New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Showing posts with label Interviews. Show all posts
Showing posts with label Interviews. Show all posts

Sunday, April 28, 2013

ဗလီရှေ့ဆောင်ဆရာ၊ ဓမ္မသတ်မှူး မွဖ်သီဂျာအ်ဖရ် နှင့် အင်တာဗျူး



M-Media
နေသစ်ထွန်း


လက်တလော ဖြစ်ပေါ်နေတယ် မြန်မာမွတ်စလင်တို့ရဲ့ အရေးကိစ္စ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ တိုင်းရင်းသားစည်းလုံးညီရေး၊ အစ္စလာမ်အပေါ် အမြင်မှားစေရန် မုန်းတီးရေးစာပေများ ပြန့်နှံနေမှု၊ မဒ်ရဆာဟ် ခေါ် အစ္စလာမ့်ဘာသာရေး စာသင့်ကျောင်းတွေမှာ ခေတ်ပညာများပါ သင်ကြားအရေး အတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ပုံ၊ အစွန်းရောက် အကြမ်းဖက်ဝါဒအပေါ် အမြင်၊ စသည့် တို့ကို M-Media မှ ရန်ကုန်မြို့လယ် ဆူးလေးစေတီနှင့် မျက်နှာချင်းဆိုင်မှာရှိတဲ့ ဘင်္ဂလီ စွန္နီဗလီဝတ်ကျောင်းတော်ကြီးရဲ့ ရှေ့ဆောင်ဆရာ ဖြစ်တဲ့ မွဖ်သီ ဂျာအ်ဖရ် နှင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

M-Media – မကြာခင်က သမ္မတ ဦးသိန်းစိန် နဲ့ အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓ ဘာသာမှ

မိတ္ထီလာပဋိပက္ခတွင် လူ ၈၀၀ ကျော်ကို ကယ်တင်ခဲ့သော ဆရာတော် ဦးဝိသုဒ္ဓနှင့် တွေ့ဆုံခြင်း


 
 
မိတ္ထီလာပဋိပက္ခတွင် လူ ၈၀၀ ကျော်ကို ကယ်တင်ခဲ့သော ဆရာတော် ဦးဝိသုဒ္ဓနှင့် တွေ့ဆုံခြင်း

ငြိမ်းချမ်း


7-Days News Journal,
Vol.12, No-7
April, 25, 2013. စာ ၂၈-၂၉

ဘာသာ၊ လူမျိုးမခွဲခြားဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပဋိပက္ခတွေကို ရှောင်ကြဉ်ပြီးတော့ လုပ်ဆောင်မယ် ဆိုရင် မြန်မာပြည်တင်မကပါဘူး၊ တစ်ကမ္ဘာလုံးငြိမ်းချမ်းသွားမှာပါ
လူ့အဖွဲ့အစည်းအားလုံးနှင့် ကမ္ဘာကပါ အံ့သြတုန်လှုပ်ခဲ့ရသော မတ်လ တတိယပတ်တွင်ဖြစ်ပွားခဲ့သည့် မိတ္ထီလာ အကြမ်းဖက်မှုများဖြစ်ပွားနေစဉ် ဒုက္ခရောက်နေသူများကို စာနာစွာ၊ သတ္တိရှိစွာဖြင့် စွန့်စွန့်စားစား ကယ်တင်ခဲ့သူ များလည်း ရှိခဲ့ပါသည်။ မိတ္ထီလာမြို့ ရတနာဦးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးဝိသုဒ္ဓကလည်း ဒုက္ခသည် ၈၀၀ ကျော်ကို ဘေးမသီရန်မခအောင် ရဲဝံ့စွာ ကယ်တင်ပေးခဲ့

Wednesday, April 24, 2013

“ဘာသာရေးပဋိပက္ခပြဿနာတွေဟာမြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုဘယ်လောက်ထိခိုက် သလဲ”


“ဘာသာရေးပဋိပက္ခပြဿနာတွေဟာမြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုဘယ်လောက်ထိခိုက် သလဲ”

(၂ဝ၁၃ ခုနှစ်၊ ဧပြီလ(၂ဝ)ရက် စနေနေ့ည VOA အမေရိကန်အသံ မြန်မာပိုင်းအစီအစဉ်၏ တိုက်ရိုက်လေ လှိုင်းဆွေးနွေးပွဲအစီအစဉ်တွင် မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ရှေ့နေဦးကိုနီ၏ ဆွေးနွေးပြောကြားချက်)

ဘာသာရေးပဋိပက္ခအသွင်ဆောင်တဲ့ ပြဿနာတွေပေါ်နေတဲ့အတွက် ကျွန်တော်တို့နိုင်ငံကို ဘယ်လောက် ထိအောင် ထိခိုက်သလဲဆိုတဲ့ဟာ၊ ဒါတော်တော်အရေးကြီးတယ်ခင်ဗျ။
ကျွန်တော်တို့နိုင်ငံရဲ့ အဆင့်အတန်း ပုံရိပ်က တော်တော်ကျသွားတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံဟာ တကယ်တော့ တော်တော့်ကို ယဉ်ကျေးပြီးတော့၊ သဘောကောင်းပြီးတော့၊ လူအများကို စာနာတတ်တဲ့ သူတွေလို့ နိုင်ငံတကာက အဲဒီလိုနားလည်တယ်ဗျ။ ဒီ မိတ္ထီလာဖြစ်ရပ်က လူတွေသတ်၊ အိမ်တွေမီးရှို့၊ ကြမ်းကြမ်းတမ်းတမ်း လုပ်လိုက်တဲ့အခါကျတော့ ကျွန်တော်တို့အပေါ်မှာ နိုင်ငံတကာရဲ့

ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့် အဖွဲ့အား ခိုင်အောင်ကျော်(နယူးယောက်)မှ ၏ ပတ်သတ်ပြီး မေးမြန်းသည့် မေးခွန်းများ နှင့် ပြန်လည်ဖြေကြားခဲ့သော အဖြေများ


အမေရိကန်နိုင်ငံကို အလည်အပတ်ရောက်ရှိသော မြန်မာနိုင်ငံဆိုင်ရာ သမ္မတရုံးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့် အဖွဲ့အား ခိုင်အောင်ကျော်(နယူးယောက်)မှ ၏
ပတ်သတ်ပြီး မေးမြန်းသည့် မေးခွန်းများ နှင့် ပြန်လည်ဖြေကြားခဲ့သော အဖြေများ
================================================

အမေရိကပြည်ထောင်စု နယူးယောက်မှာ မြန်မာနိုင်ငံအစိုးရ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း-လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဋ္ဌါန ၀န်ကြီးဦးခင်ရီ-မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ဦးကျော်တင့်နဲ့ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ က-၂၂-၄-၂၀၁၃- နေ့  မှာ မြန်မာမိ သား စုတွေနဲ့  တွေ့ ဆုံပွဲပြုလုပ်ခဲ့ ပါတယ် ။ အဲဒီတွေ့ ဆုံပွဲမှာ ကျွန်တော်က ခုလို စတင်မိတ်ဆက် စကားပြောခဲ့ ပါတယ် ။

လွန်ခဲ့ တဲ့ အနှစ်-၂၀-လောက်က ကျနော်တို့ ဟာ ဆန္ဒပြခဲ့ သူတွေဖြစ်တယ် ။ အခုလဲ အောက် မှာဆန္ဒပြနေကြတဲ့  သူတွေဟာ ကျနော်တို့  အဖွဲ့ တွေဖြစ်တယ် ။ လွန်ခဲ့ တဲ့  ခေတ်အဆက်ဆက် စစ်အစိုးရလက်ထက်က ကျနော်တို့ ဆန္ဒပြခဲ့ တာတွေဟာ အခုလိုမျက်နာချင်းဆိုင်ပြီး စကားပြောချင် လို့ ဖြစ်တယ် ။

ဒါပေမဲ့  စစ်အစိုးရဟာ ကျနော်တို့ နဲ့  စကားပြောဖို့ ရင်မဆိုင်ခဲ့ ဘူး ။ အခုတော့ မြန်မာအစိုးရက ၀န်ကြီးတွေက နယူးယောက်မြို့ မှာနေတဲ့  မြန်မာတိုင်းရင်းသားလူမျိုးတွေကို တွေ့ ဆုံစကားပြော ဖို့ ဖိတ်တဲ့ အတွက် ကျနော်ခုလို လာရောက်စကားပြောတာဖြစ်ပါတယ် ။ ပြောခွင့်ပေးတဲ့ အတွက်လဲ ၀န်ကြီးတွေကို ကျေးဇူးတင်တယ်လို့  ပြောကြားပြီး မေးမြန်းတင်ပြ ခဲ့ ပါတယ် ။ အဲဒါကို လူဝင်မှုကြီးကြပ်ရေး နဲ့  ပြည်သူ့ အင်အားဦးစီးဌာန၀န်ကြီး ဦးခင်ရီနဲ့  ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး က ပြန် လည်ဖြေကြား ပါတယ် ။ သူတို့ တွေရဲ့  အဖြေက ဒီလိုဖြစ်ပါတယ် ။

ဝန်ကြီးဦးခင်ရီ၏ ဖြေကြားချက်များ
==================
မေး - ၈၂ ခုနှစ် ဥပဒေကို ပြင်ဆင်မည်လားဟု မေးကြားခဲ့ရာ
ဖြေ - လ၀က ၀န်ကြီး ခင်ရီမှ ၈၂-ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေကို တလုံးတပါဒမျှ ပြင်စရာ မလို-

မေး=၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ပြောင်းလဲရန် ရှိ/မရှိ ။
ဖြေ=မရှိပါဘူး -ဒါကအတိုချုပ် ဖြေပါတယ် ။ ဒါကျတော့ တိုလွန်းအားကြီး တယ်ဗျ ၊ ဘာကြောင့်ပြောင်းလဲရန် မရှိဆိုတာကို ရမ်းပြောတာ မဟုတ်ဘူး၊ နည်းနည်းလေးနောက်ကြောင်းကို ပြန်လှန်ရမယ်ဆိုရင် -၈၂-ခုနှစ် ဥပဒေပေါ်ပေါက်လာတဲ့ အကြောင်း အစကအသိပေးရန်ဖြစ်ပါတယ် ။ အဲဒီတော့ ကျနော်တို့ -၁၈၂၄-ခုနှစ် အင်္ဂလိပ်မြန်မာ စစ်ပွဲဖြစ်ပါတယ် ။ ဒီမတိုင်ခင် သမိုင်းကိစ္စ ကျနော်တို့  မြန်မာနိုင်ငံမှာ ဘယ်တရားဝင် နိုင်ငံခြားသား မရှိဘူးဆိုတာ သိရပါတယ် ။

၁၈၂၄-ခုနှစ်မှာ အင်္ဂလိပ် မြန်မာစစ်ပွဲ အထူးသဖြင့် ရခိုင်ဒေသ ကျနော်တို့  ဗြိတိသျှကို လိုနီလက်အောက် ရောက်ခဲ့ တယ် ။ အဲဒီကနေပြီးတော့ နိုင်ငံခြားသား သူပြောတဲ့  ဘင်္ဂလီတွေ အကြောင်း မြန်မာနိုင်ငံမှာ အခြေချခွင့် နေထိုင်ခွင့် စရခဲ့ တယ် ။ ဘယ်လောက်ထိ ရသွားသလဲဆိုတော့ လွပ်လွပ်ရေးရတဲ့  -၁၉၄၈-ခုနှစ်အထိပေါ့၊ နှစ်ပေါင်းတရာကျော်လောက် ကျနော်တို့ နိုင်ငံမှာ

Wednesday, April 17, 2013

မန္တလေးတိုင်းဝန်ကြီးချူပ် ဦးရဲမြင့် ခေါ်ယူတွေ့ဆုံ အပေါ် ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းချက်


ဧပြီ ၁၅၊ ၂၀၁၃
M-Media
အစ္စလာမ်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များအား မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ ခေါ် ယူတွေ့ဆုံမှုအပေါ် ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းချက်
 
မန္တလေး ။     ။ မန္တလေးတိုင်း အစ္စလာမ်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များအား မန္တလေး တိုင်း   ဒေသ ကြီးဝန်ကြီးချုပ် ဦးရဲမြင့်မှ ၂၀၁၃-ခု ဧပြီလ ၁၂-ရက်နေ့က ခေါ်ယူတွေ့ ဆုံ ပြောဆို ခဲ့မှု များ အပေါ် ထွက်ပေါ် လာသော သတင်းများနှင့်ပတ်သက်၍ ခလီဖွှာဟ် ဦးသိန်းဝင်းအောင်အား ဆက် သွယ်မေးမြန်းခဲ့ပါသည်။
Q – မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က ဘာသာရေးအဖွဲ့ခေါင်းဆောင်တွေကို ခေါ်ယူ တွေ့ဆုံခဲ့တယ်။ အဲဒီ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေကြားသိရပါတယ်။ ဒါကြောင့် အဲဒီ  တွေ့ ဆုံမှုအကြောင်းကို ဦးသိန်းဝင်းအောင်အနေနဲ့ ပြောပြပေးလို့ ရမလားခင်ဗျာ။
A – ပြောပြလို့ရပါတယ်။ ပြီးခဲ့တဲ့ ၁၂-ရက်နေ့ သောကြာနေ့ နေ့လည် ၁၂-နာရီလောက်မှာ အိုလမာအဖွဲ့ရုံးကနေ ကျွန်တော့်ကို ဖုန်းဆက်လာပါတယ်။ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က ဘာသာရေးအဖွဲ့ခေါင်းဆောင်တွေကို နေ့လည် ၃-နာရီမှာ တွေ့မယ်ဆိုတဲ့အကြောင်း ပြောလာပါတယ်။ ကျွန်တော်တို့လည်း တွေ့ချင်နေတဲ့အချိန်ဆိုတော့ ကောင်းတယ် တွေ့လိုက်ကြမယ်ဆိုပြီး တွေ့ဖို့ ပြင်ဆင်လိုက်ကြတယ်။ အဲဒီနေ့က သောကြာနေ့လည်းဖြစ်တော့ ကျွန်တော်လည်း နေ့လည်ဝတ်ပြုပြီး အိုလမာ ရုံးခန်းကို ရောက် သွားတယ်။ ၀န်ကြီးချုပ်နဲ့တွေ့ရင် ပြောသင့်တာလေးတွေကို တိုင်ပင်လိုက်ကြတယ်။ ပြီးတော့ ဘာသာရေး အဖွဲ့ကြီးတွေရယ် ကျွန်တော်တို့ တွရီကာရယ်က အားလုံးစုစုပေါင်း (၁၀)ယောက် သွားတွေ့ကြပါတယ်။
Q – ဟုတ်ကဲ့။ ၀န်ကြီးချုပ်က ဘယ်အကြောင်းအရာအတွက် ခေါ်ယူတာပါလဲ။
A – ခေါ်ယူတဲ့ ခေါင်းစဉ်က မရှိပါဘူး။ ဒီအတိုင်း နှုတ်မိန့်နဲ့ တွေ့ဖို့ခေါ်တာပါ။ တွေ့ဆုံမှုကို တခြား ဌာနဆိုင်ရာ အရာရှိတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
Q – ဘယ်နေရာမှာ ခေါ်ယူတွေ့ဆုံတာပါလဲ။
A – မန္တလေးတိုင်း ၀န်ကြီးချုပ်ရုံး အစည်းအဝေးခန်းမမှာ ခေါ်ယူတွေ့ဆုံတာပါ။ ၁၂-ရက်နေ့ နေ့လည် ၃-နာရီမှာ ဆုံတာပါ။
Q – ဟုတ်ကဲ့ပါ။ ဒါဆို တွေ့ဆုံတဲ့အချိန်မှာ ဘာတွေကို ပြောဆိုဆွေးနွေးခဲ့ပါသလဲ။
A – စစတွေ့တွေ့ချင်းပဲ ၀န်ကြီးချုပ်က တစ်ခြားဘာမှ မပြောပဲ အခု မိတ္ထီလာ ကိစ္စဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စပြောတယ်။ မိတ္ထီလာကိစ္စက မွတ်စလင်မ်တွေဘက်က စပြီး ဖန်တီးခဲ့တာဖြစ် တယ်။   ရွှေဆိုင်ပြဿနာ ကအစပြုခဲ့တယ်။ ပြီးတော့ ဘုန်းကြီးကို သတ်တယ်။ နောက် ပြီးတော့ ကျောင်းဝင်း ထဲကနေ ကလေးတွေက အော်ကြတယ် ဗုဒ္ဓဘာသာဝင်တွေရဲ့ သွေးနဲ့ဆေး မယ်လို့ အော်ကြ လို့ ပြဿနာတွေ ပိုမိုကြီးထွားကုန်တယ်။ မွတ်စလင်မ်တွေဟာ အစွန်းရောက်နေ ကြကြောင်း၊ အသေခံဗုံးခွဲ တယ်၊ မွတ်စလင်မ်တွေက မဟုတ်မမှန်သတင်းတွေ ပြောဆိုကြတယ် ဆိုတာတွေပြောတယ်။  ပြီးတော့ သူပြော ပုံတွေ က ဗုဒ္ဓဘာသာနဲ့ သံဃာတော်တွေကို မွတ်စလင်မ်တွေက အပြစ်မြင်နေတာတွေကို ရပ် တန့်စေဖို့ မွတ်စလင်မ်တွေကို အပြစ်ပုံချပြီး  ပြောတယ်။ နောက် အခု မိတ္ထီလာဖြစ်ရပ်အတွက် စားနပ်ရိက္ခာ အတွက် ကူညီပံ့ပိုးမှုတွေကို ၀န်ကြီးချုပ်က အားလုံးစီစဉ်ပေးထားတယ် ဆိုတာကို ပြောတယ်။ မိတ္ထီလာကိစ္စအတွက် ၀န်ကြီးချုပ်အနေနဲ့ ကူညီမှုတွေ စီစဉ်ပေးတာ အခုအချိန်ထိ မရှိပါဘူး။ အဲဒါကို ၀န်ကြီးချူပ်က သူစီစဉ်ပေးထားတယ်လို့ ပြောပါတယ်။
ကျွန်တော်တို့ ထင်ထားတာက အခုဖြစ်ပွားသွားတဲ့ မိတ္ထီလာကိစ္စအတွက် စေ့စပ်ညှိနှိုင်းမှုတွေ၊ ပြန် လည်ပြင် ဆင်ရေးအတွက် ဘာတွေ လုပ်ဆောင်ကြမလဲဆိုတာ ခေါ်ယူတွေ့ဆုံပြောဆိုမယ်လို့ ထင်ထားခဲ့ကြတာပါ။ ၀န်ကြီးချုပ်က အဲဒါတွေ မပြောပဲ မွတ်စလင်မ်တွေဘက်ကို ဖိပြီး ပြော လိုက်တော့ တော်တော်လေး အံ့သြသွားတယ်။
Q – ၀န်ကြီးချုပ်က အခုလို ပြောလိုမှုအပေါ် အဖွဲ့ကြီးက ခေါင်းဆောင်တွေအနေနဲ့ ဘာတွေ များ ပြန်ပြီး   ဆွေးနွေးခဲ့ကြပါသလဲ။
A – ၀န်ကြီးချုပ်က အဲလိုပြောလိုက်တော့ ကျွန်တော်လည်း ၀န်ကြီးချုပ်ကို ရှင်းပြပါတယ်။ ကျွန်တော်တို့ မွတ်စလင်မ်တွေဟာ အစွန်းရောက်တွေ မဟုတ်ဘူးဆိုတာရယ်၊ ကျောင်းဝင်းထဲက ကလေးတွေအော်တာ ဟာလည်း ဘုရားသခင် နာမကို တသပြီး ကြောက်ရွံ့အော်ဟစ်တာဖြစ်တယ်ဆိုတာရယ်၊ မွတ်စလင်မ်တွေ အနေနဲ့ဘာသာပေါင်းစုံချစ်ကြည်ရေးအတွက်လည်း အထူးကြိုးပမ်း ဆောင်ရွက်နေတယ်။ သံဃာတော်တွေ  ကို အပြစ်မြင်နေတယ်ဆိုတာလည်း မဟုတ်ကြောင်း၊ မန္တလေးမှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားလုပ်တော့ သံဃာတော်တွေအတွက် သင်္ကန်းတွေကို ကျွန်တော်တို့ငွေနဲ့ ကျွန်တော်တို့ ၀ယ်ယူလှူဒါန်းပါတယ်။ မော်လ၀ီတွေအတွက် ပုဆိုးလှူပါတယ်။ ဒါမျိုးတွေ လုပ်ခဲ့ကြတာပါ။ အကြမ်းဖက်မှု ကို မြန်မာနိုင်ငံက မွတ်စလင်မ်တွေလုပ်မှာ မဟုတ်ဘူးဆိုတာ ပြောတယ်။ ပြီးတော့ အခုဆို ယှအ်ဗာန်လ ရမသွာန်လ(ဥပုသ်လ)ကို ရောက်တော့မယ်။ ဒါကြောင့် မွတ်စလင်မ်တွေအတွက် ဗလီတွေ အမြန်ဆုံး ပြန် လည်ဖွင့်လှစ်ဖို့ လိုအပ်ကြောင်း အဲဒါတွေကို ပြောပြတယ်။ အဲဒီမှာ ၀န်ကြီးချုပ်က ကျွန်တော့် ကို ငေါက်ငမ်းပါတယ်။ ခင်ဗျားကို ပြောနေတာမဟုတ်ဘူး။ ခင်ဗျားနဲ့ ဆွေးနွေးနေတာမဟုတ်ဘူး။ ခင်ဗျားကို ထပ်ပြောခွင့် မပေးနိုင်ဘူးလို့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်လည်း ပြောသင့်တာကို ထပ်ပြောပြပါတယ်။
Q – ဒီတော့ ၀န်ကြီးချုပ်က ဘာပြောပါသလဲ။
A – ၀န်ကြီးချုပ်က ကျွန်တော့်ကို ခင်ဗျားတို့ဘာကို ရည်ရွယ်နေတယ်ဆိုတာသိတယ်။ ခင်ဗျားဆက်ပြောရင် ဘယ်ရောက်မယ်ဆိုတာ သိတယ်။ အခု ခင်ဗျားပြောနေတာ တစ်ခုခုဖြစ်လာရင် ခင်ဗျား တရားခံပဲ။ ဖြစ် လာတာနဲ့ ခင်ဗျားကို အရင်ဖမ်းချုပ်မယ် ဆိုပြီး ကြိမ်းဝါးတယ်။
Q – ဟုတ်ကဲ့။ ဒါဆိုရင် အဲဒီ တွေ့ဆုံမှုရဲ့ နောက်ဆုံး အချုပ်က ဘယ်လို အဆုံးသတ်ခဲ့ပါသလဲ။
A – နောက်တော့ သူဆက်ပြောတယ် အခု သင်္ကြန်ကာလရောက်တော့မှာ သင်္ကြန်ကာလမှာ အက်ဆစ်နဲ့ ပက်မယ်၊ ဘာဖြစ်မယ် ညာဖြစ်မယ် အဲလိုတွေ သတင်းထွက်နေတယ်။ အဲဒါတွေကို မွတ်စလင်မ်တွေက ထိန်းပေးဖို့ ပြောတယ်။ နောက်ဆုံး အချုပ်ကတော့ အဲဒါပါပဲ။
Q – ၀န်ကြီးချုပ်က အခုလို ခေါ်ယူတွေ့ဆုံပြီး ပြောဆိုကြိမ်းမောင်းခဲ့တာတွေ၊ မျှတမှုမရှိပဲ ဘက်လိုက်ပြီး တဘက် သတ်ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး သမ္မတကို စာတင်မယ်လို့ သိရတယ်။ အဲဒါကရော ဘယ်လိုများ လုပ်ဆောင်နေပါသလဲ။
A – ၀န်ကြီးချုပ်ရဲ့ အခုခေါ်ယူတွေ့ဆုံမှုက သက်သက်မဲ့ ကြိမ်းမောင်းခြိမ်းခြောက်မှု ပုံစံပါပဲ။ ၀န်ကြီးတစ်ဦးအနေနဲ့ မလုပ်သင့်တာကို လုပ်တယ်။ ဒါကြောင့် ကျွန်တော်တို့ သမ္မတ ဆီရော ပြည်သူ့ လွှတ်တော်ဥက္ကဌဆီရော တရားဝင် တိုင်ကြားသွားမှာပါ။ အဖွဲ့ကြီးတွေ အနေနဲ့ အဲဒါကို စီစဉ်နေ ပါပြီ။
Q – အခုလို ဖြစ်သွားတဲ့ ကိစ္စရပ်အပေါ်မှာ ဦးသိန်းဝင်းအောင် အနေနဲ့ ဘာများ ပြောချင်ပါသေးလဲ။
A – အခုထွက်ပေါ်လာတဲ့ သတင်းတွေက မွတ်စလင်မ်တွေဘက်က ထုတ်တဲ့သတင်းမဟုတ်ပဲ တခြားက သူတို့ဘာသာသူတို့ ကောလဟလ သတင်းထုတ်၊ ပြီးရင် မွတ်စလင်မ်တွေဘက် လှည့်ပြောတာမျိုးကိုတော့ ကျွန်တော်တို့လက်မခံပါဘူး။ ကျွန်တော်တို့ကတော့ အဲဒါအတွက်ဆို ပွင့်ပွင့်လင်းလင်းသာပြော လိုအပ်ရင် ကျွန်တော်တို့ ကိုယ်တိုင် ကင်းစောင့်ပေးရမလား စောင့်မယ်။
ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ မပြောသင့်တာတွေကို ပြောတယ်။ မဖြစ်သင့်ပါဘူး။ ပြီးတော့ မွတ်စ လင်မ်တွေ ဗုံးခွဲတယ်ဆိုပြီးပြောတယ်။ မွတ်စလင်မ်တွေ ဗုံးမခွဲပါဘူး။ ဒါပေမယ့် နှလုံးသားတွေကို ခွဲပြပါ မယ်။ လာမယ့် ၂၀၁၅-ခု ရွေးကောက်ပွဲကျရင် မြင်တွေ့ရမှာပါ။ ကျွန်တော် အဲဒါပဲ ပြောချင်ပါတယ်။
Q – ဟုတ်ကဲ့ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
A – ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။

Tuesday, April 16, 2013

ဟာဂျီဦးအေးလွင်နဲ့ VOA နှင့် တွေ့ဆုံ မေးမြန်းခန်း


မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်တွေအကြား ပဋိပက္ခတွေဟာ လက်ရှိမှာ ဘာသာရေးအသွင် ဆောင်နေပေမဲ့ တကယ်တမ်းမှာတော့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင် တွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြတဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်လို့ မြန်မာနိုင်ငံ အစ္စလာမ် သာသနာရေး အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟာဂျီ ဦးအေးလွင်က အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော် အခြေစိုက် USIP ငြိမ်းချမ်းရေး သုတေသနအဖွဲ့ စည်းဝေးပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ ဟာဂျီဦးအေးလွင်ကို ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်း က တွေ့ဆုံ မေးမြန်းထားပါတယ်။
လင့်ကိုနှိပ်၍ နားဆင်ပါ။
Source: http://burmese.voanews.com/media/video/1640688.htmlLike

Wednesday, March 27, 2013

မိတ္ထီလာ အဓိကရုဏ်း မင်းကိုနိုင် နှင့် RFA မေးမြန်းခန်း


မိတ္ထီလာ အဓိကရုဏ်း မင်းကိုနိုင် နှင့် RFA မေးမြန်းခန်း
===============================
>> မိတ္ထီလာမြို့မှာ အခြေအနေတွေငြိမ်သက်သွားပြီးတဲ့နောက်ပိုင်းပေါ့လေ ပျဉ်းမနားတဝိုက်က ရမည်းသင်းတို့ နောက်ပဲခူးက အုတ်တွင်းတို့ သာယာဝတီ စစ်ကွင်း စတဲ့ဒေသတွေမှာ ရုပ်ရုပ်သဲသဲတွေဖြစ်လာတာတွေ့ရပါတယ်။ ဦးမင်းကိုနိုင်တို့ရော ဒီအခြေအနေတွေကို ဘယ်လိုတွေများ လေ့လာအကဲဖြတ်မိပါသလဲခင်ဗျ။

အော်ကျွန်တော်နောက်ဆုံးပေါ့ဗျာ စစ်ကွင်းက ဒေသခံတွေပြောကြားချက်တွေရော ကျွန်တော်ရောက်ခဲ့တဲ့ မိတ္ထီလာရောပေါ့ နောက်ကျန်တဲ့ အဲဒီလိုပါပဲ ပဲခူးရိုးမ အရှေ့ဘက်တစ်ကြောကမြို့တွေရဲ့ အတွေ့အကြုံရောပေါ့ အကုန်လုံးကိုသုံးသပ်လိုက်တော့ တူညီတဲ့အချက်တွေ အများကြီးတွေ့နေရတယ်။ ဒါပေမဲ့ ဒေသခံပြည်သူတွေ မပါဘဲနဲ့ ဒေသခံပြည်သူတွေက စိုးရိမ်ကြောင့်ကြစွာနဲ့ ဒီကိစ္စတွေရဲ့ မျက်မြင်သက်သေတွေ ဖြစ်နေတာက များတယ်။ တော်တော်များများက အစီအစဉ်တကျ ဝင်လာတာတွေများတယ်ဗျ။ ဒါက အကုန်သိထားပြီးတဲ့အတိုင်းပါပဲ မီးတွေပျက်သွားတယ်၊ တယ်လီဖုန်းလိုင်းတွေပျက်သွားတယ်၊ ဝင်လာကြတယ်၊ ဒါပေမဲ့ ပြီးတဲ့အခါကျတော့ ခရာတွေ မှုတ်ပြီးတော့ သူတို့ တိုက်ခိုက်ရေးသမားတွေ ပုံစံနဲ့ပေါ့ဗျာ အဲဒီမှာ ဖျက်စီးတာတွေရှိတယ်။ အဲဒါတွေအကုန်လုံးကြည့်လိုက်တဲ့အခါကျတော့ မျက်နှာစိမ်းတွေက ဝင်လာပြီးတော့ တချို့နေရာတွေမှာ မိတ္ထီလာဆိုပါတော့ဗျာ ဘယ်ဘာသာပဲဖြစ်ဖြစ် သူတို့ဖျက်ပစ်တာပဲ အိမ်တွေကို။ အဲဒီတော့ ဒါက ဘာသာရေးအရဖြစ်နေတာမဟုတ်ဘူးဆိုတာ ထင်ရှားနေပြီ။ လူမျိုးရေးအရလည်း မဟုတ်ဘူးဗျ။ ဒီ.. လူတွေဟာ ခိုကိုးရာမဲ့ ဆောက်တည်ရာမဲ့သွားပြီးတော့ နောက်ထပ်ကယ်တင်ရှင် တစ်ခုခုကို မျှော်ရတဲ့ အနေအထားမျိုး ရောက်သွားအောင် လုပ်တယ်ဆိုတာမျိုးတော့ အဖြစ်ခံလို့မရဘူး။ ဒါကျွန်တော်တို့ပြည်သူတွေက ကျွန်တော်တို့အားလုံးပေါ့ ဝိုင်းပြီးတိုက်တွန်းကြတယ် ဘာသာရေးခေါင်းဆောင်တွေရော နိုင်ငံရေးခေါင်းဆောင်တွေရော ကျွန်တော်တို့ တိုင်းရေးပြည်ရေးအတွက် စိုးရိမ်ကြောင့်ကြတဲ့လူတွေ အကုန်လုံးက တိုက်တွန်းကြတဲ့အပေါ်မှာ ပြည်သူတွေက အရင်လောက် မအတဲ့အခါမှာ သူတို့ထင်သလောက် မရဘူးပေါ့ဗျာ။ အဲဒီအခါကျတော့ ရန်ကုန်မြို့မှာတစ်ခါ စာတွေကြဲ ပြီးတဲ့အခါကျတော့ ကျီးလန့်စာစားဖြစ်အောင်လုပ်ပေါ့ဗျာ။ ဒါတွေအကုန်လုံးဟာ အစီအစဉ်ရှိရှိနဲ့ ရည်ရွယ်ချက်ရှိရှိ ကောက်ကျစ်တဲ့လုပ်ငန်းပဲလို့ ကျွန်တော်မြင်တယ်ဗျာ။ အဲဒီတော့ အာဏာရေးပဲပြောပြော၊ သူတို့ ကစားကွက်တွေကြားထဲမှာတော့ ကျွန်တော်တို့ပြည်သူတွေ ထောင်ချောက်ထဲမဝင်မိဖို့ အရေးကြီးဆုံးပေါ့။

>> ဘယ်လိုထောင်ချောက်မျိုးဖြစ်နိုင်မလဲခင်ဗျ။ အခု မျက်နှာစိမ်းဆိုတဲ့ ပုဂ္ဂိုလ်တွေက အခုလို အစီအစဉ်ကျကျ လုပ်နိုင်တယ်ဆိုတော့ အာဏာပိုင်တွေနဲ့ တစ်နည်းတစ်ဖုံအားဖြင့် ပတ်သတ်မှုရှိနိုင်တယ်လို့ ဆိုလိုတာလားခင်ဗျ။

ဒီလိုဗျ၊ အုပ်စုတွေက အများကြီးရှိကြတယ်ဗျ။ ဒီတော့ နံပါတ်တစ်က ကျွန်တော်တို့ ပြည်သူတွေကို အခုအစိုးရအဖွဲ့ကနေ ပြောပြီလေ နောက်ကွယ်ကနေပြီးတော့ စနစ်တကျ ကြိုးကိုင်လှုပ်ရှားနေသူတွေရှိတယ်ဆိုတာ အဲဒီတော့ သူတို့ကိုဖော်ထုတ် အရေးယူပြဖို့ပဲလိုတယ်ဗျ။ အဲဒီတော့ ဘာမှ စိုးရိမ်လက်တွန့်နေဖို့မလိုဘူးဗျာ ပြည်သူတွေကလည်း အဲဒါကိုမျှော်လင့်နေတာပဲ ဘယ်သူတွေ ကြိုးကိုင်ပြီးတော့ ဘယ်လိုလုပ်နေလဲဆိုတာကို ပြည်သူတွေသိပ်သိချင်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒါကအင်မတန်ထိခိုက်ရမယ့်ကိစ္စ။ အဲဒီတော့ လက်ရှိအစိုးရအနေနဲ့ သက်သေအကောင်းဆုံးပြနိုင်လို့ရှိရင် ဒီပွဲဟာ ဘယ်သူတွေဖျက်ခဲ့တယ်ဆိုတာ ပေါ်မှာပေှါ့ဗျာ။ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ ကျွန်တော်တို့ စိုးရိမ်ကြောင့်ကြမှုအရှိဆုံးကတော့ အဲ့ဒီ ကိုယ့်မြို့ ကိုယ့်ရွာမှာ လုံခြုံအောင် ဝိုင်းထိန်းကြဖို့ပဲ။ လန့်ပြီးတော့ လက်ဦးမှုယူလိုက်တာမျိုးမဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။

>> ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း ဒီကနေ့ နိုင်ငံရေးပါတီ ၃၀ လောက်နဲ့ တွေ့တဲ့အချိန်မှာ ပြောတာရှိပါတယ်၊ နိုင်ငံရေးပါတီ တစ်ချို့ကလည်း ဒီနောက်ကွယ်မှာ ရှိနေတယ်လို့ သူပြောသွားတယ်ပေါ့လေ။ ဆိုတော့ ဦးမင်းကိုနိုင်တို့ရော ဒီလိုမျိုး ဆက်စပ်တွေးယူလို့ရပါသလားခင်ဗျ။

ကျွန်တော်တို့က ဒီဟာကို နာမည်နဲ့တစ်ကွ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းဖြစ်တယ်ဆိုတာမျိုးကို ပြောဖို့တော့ ခက်ပါတယ်။ သို့သော် သေချာတာကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ တစ်ခုတစ်ဖွဲ့ကတော့ အနည်းဆုံးဆုံးပေါ့ဗျာ၊ ဒါကို ကြိုတင်ပြင်ဆင်ပြီးတော့ လုပ်တာပဲ။ သူတို့လိုချင်တဲ့ လမ်းကြောင်းထဲကို မရောက်နိုင်သေးတဲ့အခါမှာ ထပ်ပြီးတော့ မတည်ငြိမ်မှုတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေ၊ သွေးချောင်းစီးမယ့် ကိစ္စတွေကို ထပ်ပြီးတော့ ကြိုးစားနေမှာပဲ။ အဲဒီတော့ ကျွန်တော်တို့ ဒေသန္တရအုပ်ချုပ်ရေးတွေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ကာကွယ်ဖို့ပဲ အရေးကြီးတယ်ဗျ။ တစ်စုတစ်ဖွဲ့ထဲမရဘူးနော်၊ သိပ်သေချာတယ်။ အဲဒီတော့ နိုင်ငံရေးပါတီတွေလည်းပါ၊ အရပ်ဖက်လူ့အဖွဲအစည်းတွေလည်းပါ၊ အုပ်ချုပ်ရေးတွေလည်းပါ၊ ပြီးတဲ့အခါမှာ ဘာသာရေးခေါင်းဆောင်တွေလည်းပါ၊ အဲဒီလို အကုန်လုံး လက်ချင်းချိတ်ပြီးတော့ ကိုယ့်မြို့ကိုယ့်ရွာ ကာကွယ်ထား။ မဟုတ်ရင် သံသယတွေနဲ့ ကြီးထွားနေလို့ရှိရင် လန့်ပြီးတော့ လက်ဦးအောင် လုပ်လိုက်မှာမျိုး ကျွန်တော်သိပ်စိုးရိမ်တယ်။ နောက်မှ မှားမှန်းသိတာမျိုးပေါ့ဗျာ။ အဲဒါကြေကွဲစရာကောင်းလိမ့်မယ်။

>> ကြိုတင်စီမံနိုင်တယ်။ ဥပမာ မီးဖြတ်တာအပါအဝင် စနစ်တကျလုပ်ဆောင်နိုင်တယ်ဆိုတော့ ဘာကြောင့် ဒီလို အလွယ်တကူလုပ်နိုင်ရတယ်လို့ရော ယူဆပါသလဲခင်ဗျ။

အင်းပေှါ့ဗျာ… ကျွန်တော်တို့ သာမန်ပြည်သူတွေ အနေနဲ့ကတော့ဗျာ ကိုယ့်စီးပွားကိုယ်ရှာပြီးတော့ ကိုယ့်ဟာကို အေးအေးနေကြတာကိုး။ ဒီဟာတွေက ဘယ်ကတည်းက ဘယ်လောက် ပြင်ဆင်ထားလဲဆိုတာ ကျွန်တော်တို့မှ မသိတာ။ အရေးကြီးတာက ကျွန်တော်တို့တိုင်းပြည်မှာ ရဲအဖွဲအစည်းတွေ ထောက်လှမ်းရေးအဖွဲ့အစည်းတွေ အင်မတန်များတာပဲဗျာ ကွန်ရက်တွေ အင်မတန်ကောင်းတာပဲ၊ သူတို့ဖော်ထုတ်ပြဖို့ လိုပါတယ်။ ပြည်သူလူထုက ဒီပွဲမှာ ဘယ်သူတွေ ဒီလောက်ကောက်ကျစ်ပြီးတော့ ဒီလောက် အကြံကြီးကြီးလုပ်ခဲ့လဲဆိုတာကို သိပ်သိချင်နေကြတယ်ဗျာ။ နောက်ပြီးတော့ လုံခြုံတဲ့ဘဝအနေနဲ့က ကျွန်တော်တို့ အရပ်သားချင်း ခုခံကာကွယ်ထားရတဲ့ အနေအထားက ကာလတစ်ခုပဲရမှာကိုးဗျ။

>> ဒီအန္တရာယ်က ဘယ်လောက်အထိကြီးမားနိုင်သလဲ၊ ဦးမင်းကိုနိုင် ဘယ်လိုများအကဲဖြတ်လို့ရပါသလဲ။

ဒါကတော့ ကျွန်တော်တို့အားလုံးရဲ့ အစွမ်းအစအပေါ်မူတည်တာပေါ့။ ကျွန်တော် ပြောချင်တာကတော့ အဓိကက ဥာဏ်အမြော်အမြင်ပဲဗျ။ ဒီဟာက သူတို့သဘောအတိုင်း လုပ်လို့မရပါဘူး။ ကျွန်တော်တို့ပြည်သူတွေ အဲဒီလမ်းကြောင်းထဲ မဝင်သွားသရွေ့၊ အဲဒီအမှားတွေနောက်ကို မပါသွားသရွေ့၊ သူတို့လိုချင်တဲ့ လမ်းကြောင်းမရောက်ပါဘူး။ ကျွန်တော်တို့ရဲ့ ဥာဏ်အမြော်အမြင် ဘယ်လောက်ကြီးသလဲ၊ အချင်းချင်း ညီညွတ်မှု ဘယ်လောက်ရှိသလဲ အဲဒီအပေါ်ပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ ယုံပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ ကြံ့ကြံ့ခံပြီးတော့ ရင်ဆိုင်နိုင်မယ်။ အဲဒါကို လက်ချင်းချိတ်ပြီးတော့ ကာကွယ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံပါတယ်။ ဒီ သွေးချောင်းစီးတဲ့ ဇာတ်လမ်းတွေ ကျွန်တော်တို့တိုင်းပြည်မှာ ထပ်အဖြစ်ခံလို့မရဘူး။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဘယ်နေရာမှာမ အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ အလောင်းကို မကောက်ရအောင် ကျွန်တော်တို့ ဝိုင်းကာကွယ်ရလိမ့်မယ်။

>> သွေးချောင်းစီးအောင်၊မတည်မငြိမ်ဖြစ်အောင် လုပ်နေတဲ့သူတွေကို စုံစမ်းဖော်ထုတ်တဲ့နေရာမှာပေါ့လေ လက်ရှိ ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ကော ဘယ်သူတွေက ရန်သူ၊ ဘယ်သူတွေက မိတ်ဆွေ ဆိုပြီးတော့ ကွဲကွဲပြားပြား သိမြင်ဖို့က ဘယ်လောက်အထိ အခက်အခဲရှိနိုင်မလဲခင်ဗျ။

ဒါက ဒီတိုင်းပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘယ်လောက် အဲဒီ အဓိကရုန်းဖန်တီးသူတွေ အပေါ်မှာ ဘယ်လောက်ကိုင်တွယ်နိုင်လဲ၊ ဘယ်လောက်တားဆီးနိုင်လဲ ဆိုတာလည်း အရေးပါတဲ့ အချက်ပဲ။ နောက်တစ်ခုက ဘာကြောင့်မို့လို့ ဒီလောက် ရှောရှော ရှူရှူ ဝင်လို့ထွက်လို့ရပြီးတော့ ကြက်ပျောက်ငှက်ပျောက် ပြန်ပျောက်သွား၊ ဘယ်လိုပေါ်လာလဲ ဒါတွေအကုန်လုံးဟာ ဒေသန္တရဆိုင်ရာ လုံခြုံရေးအဖွဲ့တွေ ဘယ်လောက် အလုပ်လုပ်နိုင်လဲဆိုတာအပေါ် မူတည်တယ်ဗျ။ ဆိုကြပါတော့ ကျွန်တော်တို့ အစွန်းနှစ်ဖက်ကို ရောက်ရောက်သွားတာကို ကျွန်တော်တစ်ချက်ထောက်ပြချင်တယ်။ အရင်တုန်းကဆိုလို့ရှိရင် အဖြူအစိမ်းဝတ်တဲ့ ကျောင်းသားလေးတွေ ဒေါင်းအလံကိုင်ပြီးတော့ ချီတက်ရုံနဲ့ နှိမ်နင်းခဲ့တာတွေရှိတယ်။ သံဃာတွေ မေတ္တာသုတ်ရွတ်ပြီးတော့ စီတန်းရုံနဲ့ နှိမ်နင်းခဲ့တာတွေရှိတယ်။ အစွန်းတစ်ဖက်ပဲဗျ၊ နောက်တစ်ခါကျတော့ အခုလို လက်နက်တွေ ကိုင်ဆောင်ပြီး တော့ ဝင်ရောက်ဖျက်ဆီးနေတာကို မနှိမ်နင်းနိုင်တာ မတားဆီးနိုင်တာလည်း အစွန်းတစ်ဖက်ပဲ။ အဲဒီအစွန်းနှစ်ဖက်တော့ ဘယ်လိုမှရောက်လို့မရဘူး။ ကျွန်တော်တို့က ဒီလိုပြောလိုက်လို့ဟိုဘက် အစွန်းရောက်သွားတယ်၊ ဟိုဘက်ကိုပြောလို့ ဒီဘက်အစွန်းရောက်သွားတယ်ဆိုတာတော့ ဘယ်ဖြစ်လို့ရမလဲဗျ။ ဒါသူတို့ စဉ်းစားဆင်ခြင်ဥာဏ်နဲ့ တည့်တည့်မတ်မတ်ဆောင်ရွက်ရမယ့် ကိစ္စပါ။ ဒါအရေးအကြီးဆုံးပါ။

>> လက်ရှိကိုင်တွယ်နှိမ်နင်းမှုတွေမှာပေါ့လေ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်လာအောင် အစိုးရအနေနဲ့ နောက်ထပ်တစ်ဆင့်တိုးပြီးတော့ ဘာတွေများ လုပ်ဆောင်ဖို့လိုနေတာ တွေ့ရပါသလဲခင်ဗျ။

အဓိကကတော့ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေကိုလည်း မခြိမ်းခြောက်ဖို့အရေးကြီးတာပေါ့။ တကယ်က ဥာဏ်အမြော်အမြင်ရှိရင်ဗျာ… လုံခြုံရေးတပ်တွေကို အခုဝင်လာတဲ့ လမ်းကြောင်းတွေက ထင်ထင်ရှားရှား ပေါ်ပေါ်လာတာမျိုးတွေပါဗျာ၊ အဲဒီတော့ မြို့အဝင်အထွက်တွေမှာ စနစ်တကျ ကြည့်နိုင် ရှု့နိုင်ဖို့လည်း လိုပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုရဲ့ ပူးပေါင်းတဲ့အားကိုလည်း ယူဖို့လိုတယ်။ ပြည်သူလူထုကို အကူအညီတောင်းပြီးတော့ လက်တွဲလို့ရှိရင် ရတယ်ဗျ။ ပြည်သူလူထုက ကူညီဖို့ အဆင်သင့်ပဲ။

>> ပြည်သူတွေဘက်ကရော ဘာတွေများ သတိပြုဖို့လိုနေပါသလဲ ခင်ဗျ။ ခုအချိန်မှာပေါ့လေ။

ထောင်ချောက်ထဲမဝင်မိဖို့ပါပဲ။ ကျွန်တော်တို့အားလုံး အသက်သွေးချွေးတွေနဲ့ ဘဝတွေနဲ့ ရင်းနှီးတည်ဆောက်ထားတဲ့ အခုရက်သားနုနုနယ်နယ် ဒီမိုကရေစီလမ်းကြောင်းပေါ် တင်နေတုန်းရှိသေးတယ် ဒါကို ကျွန်တော်တို့ နောက်ကြောင်းအပျက်အစီးခံဖို့ မရဘူးပေါ့ဗျာ။ ကျွန်တော်တို့ပြည်သူတွေ ဒီလောက်ဆိုရင် သိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ သိပ်ညံ့တဲ့ပြည်သူတွေမဟုတ်ပါဘူး။

Re-Post By ACM 27-3-2013
အေးချမ်းမွန် Credit & Copy From >>အဖြူရောင်မီဒီယာ<< Thank
  မိတ္ထီလာမြို့မှာ အခြေအနေတွေငြိမ်သက်သွားပြီးတဲ့နောက်ပိုင်းပေါ့လေ ပျဉ်းမနားတဝိုက်က ရမည်းသင်းတို့ နောက်ပဲခူးက အုတ်တွင်းတို့ သာယာဝတီ စစ်ကွင်း စတဲ့ဒေသတွေမှာ ရုပ်ရုပ် သဲသဲတွေဖြစ် လာတာတွေ့ရပါတယ်။ ဦးမင်းကိုနိုင်တို့ရော ဒီအခြေအနေတွေကို ဘယ်လိုတွေ များ လေ့လာ အကဲဖြတ်မိပါသလဲခင်ဗျ။

အော်ကျွန်တော်နောက်ဆုံးပေါ့ဗျာ စစ်ကွင်းက ဒေသခံတွေပြောကြားချက်တွေရော ကျွန်တော်ရောက်ခဲ့တဲ့ မိတ္ထီလာရောပေါ့ နောက်ကျန်တဲ့ အဲဒီလိုပါပဲ ပဲခူးရိုးမ အရှေ့ဘက်တစ်ကြောကမြို့တွေရဲ့ အတွေ့ အကြုံရောပေါ့ အကုန်လုံးကိုသုံးသပ်လိုက်တော့ တူညီတဲ့

Thursday, February 14, 2013

“ဒုက္ခသည်တွေ နေထိုင်ရေး အဆင်ပြေရင် နှစ်ဖက်ယုံကြည်မှု တိုးအောင် လုပ်ပေးဖို့လိုတယ်”

ဇန်နဝါရီ ၁၇ ၊ ၂၀၁၃
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက်  အကူအညီပေးရန် ဇန်နဝါရီ (၁၅) ရက်နေ့တွင် စစ်တွေမြို့ သို့   ရောက်ရှိလာသော အီရန်နိုင်ငံ မှသံအမတ်(Hossien  Kamalian) ဦးဆောင်သည့်  (၁၁) ဦးပါ ကိုယ်စား လှယ်အဖွဲ့သည် ရခိုင်နှင့်ဘင်္ဂလီဒုက္ခသည်စခန်းများသို့ သွားရောက်ကူညီခဲ့သည်။
၎င်းတို့၏ ခရီးစဉ်နှင့် ပတ်သက်၍ အီရန်သံအမတ် Hossien  Kamalianအား  မြစ်မခ သတင်းမီဒီယာမှ သွားရောက် မေးမြန်းခွင့်ရခဲ့သည်။
Iran emb Hossien Kamalian
ထိုင်းနိုင်ငံဆိုင်ရာ အီရန်နိုင်ငံ သံအမတ် Hossien Kamalian
 မေး။    ။ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘေးဒဏ်သင့်ဒုက္ခသည်တွေအတွက်ကို အီရန်နိုင်ငံအနေနဲ့  ဘယ်လိုမျိုး အထောက်အပံ့တွေ ကူညီပေးသွားဖို့ရှိပါသလဲ။
ဖြေ။     ။ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ တကယ်ဒုက္ခရောက်နေကြတဲ့  ပုဂ္ဂိုလ်တွေအတွက် ဒီနိုင်ငံမှာ ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ လက်တွဲပြီးတော့  ပူးပေါင်းပြီးတော့ အမှန်တကယ်လိုအပ်ချက်များ ကို  ဖြည့် ဆည်း   ပေးသွား မှာ ဖြစ်ပါတယ်။  အခုလောလောဆယ် ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အပြောအဆိုအရ သိရ တာက  ဒီမှာ အလိုအပ်ဆုံးဖြစ်နေတဲ့ အရာက  အဆောက်အဦးတွေ၊  ဒုက္ခသည်တွေ အတွက်နေထိုင်ဖို့ အဆောက် အဦးတွေလိုတယ်။ ဆေးဝါးပစ္စည်းတွေလိုအပ်တယ်၊