ဥကံ္က ဆူပူ မီးလောင်ပြီး အခြေအနေ တင်းမာ
Tuesday, April 30, 2013
ရန်ကုန်မြို့ မြောက်ဖက် မိုင် ၅၀ ကျော်အကွာရှိ ဥကံ္ကမြို့တွင် ယနေ့ မနက်က လူစုလူဝေးနှင့် ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့က မြို့ပေါ် ယခုအခါ အခြေအနေကို ထိန်းချုပ်ထားကြောင်း ပြောသော်လည်း ပတ်ဝန်းကျင် ရွာများ မီးလောင်နေပြီး ဒဏ်ရာရသူများ ကောက်ယူရနေကာ အခြေအနေမှာ တင်းမာနေကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ အဆို ဥက္ကံမြို့ ဆင်ဖြူရှင်ရပ်ကွက် အလံတိုင်ကျောင်းတိုက်နေ အသက် ၁၁ နှစ် အရွယ် ကိုရင်ပုညသည် ဘုရားကြီးဈေး တောင်ဘက် ဘုရားကြီးလမ်းတွင် ဈေးဝယ်လာသူ အသက် ၃၄ နှစ် အရွယ် အစ္စလမ်ဘာသာဝင် မ၀င်းဝင်းစိန်က ၀င်တိုက်မိသဖြင့် လွယ်ထားသည့် သပိတ်လွတ်ကျကာ အဖုံးကွဲသွားသည့် အပေါ် ရဲစခန်းသို့ လာရောက်တိုင်တန်း၍ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် “အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မကျေနပ်သည့် ဗုဒ္ဓဘာသာဝင်ပြည်သူ” ၂ဝ ဦးခန့်မှ