New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Sunday, April 28, 2013

ဇီးကုန်း မြို့မှ အုပ်ချူပ်ရေးပိုင်း တာဝန်ရှိသူများမှ အကြမ်းဖက်မှုများ ထပ်မဖြစ်စေရဟု အာမခံပြောကြား



ဧပြီလ ၂၈၊ ၂၀၁၃
M-media
သတင်း- ဆူးထက်

 
ဇီးကုန်းမြို့ခံ တစ်ဦးမှ “၂၇ရက်နေ့ ညကတော့ မြို့က ဆရာ ဦးမျိုးညွှန့်( ယခင် အမှတ်၎ ရယက ဥက္ကဌ ) ၊ဒေါ်အေးအေးခိုင် (ဒု လ၀က ဦးစီးမှူး)၊ ၊ကိုသက်နိုင်ဦး (ဗဟိုတရားရုံး ရှေ့နေ) နှင့် မြို့မိ မြို့ဖ နှင့် ဌါနဆိုင်ရာ ရဲစစ်သား အုပ်ချုပ်ရေးမှူး အားလုံး အဖြစ်မခံဘူး ဆိုကာ ၀ိုင်းဝန်းစောင့်ရှောက်ကြပါသည်။ အဖျက်သမားများ ဘက်မှ ၄.၅.၂၀၁၃ နေ့အထိ target ထားရအောင် ဖျက်ဆီးမယ်လို့ သတင်းလွှင့်ထားတဲ့ အတွက် မွတ်စလင်တွေ အကုန်လုံး ထိတ်လန့် စိုးရိမ်နေရပါတယ်။ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသရွေ့ ကူညီပေးကြပါ ” ဟု M-Media သို့ပြောပြလာပါသည်။

အမေရိကန်နိုင်ငံမှ Dr. Brian Berryဟာ Silver Nitro Oxide ကြောင့် ဖြစ်တဲ့ကင်ဆာရောဂါတစ်မျိုးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်...


သင်ဟာ ဖုန်းငွေဖြည့်ကဒ်ကို ဘယ်တော့မှ လက်သည်းနဲ့မခြစ်မိပါစေနဲ့..

အဲ့ဒီမှာ အရေပြားကင်ဆာဖြစ်စေတဲ့ Silver Nitro Oxide တွေ ပါပါတယ် လို့ဆိုပါတယ်...

ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက်

၁. ဖုန်းပြောတဲ့အခါ ဘယ်ဘက်နားနဲ့ပြောပါ

၂. ဆေးတွေကို ရေခဲရေနဲ့ တွဲမသောက်ပါနဲ့

၃. ညနေ ၅နာရီနောက်ပိုင်း အစာများများမစားပါနဲ့

၎. မနက်ပိုင်းမှာ ရေများများသောက်ပြီး ညဘက်မှာလျော့သောက်ပါ

၅. ည၁၀ နာရီမှ မနက် ၄ နာရီအတွင်း ဟာ အိပ်စက်ဖို့အကောင်းဆုံးအချိန်ပါ

၆. ဆေးသောက်ပီး သို့မဟုတ် အစာစားပီးပီးချင်း ရုတ်တရက် လှဲချခြင်းမျိုးရှောင်ပါ

၇. ဖုန်းရဲ့ ဘက်ထရီ နောက်ဆုံးကုန်ခါနီးကျသွားခဲ့ရင် ဖုန်းမဆက်ပါတော့နှင့်(( radiation အဆ ၁၀၀၀ လောက်ပိုပြင်းထန် ပါတယ်))

ရန်ကုန်မြစ်အတွင်း ဆီတင်ဘင်္ဘောနှင့် ကားသင်္ဘောတိုက်မိ


Sunday, April 28, 2013


ယနေ့ မွန်းလွဲ၃း၀၀ နာရီခန့်က MITT သီလ၀ါဆိပ်ကမ်းမှ ထွက်ခွါလာသောကားတင် သင်္ဘောနှင့်   မြန်မာ့ရေနံ ဓါတုဗေဒလုပ်ငန်းပိုင်ဆီတင်သင်္ဘောဖြင့်တိုက်မိပြီး ဆီတင်သင်္ဘောနစ်မြုပ်ခဲ့သည်။

M.VMelacca Highway ကားတင်သင်္ဘောမှာ သီလ၀ါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ ထွက်ခွါလာချိန်တွင် ရန်ကုန်မြစ်ဝမှ ၀င်လာသော မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းပိုင်မြန်အောင် လောင်စာဆီတင်သင်္ဘောနှင့် တိုက်မိပြီး ရန်ကုန်မြစ်အတွင်း သီလ၀ါဆိပ်ကမ်းတောင်ဘက်တွင်မြန်အောင်သင်္ဘောနစ်မြုပ်ခဲ့သည်။


မြန်အောင်သင်္ဘောပေါ်တွင်ပါရှိသူများကိုမြန်မာ့ရေတပ်မတော်မှ ကယ်တင်ထားခဲ့ပြီး ကားတင်သင်္ဘောမှာ ရန်ကုန်မြစ်အတွင်း ကျောက်ချရပ်နားခဲ့ရသည်ဟုဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ ရေလမ်းကြောင်း စီစဉ်သူတစ်ဦး ကပြောသည်။

Yangon Press International

တရားဥပဒေကင်းမဲ့ မင်းမဲ့စရိုက် စစ်တွေမြို့ Police, Monks and Rakhine Terrorists all together burnt Rohingya Muslim houses in Sittwe (Burma).

Police, Monks and Rakhine Terrorists all together burnt Rohingya Muslim houses in Sittwe (Burma).

 

ရိုဟင်ဂျာတွေကို ဆန့်ကျင် အကြမ်းဖက်မှု များတွင် မြန်မာအစိုးရ ပါဝင် Myanmar govt participating in violence against Rohingya

 
ဘာသာပြန် - မင်းနိုင်ဦး - MMM
 
 
 ယခုအပတ်အတွင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW မှ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ရိုဟင်ဂျာများအား မျိုးတုန်းသတ်ဖြတ်မှု ဖြစ်နိုင်ခြေရှိကြောင်းနှင့် ၎င်းတို့ ၏ အခွင့်အရေးများအား အကြီး အကျယ် မတော်မတရား ပြုကျင့်မှုများ ရှိနေကြောင်း မီးမောင်းထိုးပြသခဲ့ပါတယ်။ အာရ်ကန်ပြည်နယ် အတွင်းအဖြစ်အပျက်များနှင့် စပ်လျဉ်း၍ လူ့အခွင့်အရေး အဖွဲ့၏ ကြေငြာချက်သည် ၎င်းတို့ ၀န်ထမ်းများ ၏ တွေ့ခဲ့ မြင်ခဲ့ ကြားခဲ့ရသော အချက်များနှင့် တစ်ထပ်တည်းကျ ပါကြောင်း မိတ်ဖက်များ ကယ် ဆယ်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးအဖွဲ့မှ အတည်ပြု ပြောကြားခဲ့ပါသည်။ လူပေါင်း ၁ သိန်း ၂ သောင်းကျော် မှာ အရေးပေါ် ကူညီထောက်ပံမူများ အသည်းအသန် လိုအပ်နေပါသည်။ လူသားခြင်းစာနာမှု ဆိုင်ရာ အခြေအနေများသည် အငတ်ဘေးဆိုက်ရောက်ရန် အချိန်အနည်းငယ်သာကျန်တော့ကြောင်း

တောင်တရုတ်ပင်လယ်အငြင်းပွားမှု အာဆီယံမူကို မြန်မာလက်ခံ

 
တောင်တရုတ်ပင်လယ်အငြင်းပွားမှု အာဆီယံမူကို မြန်မာလက်ခံ
Friday, April 26, 2013

တောင်တရုတ်ပင်လယ်ပြင်တွင်း နယ်မြေပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနဲ့ အငြင်း ပွားမှုတွေမှာ အရှေ့တောင်အာရှ နိုင်ငံများ အသင်း (Asean) နဲ့ တသားတည်း ရပ်တည်သွားမှာ ဖြစ်တဲ့အကြောင်း ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ထိပ်သီး အစည်းအဝေး အတွင်း သမ္မတဦးသိန်းစိန် ကပြောလိုက်ပါတယ်။ ဒါဟာဆိုရင် တရုတ်နိုင်ငံနဲ့ အာဆီယံအသင်းဝင် နိုင်ငံတချို့ကြား မပြေမလည် ဖြစ်နေရတဲ့ ကိစ္စမှာ မြန်မာအစိုးရက သူ့ရဲ့ရပ်တည်ချက်ကို သိသိသာသာ ပြောဆို လိုက်တာ လည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ် ပါတယ်။

မြန်မာနိုင်ငံလည်း အသင်းဝင်ဖြစ်တဲ့ အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးပွဲ အတွင်း ဒေသတွင်းတင်း မာမှုတွေ ကြုံနေရတဲ့ တောင်တရုတ် ပင်လယ်ပြင်က နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားမှုကို အဓိက ကိစ္စရပ်တခုအဖြစ် အမြန် ဆုံး ပြေလည်အောင် ဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံက လိုလားနေသလို တနိုင်ငံချင်းအနေနဲ့ မဟုတ်ဘဲ အာဆီယံအသင်းအနေနဲ့ တညီတညွတ်တည်း

လက်ပံတောင်းတောင်နယ်မြေ ဒေသခံအချို့၏ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုအပေါ် ထိရောက်စွာ အရေးယူမည်ဆိုသော ပြည်ထဲရေး၏ ထုတ်ပြန်မှုကို နယ်ပယ်အသီးသီးမှ ထင်ရှားသူများက ဝေဖန်

 

Myanmar International News's photo.
လက်ပံတောင်းတောင်နယ်မြေ ဒေသခံအချို့၏ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုအပေါ် ထိရောက်စွာ အရေးယူမည်ဆိုသော ပြည်ထဲရေး၏ ထုတ်ပြန်မှုကို နယ်ပယ်အသီးသီးမှ ထင်ရှားသူများက ဝေဖန်ခဲ့ကြ Friday, 26 April 2013 ဧပြီ ၂၄ ရက် နံနက်က ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ဒေသခံ အချို့နှင့် ဒေသအာဏာပိုင်တို့ အကြား ပဋိပက္ခတွင် ဖမ်းဆီးရမိသူများကို ထိရောက်စွာ အရေးယူ သွားမည့်အပြင် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ် အရေးယူသွားမည်ဟု ပြည်ထဲရေး၏ ထုတ်ပြန်ကြေညာ မှု အပေါ် နယ်ပယ်အသီးသီးမှ ထင်ရှားသူတို့က ဝေဖန်သုံးသပ် နေကြသည်။ အထူးသဖြင့် ပြီးခဲ့သော ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက် နံနက်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသော လက်ပံတောင်းတောင် သံဃာတော်များကို ပြည်ထဲရေး၏ ညွှန်ကြားမှုဖြင့် အင်အားသုံး ဖြိုခွဲမှု၊ မီးလောင် ဖော့စ်ဖရပ်စ်ဗုံး အသုံးပြုမှုတို့ကို အရေးယူမှု တစ်စုံတစ်ရာ မရှိဘဲ မျက်ကွယ်ပြုခဲ့ပြီး ယခုဖြစ်စဉ် ဖြစ်ပွားလာကာမှ အရေးယူမည် ဆိုသည့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ဝေဖန်သုံးသပ်မှုများ