မြန်မာပြည်၏ ဒီမိုကရေစီခရီးလမ်းအစမှာ
ပြည်သူတို့ရဲ့တက်ကြွ နိုးကြား လာမှုဟာ တိုင်းပြည် အတွက် အလွန်အား ရကောင်းတဲ့
အချက်ဖြစ် တယ်။ ထိုကဲ့သို့ပွင့်လင်းလာမှုဟာ ကောင်းမွန် သော် လည်း
ကာလံ၊ဒေသံ၊ အဂ္ဂံ၊ ဓနံ ဆိုတဲ့ အချက်တွေကို မကြည့်ဘဲ ဆန္ဒစောခဲ့တဲ့ အတွက်
အချို့နေ ရာ တွေမှာ တိုင်းပြည်ကို နောက်ပြန်ဆွဲဖို့ လုံလောက်တဲ့
အခြေအနေတွေကို တွေ့နေရတယ်။
တစ်ချိန်ကနိုင်ငံတော်ကို
ကိုယ်ပိုင်ပစ္စည်းလို လက်ဝါးကြီးအုပ်ခဲ့တဲ့ အာဏာရှင် အဟောင်းတွေ ရယ်
သူတို့နှင့် လက်သိပ် ထိုးပြေလည်ခဲ့တဲ့ ခရိုနီတွေရယ်
ကျေးဇူးရှင်ကြီးလို့သတ်မှတ်ခံရတဲ့ တရုတ်နိုင်ငံ ရဲ့အကျိုးစီးပွါး တွေရယ်ကို
ဒီမိုကရေစီလမ်းအစမှာ ဆန္ဒစောပြီးထိပ်တိုက်တွေ့ အရေးယူဖို့ကြံစည် ခဲ့တာ ဟာ
လမစေ့ဘဲမွေးတဲ့ ကလေးရဲ့ကျန်း မာရေးလိုမျိုး တိုင်းပြည်ရဲ့ ဒီမိုကရေစီ
လမ်းကြောင်းနှင့် ပြည်သူ တို့ ဘ၀ကို တိုးတက်အောင် မလုပ်နိုင် ဘဲ
နောက်ပြန်မလှည့် ဖို့တောင် မနည်းရုန်းကန်နေ ရ တယ်။