစီရင်ခံစာမှာ ပထမဦးဆုံး နံပါတ် ၁ ဦးစားပေးဖော်ပြထားတဲ့ ကဏ္ဍဟာ ဒုက္ခသည်များ ကိစ္စဖြစ်ကြောင်း၊ ဘာဖြစ်လို့လည်းဆိုတော့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ရှုထောင့်၊ လူသား အသက်ရှင်နေထိုင်ခွင့်နဲ့ ပတ်သက်လို့ ဘယ်လောက်အလေးထားတယ်ဆိုတာ အထင်အရှားပေါ်လွင်ကြောင်း ရှင်းပြသွားပါတယ်။
ဒါဟာ ဒုက္ခသည်တွေ အစားအစာနဲ့ အမိုးအကာ ရရှိရေးကိစ္စကို နံပါတ် ၁ ဦးစားပေးအနေနဲ့ ဖော်ပြထားကြောင်း ဦးကိုကိုကြီးက ရှင်းလင်းပြောဆိုခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ပြန်လည်သဟဇာတဖြစ်ဖို့အတွက် ဆောင် ရွက်နိုင်မယ့်နည်း လမ်းတွေ
စုံစမ်းစစ်ဆေးရေးကော်မရှင်ဖြစ်တ
နောက်ဆက်တွဲသတင်းတွေကို ဆက်လက်ဖော်ပြသွားပါမယ်။
source: => https://www.facebook.com/
No comments:
Post a Comment