New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Thursday, February 28, 2013

မျိုးဖြုတ်ဖို့မစဉ်စားနဲ့

မျိုးဖြုတ်ဖို့မစဉ်စားနဲ့
ဌေးလွင်ဦး
RB News
27.2.2012
မျက်ကန်း အမျိုးသားရေး ၀ါဒီတွဟာ ခေတ်အဆက် ဆက်ကပဲ မြန်မာနိုင်ငံရဲ့ ရှေ့ဦးမူလ လူမျိုးများကို နည်း မျိုး စုံနဲ့ မျိုးဖြုတ် ၀ါးမြိုဘို့ ကြိုးစား ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှေးဦးမူလ လူမျိုးများ အထဲမှာ အရှေ့ အကျဆုံး လူမျိုးများ ဖြစ်တဲ့ ဧရာဝတီမြစ် အနောက် ဘက်ခြမ်းက လူမျိုးတွေက လွန်ခဲ့တဲ့ နှစ် တစ်ထောင်ကျော်ကပဲ ၀ါးမြို ခံခဲ့ရပြီး၊ မြန်မာနိုင်ငံအောက်ပိုင်း သထုံဒေသရှိ ရက္ခများလည်း ၀ါးမြိုခြင်းကို ခံခဲ့ရပါပြီ။ ရခိုင်ဒေ သရဲ့ ရှေ့ဦး မူလ လူမျိုး ဖြစ်တဲ့ ရိုဟင်ဂျာ များလည်း လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော် ကတည်းက တစ်စစ ၀ါးမြိုခြင်း ကို ခံနေရပါတယ်။
လက်ရှိ မြန်မာနိုင်ငံထဲမှာ ရှေးအကျဆုံး လူမျိုးအဖြစ် ရပ်တည်နေတဲ့အထဲမှာ ကရင်လူမျိုးလည်း ပါဝင် ပါတယ်။ ကရင်လူမျိုးစုဟာ မွန်လူမျိုးများ မတိုင်မှီကတည်းက မြန်မာပြည်ထဲကို ရောက်လာခဲ့ပြီး ဧရာဝ တီအောက်ပိုင်း ပြည် (သီရိခေတ္တရာ)ထိ၊ ရခိုင်ဒေသ တောင်ပိုင်း သံတွဲထိ လွှမ်းမိုးတည်ရှိခဲ့တဲ့ သမိုင်း

အပြစ်မဲ့ပြည်သူအားစစ်တပ်မှမတရားနှိပ်စက်၍ ရိုက်နှက်


နေမင်းခ 
RB News 
27.2.2013 
စစ်တွေ ။ ။ စစ်တွေမြို့သင်္ဂနက် ကျေးရွာအုပ်စု၊ လက်မချေရွာနေ ဦးနူရာအာဟမတ် (ဘ) ဦးအစ္စမိုင်လ် (အသက် ၃၂ နှစ်) သည် ၎င်း၏ အဖော်ဖြစ်သူ ဦးကာစင်အလီနှင့် လာရာတွင် GE တပ်အနီးတွင် တပ်ကြပ် တစ်ဦးမှ လူမဆန်စွာ ရိုက်နှက်၍  ဦးခေါင်းတွင်  ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ကြောင်းသတင်း ရရှိ ပါသည်။ 
“နူရ်အာဟမတ်နဲ့ ကာစင်မ်အလီတို့နှစ်ယောက် အလုပ်ကပြန်လာ တာပါ။ အဲဒီမှာGE တပ်နားရောက် တော့ အမှတ် (၄) ဆက် သွယ်ရေး တပ်က တပ်ကြပ်ဇာနည် နဲ့တွေ့တယ်။ တပ်ကြပ် ဇာနည်က ဘယ်သွား မှာလဲ လို့မေးပြီးတာနဲ့ အတူပါ လာတဲ့ တုတ်နဲ့ ကာစင်မ်အလီရဲ့ ပေါင်ကို ရိုက်တယ်။ ပြီးတော့ တစ်ခါ နူရ်အဟမတ် ရဲ့ခေါင်းကို ဆက်ရိုက်တယ်။ နူရ်အဟမတ်ရဲ့ ခေါင်းကွဲ သွားတယ်။ 
ဖြစ်တာက ည ၇ နာရီလောက်မှာပါ။ နူရ်အဟမတ်ရဲ့ ဦးခေါင်း ဒဏ်ရာကတော့ တော်တော် လေးပြင်း တယ်။ ဆေးရုံလည်း ပို့လို့ မရဘူး။ ကြက်ခြေနီ ကားကလည်း နယ်ကျော်ပြီး မသွားရဘူး

မလေးရှားဝန်ကြီးချုပ်ဟောင်းအာဟ်မဒ်ဘာဒါဝီ ၏ မြန်မာနိုင်ငံရှိမွတ်စလင်မ်တို့ကိုအကြံပြုချက်


by Javed Ansari on Tuesday, July 24, 2012 at 9:28pm ·

International Instetute OfAdvanced Islamic Studies (IAIS)Malaysia နှင့်မြန်မာမွတ်စလင်မ်တတ်သိပညာ
ှင် ဖိုရမ် Myanmar Muslim Intellectual Forum တို့ပူးတွဲကျင်းပသော အစ္စလာမ်မြန်မာစီမီနာ တွင်မြွတ် ကြား ခဲ့သော အဟ်မဒ်ဘာဒါဝီ၏မိန်ခွန်း သည်မြန်မာနိုင်ငံရှိမွတ်စလင်မ်တို့အတွက်သိရှိရန်လိုအပ်ပြီးအရေးကြီးပါသည်ယင်း မိန်.ခွန်းပါ အချက်အလက်ကောက်နုတ်ချက်ကိုဖေါ်ပြလိုက်ပါသည်။

*အာဆီယံသည်၂၀၁၅တွင်ဒေသကိုစုစည်းထားသောအသိုက်အဝန်းဖြစ်လာပါမည်။

*အာဆီယံ၏အကြိးမားဆုံးဘာသာဝင်အုပ်စုဖြစ်သောမွတ်စလင်မ်တို့သည်ဒေသတွင်းဖွံဖြိုးရေးငြိမ်းချမ်းရေးနှင့် လုံခြုံ   ရေး ကိစ္စရပ်တွင် ကူညီရန် ကျင့်ဝတ်သိက္ခာပိုင်း ဆိုင်ရာတွင် တာဝန်ရှိပါသည်။

*ဒေသတွင်လူနည်းစုဖြစ်စေ လူများစုဖြစ်စေ အာဆီယံအသိုက်အဝန်း၏ ရည်မှန်းချက်သို့ ပေါက်ရောက်စေရန် အခြားသော အသိုင်းအဝန်နှင့် နိးကပ်စွာဆောင်ရွက်သင့်ပါသည်။

*မြန်မာနိုင်ငံရှိမွတ်စလင်မ်များအနေဖြင့်ဒေသအသိုင်းအဝန်းမှသီးခြားမနေပဲနိုးကြားတက်ကြွစွာ

ကျားဘငြိမ်း (၁၉၂၃-၁၉၇၉)




၁။ အမည်ရင်း – ဦးဘညိမ်း
၂။ မိဘအမည် – ဦးဘိုးမင်း + ဒေါ်မမကြီး
၃။ မွေးသက္ကရာဇ် – ၂၃၊ ၁၁၊ ၁၉၂၃
၎။ မွေးဖွားရာဒေသ – ၈၂ လမ်းနှင့် ၈၃လမ်းကြား၊ ၂၅ လမ်း၊ မန္ဈလေးမြို့

ကိုယ်ရေးဖြစ်စဉ်

ဦးဘညိမ်း ခေါ် ကျားဘညိမ်းကို ၈၂ လမ်းနှင့် ၈၃ လမ်းကြား၊ ၂၅ လမ်း မန္ဈလေးမြို့တွင် ဦးဘိုး မင်း   နှင့်  ဒေါ်မမကြီးတို့က ၁၉၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူ့ညီများမှာ ဦးဘသိမ်း (စာရေးဆရာ ချစ်ညို)၊ ဦးဘစိမ်းနှင့် ဦးဘဟိန်းတို့ ဖြစ်ကြသည်။

ငယ်စဉ်အခါက မန္ဈလေးမြို့ရှိ ဝက်စလီယံ သာသနာပြု ကျောင်းတွင် ပညာ စတင်သင်ကြားပြီး အမျိုး သား ခေါင်းဆောင်ကြီး တဦးဖြစ်သည့် ဆရာကြီး ဦးရာဇာတ် ကျောင်းအုပ် အဖြစ် တာဝန် ထမ်းဆောင် သည့် အမျိုးသား အထက်တန်းကျောင်းတွင် ပြောင်းရွှေ့ ပညာသင်ယူခဲ့သည်။ ဦးရာဇာတ် က ကျောင်း သားများ၏ အားကစား လုပ်ငန်းအနေဖြင့် အင်္ဂလိပ် လက်ဝှေ့ထိုးခြင်း အတတ်ပညာ ကို နိုင်ငံခြားသား ပညာရှင်တဦး ဖြစ်သည့် ဘီလ်ဖစ်ရှားအား သင်ကြား ပို့ချစေခဲ့သည်။ အမျိုးသားကျောင်းထွက် အင်္ဂလိပ် လက်ဝှေ့သမားများတွင် ဦးဘညိမ်းသည်

ဝဏ္ဏကျော်ထင် ဟာဂျီမ ဆရာမကြီး ဒေါ်စောရွှေ

 
ဝဏ္ဏကျော်ထင် ဟာဂျီမ ဆရာမကြီး ဒေါ်စောရွှေ

ဆရာမကြီးဒေါ်စောရွှေ သည် ၁၂၆၇ ခုနှစ် ပြာသိုလဆန်း (၉)ရက် ၁၉၀၃ ခုနှစ် ဇန်န၀ါရီလ(၆) ရက် အင်္ဂါနေ့တွင် အင်းစိန်မြို့ အဘဥိးဘကျင် အမိဒေါ်နှင်းလှိုင်တို့မှ မွေးဖွားခဲ့ပါသည်။ ဥပစာတန်းနှင့် အင်္ဂလိပ်မြန်မာ ဆရာဖြစ်လက်မှတ်ရရှိခဲသည်။ အင်္ဂလိုပ် နယ်ချဲ့ အစိုးရခေတ်တွင် ကုမ္မာရီ အမျိုးသမီးအဖွဲ့ ၊ ဗမာမွတ်စလင်(မ်) အမျိုးသမီးနိုးကြားရေးအဖွဲ့၊ မုဆိုးမများ စောင့်ရှောက်ရေးအဖွဲတို့ တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက မွတ်စလင်မ် အမျိုးသမီးများ အိမ်တွင်း ပုန်း ဘ၀မှ လွတ်မြောက်ရေးနှင့် လူမှု့ဝန်ထမ်းလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ရေးတို့ကို စည်းရုံး လှုံဆောင် ခဲ့ပြီး သူနာပြုတပ်ခွဲတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

၁၉၄၆ ခုနှစ်တွင် ဗမာမွတ်စလင်(မ်) အမျိုးသမီးအဖွဲ့ချုပ်ကို ဦးဆောင် ဖွဲစည်းခဲ့ပြီး ကွယ်လွန်သည့် အထိ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ လမ်းမတော် မဲဆန္ဒနယ် မှ တိုင်းပြုပြည်ပြု လွတ်တော် အမတ်အဖြစ်လည်းကောင်း ရမည်းသင်း မဲဆန္ဒ နယ်မှ လူမျိုးစုလွှတ်တော် အမတ် အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ အစ္စလာမ် သာသနာရေးရာ ကောင်စီ စတင်တည်ထောင်ရာတွင် ဗဟို အလုပ်အမှုဆောင် တဦးအဖြစ်

ပါကစ္စတနှ်နိုင်ငံ ဆိုင်ရာ သြစတေးလျ သံအမတ် တစ်ဦး အစ္စလာမ် ဘာသာ သို့ ကူးပြောင်းအစ္စလာမ်အေးရိပ်ဆာယာသို့



ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃
M-Media

ပါကစ္စတန်မှ သြစတေးလျ သံအမတ်တစ်ဦး အစ္စလာမ်ဘာသာသို့ကူးပြောင်းပြီး၊ ပါကစ္စတန်ရုပ်သံဌာန အစီအစဉ် တင်ဆက်သူ Sadia Afzaal နှင့် အိမ်ထောင်ထူခြင်း


Austrian-ambassador-in-Pakistan-Axel-Wech-and-Sadia-Afzaal-

အစ္စလာမ္မဘတ် ။ Axel Wech အမည်ရှိ ပါကစ္စတန်မှ သြစတေးလျသံအမတ်သည် အစ္စလာမ်သာသနာကို သက်ဝင် လက်ခံလိုက်ပြီး ပါကစ္စတန်နိုင်ငံပိုင် ရုပ်မြင်သံကြား၏ နာမည်ကြီး ‘ News Night ’ အစီအစဉ်တင်ဆက်သူ Sadia Afzaal နှင့် အိမ်ထောင်ထူခဲ့ကြောင်း ကြာသပတေးနေ့ facebook စာမျက်နှာတစ်ခုမှ ရေးသားလိုက်သည်။

သြစတေးလျသံအမတ်သည် Sadia Afzaal နှင့် လက်ထပ်ထိမ်းမြားမှုမပြုမီ အစ္စလာမ်သာသနာသို့ ပြောင်းလဲ သက်ဝင်ရန် ဆုံးဖြတ်ပြီးသည့်နောက်မှ အိမ်ထောင်ထူခြင်းဖြစ်ကြောင်း ပါကစ္စတန်မီဒီယာစောင့်ကြည့်ရေး အဖွဲ့ထံမှ သတင်း

ရိုဟင်ဂျာအထောက်အထားကို နေပြည်တော် လွှတ်တော်အမတ်များ သိရှိစေရန်




 
နေပြည်တော် လွှတ်တော်အမတ်များ သိရှိစေရန်

“မြန်မာ့အရေးဆွေးနွေးမယ့် ကုလအစည်းအဝေးစတင်”

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ရဲ့ (၂၂)ကြိမ်မြောက် အစည်း အဝေးကို မနေ့က စတင်ခဲ့ပါတယ်။ ရက်သတ္တပတ်လေးပတ်ကြာမြင့်မယ့် အဲဒီအစည်းအဝေးမှာ မြောက်ကိုရီးယား၊ ဆီးရီးယား၊ မြန်မာ နဲ့ အီရန် နိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို အဓိကဆွေးနွေးမယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲမတိုင်ခင်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana က မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုသော်ငြား လည်း၊ အဓိကဖြေရှင်းရမယ့် လူ့အခွင့်အရေး ပြဿနာတွေ ကျန်ရှိနေသေးကြောင်း၊ အထူးသဖြင့် ကချင် ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ၊ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြသူ ဒုက္ခသည်တွေရဲ့ အရေး ဟာ အထူးစိုးရိမ်စရာဖြစ်ကြောင်းပြီးခဲ့တဲ့ ရက်သတ္တပတ်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ အာဏာပိုင် တွေ အနေနဲ့ အမှန်တရားဖေါ်ထုတ်ရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး

လူမျိုးစု ၁၃၅ မျိုးနှင့်ပတ်သက်၍ မည်သည့် အစိုးရ လက်ထက် တွင် စာရင်းပြုစုပြီး ရရှိလာခဲ့သည်နှင့် စပ်လျဉ်း သည့်‌မေးခွန်း” ကို ပြန်လည်ဖြေကြား . ..




ယနေ့ကျင်းပသောပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန) ဒုတိယ ဝန်ကြီး ဦးဝင်းမြင့်က ဦးအောင်သိန်း(ရွာငံမဲဆန္ဒနယ်)၏ “တိုင်းရင်း သား လူမျိုးစု ၁၃၅ မျိုးနှင့်ပတ်သက်၍ မည်သည့် အစိုးရ လက်ထက်တွင် စာရင်းပြုစုပြီး ရရှိလာခဲ့သည်နှင့် စပ်လျဉ်း သည့်‌မေးခွန်း”ကို ပြန်လည်ဖြေကြားရာတွင် - ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် မှတ်တမ်း များအရ အဓိကလူမျိုးစုကြီးများဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသော လူမျိုးစုကြီး ၈ စုရှိပြီးတော့မှ မျိုးနွယ်စုများ အနေဖြင့် ကချင်မျိုးနွယ်စုတွင် ၁၂ စု၊ ကယား မျိုးနွယ်စုတွင် ၉ စု၊ ကရင်မျိုးနွယ်စုတွင် ၁၁ စု၊ ချင်းမျိုးနွယ်စုတွင် ၅၃ စု၊ ဗမာမျိုးနွယ်စုတွင် ၉ စု၊ မွန်မျိုးနွယ်စုတွင် ၁ စု၊ ရခိုင်မျိုးနွယ်စု တွင် ၇ စု၊ ရှမ်းမျိုးနွယ်စုတွင် ၃၃ စု၊ စုစုပေါင်းတိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရှိကြောင်း သိရှိရပါကြောင်း၊ မျိုးနွယ်စုအလိုက်အသေးစိတ် စာရင်းများကို တင်ပြရာတွင်-

Wednesday, February 27, 2013

ကြားဖြတ်သတင်း - အပြစ်မဲ့ရိုဟင်ဂျာနှစ်ဦးကို ALP မှပစ်ခတ်သတ်ဖြတ်




ကြားဖြတ်သတင်း - အပြစ်မဲ့ရိုဟင်ဂျာနှစ်ဦးကို ALP မှပစ်ခတ်သတ်ဖြတ်
February 26, 2013

မောင်တော ။ ။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၅) ညနေ ပိုင်းတွင် ရခိုင် လွတ်မြောက်ရေးပါတီ (ALP) မှ စစ်သွေးကြွအချို့မှ အပြစ်မဲ့ ရိုဟင်ဂျာနှစ်ဦးကို မောင်တောမြို့နယ်၊ ဘဂုံးနား ကျေးရွာ အုပ်စု၊ နူရူလာရွာ အ နီးရှိ တောအုပ်တွင် လူမဆန်စွာ ပစ်ခတ် သတ်ဖြတ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ သတ်ဖြတ် ခံရသူနှစ် ဦး သည် အခြားသော ရိုဟင်ဂျာ လေးဦးဖြင့် တောအု ပ်အနီးရှိ စမ်းချောင်းတွင် ငါးဖမ်းရန် သွားရာတွင် သတ် ဖြတ် ခံ ရခြင်းဖြစ် သည်။

“မနေ့က နေ့လည် ၂ နာရီလောက်မှာ နူရူလာရွာက ရိုဟင်ဂျာ ခြောက်ယောက် ရွာနားမှာရှိ တဲ့တော အုပ် ဘေးက စမ်းချောင်းမှာ ငါးဖမ်းဖို့ သွားခဲ့တယ်။ သူတို့ ငါးဖမ်းနေတဲ့ အချိန်မှာ ALP က အကြမ်းဖက်

စစ်တွေမြို့တွင်ကားခအဆမတန်တောင်းခံမှုကြောင့်သွားလာရန်ပိုမိုခက်ခဲနေ


February 25, 2013

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇွန်လဆန်း ပိုင်းတွင် အကြမ်းဖက်မှုကြီးဖြစ်ပွားပြီးနောက် စစ်တွေမြို့ပေါ်ရှိ ရိုဟင်ဂျာ များနှင့် ကမန်လူမျိုး အများစုမှာ အိုးမဲ့အိမ်မဲ့ဖြစ် သွားပြီး ဒုက္ခသည် စခန်းများ တွင်နေထိုင်နေကြရသည်။ သို့သော်လည်း စစ်တွေမြို့ပေါ်ရှိ အောင်မင်္ဂလာ ရပ်ကွက်နှင့် ဘုမေရွာတို့ တွင်ကျန်ရှိနေသည့် အစ္စလာမ်ဘာသာဝင်များမှာ သွားလာရေး၊ ကူးသန်းရောင်းဝယ်ရေး အားလုံးကန့် သတ်ပိတ်ပင် ထားခြင်း ခံနေရသည်။

ထို့အပြင် မိမိတို့ပိုင်ဆိုင်သော ဈေးဆိုင်များကိုလည်း အာဏာပိုင်များမှ ပိတ်သိမ်းလိုက်ပြီး၊ စီးပွားရေးလုပ် ငန်းများ လုပ်ကိုင်ခွင့် မရဘဲ၊ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့မှထောက်ပံ့သည် များကိုသာ မှီခိုအားထား

Tuesday, February 26, 2013

မြန်မာနိုင်ငံတွင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၃ ခု ရှိသည်။

photo.
ကိုဂျူး

မြန်မာနိုင်ငံတွင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၃ ခု ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့သော ၁၉၄၇ အခြေခံဥပဒေ၊ ဗိုလ်ချုပ်နေ၀င်း ရေးဆွဲခဲ့သော ၁၉၇၄ အခြေခံဥပဒေနှင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ယခုရေးဆွဲ လိုက်သော ၂၀၀၈ အခြေခံဥပဒေ ဟု၍ သုံးခုရှိရာ၌ ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့သော ၁၉၄၇ခုနှစ် အခြေခံ ဥပဒေသည် လူကြိုက်အများဆုံး၊ အမျှတဆုံးနှင့် အကောင်းဆုံး အခြေခံဥပဒေ ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ခုတလော ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ဗမာပြည်မနဲ့ တောင်တန်း ဒေသနေ လူမျိုးစုတွေကြား ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်နဲ့ ယင်းစာချုပ်ကို အခြေခံပြီးရေးဆွဲတဲ့ ၁၉၄၇ အခြေခံ ဥပဒေကို နအဖစစ်အစိုးရက ထိပါးပုတ်ခတ် ပြောဆို တာတွေ ဖတ်ရတာ များလာလို့ နဲနဲဇာတ်ကြောင်း လှန်စရာ ရှိလာပါတယ်။

“ပင်လုံစာချုပ်” ဟာ မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့မှာ ဗမာပြည်မ နဲ့ တောင်တန်း ဒေသနေ လူမျိုးစုတွေကြား ပေါင်းစည်း ညီညွတ်ရေး သဘောတူညီ စာချုပ်အဖြစ် ချုပ်ဆိုခဲ့တဲ့ စာချုပ်ဖြစ်ပါတယ်။ ဒီ “ပင်လုံစာချုပ်” ကိုအခြေခံတဲ့ ၁၉၄၇ အခြေခံဥပဒေအရ ဗြိတိသျှတွေဆီက မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူခဲ့တယ်။ “ပင်လုံစာချုပ်” ချုပ်ဆိုတဲ့နေ့ကို ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ သွေးစည်း ညီညွတ်မှုရတဲ့ နေ့ကြီး ရက်မြတ်အဖြစ် “ပြည်ထောင်စုနေ့” လို့ ခေါ်ဝေါ်ခဲ့တယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးရဲ့ အဓိက သော့ချက်ဟာ “ပင်လုံစာချုပ်” ပဲ ဖြစ်တယ်လို့ ဆိုရမယ်။

မှတ်မိသလောက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံညီလာခံမှာ “တောင်တန်း ဒေသ တိုင်းရင်းသား လူမျိုးစု ငယ်တွေကို ဗမာပြည်မ ကနေ ခွဲမထွက်ချင်အောင် ထားဘို့က ကျွန်တော်တို့ ဗမာ လူမျိုးကြီးတွေရဲ့ တာဝန်သာ ဖြစ်တယ်။ လွတ်လပ်ရေး ရပြီးနောက် ဆယ်နှစ်ကြာလို့မှ တိုင်းရင်းသားတွေက ပြည်မက ခွဲထွက်မယ် စကားပြောလာရင် ကျွန်တော်တို့ ဗမာတွေ ညံ့လို့ပဲ မှတ်” တဲ့။ သိပ်ကောင်းတဲ့ စကား။ အစ်ကိုကြီး တစ်ယောက်က ညီငယ်တွေကို ပြောသလို၊ ခေါင်းဆောင်ကောင်း တစ်ယောက်လို အာမခံ တာဝန်ယူတဲ့စကား ပြောခဲ့တာ။ တောင်တန်းသားတွေ ဘက်ကလဲ ပြည်မနဲ့ အင်အားချင်း ဘယ်လိုမှမယှဉ်နိုင်ဘူး၊ ကိုယ့်ဖာကိုယ် ရပ်တည်ဘို့လဲ မလွယ်ဘူး ဆိုတော့ ဗမာပြည်မကသာ ညှာညှာ တာတာ ဆက်ဆံရင် တောင်တန်း ဒေသတွေက ခွဲထွက်ခွင့် တောင်းစရာ အကြောင်း မရှိသလို ပြည်မနဲ့ မပေါင်းချင်စရာ အကြောင်း ဘာမှမရှိဘူး၊ တိုင်းရင်းသား လူမျိုးစု ငယ်တွေကို ဗမာပြည်မကနေ ခွဲမထွက်ချင်အောင် ထားဘို့ ဘာမှ မခက်ဘူး ဆိုတာ ဗိုလ်ချုပ်လဲ သိတယ်။

၁၈၈၅မှာ ဗြိတိသျှတွေက မြန်မာနိုင်ငံကို သိမ်းတော့ သီပေါဘုရင်ပိုင်နက် (Upper Burma) ကို သိမ်းပိုက် လိုက်ပြီလို့ ကမ္ဘာကို ကြေညာခဲ့တယ်။ တောင်တန်း နယ်မြေတွေမပါဘူး၊ တောင်တန်းဒေသလို့ သတ်မှတ်ခဲ့တဲ့ ချင်းတောင်တန်း၊ ကချင်တောင်တန်း၊ ရှမ်းကုန်းမြေမြင့်၊ ကရင် တောင်တန်းနယ်တွေဟာ သူတို့လူမျိုးစု ခေါင်းဆောင် (စော်ဘွား) တွေနဲ့ သူတို့အုပ်ချုပ်နေကြတဲ့ လူဦးရေနဲပြီး မဖွံ့ဖြိုးတဲ့ နယ်မြေလေးတွေ။ လူဦးရေများပြီး စစ်အင်အား ကောင်းတဲ့ ဗမာဘုရင်တွေရဲ့ အာဏာစက် အောက်မှာ နေရပေမဲ့ အမြဲတန်း ဗမာ ပိုင်နက်ထဲမှာ မဟုတ်ခဲ့ဘူး။ ဗမာနဲ့သူတို့တွေနဲ့ စာပေ၊ ယဉ်ကျေးမှု နဲ့ ဘာသာစကားလဲ မတူ ကြဘူး၊ တခြားစီ။ တရုပ်နဲ့ ဗမာလိုဘဲ။ မိတ်ကောင်း ဆွေကောင်းတွေလို အရိုအသေပေး၊ လက်ဆောင် ပဏ္ဍာပို့ သမီးကညာ ဆက်တဲ့ အနေအထား။ ဗမာရှင်ဘုရင်က တရုတ် ဧကရာဇ်တွေကို လက်ဆောင် ဆက်ရသလို တောင်တန်းသားတွေလဲ ဗမာ ရှင်ဘုရင် တွေကို လက်ဆောင် ဆက်ခဲ့ပေမဲ့ သူတို့လူမျိုးစု တွေဟာ ဘယ်တုန်းကမှ ဗမာရှင်ဘုရင်ရဲ့ လက်အောက်ခံတွေ မဟုတ်ဘူးလို့ ဆိုကြတယ်။ သူတို့တွေမှာလဲ ခိုင်လုံတဲ့ သက်သေ အထောက် အထားတွေ ရှိနေတယ်။ လေ့လာကြည့်ပါ။

ဗြိတိသျှတွေကလဲ ဒါကို အသိအမှတ် ပြုခဲ့လို့ တောင်တန်း ဒေသ အုပ်ချုပ်ရေးကို ဒီအတိုင်းထားတယ်။ ၀င်မစွက်ဘူး။ သူတို့ဟာ သူတို့ စေ့စပ်ပြီး သူတို့ အုပ်ချုပ်ရေးနဲ့ သူတို့ လွတ်လွတ် လပ်လပ် တလျှောက်လုံး နေခဲ့ရတယ်။ အင်္ဂလိပ်က လွတ်လပ်ရေး မပေးချင်လို့ စော်ဘွားတွေကို မြှောက်ပေးခဲ့တယ် ဆိုတာလဲ မဟုတ်ဘူး၊ သူတို့ကို ဗမာပြည်မနဲ့ ပေါင်းဘို့/မပေါင်းဘို့ လွတ်လွတ် လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် ပေးခဲ့တယ်။

ဒုတိယ ကမ္ဘာစစ် ပြီးတော့ စစ်ဒါဏ်ကြောင့် အတော်လေး မွဲသွားတဲ့ ဗြိတိသျှတွေဟာ မြန်မာအပါအ၀င် သူတို့ လက်အောက်ခံ ကိုလိုနီနိုင်ငံတွေ အားလုံးကို ဆက်မထိမ်းနိုင်တော့ဘူး အုပ်ချုပ်ရေး စားရိတ် အကုန် မခံနိုင်တော့လို့ လွတ်လပ်ရေး ပေးဘို့ ဗြိတိသျှ ပါလီမန်မှာ ပြောဆိုလာခဲ့ ကြတယ်။ သူတို့ ကိုယ်တိုင်တောင် အမေရိကန် ကောင်းမှုကြောင့် ဟစ်တလာရဲ့ နာဇီဂျာမဏီ လက်အောက် မရောက်ခဲ့ ရတာဆိုတော့ ကိုယ်ချင်းစာတတ် သွားတာလဲ ပါမှာပါ။ လွတ်လပ်ရေး လိုချင်လဲယူ၊ အစောင့်အရှောက်ခံ ဓနသဟာရနိုင်ငံထဲ နေချင်လဲနေဆိုတာ မြန်မာက လုံးဝလွတ်လပ်ရေးပဲ လိုချင်တယ်ဆိုတော့ ပေးမယ်လို့ မူအားဖြင့် သဘောတူ လိုက်တယ်၊ ဗိုလ်ချုပ်တို့က တောင်တန်းဒေသတွေ ဗမာပြည်မနဲ့အတူ လွတ်လပ်ရေး လိုချင်တယ် ဆိုတော့ ဗြိတိသျှအစိုးရက ဒါဖြင့် ပြည်မနဲ့ တောင်တန်းသားတွေနဲ့ သဘောတူ စာချုပ် ချုပ်ပြီးယူခဲ့ဆိုတော့ ဗိုလ်ချုပ်တို့ပြန်လာပြီး ပင်လုံမှာ တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ တွေ့ကြတယ်။

အဲဒီမှာ တောင်တန်းသား လူမျိုးစုငယ်တွေက ပြည်မနဲ့ပေါင်းပြီး လွတ်လပ်ရေးလဲ လိုချင်တယ် လူမျိုးကြီး ဗမာကိုလဲ မယုံဘူး၊ ကြောက်နေတယ်၊ ချီတုံချတုံ ဖြစ်နေတာ ဗိုလ်ချုပ်ကသိတော့ ခုနကပြောတဲ့ “Federal ပြည်ထောင်စု စနစ်နဲ့သွားမယ်၊ တန်းတူ ညီတူ ပြည်နယ်အဆင့် ဆက်ဆံမယ်၊ ဆယ်နှစ် ပေါင်းကြည့် မကြိုက်ရင် ဆက်မပေါင်းနဲ့” လို့ ရဲရဲအာမခံ လိုက်တယ်။ မှတ်သား လောက်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စကားဘဲ၊ တောင်တန်းသားတွေ ရှေ့ရေးအတွက် မပူရအောင် သူတာဝန် ယူလိုက်တာပဲ။ ဒီစကားကို အားလုံး သဘောတူလို့ လက်မှတ်ထိုးတယ်၊ ပင်လုံ စာချုပ်ချုပ်တယ်။ ဒီပင်လုံ စိတ်ဓါတ်ကို အခြေခံပြီး ၁၉၄၇ အခြေခံ ဥပဒေဆွဲခဲ့တယ်။ ဒီအခြေခံ ဥပဒေကို တင်ပြပြီး ဗြိတိသျှထံက လွတ်လပ်ရေး ရယူခဲ့တယ်၊ ပြောချင်တာက ၁၉၄၇ အခြေခံ ဥပဒေရဲ့ အသက် သွေးကြောဟာ “ပင်လုံစာချုပ်” သာဖြစ်တယ်။ ဖက်ဒရယ်မူဟာ တိုင်းရင်းသား လူမျိုးစုတွေ အတွက် အသက်တမျှ အရေးကြီးတဲ့ ကိုယ်ပိုင် အခွင့်အရေး ဖြစ်တယ်။ ဗမာတွေက ပေးမှ ရမဲ့ အခွင့်အရေး မဟုတ်ဘူးလို့ ဆိုတယ်။

တစ်ခု ပြောစရာ ရှိတာက ဒုတိယ ကမ္ဘာစစ် အပြီး ဗြိတိသျှ စစ်တပ်ထဲမှာလဲ မြန်မာနိုင်ငံကို လွတ်လပ်ရေး မပေးချင် သူတွေ ရှိတယ်။ ဂဠုန်ဦးစောတို့ သခင်ဗစိန်တို့ ဒေါက်တာ ဘမော်တို့နဲ့ နီးစပ်သူ နိုင်ငံရေး သမားတွေလဲရှိတယ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗမာ့ တပ်မတော်ဟာ ငါတို့ကို တိုက်ဖို့ ဖက်ဆစ်ဂျပန်နဲ့ ပေါင်းပြီး ဖွဲ့စည်းခဲ့တယ်၊ ခုဂျပန် စစ်ရှုံးတော့မှ ငါတို့ကိုလာပြီး မျက်နှာချိုသွေး နေတဲ့ နှစ်ထပ်ကွမ်း သစ္စာဖောက်တွေ၊ ဥပဒေအရ ခုံရုံးတင် အရေးယူရမယ်လို့ ခါးခါးသီးသီး သဘောထားတဲ့ စစ်ဗိုလ်တွေလဲ ရှိတယ်။ ဒါကြောင့် ဦးစောကို သေနတ်တွေ ခိုးပေးတာမျိုး ဖြစ်ခဲ့တာ။ ဗြိတိသျှစစ်တပ် ဘက်က ကြည့်တော့လဲ သူတို့ စစ်သားတွေက ဗမာပြည်ကို ဂျပန်တွေ လက်အောက်က ပြန်ရအောင် အသေခံတိုက် ယူထားရတာ။ ဒီလိုလွတ်လပ်ရေး ပေးလိုက်တာ ငါတို့ဘိုးဘွားတွေ တည်ထောင်ခဲ့တဲ့ နေမ၀င် အင်ပါယာကြီး ပြိုကွဲသွားမယ်၊ နိုင်ငံရေး သမားတွေက နာမည်ကောင်း ယူချင်လို့ နိုင်ငံရေး အကွက်ထွင်တာ၊ ခုခေတ် နအဖစကားနဲ့ ပြောရရင် ဗြိတိသျှ ပြည်ထောင်စု မပြိုကွဲရေးပေါ့၊ ဒီလို စစ်ဘက်က ဗြိတိသျှ နေမ၀င်အင်ပါယာကြီး မပြိုကွဲရေး အတွက် အကြီးအကျယ် ကန့်ကွက်ကြတဲ့ ကြားက မောင့်ဘက်တန်တို့ အက်တလီတို့ ဒေါ်မန်စမစ်တို့လို ပါလီမန်အထိ ပေါက်ရောက်တဲ့ လူကြီးတွေက ဗမာတွေဘက်က စာနာပြီး လွတ်လပ်ရေးပေးဘို့ သဘောတူ ရပ်တည်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နောက်မှာ မြန်မာ တစ်မျိုးသားလုံး ရှိနေတယ် ဆိုတာ လက်ခံတယ်။ ဗိုလ်ချုပ်ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ တိုင်းရင်းသားတွေ အပေါ် ထားတဲ့ ရိုးသားဖြူစင်တဲ့ စိတ်ရင်း စေတနာကို သဘောပေါက် နားလည်တယ်၊ ဒါကြောင့် ၁၉၄၇မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးသွားပေမဲ့ သူတောင်းဆိုခဲ့တဲ့ အတိုင်း မြန်မာပြည်မနဲ့ တောင်တန်း ဒေသတွေ မကျန် ၁၉၄၈ ဇန္န၀ါရီလ (၄)ရက်နေ့ မှာ ချောချော မောမော လွတ်လပ်ရေး ရခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၆၂ခုနှစ် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီး နောက်ပိုင်း ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ခေတ်လုံး သူ့အကြိုက် ဖြစ်အောင် ဒေါက်တာ မောင်မောင်တို့လို အုပ်စုတွေက ၁၉၆၂ခုနှစ်မှာ ရှမ်းစော်ဘွားတွေက ၁၉၄၇အခြေခံဥပဒေနဲ့ ဖယ်ဒရယ်မူအရ ခွဲထွက်ဘို့လုပ်လာလို့ အချိန်မှီ အာဏာသိမ်း လိုက်ရတာ။ ပြည်ထောင်စု မပြိုကွဲအောင် ဗိုလ်ချုပ်နေ၀င်းက ကယ်တင်ရှင် သူရဲကောင်းဆိုပြီး သမိုင်းရေး ကြရာက တဖြေးဖြေး ပုံကြီးချဲ့လာပြီး ဒါဟာ တပ်မတော်ရဲ့ သမိုင်းပေးတာဝန်ဘဲ တွေဘာတွေ လုပ်ပြီး မြန်မာ့ တပ်မတော် သူခိုးသေဖေါ်ညှိ ခံလိုက်ရ တော့တယ်။ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းတာ မှန်တယ်ဖြစ်အောင် နောင်မှ လူထုနားထဲ ရိုက်သွင်းတဲ့ ဆင်ခြေ စကားသာဖြစ်တယ်၊ အဲဒီ အချိန်တုန်းက ခွဲထွက်မယ်ဆိုတဲ့ စကားကို သူတိှု့မပြောဘူး စိတ်ထဲမှာလဲ မရှိဘူးလို့ စော်ဘွားတွေက ပြန်ချေပကြတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်နေ၀င်းနဲ့ စစ်အာဏာ ပိုင်တွေရဲ့ ရန်ကို ကြောက်ရလို့ နှစ်ပေါင်းများစွာ ဒီလို မဟုတ်ခဲ့ဘူးလို့ ဘယ်သူမှ ပြန်မပြောရဲ မရေးရဲ တော့ဘူး။

တိုင်းရင်းသားတွေ ဘက်က ပြန်ကြည့်တော့လဲ ပြည်မက ဗမာတွေက သူတို့ကို မတရား အနိုင်ကျင့်တာ ခံနေရတာဘဲ၊ ဒါကြောင့် သူတို့ထက် အဆပေါင်းများစွာ အင်အားကြီးမားတဲ့ ဗမာ စစ်တပ်တွေကို နှစ်ပေါင်း လေးဆယ်ကျော် ယနေ့ထိ ခုခံ တိုက်ခိုက် နေတာ၊ အလကား မမှတ်နဲ့၊ ပြည်မကြီးက ဗမာ့တပ်မတော်လို လေယဉ်ပျံတေ၊ွ သင်္ဘောတွေ၊ သံချပ်ကားတွေ၊ ခေတ်မှီအမြှောက် လက်နက်တွေ သူတို့မှာ မရှိဘူး၊ သူတို့လဲ မနိုင်နိုင်မှန်း၊ သေမယ်မှန်း သိတာပေါ့။ သူတို့မှာလဲ ဆီလျှော်ခိုင်လုံတဲ့ အကြောင်း ပြချက်တွေနဲ့ တရားသောစစ်ကို ဆင်နွဲနေသူတွေ။ သူတို့မြေ သူတို့လူမျိုးအတွက် အသက်ပေး ကာကွယ်နေကြတဲ့ မျိုးချစ် အာဇာနည် သူရဲကောင်း တွေဘဲ။

တိုင်းရင်းသားတွေက ဗမာ ဗိုလ်ချုပ်ကိုယုံလို့ ပြည်မနဲ့ ပေါင်းတာ။ တနေ့သောအခါမှာ ဗမာကဒီလို စကားဖျက်မယ် ဆိုတာသိရင် စကထဲက ဗမာနဲ့ မပေါင်းဘူး ငြင်းလို့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဒီအခွင့်အရေး ပေးမယ်၊ ပြည်မနဲ့ပေါင်းလို့ ကမ်းလှမ်းလို့ သူတို့ ပြည်မနဲ့ လက်တွဲခဲ့တယ်။ ဒီအခွင့်အရေး ဆက်ပေးရင် ဆက်လက်တွဲမယ်၊ ဒီအခွင့်အရေး ပေးတဲ့ ပင်လုံစာချုပ်ကို သွားဖျက်ရင် မြန်မာ့သမိုင်းမှာ ကျွန်တော်တို့ မဟာဗမာတွေ စကား မတည်ဘူး ဆိုပြီး သိက္ခာကျမယ်၊ သူတို့ကလဲ ရှိတဲ့အင်အားနဲ့ ရအောင်ပြန်တောင်း နေမှာဘဲ။ လူမျိုးစုငယ်တွေ ဘက်က ကိုယ်ချင်း စာကြည့်ကြပါ။

ပြည်မက ဗမာစစ်ဗိုလ်ကြီးတွေ ပြောနေတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး ဆိုတာ သူတို့ လူမျိုးစုတွေ ပိုင်ဆိုင်တဲ့ နယ်မြေ၊ သံယံဇာတတွေကို လိုချင်တဲ့ လောဘကြောင့် အကြောင်းပြ ကောင်းယုံ လာပြောနေတယ်။ တကယ်တန်း ဒီအသီး အပွင့်တွေကို ပြည်မက ဗမာတွေ အတွက် ယူသွားနေကြပြီး သူတို့မှာ ကားပေါ်တင်ပေးရတဲ့ အလုပ်ကြမ်း သမား သာဖြစ်နေကြ ရတယ်လို့ သူတို့ကမြင်တယ်။ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေ၊ ကွန်းသစ်တောကြီးတွေ၊ ငါးပုဇွန်တွေ၊ ကျောက်မျက် ရတနာတွေ၊ ဓါတ်သတ္တုတွေ၊ ရေအား လျှပ်စစ်တွေ၊ သူတို့မြေကထွက်တဲ့ အဖိုးတန် သယံဇာတတွေ ဘယ်ရောက် ကုန်လဲ သူတို့နယ်မြေ ဖွံ့ဖြိုးရေးမှာ မသုံးဘူးဆိုတဲ့ သဘော။ အစပိုင်းကတော့ စစ်ဗိုလ်ကြီးတွေရဲ့ လွဲမှားတဲ့ စီးပွားရေး စီမံကိန်းတွေကြောင့် သူတို့ပိုင်တဲ့ ဒီသံယံဇာတတွေ အလကားဖြစ် ပျောက်ပျက် ကုန်ရတာ။ ပြည်မကလဲ ကောင်းကောင်း မသုံးရဘူး။ ခုခေတ်တော့ စီးပွားရေး စီမံကိန်းတင် မကတော့ဘဲ စစ်ဗိုလ်တွေရဲ့ အိတ်ကပ်ထဲ ထည့်တဲ့ စီမံကိန်းတွေကြောင့် ပိုဆိုးကုန် တော့တယ်။ တိုင်းရင်းသားတွေက ကျွန်အောက်က သားပေါက်ဘ၀ ရောက်ကုန်တယ်လို့ ခံစားလာရတယ်။

ဒီကိစ္စ တပ်မတော် ခေါင်းဆောင် အဆက်ဆက် ချာလပတ် ရမ်းနေတာ ကြာလှပြီ၊ ဘာမှ မလုပ်တတ် တော့ဘူး။ ညှိညှိ နှိုင်းနှိုင်း မလုပ်ဘဲ စစ်သားပီပီ စစ်အင်အား ကြီးတယ်ဆိုပြီး လက်ရုံးရည် အားကိုးနဲ့ နှစ်ပေါင်း လေး-ငါးဆယ် စစ်ဖိတိုက်လာတာ လူမျိုးစု တိုင်းရင်းသား ငယ်တွေလဲ သေလိုက်တာ သောက်သောက်လဲ၊ တိုင်းပြည် ဘဏ္ဍာ ငွေတွေလဲ ကုန်လိုက်တာ နိုင်ငံလဲမွဲ၊ တပ်မတော် အစိုးရ အနေနဲ့ ပင်လုံစာချုပ်နဲ့ Federal မူကို လာမပြောနဲ့ မရဘူး၊ မဆွေးနွေးဘူးလို့ လူဆိုးကြီးလို မလုပ်သင့်ဘူး။ ကိုယ်မလုပ်တတ်တာနဲ့ သမိုင်းဝင် ပင်လုံ စာချုပ်ကို သွားမဖျက် သင့်ဘူး။ တပ်မတော် သမိုင်း တရားခံ ဖြစ်လိမ့်မယ်။

ကိုယ်နဲ့ ကိုယ့်အဖွဲ့အစည်း အရာမရောက် နေရာပျောက် သွားမှာစိုးပြီး တိုင်းပြည်ကို မလိုအပ်ဘဲ ချည်တုပ် ထားရာက တိုင်းပြည်လဲ ဘယ်မှ မရောက် တိုးတက်မှု နှေးကွေး သူများနောက်က လိုက်နေရတာ ကြည့်ရင် မြင်နိုင်တယ်။ သေနတ် ခါးကြားထိုး ထစ်ကနဲဆို ပစ်မယ် ခတ်မယ် လုပ်နေတဲ့ ခေါင်းဆောင်တွေကြောင့် လူမျိုးစုတွေကလဲ ဗမာဆို ရွံကြောက်ကြီး ဖြစ်သွားပြီ။ အနာနဲ့ ဆေးမတည့်လို့ တိုင်းပြည်နာတာဘဲ အဖတ်တင်ပြီး အောင်မြင်မှု မရခဲ့ဘူး။ ဒီထက် ကြာလာရင် တကယ်ခွဲထွက်ကုန် ကြလိမ့်မယ်။

ပင်လုံစာချုပ်က သိပ်ကြာသွားပြီ၊ ခေါတ်နဲ့ လျှော်ညီအောင် ပြင်ချင်တယ်ဆိုရင် ပြည်ထောင်စုလဲ မပြိုကွဲအောင် တိုင်းရင်းသား တွေလဲ မနစ်နာရအောင် နှလုံးရည်သုံး ညှိနှိုင်း တိုင်ပင်ပြီး ပြင်သင့်တယ်။ စစ်ရေး စွမ်းရည် သက်သက် နဲ့တော့ မရတော့ဘူး၊ ကျွန်တော်တို့ ပြည်မသားဗမာတွေ တောင်ပေါ် တိုင်းရင်းသားလူမျိုးစု ညီအစ်ကိုတွေ အပေါ် အနစ်နာခံရ လိမ့်မယ်။ တိုင်းပြည် ခေါင်းဆောင်တွေ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တပ်မတော် ခေါင်းဆောင်တွေ အတူတကွ တွေ့ဆုံ ဆွေးနွေးပြီး နှစ်ဦး နှစ်ဘက် အနာခံပြီး ကျိုးစားကြမှ စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပြန်ရမယ်။ တိုင်းရင်းသားအားလုံး ပျော်ပျော် ရွှင်ရွှင် ဥမကွဲ သိုက်မပျက် နိုင်ငံ တိုးတက်အောင် လုပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတယ်။ နို့မို့တော့ ပြည်သူတွေ မျက်ရည် ပေါက်ကြီးငယ် ကျနေရဦးမှာဘဲ။ မြန်မာ့ တပ်မတော်မှာ တွေ့ဆုံ ဆွေးနွေးရေး လုပ်ရဲတဲ့ နှလုံးရည် သမားတွေ များများလို နေတယ်။

စေတနာဖြင့်၊

ကိုဂျူး
ကိုဂျူး

မြန်မာနိုင်ငံတွင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၃ ခု ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့သော ၁၉၄၇ အခြေခံဥပဒေ၊ ဗိုလ်ချုပ်နေ၀င်း ရေးဆွဲခဲ့သော ၁၉၇၄ အခြေခံဥပဒေနှင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ယခုရေးဆွဲ လိုက်သော ၂၀၀၈ အခြေခံဥပဒေ ဟု၍ သုံးခုရှိရာ၌ ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့သော ၁၉၄၇ခုနှစ် အခြေခံ ဥပဒေသည် လူကြိုက်အများဆုံး၊ အမျှတဆုံးနှင့် အကောင်းဆုံး အခြေခံ ဥပဒေ ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ခုတလော ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ဗမာပြည်မ နဲ့ တောင်တန်း ဒေသနေ လူမျိုးစုတွေကြား ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်နဲ့ ယင်းစာချုပ်ကို အခြေခံပြီးရေးဆွဲတဲ့ ၁၉၄၇ အခြေခံ ဥပဒေကို နအဖစစ်အစိုးရက ထိပါးပုတ်ခတ် ပြောဆို တာတွေ ဖတ်ရတာ များလာလို့ နဲနဲဇာတ်ကြောင်း လှန်စရာ

သာကေတမာန်ပြေ၌ အာရဗီကျောင်းသတင်းမှားကြောင့် အဓိကရုဏ်းဖြစ်ပွား




ကျော်ဇင်ထွန်း (မြစ်မခ)
by Myit Makha Mediagroup on 20 Feb, 2013

သာကေတမြို့နယ်မာန်ပြေ ၃ရပ်ကွက် ၁၈ လမ်းနှင့် ၁၉ လမ်းကြားရှိ အာရဗီဘာသာရေး စာသင် ကျောင်း အမိုးများ ပျက်စီးမှုအား ပြုပြင်ရာမှ အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။



ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့ထံ တင်ပြထားသည့် ပြင်ဆင်ခွင့်နှင့် ပြန်လည်ပြင်ဆင်ရာတွင် ခွင့်ပြုထား သည် ထက် ကျော်လွန်၍ ကွန်ကရစ်တိုင်များ အခိုင်အမာဆောက်လုပ်ခြင်း ၊ထုပ်၊ လျှောက်၊ ဒိုင်း၊မြားတင်ရာတွင် ဟင်ဂလန်ချောင်းများ အသုံးပြု တည်ဆောက်ခြင်းတို့ကြောင့် ဘာသာရေး စာသင် ကျောင်းအစား ဗလီတည်ဆောက် သည်ဟု ရပ်ကွက်သားများက ယူဆကာ အာရဗီကျောင်း တာဝန်ခံနှင့် အချင်းများ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု

လွှတ်တော်ဥက္ကဌကြီးထံတင်ပြချက်

အာဘော်/ဆောင်းပါး — ၂၅ ဇန်န၀ါရီလ ၂၀၁၃

သူရရွေမန်း
ဥက္ကဌ
ပြည်သူ့ လွှတ်တော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
လူမျိုးခြားစစ်ဆေးခြင်းအားရပ်တန့်ရေးနှင့်ဒုက္ခသည်ပြည်သူများအား သူ့နေရာနှင့်သူ ပြန် လည် ချ ထားရေးကို လုံခြုံစွာဖြင့် ဦးစားပေးကူညီရန် တင်ပြခြင်း။

၂၀၁၂ခုနှစ် ရခိုင်အကြမ်းဖက်မူသည် ဘင်္ဂလားရခိုင်သူပုန်များနှင့် အနောက်သားရခိုင်လူမျိုးပါတီခေါင်းဆောင် များ၏ ပူးပေါင်းကြံစည်မူကြောင့် ဖြစ်ပွားခဲ့သည်မှာ ထင်ရှားပါသည်။
ဤသို့ အကြမ်းဖက်မူကို နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးကြိုးပမ်းမူမှာလည်း တရားဥပဒေစိုးမိုးရေးနှင့် လူ့ အခွင့် အရေး တန်ဖိုးထားမူ အားနည်းမူကြောင့် ဖြေရှင်းရေး မှတ်တိုင်ဝေးနေရခြင်းပင်ဖြစ်နေသည်ဟု သုံးသပ်မိပါသည်။
သို့ သော် အပြစ်မဲ့ ဒုက္ခရောက်နေသော ရခိုင်၊ ရိုဟင်ဂျာ၊ ကမန်စသော ပြည်သူများ ၏ဘ၀ခံစားနေ ရသော နှစ် ၀က်ကျော် အတိဒုက္ခများကို စာနာသော အားဖြင့် ပြည်တွင်းဖူလုံမူမရှိဘဲ နိုင်ငံတကာမှ အကူအညီများ ကိုနေ့  စဉ်နှင့် အမျှ တောင်းခံနေရသည်မှာ ရှက်စရာကောင်းလှပါသည်။
တဖန် အကြမ်းဖက်မူအဆုံးသက်ရေးနည်းလမ်းတွင် နိုင်ငံတော်၏ ဥပဒေ၊ နည်းဥပဒေများကို ဘင်္ဂလားရခိုင် သူပုန် နှင့် ပါတီများက ဆက်လက် ဖီဆန်နေခြင်းသည် တရားဥပဒေ စိုးမိုးရေးနှင့် လူ့  အခွင့်အရေးလေးစားမူ ကိုထိရောက်စွာ

ကော်မရှင် သုတေသန အဖွဲ့ ရိုပာင်ဂျာ တို့အား မမှန်မကန်လုပ်နေပာု စွပ်စွဲခံရ

ကော်မရှင် သုတေသန အဖွဲ့ ရိုပာင်ဂျာ တို့အား မမှန်မကန်လုပ်နေပာု စွပ်စွဲခံရ
SK
ဖေဖေါ်ဝါရီ ၂၅
ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင်  သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု မင်းပြားမြို့နယ် သရက် အုပ် ကျေးရွာမှ ရိုဟင်ဂျာတစ်ဦးက ပြောသည်။
မြန်မာစာမှာ ဗျည်း ဘယ်နှစ်လုံးရှိသလဲလို့မေးတာကို ကျွန်တော်ကလည်း ၃၃ လုံးလို့ဖြေပါတယ်။ အဲဒါကို အဖွဲ့ခေါင်းဆောင် ဦးအောင်ထွန်းဆိုတဲ့သူက ၂၃ လုံးလို့ သူ့စာအုပ်မှာ စာရင်းသွင်းလိုက်တယ်″ဟု သရက် အုပ်ကျေးရွာမှ ရိုဟင်ဂျာတစ်ဦးက ကိုယ်တွေ့ဖြစ်ရပ်က myanmarmuslim.net  သို့ ပြောသည်။
ရခိုင်ပြည် နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်စီစဉ်သည့် အဖွဲ့ ၀င် ၅ ဦးပါ သုတေသန အဖွဲ့တစ်ဖွဲ့သည် ယခုလ ၂၃ ရက်နေ့တွင် မင်းပြားမြို့နယ် သရက်အုပ်ကျေးရှိ ရိုဟင်ဂျာ ၉ဦးအား သုတေသနအတွက် မေးခွန်းများမေးမြန်းရာတွင်

တောင်အာဖရိကမှငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဘုန်းတော်ကြီး ဒတ်စမွန် တူးတူးနှင့်ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံ


မေတ္တာတရားကိုအားကိုးပြီး အတားအဆီးတွေကို အတူကျော်လွှားကြမယ်...

မြန်မာနိုင်ငံသို့ရောက်ရှိနေသော တောင်အာဖရိကမှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ညနေ ၃ နာရီအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့ဆုံနေကြစဉ်။  (26-2-2013)

Burmese Democracy leader aung san suu kyi at her house in yangon praying together with Father Desmond Mpilo Tutu (26-2-2013)
မေတ္တာတရားကိုအားကိုးပြီး အတားအဆီးတွေကို အတူကျော်လွှားကြမယ်...

မြန်မာနိုင်ငံသို့ရောက်ရှိနေသော တောင်အာဖရိကမှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန် တူးတူးနှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ညနေ ၃ နာရီအချိန်တွင် ဒေါ်အောင် ဆန်းစုကြည်၏ နေအိမ်၌ တွေ့ဆုံနေကြစဉ်။ (26-2-2013)

Burmese Democracy leader aung san suu kyi at her house in yangon praying together with Father Desmond Mpilo Tutu (26-2-2013)

ရိုဟင်ဂျာလူမျိုးအထောက်အထား

Yan Aung Soe Peace's photo.
ရိုဟင်ဂျာလူမျိုးအထောက်အထား
       ၁၉၇၃ ၊၁၉၉၁ မှာ မြန်မာအစိုးရက မြန်မာလိုရေးပြီးပေးခဲ့တာပါ ၊ အင်္ဂလိပ်ကလည်း မပေးခဲ့ပါဘူး ၊ ဘင်္ဂလားဒေရှ့်ကလည်းမပေးခဲ့ပါဘူး။
ရိုဟင်ဂျာလူမျိုးအထောက်အထား
၁၉၇၃ ၊၁၉၉၁ မှာ မြန်မာအစိုးရက မြန်မာလိုရေးပြီးပေးခဲ့တာပါ ၊ အင်္ဂလိပ်ကလည်း မပေးခဲ့ပါဘူး ၊ ဘင်္ဂလားဒေရှ့်ကလည်းမပေးခဲ့ပါဘူး။

Monday, February 25, 2013

1885 , THE ROYAL SHAFIQ KHAN ANCIENT MOSQUE , TELLING HISTORY FOR ROHINGYAS ,THIS PICTURE ,..

Sayed Islam's photo.
1885 , THE ROYAL SHAFIQ KHAN ANCIENT MOSQUE , TELLING HISTORY FOR ROHINGYAS ,THIS PICTURE ,..
‎1885 , THE ROYAL SHAFIQ KHAN ANCIENT MOSQUE , TELLING HISTORY FOR ROHINGYAS ,THIS PICTURE ,..

မိမိတို့အနေဖြင့် အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့ခြင်း၏ အဓိကသော့ချက်မှာ Teamwork ပဲဖြစ်တယ်။

 

မိမိတို့အနေဖြင့် အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့ခြင်း၏ အဓိကသော့ချက်မှာ Teamwork ပဲဖြစ်ပါတယ်။ Teamwork ဆိုတာကို မိမိဖခင် ဦးမြင့်ဆွေ မှသေချာရှင်းလင်းသွန်သင်ဆုံးမပေးခဲ့ပါတယ်။ မိမိ ဖခင် ဦးမြင့်ဆွေ သည် အသက် ၁၈ နှစ်အရွယ်မှစ၍ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ပထမဆုံး ဖွဲ့စည်း ခဲ့သော BIA စစ်သားအဖြစ် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ် ချုပ်အောင် ဆန်းနှင့်အတူ တိုက်ပွဲဝင်ခဲ့ပါတယ်။

ဖခင် သွန်သင်ဆုံးမခဲ့သော Teamwork ၏ သဘောတရားကို မိမိ ဆက်လက်ခံယူလိုက်နာခဲ့ပါတယ်။

Teamwork ကို ခွဲခြားလေ့လာရာတွင်

၁။ Responsibility - မိမိ တာဝန်ယူရမည့်အပိုင်းကို တာဝန်ယူခြင်း၊ မိမိနှင့် လုပ်ဖော်ကိုင် ဖက်များ

ရိုဟင်ဂျာလူမျိုးကို လူမျိုပေါင်း (၁၃၅ )မျိုးမှာမပါအောင် လုပ်ထားလို့

Monday, February 25, 2013  ,
ဌေးလွင်ဦး
RB News
25.2.2013
ရခိုင်ဒေသခံ မွတ်ဆလင်များကို “ရိုဟင်ဂျာ” လူမျိုးရယ်လို့ ခေါ်ဆိုကြောင်း အင်္ဂလိပ်များ ရခိုင်ဒေသကို မ၀င် ရောက်မှီ နှစ်ပေါင်း ၅၀ နီးပါး မှတ်တမ်းများကပင် ဖေါ်ပြပြီး ရှိနေပါတယ်။ ဂျာမန်ဘာသာနဲ့ မှတ်တမ်း များအရ ဒီထက်ပိုစောတဲ့ ခုနှစ်များကပဲ ရှိနေပြီး- ပါရှား အိန္ဒိယ မှတ်တမ်းများအရ ဆိုရင် နှစ်ပေါင်းထောင် ချီပြီး မှတ်တမ်း များ ရှိနေပါတယ်။
မွတ်ဆလင်များကို ကုလားများလို့ ခေါ်ဝေါ်သမုတ်ခဲ့တဲ့ စကားအရ ဆိုရင် ရခိုင်ဒေသနဲ့ ရခိုင်လူမျိုး ဆိုတာ ကိုယ်က မွတ်ဆလင်ဒေသနဲ့ မွတ်ဆလင်များကိုသာ ခေါ်ဆိုကြောင်း- သို့မဟုတ် ရခိုင် ဆိုတာ မွတ်ဆလင် များ သာ ဖြစ်ကြောင်း နိုင်ငံတစ်ကာ အသိအမှတ်ပြု မြန်မာ့သမိုင်းအကျော် ဒေါက်တာသန်းထွန်း ရဲ့ မြန်မာရာဇ၀င် ပြန်တမ်း အတွဲ ၂ စာမျက်နှာ ၂၁၉ မှာ “ရခိုင် ဆိုတဲ့ လူမျိုးကို ကုလားမျိုး ခြောက် ဆယ့်   လေးနွယ်” ထဲမှာ ထည့် သွင်း ရေတွက်ထားခြင်းက သက်သေတည်နေပါတယ်။ ဒီသမိုင်း အထောက် အထား  အရ ရှေးမြန်မာမင်းများ ကိုယ်တိုင် ရခိုင် ဆိုတာ မွတ်ဆလင်များ အများစု နေထိုင် ရာ ဒေသ အဖြစ် သတ်မှတ်ခဲ့ကြောင်း ထင်ရှားလှပါ တယ်။ ဘိုးတော်မောင်ဝိုင်း ရခိုင်နယ်ကို သိမ်းပိုက်စဉ်က

နန်းခင်ဇေယျာ စတင်ဆွဲဖွင့်ခဲ့သော မြန်မာ့ယဉ်ကျေးမှု တံခါးများ

 


Myawady News's photo
နန်းခင်ဇေယျာ စတင်ဆွဲဖွင့်ခဲ့သော မြန်မာ့ ယဉ်ကျေးမှု တံခါးများ

မြန်မာအင်တာနက်မယ် နန်းခင်ဇေ ယျာ တစ်ယောက် ဘီကီနီ ၀တ်ပြီး မြန် မာ့ ဂုဏ်ဆောင်ချိန်တွင် ဆရာ သက် တန့်ချိုမှ ပိတ်ထားသော မျက်လုံးများ ဖွင့်ကြည့်စေချင် ဆိုသည့် ဆောင်းပါးလေးဖြင့် ကျွန်တော် တို့ မျက် လုံးများ ကို ဆွဲဖွင့်ပေးခဲ့သည်။ မြန်မာဆိုသည့် အမျိုးချစ်စိတ်ဖြင့် နည်းလမ်းအမျိုး မျိုးကြိုးစားကာ Like များ ပေးခြင်းဖြင့် သူမသည် အင်တာနက်မယ် ဖြစ်ကာ သူမ၏ မလုံတလုံပုံများ မြန်မာနိုင်ငံတွင် ပုံနှိပ်မီဒီယာများမှ ဖော်ပြကြ သည်။ နန်းခင်ဇေယျာပုံများ ကုန်သည့်အခါ အခြားအလှမယ်များ၏ ဘီကီနီ များကို ဖော်ပြကြသည်။ ထို့နောက် ထို့နောက်တွင်တော့ celebrities တွေရဲ့ မဖုံးနိုင်မဖိနိုင်ပုံများ တရားဝင်၊ တရားမ၀င်

"လူကြီးသားသမီးလည်း အပြစ်လုပ်ရင် အရေးယူမှာပဲ" ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြောကြား

21 February 2013



 အပြောနဲ့ အလုပ်တော့ ညီပစေပေါ့ဗျာ
" ဥပဒေဖောက်ဖျက်လာလျှင် ဘယ်သူ့မျက်နှာမှ မထောက်၊ လူကြီးသားသမီးလည်း အရေးယူမည် "

MEDIA One Journal, Vol. 1, No. 28

Sunday, February 24, 2013

နေရပ်စွန့်ခွာ၍ တတိယနိုင်ငံများသို့ ထွက်ခွာနေကြသူများ အကြောင်း (စာတမ်း By Myo Myint)

ဖေဖော်ဝါရီ ၂၄ ၊ ၂၀၁၃




Paper About Rohingyas IDP By Myo Myint

စာတမ်းပြုစုသူမှာ ဦးမျိုးမြင့်ဖြစ်ပြီး စာတမ်းမှာ ပါဝင်တဲ့ အခန်းအလိုက် ခေါင်းစဉ်များမှာ
၁။ ထိပ်တုံးခတ်ခံထားရသော ပြည်သူများ
၂။ တတိယနိုင်ငံသို့ ခိုးထွက်သည့် လမ်းကြောင်း(၈)ခု (အောက်လမ်းများ)
(က) ထိုင်းနိုင်ငံနယ်စပ် ဒုက္ခသည်စခန်းသို့ ကုန်းလမ်းများမှနေရပ် စွန့်ထွက်ခွာခြင်း
(ခ) ထိုင်းနိုင်ငံအတွင်းပိုင်းသို့ နေရပ်စွန့်ခွာခြင်း
(ဂ) ထိုင်းနိုင်ငံသို့ ရေလမ်းဖြင့် နေရပ်စွန့်ခွာခြင်း
(ဃ)မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံမှတစ်ဆင့် နေရပ်စွန့်ခွာခြင်း
(င) မလေးရှားနိုင်ငံသို့ ရေလမ်းမှ စက်လှေဖြင့်နေရပ်စွန့်ခွာခြင်း
(စ) ဂူအန်ကျွန်းသို့ ကုန်းလမ်းဖြင့် တတိယနိုင်ငံသို့ နေရပ်စွန့်ထွက်ခွာခြင်း
(ဆ)အိန္ဒိယနိုင်ငံမှ ကုန်းလမ်းဖြင့် တတိယနိုင်ငံသို့ နေရပ်စွန့်ထွက်ခွာခြင်း
(ဇ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းလမ်းမှတစ်ဆင့် တတိယနိုင်ငံများသို့ နေရပ်စွန့်ထွက်ခွာခြင်း

သမိုင်းဟူသည်ဤသို့တည်-၉ (မွတ်စ်လင်မ်ဆိုတာ လူမျိုးလား- မြန်မာနိုင်ငံ နှင့် မွတ်စ်လင်မ်)

M-Media
ရဲရင့်သစ္စာ
ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်

Thamine-Hu-the
မွတ်စ်လင်မ်ဆိုတာ လူမျိုးလား
ဟိန္ဒူဆိုတာ လူမျိုးမဟုတ်သလို၊ မွတ်စ်လင်မ်ဆိုတာလည်း လူမျိုးမဟုတ်ပါ။ အိန္ဒိယ တိုက်ငယ်မှာနေထိုင်သူ အားလုံးကို ယေဘုယျအားဖြင့် ဟိန္ဒူ လို့ ခေါ် ဆိုနိုင်ပါတယ်။ အဲဒီအကြောင်းကိုအောက် တစ်နေရာ မှာ ရေးပြပါဦးမယ်။   မွတ်စ်လင်မ်ဆိုတဲ့ အာရဗီဝေါဟာရ နဲ့ အစ္စလာမ်ဆိုတဲ့ အာရဗီဝေါဟာရနှစ်ခုစလုံး ဟာအာရဗီဝေါဟာရ အရင်းအမြစ် “စလမ” က နေ ဆင်းသက်လာတာပါ။ “စလမ” ဆိုတာ “ငြိမ်းချမ်းခြင်း” “နာခံခြင်း” လို့

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၁၀)


အပိုင်း(၁) မှ (၉)ထိလင့်ကိုကလိက်လုပ်၍ဖတ်ရန် -


(၁) ရိုဟင်ဂျာအမည်နာမကို တစ်ပါတီ၊စစ်အစိုးရကာလမှအပ
 ရှေးယခင်ကတည်းကသုံးစွဲခြင်း။ 
(၂) ရခိုင်အမျိုးသားများ၏ရိုဟင်ဂျာသုံးစွဲခြင်းကိုကန့်ကွက်ခြင်းအား ချေပခြင်း။ 

ရိုဟင်ဂျာ ဆိုသော အမည်နာမကို ရခိုင်ပြည်ရှိ အစ္စလာမ် ဘာသာဝင်များက လွန်ခဲ့သော နှစ်ပေါင်း ၃၅၀ က တည်းက သုံးစွဲခဲ့ကြောင်း သမိုင်း မှတ်တိုင်များ တွင်တွေ့ရှိနိုင်ပါသည်။ ဗိုလ်ချုပ်ကြီးနေ၀င်း၏ တစ်ပါတီ အာဏာရှင် စနစ်ကြောင့် မြန်မာလူထု၏ သမိုင်းကြောင်း အခွင့် အရေးမှန် သမျှ ဆုံးရှုံး ခဲ့ရ သည် ကို မစဉ်းစားဘဲ ရှေးအစိုးရ အဆက်ဆက်ကရော ရိုဟင်ဂျာ ဆို သည့် အခေါ်အဝေါ်ကိုသော် လည်းကောင်း၊ တိုင်းရင်းသား ဆိုသည့် အချက် ကိုသော်လည်းကောင်း လက်ခံ ထားခြင်း မရှိခဲ့ပါ ဘူး ဟု ပြောဆိုနေသော အကြီးအကဲ များ၊   နိုင်ငံရေး  ခေါင်းဆောင် များကို အောက်ပါ အတိုင်း သမိုင်း ကြောင်း အမှန်နှင့် ရိုဟင်ဂျာ တိုင်းရင်းသား များပါ ဟု

Saturday, February 23, 2013

ဗုဒ္ဓဘာသာဝင် အငြိမ်းစား သံအမတ်ကြီး တစ်ဦး၏ မွတ်စလင်များ အပေါ် မှားယွင်းနေသော ထင်မြင်ချက်များအား ဖြေရှင်းချက်

 
 
 
ဗုဒ္ဓဘာသာဝင် အငြိမ်းစား သံအမတ်ကြီး တစ်ဦး၏ မွတ်စလင်များ အပေါ် မှားယွင်းနေသော ထင်မြင်ချက်များအား ဖြေရှင်းချက်



မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်း စုံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ကြသောနိုင် ငံဖြစ်သည်။ ရှေးမြန်မာ မင်းများ လက်ထက် တွင်လည်းကောင်း၊ အင်္ဂလိပ် ကျူးကျော် စစ်ပွဲများ တွင်လည်းကောင်း၊ မြန်မာ့ လွတ်လပ်ရေးကြိုးပမ်း မှုသမိုင်းတွင် လည်းကောင်း၊ လွတ်လပ်ရေး ရရှိပြီးနောက် နိုင်ငံ တည်ဆောက်ရေး ကာလ၊အိမ်စောင့် အစိုးရလက်ထက်၊ တပ်မတော် အစိုးရလက်ထက် နှင့်ယနေ့ ဒီမိုကရေစီ အပြောင်းအလဲ ကာလများတွင် လည်းကောင်း ဘာသာဝင် အသီးသီးတို့သည် ကျရာနေ ရာမှ နိုင်ငံအကျိုး၊ ပြည်သူ့ အကျိုး ထမ်းဆောင်ခဲ့ကြသည်။ လူအများစုဖြစ်သော ဗုဒ္ဓဘာသာဝင်များ၊ လူနည်းစုဖြစ်သော အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင် တို့သည် လက်ချင်းချိတ်ကာ လက်တွဲဆောင်ရွက်ခဲ့ကြသည်။ အကျိုး ရလာဒ် အဖြစ် တည်ငြိမ်သော၊ငြိမ်းချမ်းသော ၊ ဖွံ့ဖြိုးစည်ပင်သော နိုင်ငံတစ်ခုအဖြစ် မကြာခင်နှစ်

မြောက်ဦး နန်းတည် မင်းစောမွန်လက်ထက်က ဆောက်တဲ့ ၃၃ပေ x ၄၇ပေ" အကျယ်ရှိတဲ့ "စန္ဒီခန်ပလီဝတ်ကျောင်းတော်ကြီး'



မြောက်ဦး နန်းတည် မင်းစောမွန်လက်ထက်က ဆောက်တဲ့ ၃၃ပေ x ၄၇ပေ" အကျယ်ရှိတဲ့ "စန္ဒီခန်ပလီဝတ်ကျောင်းတော်ကြီး' ဘင်္ဂါလီတွေခိုးဝင်လာပြီးဆောက်တယ်လို့တော့မပြောနဲ့နော်။

ဗိုလ်ချုပ်မှူးကြီးစာအုပ် NLD ညီလာခံမှာ ရောင်းချ

ဗိုလ်ချုပ်မှူးကြီးစာအုပ် NLD ညီလာခံမှာ ရောင်းချ



တောင်ကြီးမြို့တွင် ယမန်နေ့က ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  ရှမ်းပြည်နယ် ညီလာခံတွင် မိတ္တူကူးထားသည့်စာအုပ် အများအပြား ရောင်းချခဲ့ရာ ဗိုလ်ချုပ်မှူးကြီး အကြောင်း ရေး သား ထား သည့် စာအုပ်လည်း ပါဝင်သည်ကို တွေ့ရသည်။

RFA အသံလွှင့်ဌာနက အပတ်စဉ် ထုတ်လွှင့်ခဲ့သည့် အောင်သူငြိမ်း၏ ဆောင်းပါးများကို စုစည်း ထားခြင်း ဖြစ်ပြီး "ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ်တဦးကို မျက်နှာဖုံး ခွာကြည့်ခြင်း" ဟု အဆိုပါ မိတ္တူစာအုပ်ကို အမည်ပေးထားသည်။

Benedict Rogers ၏ စာအုပ်ကို ဆရာအောင်သူငြိမ်းက စာအုပ်မိတ်ဆက်သဘော အခန်းဆက်ရေး ခဲ့ခြင်း ဖြစ်သည်။

ပါတီညီလာခံကျင်းပရာ ရှမ်းစာပေအသင်း ခန်းမ ၀င်ပေါက်တွင် ကြပ်ပြေး နန်းတွင်းအရေးတော်ပုံ၊ ဒီပဲယင်း လုပ်ကြံမှု အရေးယူဆောင်ရွက်ရေးကော်မရှင်၏ အစီရင်ခံစာ အစရှိသည့် စာအုပ်များ လည်း ရောင်း ချခဲ့သည်။

ဦးသန်းရွှေစာအုပ် အပါအ၀င် ထိုစာအုပ်များမှာ လွန်ခဲ့သည့် ၂၀၁၁ မတိုင်ခင် စစ် အစိုးရလက်ထက်တွင် လျှို့ဝှက် လက်ဆင့်ကမ်း ဖတ်ရှုကြသည့် စာအုပ်များ ဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ယခုကဲ့ သို့ ပေါ်ပေါ်တင်တင် ရောင်းချနေခြင်း ဖြစ်သည်။

ဦးသန်းရွှေသည် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်းတွင် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး အဖြစ်မှ အငြိမ်းစားယူခဲ့ပြီး ယခုအခါ နေပြည်တော်တွင် နေထိုင်လျက်ရှိသည်ဟု သိရသည်။

ရှမ်းပြည်နယ် NLD  ညီလာခံ

တောင်ကြီးတွင် ပြုလုပ်သော ပြည်နယ်အဆင့် ညီလာခံကျင်းပမှုကို မန္တလေးတိုင်း NLD က လာရောက် ကြီးကြပ်ပေးသည်ကို တွေ့ရသည်။

ညီလာခံတွင် ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်မှ ဒေါ်မီးမီးသည်  သဘာပတိအဖြစ် ရွေးချယ်ခံရသည်။ 

 သဘာပတိ၏ ပြောကြားချက်များတွင် - NLD သည် လက်ရှိပုံစံအတိုင်း ဆက်သွားပါက လာမည့်   ရွေးကောက်    ပွဲ တွင် ရလဒ်ကောင်းရမည် မဟုတ်ကြောင်း၊   တခြားသော ပါတီင်္များကလည်း စည်း ရုံးရေး လုပ် ငန်းများ လုပ်ကိုင်ပြီး  ပြည်သူလူထုအတွင်း ၀င်ရောက်နေပြီဖြစ်ကြောင်း စသည့် အချက်များ လည်း  ပါဝင်သည်။

၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲများတွင် ရှမ်းပြည်နယ် လူထု၏ ဆန္ဒမဲ

ဒုက္ခသည်များကို ကော်မတီဖွဲ့ လက်ခံရန် စီစဉ်နေ


| February 21, 2013

အုန်းပြန့် ဒုက္ခသည်စခန်းတွင် တွေ့ရသော ဒုက္ခသည် ကလေးငယ် နှစ်ဦး (ဓာတ်ပုံ – လင်းသန့် / ဧရာဝတီ)
ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးအတွက် မြန်မာ အာဏာပိုင် များက ကော်မတီဖွဲ့၍ လက်ခံရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ထိုင်း အစိုးရတာဝန်ရှိသူများက နိုင်ငံတကာမှ အကူအညီပေးနေသည့် အဖွဲ့များဖြင့် ဒုက္ခသည်များ ပြန် လည်ပို့ဆောင်နိုင်ရေး စတင် ဆွေးနွေးနေကြောင်း သိရသည်။
ယမန်နေ့က ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ တွင် မြန်မာနိုင်ငံ ဘက်က ဒုက္ခသည် လက်ခံရေး ကော်မတီဖွဲ့စည်း စီစဉ်နေသည်ဟု တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး က   ပြောကြားကြောင်းလည်း ဘီဘီစီ သတင်း တပုဒ်

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးသစ် ပြန်လည် ဖွဲ့စည်း

လွှတ်တော်ရေးရာ ကော်မတီ၊ ကော်မရှင်များ ပြည်ထောင်စု အဆင့် ဟုတ်၊မဟုတ် အငြင်းပွားမှု ကြောင့် နှုတ်ထွက် ခဲ့ရသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး အဖွဲ့ဝင် ကိုးဦး နေရာ တွင် ပြန်လည် ခန့်အပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဌ အမျိုးသား လွှတ်တော် ဥက္ကဌ နှင့် နိုင်ငံတော် သမ္မတ တို့က အဖွဲ့ဝင် သုံးဦးစီ အသီးသီး ရွေးချယ်ကာ ပြည်ထောင်…စု လွှတ်တော် ကိုယ်စားလှယ် များထံ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က သဝဏ်လွှာ ပေးပို့ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။
အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ရွေးချယ် ထားသည့် ခုံရုံး အဖွဲ့ဝင် သုံးဦးမှာ ရှေ့နေချုပ် ရုံးမှ ညွန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးတင်မြင့်၊ ရှေ့နေချုပ် ရုံးမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါ်တင်စန်းနှင့် ရှေ့နေချုပ် ရုံးမှ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးမျိုးချစ်တို့ ဖြစ်ကြောင်း

၈၂ နိုင်ငံသားဥပဒေ နိုင်ငံတကာ အဆင့်မီသင့် ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


 

ပြည်သူ့လွှတ်တော် တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့်ကို နိုင်ငံတော်နှင့် နိုင်ငံသားများက အဓိက ဆုံးဖြတ် ရမည်ဖြစ်သော်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် နိုင်ငံတကာအဆင့်မီသင့် ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ယနေ့ နေပြည်တော်တွင် ပြည်သူ့လွှတ်တော်အစည်းအဝေးတက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ဧရာဝတီသတင်းဌာနက နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များဖြစ်ကြသည့် အရှေ့တီမောနိုင်ငံ သမ္မတဟောင်း ဂျိုဆေးရာမို့စ် ဟော်တာ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စီးပွားရေးပညာရှင် မိုဟာမက် ယူနွတ်စ်တို့ နှစ်ဦး အမေရိကန် အွန်လိုင်းသတင်းစာ ဟပ်ဖ်တင်တန်ပို့စ်တွင် မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ”များသည်

အစွန်းရောက်ဝါဒသမား ဦးအေးမောင်က ၁၉၈၂ နိုင်ငံဥပဒေပြင်သင့်မပြင်သင့်ဝေဖန်


RB News‘s photo.
၁၉၈၂ နိုင်ငံဥပဒေပြင်သင့်မပြင်သင့် ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေကိုပြင်ဆင်ရန်ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာကိုယ်စားလှယ်သောမတ် အိုဟေးကင်တားနားက အစိုးရကိုတိုက်တွန်းပြောဆိုခဲ့သော်လည်းယင်းဥပဒေပြင်ခြင်းမပြင်ခြင်းသည် လွှတ်တော်နှင့်သာဆိုင်ကြောင်းလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်ကပြောကြားသည်။
“ကျွန်တော့်သဘောကတော့ပြည်သူတွေရဲ့သဘောပါပဲ။ နိုင်ငံသူ/သားတွေကမိမိတို့အချုပ်အခြာအာ ဏာတည် တံ့ခိုင်မြဲဖို့အတွက်ဒီဥပဒေကိုပြင်မှဖြစ်မယ်လို့ယူဆခဲ့ရင်ပြင်နိုင်ချေရှိပါ

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၉)


ရိုဟင်ဂျာလူမျိုးတရားဝင်ရပ်တည်မှု နဲ့  မြန်မာနိုင်ငံ
(၁) ၁၉၅၄ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့ ည ၈ နာရီအချိန် – နိုင်ငံတော်ဝန်ကြီး ချုပ်ဦးနု ၏ အသံ လွှင့်မိန့်ခွန်း တွင်မောင်တောနှင့်ဘူးသီး တောင်မြို့နယ်များတွင်နေထိုင် လျက် ရှိသောပြည်ထောင်စု သား များ သည်များသောအားဖြင့် ရိုဟင်ဂျာအမျိုး သားဖြစ်ကြ သည် ပြောကြား ခဲ့သည်။
(၂) နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဦးဗဆွေမှ ၁၉၅၉ ခုနှစ် နိုဝင်ဘာလ (၃) ရက်နှင့် (၄) ရက်နေ့များတွင် ဘူးသီးတောင်နှင့် မောင်းတောမြို့ လူထုအစည်း အဝေး များတွင် ရိုဟင်ဂျာများ သည် ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ရခိုင်၊ ချင်းတိုင်းရင်း သား ကဲ့သို့ တိုင်းရင်းသား လူမျိုး စု တ စု ဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့ သည်။
(၃) နိုင်ငံတော်ဝန်ကြီးချုပ်ရုံးလက်အောက်နယ်ခြားဒေသအုပ်ချုပ်ရေးရုံး ကြေငြာချက် (ရက်စွဲ – ၂၀. ၁၁. ၆၁) တွင်မေယုဒေသအတွင်းနေ ထိုင်ကြသူများ ခဲ့သည်တိုင်းရင်းသား ရိုဟင်ဂျာ လူမျိုး   များဖြစ်

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၈)


ရခိုင်ပြည်နိုင်ငံရေး သမိုင်းနှင့် အနာဂတ် ရခိုင်ပြည်(ရခိုင်ပြည် အမျိုးသား ပါတီ)

 







Posted by

Relative articles

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၇)
ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၆)
ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၅)
ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၄)
ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၃)
ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၂)
ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၁)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၇)


တစ်ချိန်ကရိုဟင်ဂျာဆိုတဲ့လူမျိုးဟာ (၁၄၃)မျိုးထဲတွင်ပါဝင်တဲ့ လူမျိုးတစ်မျိုးဖြစ်တယ်။

ရေးသားသူ — အောင်တင်
မြန်မာပြည်ရဲ့ နယ်စပ်တနံ တလျားမှာ နှစ်နိုင်ငံကိုခွပြီး နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေ ရှိနေပါ တယ်။ မြို၊ ခမီး၊ လူချိုင်း၊ မရမာကြီး၊ ရခိုင်၊ ချင်း၊ နာဂ၊ မီဇို၊ ကချင်၊ ရှမ်း၊ ၀၊ ပအို့၊ ပလောင်၊ လီ ဆူး၊ ပဒေါင်၊ ကရင် ၊ မွန်၊ စ သဖြင့် တိုင်းရင်းသားအသီး သီးသည် မြန်မာနိုင်ငံဘက်မှာ နေထိုင်ကြသူများရှိသလို တ ဘက်နိုင် ငံတွေဖြစ် တဲ့ ဘင်္ဂလား ဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ တရုတ်၊ လာအို၊ ယိုး ဒ ယားနိုင် ငံတို့မှာ နေ ထိုင်ကြ သူများ လည်း ရှိပါတယ်။ နိုင်ငံသား အခွင့် အရေး၊ တိုင်းရင်း သားအခွင့်အရေးတွေကို မိမိအခြေချနေ ထိုင်သောနိုင်ငံတွေမှာ ရရှိနေပါတယ်။ ရလဲရသင့် ပါ တယ်။ ရပိုင် ခွင့်လဲ ရှိပါတယ်။
အဲဒီတိုင်းရင်းသားတွေလိုပဲ မြန်မာနဲ့ ထိုင်းနိုင်ငံ နယ်စပ်တွေမှာ နှစ်တွေရာထောင်ချီပြီး နေထိုင်ခဲ့ကြတဲ့ ပသျှူးလူမျိုးများ ရှိ နေပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းမှာနေထိုင်တဲ့ ပသျှူးတွေကို ထိုင်းနိုင်ငံက တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုထားသော် လည်း၊ မြန်မာနိုင်ငံဘက်မှာနေထိုင်တဲ့ ပသျှူးတွေကိုတော့၊ မူလတိုင်းရင်း သား(၁၄၃) မျိုးမှာ တရားဝင် အသိ အမှတ်ပြု ထားခဲ့ ပေမယ့်

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၆)


၁၁-ရာစု မတိုင်မီက အာရ်ကာန်(ရခိုင်)သမိုင်းအကျဉ်း

အပိုင်း()

အစောပိုင်း ဟိန္ဒူလူမျိုး (သို့မဟုတ်) ဓညဝတီမင်းဆက်

ရခိုင်ပြည်သည် အိန္ဒိယနိုင်ငံ နှင့် ဆက်စပ် နေသောကြောင့် ၄င်း၏ ခေတ်ဟောင်း ယဉ်ကျေးမှုနှင့် မြို့ပြ စီမံအုပ်ချုပ်ရေးများကို ခရစ်မပေါ်မီ ရာစုနှစ်များ မတိုင်မီကပင် ရရှိခဲ့ပြီး၊ ဟိန္ဒူယဉ်ကျေးမှု၊ ဘာသာနှင့် မြို့ပြ အုပ်ချုပ်မှုစနစ်များ လွှမ်းမိုးခဲ့သည်။ (RC. မာဂျုမ်ဒါးရ်) ……………………..

ဆက်လက်ပြီး ပိုမို လေ့လာလိုပါက 

ဤနေရာတွင် ကလိပ်လိုက်ပါ

xxxxxxxxxxxxxxxxxxx

 

အိမ်နီးချင်း နိုင်ငံ နယ်နမိတ် အတွင်းကျသည့်

နယ်ပယ်ပိုင်နက်သို့ အစုလိုက် အပြုံလိုက်

ရောက်ရှိ လာသော ပိုးမွှားအကောင်ပလောင်များ

Enclave ဆိုသည်မှာ နိုင်ငံတစ်ခု၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ၄င်းဒေသသည် နိုင်ငံရပ်ခြား တိုင်းပြည်၏ နယ်နမိတ် တစ်ခုနှင့် ဆက်စပ် တည်ရှိနေသော မိခင် နိုင်ငံတစ်ခု၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ဤကိစ္စ နှင့် ပတ်သက်၍ စစ်ဖက် အစိုးရ အဆက်ဆက်နှင့် တစ်ပူးတွဲတွဲ လုပ်ကိုင် ဆောင်ရွက် လာသော ရခိုင် အစွန်းရောက် အမျိုးသားဝါဒီတို့သည် အာ(ရ်)ကာ(န်) (ခေါ်) ရခိုင်ဒေသရှိ ရိုဟင်ဂျာ နှင့် ပတ်သက်၍

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၅)


ဓမ္မဒိဌာန်ကျကျ တွေးကြည့် သင့်ကြပါ၏
ခေတ်ကြီးက အွန်လိုင်းခေတ်ဆိုတော့ တနေ့ တစ်ခေါက်နှစ်ခေါက်လောက်တော့ အီးမေးထဲ အလျှံပယ်ဝင် လာတဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ ဆွေးနွေးချက်တွေ၊ ကြော်ငြာတွေထဲက စိတ်ဝင်စား စရာတွေ ကိုဖတ်ဖြစ်ပါတယ်။ အချိန်ရတဲ့အခါတော့လည်း စိတ်ဝင်စားတဲ့၊ တွေးမိတဲ့ အကြောင်းအရာလေးပေါ်မှာ စာကောက်ရေးဖြစ်၊ ဆွေး နွေး ဖြစ်ပါတယ်။ အခုလည်း အများဒကာ ပြောနေကြလို့ ရခိုင်ပြည်တွင်းက လူမျိုးရေးကိစ္စ သိမိ ကြားမိ တွေးမိ တာလေး ရေးလိုက်ရပါတယ်။
မြန်မာနိုင်ငံ၏ လူမျိုးစုများအရေး စဉ်းစားကြတဲ့အခါမှာရခိုင်ပြည်တွင်းက ဘင်္ဂါလီလို့ ရခိုင်များကဆိုတဲ့ (ရိုဟင် ဂျာ) ဆိုသူတွေရဲ့ အရေးကလည်း ခြွင်းချန်ထားလို့ မရဘူးဆိုတာ ၁၉၉၀-၉၁  ခုနှစ်လောက်က မာနယ်ပလော မှာ ရခိုင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗဟိုတရားရုံးရှေ့နေကြီး ခိုင်စောထွန်းနဲ့ လူမျိုးစုအရေး စကားစပ်မိပြောဆို ဆွေးနွေးမိကြတုန်းကတည်းက မြင်မိခဲ့ပါတယ်။ တချိန်တုံးကတော့ (ရိုဟင်ဂျာ) ဆိုတာကော သူတို့ရဲ့ဒုက္ခသုက္ခ ကော၊ မြန်မာပြည်သူ အများစုက

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၄)


ရိုဟင်ဂျာသည် ဥပဒေကြောင်းအရတိုင်းရင်းသားရှိခဲ့

ရိုဟင်ဂျာလူမျိုးသည်တိုင်းရင်းသား မြန်မာလူမျိုးစုတစ်စုဖြစ်ပါသည်။ အာဏာရှင်(မဆလ) အစိုးရနှင့် စစ် အစိုးရတို့က သမိုင်းကိုလျစ်လျှူရှုပြီး ရိုဟင်ဂျာလူမျိုးကိုငြင်းနေခြင်းဖြစ်သည်။ မြန်မာ သမိုင်းမှာလည်း ရိုဟင်ဂျာများအား တိုင်းရင်းသားလူမျိုးစုတစ်စုအဖြစ် သတ်မှတ်ထားသည်မှာ သမိုင်း အထောက် အထားအရခိုင် လုံနေသည်။်။ ၁၈၆၄ ခုနှစ် နိုင်ငံခြားသားအက်ဥပဒေအရ လည်းကောင်း၊ ဘိုးတော်ဘုရားလက်ထက်ကတည်းက မြန်မာနိုင်ငံမှာ ရှိနေသော ရိုဟင်ဂျာ များ ကို (၁၉၄၇-၁၉၇၄ ) ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အရလည်းကောင်း ၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ သားဖြစ် တည်မှု့ ဥပဒေ နှင့်  ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသား ဥပဒေများအရ ရိုဟင်ဂျာ လူမျိုးများသည် ၁၈၂၃ ခုနှစ်မတိုင်မီကပင် မြန်မာနိုင်ငံအတွင်းပင်မနိုင်ငံအဖြစ် အခြေချနေ ထိုင်ခဲ့သော လူမျိုးစုဖြစ်သည်ဟု အတည်ပြုခဲ့သည်။ ၁၉၄၆ ခုနှစ်တွင်လည်း ဗိုလ်ချုပ်အောင် ဆန်းက စစ်တွေမြို့ကိုသွားပြီး ရိုဟင်ဂျာခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး တိုင်းရင်းသား လူမျိုးများနဲ့ တန်းတူအခွင့်အရေးပေးမယ်လို့ ကတိက၀တ်ပြုခဲ့

Friday, February 22, 2013

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၃)


(၁)
ရခိုင်ပြည်သည် နှစ်ပေါင်း ထောင်ကျော် ကိုယ့်ထီးကိုယ့်နန်းဖြင့် သီးခြားလွတ်လပ်စွာ တင့်တင့်တယ်တယ် ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်။ ရခိုင်ပြည်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုတို့မှာ ရခိုင်ပြည်သူတို့ အပေါ်သာ မူတည်ခဲ့သည်။ နှစ်ပေါင်း ထောင်ကျော်သော ကာလအတွင်း ရခိုင်ပြည်၏ အဓိက လူမျိုးကြီး နှစ်ရပ်ဖြစ်သော ရခိုင် ဗုဒ္ဓဘာသာဝင်များ နှင့် ရိုဟင်ဂျာ အစ္စလာမ်ဘာသာဝင်တို့သည် မြို၊ သက်၊ ဒိုင်းနက်၊ ချင်း၊ ခမိ စသည့် လူမျိုးစုတို့နှင့်အတူ မရှိအတူ၊ ရှိအတူ၊ အေးအတူ၊ ပူအမျှ၊ တရေ တည်းသောက် ကာ တလှေတည်းစီးပြီး တမြေတည်း၌ပင် နေထိုင်လာခဲ့သည်။ နိုင်ငံ့ဦးဆောင် မင်းတို့ သည် ပြည်သူ တစ် ရပ်လုံး၏ ခိုင်မာသော ညီညွတ်မှုကို စုစည်းနိုင်ခဲ့တိုင်း နိုင်ငံ၏အရှိန်အ၀ါ ထွန်းပြောင်နိုင်စေ ခဲ့ပြီး၊ ညီညွတ်မှု ဖြိုခွဲလေတိုင်း နိုင်ငံ၏ ဂုဏ်ရည် မှေးမှိန်ခဲ့သည်။ ၁၅ – ရာစုမှ ၁၇ – ရာစုနှစ်များ သည် ရခိုင်နိုင်ငံ ၏ နိုင် ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ စစ်ရေး စသည့်နယ်ပယ်အားလုံးတွင် တိုးတက်ခိုင်မာခဲ့ဘူးသော်လည်း ၁၇ – ရာ စုနောက်ပိုင်းတွင် နိုင်ငံတွင် ညီညွတ်မှု ဖြိုခွဲခဲ့သောကြောင့် နိုင်ငံ့အင်အား တစတစ ယုတ်လျော့လာကာ ဖရိုဖရဲ ဖြစ်ရရှာသည်။ ၁၆၆၆-ခုနှစ်တွင် စစ်တကောင်းကို လက်လွှတ်ခြင်းခံရပြီး ၁၇၈၄-ခုနှစ် အမရပူရ ဘုရင် ဗဒုံမင်း၏ တိုက်ခိုက်မှု ကို ခုခံနိုင်စွမ်း မရှိရကာ၊

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၂)


ရိုဟင်ဂျာလူမျိုး များ ဘင်္ဂလီမဟုတ် | စောလွင် ( ရန်ကုန်တက္ကသိုလ်)
ရိုဟင်ဂျာများသည် မြန်မာနိုင်ငံအနောက်ဘက် Arakan Region ယခုအခေါ် ရခိုင်ဒေသတွင်ဘိုးဘွား စဉ်ဆက် နေထိုင်လာခဲ့သော တိုင်းရင်းသားလူမျိုးစု တစ်စုဖြစ်သည်ကို သမိုင်း အထောက်အထားများ အရ မည်သူမျှငြင်း ၍မရပါ။

ယနေ့ မြန်မာနိုင်ငံ ဦးသန်းစိန်အစိုးရမှ ရိုဟင်ဂျာသည် ဘင်္ဂလီလူမျိုးဖြစ်သည်။ ဘင်္ဂလာဒေခ့်ျမှ ခိုးဝင်လာ သူများ သို့တည်းမဟုတ် ကျူးကျော်လာသူများ သို့တည်းမဟုတ် စိမ့်ဝင်လာသူများ အစရှိ သဖြင့် ပြောဆိုနေ သည်ကိုတွေ့ရပါသည်။ နိုင်ငံတကာမှ ဖိအားပေးလာလျှင် မတတ်သာ၍ ရိုဟင်ဂျာများ ပြောရမည့်အစား ရိုဟင်ဂျာ နှင့်တွဲ၍ ဘင်္ဂလီကို အသုံးပြုလာသည်ကို တွေ့ရပြန် သည်။ ဤသို့ အသုံးပြုလာရခြင်းမှာ ရိုးသား စွာပြောဆိုခြင်းမဟုတ်ပဲ ကောက်ကျစ်၍ ပြောဆိုနေကြာင်း အဓိပ္ပါယ် ဆောင်နေပါသည်။ အဘယ်ကြောင့် ဆိုသော် လူမျိုးအမျိုး၏ အမည်သည် အမည်နှစ်ခုလုံးဝ မဖြစ်နိုင်ပဲ တစ်မျိုးသာဖြစ်ရမည်။ ရှမ်းလူမျိုးများ ကိုကြည့်လျှင် တရုတ်နိုင်ငံမှာ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်းရှိသည်။ မောဂ်လူမျိုး ရခိုင်များသည်

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၁)


မနက်ဖြန်(၂၀-၂-၂၀၁၃)နေ့တွင် လွှတ်တော် ရိုဟင်ဂျာလူမျိုးရှိပါသလား ဟု မေးခွန်းထုတ်ရန်ရှိကြောင်း၊ သို့အတွက် ရိုဟင်ဂျာအကြောင်း ဂဃဏန မသိရှိသူတွေ ရိုဟင်ဂျာ အသေးစိတ်ဖြေကြားနိုင်မည် မ ဟုတ် ပေ။ ရိုဟင်ဂျာအကြောင်းကို လွတ်တော်မှာမေးရမည့်မေးခွန်မဟုတ်။ သမိုင်းဌာနကို မေးမြန်းရ မည်ရမည့်မေးခွန်းဖြစ်သည်။ ရိုဟင်ဂျာအထောက်အထားများ၊ အချက်အလက် အမြောက် အများ ရှိရာ အချို့ ကိုဖတ်ရှုလေ့လာ နိုင်(လင့်) များကိုတင်ပြပေးပါသည်။၎င်းလင့်များကို အသေးစိတ်လေ့လာကြည့်ပါ။
ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ ၀န်ကြီးဦးနု လက်အသိအမှတ်ပြုခြင်း၊အသံလွင့်ရုံမှာ အသံလွင်ခြင်းစွယ်စုံ ကျမ်း အတွဲ(၉) မှာ ရိုဟင်ဂျာအကြောင်း ဖေါ်ပြထားခြင်းမေယုခရိုင်မှာ ရိုဟင်ဂျာလူမျိုးကို သီးခြား ရိုဟင် ဂျာ  နေထိုင်ဒေသအဖြစ်မေယုဒေသကိုသတ်မှတ်ခြင်း၊ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်ခြင်း

Monday, February 18, 2013

သာကေတရဲ့ ည(၈)နာရီခန့် နောက်ဆုံးအခြေအနေ




ယနေ့ည (၇)နာရီလောက်က မာန်ပြေ (၁၇)လမ်းမှာ ဧည့်သည် မွတ်စလင်မ်ခရီးသွားနှစ်ဦးကို ဗုဒ္ဓဘာသာ အစွန်းရောက်တချို့က ၀ိုင်းရိုက်ကြတယ်လို့ ကြားသိရသော်လည်း အတည်မပြုနိုင်သေးပါ။ အဆိုပါ အရိုက် ခံရသူနှစ်ဦးမှာ ရန်ကုန်မြို့မှမဟုတ်ဘဲ နယ်မြို့မှ အလုပ်ကိစ္စဖြင့် ရောက်ရှိနေသော သူများဖြစ် တယ်လို့ ဖုန်းဖြင့် သတင်းပေးသူက ဆိုပါတယ်။

ယခု မွတ်စလင်မ်များအပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရာ သာကေတတွင် ရခိုင်ပဋိပက္ခဖြစ်ပွား ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှ လာရောက်အခြေချနေထိုင်သော ရခိုင်လူမျိုးအများစုနေထိုင်ရာဒေသ ဖြစ်နေကြောင်း Facebook မှ Peaceforall အကောင့်ပိုင်ရှင်မှ ယနေ့ နေ့လယ်ပိုင်း က ရေးသားထား တာကိုလည်း တွေ့ရှိရခြင်းကြောင့် ယခုဖြစ်စဉ်များအား မကြာသေးမီက ရခိုင်တိုးတက်ရေးပါတီမှ ထုတ်ပြန် ချက်များ အတိုင်း ပြုလုပ်လာခြင်းများလားဟု မေးခွန်းထုတ်စရာ

ရိုဟင်ဂျာများအမေရိကန်အကူအညီလိုကြောင်း နှီးနှောဖလှယ်ပွဲမှာပြောကြား


RB News 
16.2.2013 
မနေ့က ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်ရဲ့  အာဆီယံဘာသာရပ်ကျောင်းမှာ “Rohingya: Testing for Asean” ဆိုတဲ့ခေါင်းစဉ်နဲ့ နှီးနှော ဖလှယ်ဆွေးနွေးပွဲ တစ်ခုကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲ မှာထိုင်းနိုင်ငံ ရဲ့ပြည်နယ်တွေ အတွင်းရောက်ရှိ လာတဲ့ ရိုဟင်ဂျာတွေကြို မန်မာနိုင်ငံကပြန် လည်လက်ခံယူ ဖို့အတွက် ညှိနှိုင်းဆွေးနွေး ရာမှာ အမေရိကန်နိုင်ငံက အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်လှုပ်ရှား သင့်တယ်လို့ အဆိုပါဆွေးနွေးပွဲ ကပြောကြား လိုက်ပါတယ်။ 
တော်ဝင်ထိုင်းကြည်းတပ်ရဲ့ မဟာဗျူဟာနဲ့ လုံခြုံရေးရာ ဌာန ဒုတိယညွန်ကြားရေးမှူး ဗိုလ်မှူးကြီး Teeranan Nandhakwang ကမြန်မာနိုင်ငံ အစိုးရနဲ့ဆွေးနွေး ညှိနှိုင်းပြီး ရိုဟင်ဂျာတွေ

နစကနယ်မြေ (၅) မှမောင်တောမြောက်ပိုင်းတွင်တရားဝင်ဓါးပြတိုက်နေ


QS Madani 
RB News 
17.2.2013 
မောင်တော ။ ။ မောင်တောမြို့နယ်မြောက်ပိုင်း၊ မြို့သစ်ကျေးရွာ (ရူစူဖာရာ) တွင်ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင်ရခိုင်လူမျိုး အချင်းချင်းပြဿနာဖြစ် ပွားပြီးနောက် ရခိုင်အစွန်းရောက်များနှင့် အစိုးရ အာဏာ ပိုင်များသည် မြို့သစ်ကျေးရွာ အနီးပတ်ဝန်းကျင်ရှိ ရွာများတွင် စုံစမ်းစစ်ဆေးမှုပြု လုပ်ရမည်ဟုခေါင်းစဉ် တပ်၍ ရိုဟင်ဂျာ ရွာသူရွာသား များအားအစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ နေအိမ်များသို့ ၀င်ရောက်စီး နင်း၍ တရားဝင် ဓါးပြတိုက်ခြင်းပြု လုပ်လျက် ရှိသည်။ ဖေဖော်ဝါရီလ (၁၀) ရက်နေ့နောက်ပိုင်းမှစ၍ နစကများ၊ စရဖများနှင့် လက်နက်ကိုင်ဆောင်ထားသော ရခိုင်အစွန်းရောက် လူငယ်များသည် တရွာဝင် တရွာထွက်၍ စုံစမ်းစစ်ဆေးရေး

ရခိုင်ပြည်နယ် အစိုးရ မွတ်စလင်များကို ခရီးသွားခွင့်ပိတ်ပင်

ဖေဖော်ဝါရီလ ၁၃ ၊ ၂၀၁၃
Source: DVB
thandwal
၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့က ခ၇ိုင် အုပ်ချုပ်ရေးမှူး ထုတ်ပြန်ခဲ့သည့် သံတွဲ-ရန်ကုန် ကားများပေါ်တွင် မွတ်စလင်များမပါရေး ကြပ်မတ်ရန် ညွှန်ကြားချက် သတင်းဖတ်ရန်။
ရခိုင်ပြည်နယ်အစိုးရက သံတွဲခရိုင်တွင်းက မွတ်စလင်တွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ တားမြစ်ခံရတဲ့ သံတွဲမြို့နေ မွတ်စလင်အမျိုးသမီး တဦးက ပြောပါတယ်။
ရန်ကုန်မြို့ကိုသွားဖို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က လေယာဉ်လက်မှတ်သွားဝယ်ရာမှာ လ၀က ထောက်ခံ ချက်ရယူဖို့ ပြောတာကြောင့် သံတွဲခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်မှူး ဦးကိုကိုမောင်ကို သွားရောက်မေးမြန်း ရာမှာ မွတ်စလင်တွေကို ပိတ်ပင်ထားတယ် ဆိုတာကိုသာ သိခဲ့ရပြီး ဘာကြောင့် ပိတ်ပင် တယ်ဆိုတာ မပြောပြဘူးလို့ အဆိုပါအမျိုးသမီးက

အတူမနေရင် တသီးတခြားနေပေါ့။

ဖေဖော်ဝါရီ ၁၄ ၂၀၁၃
M-Media
ညီမောင်ပုံဖော်ကြည့်သည်။
ကမ္ဘာ့မြေပုံကိုကြည့်၊ သေချာကြည့်၊ ခွဲခြမ်းစိတ်ဖျာကြည့်၊ နိုင်ငံစုံကို တွေ့ရမှာမဟုတ်လား။ ဗဟုသုတမရှိ ဘဲနှင့်တော့ မကြည့်လေနှင့်။ အမှားအယွင်းရှိသွားနိုင်တယ်လေ။ ဘာသာတစ်မျိုး တည်းသာရှိတယ် ဆိုတဲ့နိုင်ငံ ဘယ်နှစ်နိုင်ငံတွေ့လဲ? လူမျိုးတစ်မျိုးတည်းသာ နေထိုင်တယ်ဆိုတဲ့နိုင်ငံ ဘယ်နှစ်နိုင်ငံတွေ့ သလဲ? ဒါဖြင့် ဘာတွေလဲ? အမှန်အတိုင်း ပြောရမယ်နော်၊ အရှိကို အရှိအတိုင်း မြင်ရမယ်နော်။ အမြင် မသွေစေနှင့်လေ။ အမှန်ကို အမှန်အတိုင်း ပြောရမယ်နော်။ အမှန်အတိုင်းပြောမှသာ အများက လက်ခံလေ မပေါ့။ အမှန်ကို အမှန်အတိုင်းမပြောသူကို ဘယ်လို သတ်မှတ်ရမလဲ?
လူမျိုးဆိုတာ အစုအဝေးနှင့် နေကြရတယ်။ အဲဒီနိုင်ငံတွေမှာ မတူသူတွေ ဘယ်လိုနေထိုင်ကြသလဲ။ လူဆိုတာမျိုးဟာ တစ်ဦးနှင်တစ်ဦး အားလုံး စိတ်တူကိုယ်တူဖြစ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်း