New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Showing posts with label Old Post. Show all posts
Showing posts with label Old Post. Show all posts

Saturday, February 23, 2013

ဗုဒ္ဓဘာသာဝင် အငြိမ်းစား သံအမတ်ကြီး တစ်ဦး၏ မွတ်စလင်များ အပေါ် မှားယွင်းနေသော ထင်မြင်ချက်များအား ဖြေရှင်းချက်

 
 
 
ဗုဒ္ဓဘာသာဝင် အငြိမ်းစား သံအမတ်ကြီး တစ်ဦး၏ မွတ်စလင်များ အပေါ် မှားယွင်းနေသော ထင်မြင်ချက်များအား ဖြေရှင်းချက်



မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်း စုံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ကြသောနိုင် ငံဖြစ်သည်။ ရှေးမြန်မာ မင်းများ လက်ထက် တွင်လည်းကောင်း၊ အင်္ဂလိပ် ကျူးကျော် စစ်ပွဲများ တွင်လည်းကောင်း၊ မြန်မာ့ လွတ်လပ်ရေးကြိုးပမ်း မှုသမိုင်းတွင် လည်းကောင်း၊ လွတ်လပ်ရေး ရရှိပြီးနောက် နိုင်ငံ တည်ဆောက်ရေး ကာလ၊အိမ်စောင့် အစိုးရလက်ထက်၊ တပ်မတော် အစိုးရလက်ထက် နှင့်ယနေ့ ဒီမိုကရေစီ အပြောင်းအလဲ ကာလများတွင် လည်းကောင်း ဘာသာဝင် အသီးသီးတို့သည် ကျရာနေ ရာမှ နိုင်ငံအကျိုး၊ ပြည်သူ့ အကျိုး ထမ်းဆောင်ခဲ့ကြသည်။ လူအများစုဖြစ်သော ဗုဒ္ဓဘာသာဝင်များ၊ လူနည်းစုဖြစ်သော အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင် တို့သည် လက်ချင်းချိတ်ကာ လက်တွဲဆောင်ရွက်ခဲ့ကြသည်။ အကျိုး ရလာဒ် အဖြစ် တည်ငြိမ်သော၊ငြိမ်းချမ်းသော ၊ ဖွံ့ဖြိုးစည်ပင်သော နိုင်ငံတစ်ခုအဖြစ် မကြာခင်နှစ်

Thursday, February 14, 2013

“ဒုက္ခသည်တွေ နေထိုင်ရေး အဆင်ပြေရင် နှစ်ဖက်ယုံကြည်မှု တိုးအောင် လုပ်ပေးဖို့လိုတယ်”

ဇန်နဝါရီ ၁၇ ၊ ၂၀၁၃
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက်  အကူအညီပေးရန် ဇန်နဝါရီ (၁၅) ရက်နေ့တွင် စစ်တွေမြို့ သို့   ရောက်ရှိလာသော အီရန်နိုင်ငံ မှသံအမတ်(Hossien  Kamalian) ဦးဆောင်သည့်  (၁၁) ဦးပါ ကိုယ်စား လှယ်အဖွဲ့သည် ရခိုင်နှင့်ဘင်္ဂလီဒုက္ခသည်စခန်းများသို့ သွားရောက်ကူညီခဲ့သည်။
၎င်းတို့၏ ခရီးစဉ်နှင့် ပတ်သက်၍ အီရန်သံအမတ် Hossien  Kamalianအား  မြစ်မခ သတင်းမီဒီယာမှ သွားရောက် မေးမြန်းခွင့်ရခဲ့သည်။
Iran emb Hossien Kamalian
ထိုင်းနိုင်ငံဆိုင်ရာ အီရန်နိုင်ငံ သံအမတ် Hossien Kamalian
 မေး။    ။ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘေးဒဏ်သင့်ဒုက္ခသည်တွေအတွက်ကို အီရန်နိုင်ငံအနေနဲ့  ဘယ်လိုမျိုး အထောက်အပံ့တွေ ကူညီပေးသွားဖို့ရှိပါသလဲ။
ဖြေ။     ။ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ တကယ်ဒုက္ခရောက်နေကြတဲ့  ပုဂ္ဂိုလ်တွေအတွက် ဒီနိုင်ငံမှာ ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ လက်တွဲပြီးတော့  ပူးပေါင်းပြီးတော့ အမှန်တကယ်လိုအပ်ချက်များ ကို  ဖြည့် ဆည်း   ပေးသွား မှာ ဖြစ်ပါတယ်။  အခုလောလောဆယ် ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အပြောအဆိုအရ သိရ တာက  ဒီမှာ အလိုအပ်ဆုံးဖြစ်နေတဲ့ အရာက  အဆောက်အဦးတွေ၊  ဒုက္ခသည်တွေ အတွက်နေထိုင်ဖို့ အဆောက် အဦးတွေလိုတယ်။ ဆေးဝါးပစ္စည်းတွေလိုအပ်တယ်၊