၁။
ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံတွင် တိုင်းရင်းသားဖြစ်ခြင်း
အဓိပ္ပါယ်ကို မှန်မှန်ကန်ကန် ဖွင့်ဆိုရန် လိုအပ်နေသည်”ဟု ပြောကြားခဲ့ပါသည်။
၂။
နှစ်တစ်ထောင်ကျော်သက်တန်းရှိပြီး ၁၉၄၈ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သော
ပြည်ထောင်စုမြန်မာနိုင် ငံတွင် အစ္စလာမ်သာသနာဝင် တိုင်းရင်းသားများအပါအဝင်
တိုင်းရင်းသား (၁၄၄)မျိုးရှိသည်။ ၁၉၆၂ခုနှစ်မှ စတင်သော မဆလ၊ နဝတ၊
နအဖသမိုင်းသည် လိမ်ညာလှည့်ဖျားမှု၊ အာဏာအလွဲသုံးစားမှုများနှင့်
ပြည့် လျှမ်းနေသော စစ်အာဏာရှင်သမိုင်းဖြစ်သဖြင့်
နှစ်ငါး ဆယ် စစ်အာဏာရှင်သမိုင်းကို ဂုဏ်ရောင်ပြောင်၊ အစဉ်အလာကြီးသောနှစ်တစ်ထောင်ကျော် မြန်မာ့သမိုင်းဟုတာဝန်ရှိသော မြန်မာ့နိုင်ငံရေး
ခေါင်းဆောင် များ က လွဲမှားစွာ မမှတ်ယူသင့်ချေ။
ခေါင်းဆောင် များ က လွဲမှားစွာ မမှတ်ယူသင့်ချေ။
၃။ နိုင်ငံတော် လုံခြုံရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက်
အသက်တမျှ အရေးပါသော တိုင်းရင်းသားဖြစ်ခြင်းနှင့် မဖြစ်ခြင်းကို ပြည်သူလူထု၏
သဘောထားမပါဘဲ လက်တစ် ဆုပ်စာ စစ်အာဏာ ရှင်အုပ်စုက ထင်သလိုသတ်မှတ်ခြင်း၊
ငြင်းပယ်ခြင်းပြုလုပ်နေခဲ့သည်မှာ ကာလရှည်ကြာ ခဲ့ပေပြီ။
၎။ ၁၉၈၈တွင် အာဏာထပ်သိမ်းခဲ့သော ဗိုလ်ချုပ်မှူးကြီးစောမောင်က
တိုင်းရင်းသား လူမျိုး(၁၄၄)မျိုး စာရင်းမှ အစ္စလာမ်ဘာသာကိုးကွယ်သော
မြန်မာမွတ်စလင်(ပသီ)၊ ရိုဟင်ဂျာ၊ ပသျှူး (မလေး)၊ မြေဒူး တို့အပါအဝင်
တိုင်းရင်းသားအချို့ကို မိမိသဘောနှင့် ဖယ်ထုတ်ချန်လှပ်ထားပြီး
တိုင်းရင်း သား (၁၃၅)မျိုး ဟု မာရှယ်လောနှင့် ထုတ်ပြန်ကြေငြာခဲ့သည်။ မူလဘူတ
တိုင်းရင်း သား များ၏ ပိုင်ခွင့်ကို ပယ် ဖျက်နိုင်သော အခွင့်အာဏာသည်
စစ်အာဏာသိမ်းအစိုးရ မဆိုထားဘိ၊ မည်သည့်ဒီမိုကရေစီ အစိုးရမျိုး တွင်ပင်
မရှိပါ။ ဥပဒေမဲ့ ပြုကျင့်မှုဖြစ်၏။
၅။
ပြည်သူကရွေးချယ်ထားသော ပြည်သူ့ကိုယ်စားလည် လွှတ်တော် များကို ဘေးချိတ်ပြီး
အစိုးရလုပ်သူက မိမိစိတ်ကြိုက် တိုင်းရင်းသားလူမျိုး (၁၀၁)မျိုးဟု
ထပ်မံပြင်ဆင် သတ်မှတ် လိုက်ခြင်းမှာလည်း အလျဉ်း မသင့်လျှော်ရုံမက
ဒီမိုကရေစီကို ဆောင်ကျဉ်းနေသော ခေတ်ကာလတွင် အစိုးရလုပ်သူ လူတစ်စုတွင်
မရှိသင့်တော့သော အာဏာဟောင်းကို ဆက်လက် ဆွဲကိုင်ပြီး မရိုးမသား
ကျင့်သုံးနေခြင်းဖြစ်သဖြင့် တရားမဝင်ပါ။ ထို့ကြောင့် တိုင်းရင်းသား
ဖြစ်ခြင်းနှင့် မဖြစ်ခြင်းကို နိုင်ငံတော်ကောင်စီက သတ်မှတ်နိုင် သည်ဟူသော
စစ်အာဏာရှင် ဥပဒေဟောင်းကို ပြည်သူ့လွှတ်တော်များက အမြန်ဆုံး
ပယ်ဖျက်ပေးပါ ရန်ကိုလည်း အလေးအနက်ထား တောင်းဆိုသည်။
၆။ ထိုမျှမက ဇိုမီးလူမျိုးကို တိုင်းရင်းသား(၁၀၁)မျိုးတွင် မပါ၍
လက်မခံဟုဆိုပြီးနောက် ဇိုမီးကို တိုင်းရင်းသားလူမျိုးအဖြစ်
သတ်မှတ်လိုက်ရပြီးနောက်တွင်လည်း တိုင်းရင်းသား (၁၀၂)မျိုး ဖြစ် လာရ မည့်အစား
(၁၀၁)မျိုးဟုသာ ဆက်လက်ပြောဆိုနေသဖြင့်လည်းကောင်း၊
တိုင်းရင်းသား (၁၀၁) မျိုးကို နိုင်ငံတော်အစိုးရက လွှတ်တော်များကို
တင်ပြခြင်းမပြုဘဲ မိမိ သဘော အလျှောက် ပြောင်းလဲ
သတ်မှတ်နေခြင်း ကိုလည်းကောင်း၊ တိုင်းရင်းသား(၁၀၁)မျိုးသည်
မည်သူများဖြစ်ကြောင်း လွှတ်တော်များ အပါအဝင် ပြည်သူလူထုက မသိရှိ
ရသေးခြင်းကြောင့်လည်းကောင်း လက်ရှိအစိုးရသည်
မိမိလုပ်ပိုင် ခွင့်ဘောင်ကိုကျော်၍ လုပ်ဆောင်နေကြောင်း ထင်ရှားသည်။
၇။ ကျွန်ုပ်တို့သည် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ ပြည်သူလူထု၏
အကျိုးစီးပွါးသည် အစ္စလာမ်သာသာဝင် မြန်မာတိုင်းရင်းသားများ၏
အကျိုးစီးပွါးဖြစ်ပြီး၊ အစ္စလာမ် ဘာသာ ဝင် မြန်မာ တိုင်းရင်း သားများ၏
အကျိုးစီးပွါးသည် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ ပြည်သူလူထု၏
အကျိုးစီး ပွါးနှင့် ထပ်တူဖြစ်သည်ဟု သမိုင်းစဉ်ဆက် အစဉ်တစိုက် ယုံကြည်
သူများဖြစ်သည်။ ကျွန်ုပ်တို့သည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊
ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊
တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ လူ့အခွင့်အရေး၊
ဒီမိုကရေစီရေး၊ တန်းတူညီ မျှရေး၊ ငြိမ်း ချမ်းရေး၊
တရားဥပဒေစိုးမိုးရေးတို့ကို လိုလားသူများလည်းဖြစ်ကြ၏။
၈။ ထို့ကြောင့် တိုင်းရင်းသားဖြစ်ခြင်း၏ အနက်အဓိပ္ပါယ်ကို မှန်မှန်ကန်ကန်
ဖွင့်ဆိုရေး၊ တိုင်းရင်းသားများ အမည်စာရင်းကို တရားဝင် တိတိကျကျ
သတ်မှတ်ရေး၊ တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့် တာဝန်များကို
သတ်သတ်မှတ်မှတ် ပြဌာန်းရေးနှင့် မြန်မာမွတ်စလင်(ပသီ)၊ ရိုဟင်ဂျာ၊
ပသျှူး(မလေး)၊ မြေဒူး၊ ရှမ်းနီအပါ အဝင် တိုင်းရင်းသားများတို့၏
မူလအခွင့်အရေး များ ပြန်လည်ရရှိရေးတို့အတွက် သမိုင်း ပညာရှင် များ၊
နိုင် ငံရေး ပါတီများ၊ တိုင်းရင်းသားပေါင်းစုံ လူထုလူတန်းစား အဖွဲ့အစည်း များ၊
ပြည်ထောင် စု လွှတ်တော် ကိုယ်စားလည်များပါဝင်သော ကွန်ဖရင့်ကြီး ကို
နိုင်ငံတော် အစိုးရက တာဝန်ခံ၍ ၂၀၁၅ရွေးကောက်ပွဲ မတိုင်မီ
ကျင်းပပြုလုပ်ပေး ပါရန် လေးနက်စွာ တောင်းဆိုသည်။ မြန်မာမွတ်စလင် အစည်း အရုံး
ဧပြီလ (၁၃) ၂၀၁၃ Media Contact; ဒေါ်မော်လီ +1 416 516 7383 Canada
law4women@gmail.com; ကိုကျော်စွာ +44 782 842 6801(UK) kyawzwa@b-m-a.org;
Ma Yasmin +1 408 250 6227(USA) yasnohana@sbcglobal.net; ကိုကျော်ဝင်း
+44-740-345-2378(UK)
kyawwin78@gmail.com
No comments:
Post a Comment