New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Tuesday, April 30, 2013

ဥကံ္က ဆူပူ မီးလောင်ပြီး အခြေအနေ တင်းမာ

 

ဥကံ္က ဆူပူ မီးလောင်ပြီး အခြေအနေ တင်းမာ
Tuesday, April 30, 2013

ရန်ကုန်မြို့ မြောက်ဖက် မိုင် ၅၀ ကျော်အကွာရှိ ဥကံ္ကမြို့တွင် ယနေ့ မနက်က လူစုလူဝေးနှင့် ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့က မြို့ပေါ် ယခုအခါ အခြေအနေကို ထိန်းချုပ်ထားကြောင်း ပြောသော်လည်း ပတ်ဝန်းကျင် ရွာများ မီးလောင်နေပြီး ဒဏ်ရာရသူများ ကောက်ယူရနေကာ အခြေအနေမှာ တင်းမာနေကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ အဆို ဥက္ကံမြို့ ဆင်ဖြူရှင်ရပ်ကွက် အလံတိုင်ကျောင်းတိုက်နေ အသက် ၁၁ နှစ် အရွယ် ကိုရင်ပုညသည် ဘုရားကြီးဈေး တောင်ဘက် ဘုရားကြီးလမ်းတွင် ဈေးဝယ်လာသူ အသက် ၃၄ နှစ် အရွယ် အစ္စလမ်ဘာသာဝင် မ၀င်းဝင်းစိန်က ၀င်တိုက်မိသဖြင့် လွယ်ထားသည့် သပိတ်လွတ်ကျကာ အဖုံးကွဲသွားသည့် အပေါ် ရဲစခန်းသို့ လာရောက်တိုင်တန်း၍ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် “အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မကျေနပ်သည့် ဗုဒ္ဓဘာသာဝင်ပြည်သူ” ၂ဝ ဦးခန့်မှ

နယ်စပ်လုံခြုံရေးအတွက် ရခိုင်တွင် စစ်တပ်အင်အားတိုးချဲ့ရန် အကြံပြု

 

နယ်စပ်လုံခြုံရေးအတွက် ရခိုင်တွင် စစ်တပ်အင်အားတိုးချဲ့ရန် အကြံပြု
Tuesday, April 30, 2013

ရန်ကုန်- ရခိုင်ပြည်နယ်တွင်ဖြစ်ပွား နေသောပြဿနာများ ပြေလည်စေရန် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ ကို အကောင်အထည်ဖော်ခြင်းသည် အဓိကကျပြီး နယ်စပ်လုံခြုံရေးအတွက် စစ်တပ်အင်အားကို တိုးချဲ့သင့်ကြောင်းအပြီးသတ်အစီရင်ခံစာတွင်အကြံပြုထားသည်ဟု ဒေါက်တာ ကျော်ရင်လှိုင်ကပြောသည်။

ယနေ့ပြုလုပ်သော ရခိုင်ပြည်နယ် ပဋိပက္ခများစုံစမ်းစစ်ဆေးရေးကော်မရှင်အပြီးသတ်အစီရင်ခံစာနှင့် စပ် လျဉ်း သည့် ရှင်းလင်းပွဲတွင် ယင်းကော်မရှင်အတွင်းရေးမှူးက သမ္မတထံတင်ပြထားသော အစီ ရင်ခံစာ အကြံပြုချက်များနှင့် စပ် လျဉ်း၍ ပြောဆိုလိုက်ခြင်းဖြစ်သည်။

VOA Burmese: ရန်ကုန်တိုင်း ဥက္ကံမြို့မှာ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပွား


ရန်ကုန်တိုင်းအတွင်း ဥက္ကံမြို့မှာ ဗုဒ္ဓဘာသာဝင်တချို့က အစ္စလာမ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်တဲ့ လုပ် ရပ်တွေ ဖြစ်ပွားခဲ့ပါတယ်။

"ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့မှာ ဒီကနေ့ အစောပိုင်းက ဗုဒ္ဓဘာသာ ကိုယ်ရင်ငယ်တပါးကို မူဆလင် အမျိုး သမီး တဦး မောင်းလာတဲ့ မော်တော် ဆိုင်ကယ်နဲ့ မတော်တဆ ပွတ်တိုက်မိရာက ပဋိပက္ခတွေ စတင် ဖြစ်ပွား လာခဲ့ရ တာပါ။" (This paragraph to be verified)

ဗုဒ္ဓဘာသာဝင် တချို့က မတော်တဆမှု ဖြစ်ပွားရာ အနီးအနားမှာရှိတဲ့ မူဆလင် ဗလီ အပါအ၀င် ဈေးဆိုင်ခန်းတချို့ကို တိုက်ခိုက်ခဲ့ တာကြောင့် ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း ဈေးဆိုင်ခန်းတချို့ မီးလောင်ပျက်စီးမှု ရှိခဲ့သလို၊ ဗလီကျောင်းမှာလည်း ပျက်စီးမှု အနည်းအကျဉ်း ရှိခဲ့တယ်လို့ ပြောပါတယ်။ ဆူပူမှုတွေအတွင်း အထိအခိုက် အပျက်အစီးတွေနဲ့ပတ်သက်လို့ ဥက္ကံမြို့ခံတဦးဖြစ်တဲ့ ဦးစိုးနိုင် ပြောပြတာကတော့ -

"ဥက္ကံမြို့နယ်တွင် မွတ်စလင်များအား အကြမ်းဖက်မှုများ ရွာများသို့ပင် ကူးစက်ပျံ့နှံ့ခဲ့"



ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့နယ်တွင်သွေးကြွနေသာ ဗုဒ္ဓဘာသာ အစွန်းရောက် အကြမ်းဖက်သမား 969 ဂိုဏ်း များမှ ယနေ့ နေ့လယ် ၁၁ နာရီ အချိန်မှစ၍ အစ္စလာမ် ဘာသာရေး အခြေခံ အဆောက်အဦးများဖြစ်သည့် ဗလီများ၊ စာသင်ကျောင်းများနှင့် မွတ်စလင်မ်များပိုင်ဆိုင်သည့် နေအိမ်နှင့် ဆိုင်ခန်းများကို လုယက်၊ အကြမ်းဖက်၊ ဖျက်ဆီး၍ အချို့အား မီးရှို့မှုများပြုလုပ်နေကြောင်း သိရပါတယ်။

အစောပိုင်းတွင် ဈေးဆိုင်ခန်းများအတွင်းမှ ပစ္စည်းများအား လုယက် ဖျက်ဆီးရုံသာ ပြုလုပ်ခဲ့သော်လည်း တဖြည်းဖြည်း   လူအင်အား များပြားလာခဲ့ပြီးနောက် ပစ္စည်းများအား လမ်းမပေါ်တွင် မီးပုံရှို့ခြင်း များ ပြုလုပ် ခဲ့ကြောင်း သိရပါတယ်။

ဥက္ကံမြို့နှင့်အနီးတ၀ိုက်၏ နောက်ဆုံးအခြေအနေနှင့် သုံးသပ်ချက်



၂၀၁၃ ခုနှစ်၊ ဧပြီလ | မျက်ဝန်း

မိတ္ထီလာမြို့တွင် မွတ်စလင်မ်ကလေးငယ်တစ်ဦးအား 969 ဂိုဏ်းမှတုတ် ဓားများဖြင့် ၀ိုင်းဝန်း ခုတ်ဖြတ်ရိုက်နှက်၍ သတ်နေကြစဉ်
ရန်ကုန်တိုင်းဒေသကြီးနှင့် မိုင် (၆၀)နီးပါးခန့်သာ ဝေးသည့် ဥက္ကံမြို့တွင် ယနေ့ နေ့လယ်ပိုင်း (၁) နာရီဝန်းကျင်ခန့်တွင် ဘာသာရေးအခြေပြု၍ အကြမ်းဖက်မှုများ စတင်ခဲ့ရာ လူအုပ်စုများ အလွန်များပြားလာခဲ့ပြီးနောက် အကြမ်းဖက်မှုနှင့် အတူ လုယက်မှုများပါ ကျူးလွန်ခဲ့၍ ညနေ (၄)နာရီကျော်အချိန်တွင် စစ်တပ်မှရောက်ရှိ လာပြီး သေ နတ်မိုးပေါ်ထောင်ပစ်၍ အခြေအနေအား ထိန်းသိန်းခဲ့ခြင်းကြောင့် လူအုပ်စုမှ ကွဲသွားခဲ့တယ် လို့ ဒေသခံများ က ဆိုပါတယ်။

အဆိုပါ ကွဲသွားသည့် လူအုပ်စုမှာ ညနေ (၄း၃၀)နာရီအချိန်ခန့်တွင် ဥက္ကံမြို့နှင့် သုံးမိုင်ခွဲခန့်သာ ဝေးကွာသည့် မွတ်စလင်မ်အိမ်ခြေ (၇၀) ခန့်ရှိသော မီးလောင်ပြင်စခန်းကျေးရွာသို့ သွားရောက်စုရုံး၍ ဗလီ၊ စာသင်ကျောင်းနှင့် မွတ်စလင်မ်များ၏ နေအိမ်မျာအား အကြမ်းဖက် ဖျက်ဆီး၍ လုယက်မှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ယင်း မီးလောင်ပြင်စခန်းဗလီ၌ ရန်ကုန်မြို့မှ တရားအားထုတ်သူ

ရိုဟင်ဂျာ များကို ထောင်ချောက်ဆင် ဖမ်းဆီးထားပြီး ရိက္ခာ လမ်းကြောင်းများ ပိတ်ထား




RB News
30.4.2013

စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေ မြို့ရှိ ဒုက္ခသည် စခန်းများ ရှိရာတွင် ဧပြီလ (၂၆) ရက်နေ့က လ၀က များနှင့် ဒေသခံ ရိုဟင်ဂျာ ဒုက္ခသည် များအကြား တင်းမာမှု များဖြစ်ပွား ခဲ့သည်နှင့် စပ်လျဉ်း၍ ယင်းနေ့ တွင်ပင် ဦးကျော်မြင့်နှင့် ဦးဘသာ တို့ကို ဆွေးနွေးရန် ရှိသည်ဟု ခေါ်ဆောင် သွားပြီး၊ ဧပြီလ (၂၇) ရက်နေ့တွင် သက္ကေပြင် အုပ်ချုပ်ရေးမှူး ဦးကျော်ခင်၊ မီးသတ် တပ်ဖွဲ့မှ ဦးစံလင်း တို့ကို ဖမ်းဆီး ခဲ့သည်။ ဧပြီလ (၂၈) ရက်နေ့တွင် ဘောဒူဖမှ ဦးရဖိခ်နှင့် (၂၉) ရက်နေ့တွင် ဦးကျော်မြင့်၏ သားဖြစ်သူ ဦးလှမြင့်ကို ဖမ်းဆီး ခဲ့သည်။ ထို့အပြင် ဧပြီလ (၂၆) ရက်နေ့တွင် ဒေါ်ဆလီမာနှင့် ၁၅ နှစ် အရွယ် မိုဟာမတ် ဟာရှင်မ် တို့ကိုလည်း ဖမ်းဆီး ခဲ့သေးသည်။

ယမန်နေ့ (ဧပြီလ ၂၉ ရက်) နံနက် ပိုင်းက ဦးကျော်မြင့်နှင့် ဖမ်းဆီး ခံရသူ များကို ဓါတ်ပုံ များရိုက်ကာ အဆိုပါ ဓါတ်ပုံ များကို ဧပြီ ၂၆ ရက်နေ့တွင် ပါဝင် ခဲ့သော လ၀က များကို အမည်နဲ့ တကွ ပို့ပေး ခဲ့ကြောင်း သိရသည်။

“မနေ့က ညနေ ၅ နာရီမှာ ဦးကျော်မြင့် တို့ ၅ ယောက်ကို တရားရုံး တင်တယ်။ တရားရုံး မတင်ခင် အောင်မင်္ဂလာ ရပ်ကွက်က ၈ ယောက်ကို တရားရုံး ခေါ်သွားတယ်။ တရားရုံးမှာ ဦးကျော်မြင့်တို့ ၅ ယောက်နဲ့ အောင်မင်္ဂလာက ၈ ယောက်ကို ရောပြီး လ၀က ကို မေးတယ်။ ၂၆ ရက်နေ့က လ၀က အဖွဲ့ကို ခဲနဲ့ ပေါက်တာ ဘယ်သူတွေလဲ ပေါ့။ အဲဒီမှာ လ၀က က ဦးကျော်မြင့် တို့ကို ၅ ယောက်ကို လက်ညိုးထိုး ရွေးတယ်။ ဓါတ်ပုံတွေ ကြိုတင် ပို့ထားတော့ ရွေးနိုင် တာပေါ့။ ဦးကျော်မြင့် တို့ ၅ ယောက်က လ၀က တွေကို ရိုက်ခဲ့တယ် လို့ လ၀က ကတရား သူကြီး ရှေ့မှာ ပြောတယ်။” ဟု ဦးကျော်မြင့် မိသားစုနှင့် နီးစပ်သူ တစ်ဦးမှ RB News သို့ပြော ပါသည်။

အောင်မင်္ဂလာ ရပ်ကွက်မှ ခေါ်ဆောင် သွားသော ရိုဟင်ဂျာ (၈) ဦးကို တရားရုံး အပြီးတွင် ပြန်လည်၍ အောင်မင်္ဂလာ သို့ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

“စစ်တွေ ခရိုင် လ၀ကမှူးက ဦးလှမြင့်ဆီ ဖုန်းဆက်ပြီး သူ့တပည့် လ၀က တစ်ယောက် ဖုန်းကျ ကျန်ခဲ့ တယ်၊ အဲဒီ ဖုန်းကို ရှာပြီး ပို့ပေးဖို့ ပြောတယ်။ ဦးလှမြင့်က အဲဒီဖုန်းကို ကလေး တစ်ယောက် လာပေး တော့ ယူထားပြီး၊ ခရိုင် လ၀ကမှူး ဆီကို နစက ဗိုလ်ကြီး တစ်ယောက် ကနေ တဆင့် ပို့ပေး ခဲ့တယ်။ အဲဒီဖုန်းကို နစက ဗိုလ်ကြီးကို ပေးနေတဲ့ ဓါတ်ပုံကို ရဲတွေက ရိုက်ယူ ခဲ့တယ်။ ဦးလှမြင့်က ရပ်ထဲ ရွာထဲမှာ နာမည် ရှိသူမို့ ဖုန်းရတဲ့ ကလေးက လာအပ်တာ။ အဲဒါကို ခရိုင် လ၀ကမှူးကို ကူညီပေး လိုက်ပေမယ့် တရားရုံးမှာ အဲဒီဖုန်းကို ဦးလှမြင့်က လ၀က တွေဆီက ရိုက်လု ခဲ့တယ်လို့ ပြောတယ်။” ဟု ၎င်းမှ ဆက်လက် ပြောပါသည်။
ဦးကျော်မြင့် အပါအ၀င် ၅ ဦးကို ဆက်လက် ဖမ်းဆီး ထားပြီး နောက်ထပ် ဖမ်းဆီးရန် လိုက်လံ ရှာဖွေ လျက်ရှိကြောင်း သိရသည်။

ယခု အခါ စစ်တွေ မြို့တွင် လမ်းများ ပိတ်ဆို့ ထားပြီး ရိုဟင်ဂျာ များကို ရိက္ခာ သယ်ယူ ပေးခွင့်ကို ပိတ်ပင် ထားသည်။

“အခု WFP ကလည်း ရိက္ခာလာ ပို့လို့ မရတော့ဘူး။ ကျွန်တော် တို့ကို လျှို့ဝှက် ရိက္ခာ ရောင်းပေး နေတဲ့ အဖွဲ့တွေ လည်းလာလို့ မရတော့ဘူး။ ရိက္ခာ လမ်းကြောင်း အားလုံး ပိတ်ထားတယ်” ဟု သက္ကေပြင်မှ ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

http://bit.ly/11SCdm5

ရိုဟင်ဂျာ များကို ထောင်ချောက်ဆင် ဖမ်းဆီးထားပြီး ရိက္ခာ လမ်းကြောင်းများ ပိတ်ထား




RB News
30.4.2013

စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေ မြို့ရှိ ဒုက္ခသည် စခန်းများ ရှိရာတွင် ဧပြီလ (၂၆) ရက်နေ့က လ၀က များနှင့် ဒေသခံ ရိုဟင်ဂျာ ဒုက္ခသည် များအကြား တင်းမာမှု များဖြစ်ပွား ခဲ့သည်နှင့် စပ်လျဉ်း၍ ယင်းနေ့ တွင်ပင် ဦးကျော်မြင့်နှင့် ဦးဘသာ တို့ကို ဆွေးနွေးရန် ရှိသည်ဟု ခေါ်ဆောင် သွားပြီး၊ ဧပြီလ (၂၇) ရက်နေ့တွင် သက္ကေပြင် အုပ်ချုပ်ရေးမှူး ဦးကျော်ခင်၊ မီးသတ် တပ်ဖွဲ့မှ ဦးစံလင်း တို့ကို ဖမ်းဆီး ခဲ့သည်။ ဧပြီလ (၂၈) ရက်နေ့တွင် ဘောဒူဖမှ ဦးရဖိခ်နှင့် (၂၉) ရက်နေ့တွင် ဦးကျော်မြင့်၏ သားဖြစ်သူ ဦးလှမြင့်ကို ဖမ်းဆီး ခဲ့သည်။ ထို့အပြင် ဧပြီလ (၂၆) ရက်နေ့တွင် ဒေါ်ဆလီမာနှင့် ၁၅ နှစ် အရွယ် မိုဟာမတ် ဟာရှင်မ် တို့ကိုလည်း ဖမ်းဆီး ခဲ့သေးသည်။