မတ်လ ၂၇၊ ၂၀၁၃
M-Media
KK
M-Media
KK
ဇီးကုန်း ။ ။ ပဲခူးတိုင်း ဇီးကုန်းရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား
အကြမ်းဖက်သမားများမှ ယနေ့ ၂-နာရီဝန်းကျင်က
လာရောက်ဖျက်ဆီးနေကြောင်းသတင်းရရှိသည်။
ဇီးကုန်းရှိ မွတ်စလင်မ်အိမ်များနှင့် တစ်လုံးတည်ရှိသော ဗလီအား
အကြမ်းဖက်သမားများမှ ဖျက် ဆီးနေကြောင်း၊ ဗလီအားဖျက်ဆီးရာတွင်
ကြံ့ခိုင်ရေးအဖွဲ့သားများ ပါဝင်နေကြောင်း၊ ဗလီအား
ဘူဒိုဇာဖြင့် တိုက်ဖျက်လိုက်ခြင်းကြောင့် ဗလီပျက်ဆီးသွားပြီဖြစ်ကြောင်း၊
မွတ်စလင်မ်အိမ် တော်တော် များများလည်း ပျက်စီးသွားပြီဖြစ်ကြောင်း၊
အိမ်များအား ဆက်လက်ဖျက်ဆီးနေကြကြောင်း၊ လာရောက် ဖျက် ဆီးနေကြသော
အကြမ်းဖက်သမားများမှာ ၅၀၀ ခန့်ရှိသည်ဟု သိရသည်
No comments:
Post a Comment