New 1

Now Main menu , Sub menu taps on test

ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။

Tuesday, May 28, 2013

ဗုဒ္ဓဘာသာမြန်မာများအတွက်ဖွဲ့စည်းထားသော ၉၆၉တို့ပေါက်ဖေါ်ကြီးများအတွက် ဖုံးဖော်အဖွဲ့ ကြီးဖြစ်မှာစိုးရတယ်



မြန်မာပြည်၏ ဒီမိုကရေစီခရီးလမ်းအစမှာ ပြည်သူတို့ရဲ့တက်ကြွ နိုးကြား လာမှုဟာ တိုင်းပြည် အတွက် အလွန်အား ရကောင်းတဲ့ အချက်ဖြစ် တယ်။ ထိုကဲ့သို့ပွင့်လင်းလာမှုဟာ ကောင်းမွန် သော် လည်း ကာလံ၊ဒေသံ၊ အဂ္ဂံ၊ ဓနံ ဆိုတဲ့ အချက်တွေကို မကြည့်ဘဲ ဆန္ဒစောခဲ့တဲ့ အတွက် အချို့နေ ရာ တွေမှာ တိုင်းပြည်ကို နောက်ပြန်ဆွဲဖို့ လုံလောက်တဲ့ အခြေအနေတွေကို တွေ့နေရတယ်။
တစ်ချိန်ကနိုင်ငံတော်ကို ကိုယ်ပိုင်ပစ္စည်းလို လက်ဝါးကြီးအုပ်ခဲ့တဲ့ အာဏာရှင် အဟောင်းတွေ ရယ် သူတို့နှင့် လက်သိပ် ထိုးပြေလည်ခဲ့တဲ့ ခရိုနီတွေရယ် ကျေးဇူးရှင်ကြီးလို့သတ်မှတ်ခံရတဲ့ တရုတ်နိုင်ငံ ရဲ့အကျိုးစီးပွါး တွေရယ်ကို ဒီမိုကရေစီလမ်းအစမှာ ဆန္ဒစောပြီးထိပ်တိုက်တွေ့ အရေးယူဖို့ကြံစည် ခဲ့တာ ဟာ လမစေ့ဘဲမွေးတဲ့ ကလေးရဲ့ကျန်း မာရေးလိုမျိုး တိုင်းပြည်ရဲ့ ဒီမိုကရေစီ လမ်းကြောင်းနှင့် ပြည်သူ တို့ ဘ၀ကို တိုးတက်အောင် မလုပ်နိုင် ဘဲ နောက်ပြန်မလှည့် ဖို့တောင် မနည်းရုန်းကန်နေ ရ တယ်။

Sunday, May 19, 2013

Rohingya History By Dr. Zamiruddin

read more >>>

Prophet Mohamed (SS:)'s Ewer ( Lota ): တမန်တော်မြတ်ကြီး(ဆွ)ရဲ့ လိုတာ တော်မြတ်...

Prophet Mohamed (SS:)'s Ewer  ( Lota ): တမန်တော်မြတ်ကြီး(ဆွ)ရဲ့ လိုတာ တော်မြတ်...



The old time of Zam Zam well: ရှေးတုန်းက ဇမ်ဇမ် ရေတွင်းတော်...

 

New Design of Makkah: နောက်ဆုံးမက္ကဟ် ဒီဇိုင်းပုံ











Thursday, May 16, 2013

မြန်မာနိုင်ငံကို အရင်ဆုးံ ခိုးဝင်လာကြသူများ



ခိုးဝင်လာတယ် ဆိုတဲ့ ဝါဒဖြန့် မှုဟာ တော်တော် ထိရောက်ပြီး လူတွေ (ဥာဏ် နည်းသူတွေ ) တော်တော် လက်ခံတဲ့ စွတ်စွဲချက်တွေပါ ။

အစိုးရ ကတောင် ခိုးဝင်လာသူတွေမရှိတော့ပါဘူးလို့ ပြောနေတဲ့ အချိန်မှာ ငရဲသား။လို ဂျာနယ်လစ် တချို့ နဲ့ f.b master တချို့ ဟာ ဒီစွတ်စွဲ ချက်တွေကို အသေကိုင်စွဲထားတုန်းပါ။ အစိုးရ ကလည်း စွတ်စွဲ
ဖို့    သက်သေတွေ  မရှိတော့လို့ ဒီလို ပြောရတာပါ။ရသလောက်တော့ အစိုးရ က စွတ်စွဲချင် ပါသေး တယ်။

ထားလိုက်။မြန်မာ နိုင်ငံထဲကို အရင်ဆုးံ ခိုးဝင်လာသူတွေက ဘယ်သူတွေလဲ ?? ဟုတ်ကဲ့။ သမိုင်း အထောက်အထား နဲ့ မငြင်းနိုင်အောင်ပြောပါမယ်။အိန္ဒိယ က စစ်ရှုံး လို့ ထွက်ပြေးလာကြတဲ့ သာကီဝင်   တွေ ပါ။မူရင်း ပျူ။မွန် ခမာ တွေရဲ့ ခွင့်ပြုချက် မယူပဲ လွတ်တဲ့နေရာ ခိုးဝင်လာတာပါ။ပြီးတော့ မူရင်း ပျူ လူမျိုး ကို ကုလားနည်းတွေနဲ့ ဖြိုဖျက်ပြီး မွန်ခမာ တွေကိုတော့ လူမျိုးတုန်းသတ်ပြီး သွေးဆေးကန်

California Red-Sided Garter Snake




join us ::: Amazing Photos in the World

ဆိုင်ကလုန်းမဟာစင် ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်ရာ လူပေါင်းတစ်သန်း နေအိမ်များ စွန့်ခွာထွက်ပြေး



မဟာစင် ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်း သို့ မေ ၁၆ ရက်တွင် ၀င်ရောက်ခဲ့ရာ ဝေးလံသီခေါင်သော ဒေသရှိ တံငါရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက် ခတ်ခဲ့သောကြောင့် နေအိမ်များ ပျက်စီးသွားပြီး လူပေါင်းတစ်သန်းကျော်ကို အတင်း အဓမ္မ   ရွှေ့ပြောင်းစေ   ခဲ့ရသည်။

မုန်တိုင်း၏ အဓိက အပိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မေ ၁၆ ရက်တွင် ၀င်ရောက်လာပြီး ချက်ချင်းပင် အားပျော့သွားကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေ၀သနှင့် ဇလဗေဒဌာနမှ ညွှန်ကြားရေးမှူး မိုဟာမက်ရှား

လူလိမ်တို့ရဲ့နိဂုံး။ – ဌေးလွင်ဦး

ဆောင်းပါး – ဌေးလွင်ဦး - RB News (၁၄- မေ-၂၀၁၃)

မိမိ အာဏာ အတွက် တိုင်းပြည် တစ်ခုလုံးကို လိမ်ညာ လှည့်ပတ်တဲ့ လူတွေ၊ ညစ်ပတ်တဲ့ သူတွေ၊ တိုင်းပြည် အပေါ်မှာ စိတ်စေတနာ ယုတ်သူတွေ၊ မျိုးဆက်သစ် များရဲ့ ဘ၀ များကို ပညာ ဗဟုသုတ မျက်လုံး ကန်းသွား အောင် အကွက်ချ စီစဉ် သူတွေ၊ ကိုယ်ကျိုး တစ်ခု ကိုသာ ကြည့်ပြီး တစ်တိုင်း ပြည်လုံး ဆင်းရဲ မွဲတေ သွားအောင် ဖန်တီး ခဲ့သူတွေ၊ ကြေးစား လူမိုက်များ မွေးပြီး- ဗိုလ်ကျ အနိုင်ကျင့် ခဲ့သူတွေ–၊ ဒီလို လူစား မျိုးတွေ တိုင်းပြည်ရဲ့ အာဏာကို ရယူခြင်းက လွင့်စင် သွားပါမှ တစ်ပြည် တစ်ခုလုံး တိုးတက် ကောင်းမွန် သာယာဝ ပြောလာ မှာပါ။ ကမ္ဘာ့ အလည်မှာ ဂုဏ်သိက္ခာ ရှိစွာ ရပ်တည် လာနိုင် မှာပါ။

လူယုတ်မာ တွေဟာ တိုင်းပြည်ကို စိတ် စေတနာနဲ့ အုပ်ထိန်း ပေးခဲ့ခြင်း မရှိ၊ လူနည်းစု တိုင်းရင်း သားတွေ အပေါ် ရိုးသား ဖြောင့်မတ်စွာ တန်းတူ ညီမျှ အခွင့် အရေးတွေ ပေးခဲ့ ခြင်းမရှိ- ကြီးနိုင် ငယ်ညှင်း ပြုခဲ့ ယုံမျှ မက အသံတိတ် မျိုးတုံး သတ်မှု တွေကို စနစ် တကျ စီစဉ် အကွက်ချ ကျူးလွန် ခဲ့ပါတယ်။

" လှည်းကူးမြို့ နယ် သတင်း"


 
ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့ နယ်တွင် ယနေ့  မနက် 9း00 ခန့် က ဈေးထိပ်အတွင်း အစ္စလာမ် ဘာသာ ၀င် တစ်ဦးဆိုင် နှင့် ဗုဒ္ဓ ဘာသာဝင် ဆိုင် နှင့် ဈေးရောင်းနေချိန် အတွင်း စကားများ ရန်ဖြစ်ခဲ့ သည်၊၊ ထိုအချိန်တွင် ဗုဒ္ဓဘာသာဝင်ဆိုင်မှ အမျိုးသားသုံးဦးသည် အစ္စလာမ်ဘာသာဝင်၏ ဆိုင်ပိုင်ရှင်၏ သားဖြစ်သူကို တစ်ဦးက ချုပ်ပြီး နှစ်ဦးက ၀ိုင်းပြီး ထိုးနှက်ခဲ့သည်။ ထိုးနှက်နေ စဉ် ထိုးခံရသူ အစ္စဘာသာဝင်ကောင်လေး၏ မိခင်က ၀င်တားရာ တွင် မိခင် ဖြစ်သူကို ပါ ထိုးနှက်လိုက်ရာ မျက်နှာ၏ ညာဘက်စောင်း ကွဲသားခဲ့ပြီး ထိုးခံရသူ အစ္စဘာသာဝင်ကောင်လေး၏ အမ ဖြစ်သူကို လဲ တစ်ချက် ထိုးနှက်ခဲ့ ကြောင်း သိရသည်။ အခုချိန်တွင် ထို သူသုံးဦးကို သက်ဆိုင်ရာက ဖမ်းဆီးသွားပြီး ချက်ချင်းပင် ရုံးတင်စစ်ဆေးလျှက် ရှိသည်။ ထိုးခံရသူ အစ္စဘာသာဝင်ကောင်လေးနှင့် မိသားစု ကို ဆေးရုံ သို ခေါ်ဆောင်သွားပြီး ဆေးထည့် ကာ ပြန်လာခဲ့သည်။ ထို ဗုဒ္ဓဘာသာဝင်ဆိုင်မှ အမျိုးသားသုံးဦး ကို တရားဥပဒေအရ တရားစွဲ ဆို ထားကြောင်းသိရသည်။
myanmarmuslim Hero

မုန်တိုင်းလွတ်ရာသို့ ရခိုင် ဗုဒ္ဓဘာသာများအား ပြောင်းရွေ့ပေးပြီးချိန်အထိ မြေပုံမြို့ရှိ အစ္စလာမ်ဘာသာဝင်များအား ပြောင်းရွေ့မပေး




မေလ ၁၄
SK - မြန်မာမွတ်စလင်မ် မီဒီယ

မြေပုံတောင်ပေါ်မွတ်စလင်မ်ဒုက္ခသည်စခန်းရှိ ကမန်တိုင်းရင်းသားနှင့် ရိုပာင်ဂျာများအား ယနေ့နေ့လည် ၁၂ နာရီအချိန်တွင်မုန်တိုင်းလွတ်ရာသို့ပြောင်းရွေ့ပေးမည်ပာု သက်ဆိုင်ရာ အချို့က ဂတိပေးခဲ့သော် လည်း ယနေ့ ည ၆ နာရီ အချိန် အထိပြောင်းရွေ့ပေးခြင်းမရှိသေးကြောင်း ဒုက္ခသည် စခန်းအတွင်းရှိ မွတ်စလင်မ်တစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။

"မနက် တုန်းကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က နေ့လည် ၁၂ နာရီဆိုရင်ပြောင်းပေးမယ်လို့လာပြောတယ်။အိမ်ခြေ ၄၀ စာပဲရှိတဲ့ ဗုဒ္ဓဘာသာစခန်း ကိုတော့ ပြောင်းပေးပြီးပြီလို့ပြောပါတယ်" မြေပုံမွတ် စလင်မ် ဒုက္ခသည်စခန်း မှ

ရခိုင်က မူဆလင်တွေ ဘေးကင်းရာ ရွှေ့ပေးဖို့ HRW တောင်းဆို




ဗွီအိုအေ မြန်မာပိုင်း, ကိုသားညွန့်ဦး
15.5.2013

မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဟာ ရခိုင် ပြည်နယ် မြောက်ပိုင်း ဒေသကို ချဉ်းကပ် လာတာကြောင့်၊ အဲ့ဒီ ဒေသမှာ ရှိတဲ့ သောင်းနဲ့ ချီတဲ့ မူဆလင် တွေအတွက် အန္တရာယ် ရှိနေ တယ်လို့ နယူးယောက် အခြေ စိုက် HRW လူ့အခွင့် အရေး အဖွဲ့ကြီးက ပြောပါတယ်။

မြန်မာ အာဏာပိုင် တွေအနေနဲ့ မုန်တိုင်း မ၀င်ခင် ပြင်ဆင် မှုတွေ လုပ်နေတယ် ဆိုပေမဲ့၊ အဲ့ဒီ မူဆလင် ဒုက္ခ သည် တွေကို ဘေးကင်းတဲ့ နေရာ တွေကို ရွှေ့ပြောင်း မှုတွေ မလုပ်သေး ဘူးလို့လည်း HRW က စွပ် စွဲ ပါ တယ်။ အပြည့် အစုံကို ကိုသားညွန့်ဦး က တင်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက ရခိုင် ပြည်နယ် ပဋိပက္ခ တွေကြောင့် ထွက်ပြေး ကြရတဲ့ သောင်းနဲ့ ချီတဲ့ မူဆလင် ဒုက္ခ သည် တွေကို မုန်တိုင်း ဘေးလွတ်ရာ အမြင့်ပိုင်း ဒေသ တွေကို အမြန်ဆုံး ရွှေ့ပြောင်း ပေးဖို့ HRW လူ့အ ခွင့် အရေး အဖွဲ့ ကြီးက မြန်မာ အစိုးရကို တိုက်တွန်း တောင်းဆို တာပါ။

၂၀၁၂ ခုနှစ် ဇွန်လက စခဲ့တဲ့ အကြမ်းဖက် မှုတွေကြောင့် ရခိုင် ပြည်နယ် အတွင်းက ရိုဟင်ဂျာနဲ့ ကမန် မူဆလင် ခန့်မှန်းချေ ၁ သိန်း ၄ သောင်း လောက်ရဲ့ တ၀က်ဟာ ရေလွှမ်းမိုး တတ်တဲ့ လယ်ကွင်း တွေနဲ့ ကမ်း

မုန်တိုင်း ဘင်္ဂလာဒေခ်ျ့ အနောက်တောင်ပိုင်းကို ၀င်ရောက်၊ လူစတင် သေဆုံး



May 16, 2013

မဟာဆန် ဆိုင်ကလုန် မုန်တိုင်း ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက် တိုက်ခတ်နေပြီ ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ အနောက်တောင်ပိုင်း ပေါတ၀ါခါလီ ခရိုင်ရှိ ခေပူပါရာ မြို့နယ်ကို စတင် တိုက်ခတ်နေပြီ ဖြစ် သည်။ အဆိုပါ မြို့နယ်တွင် အိမ်ပေါင်း ၄၀ ပြိုပျက်သွားခဲ့ပြီ ဖြစ်သည်။

ဘိုလာ ခရိုင် လာမဟိုနဲ မှ လူတစ်ဦး သစ်ပင်ပြိုလဲရာမှ သေဆုံးသွားခဲ့ကြောင်း ရုပ်မြင်သံကြားမှ ထုတ် လွှင့်ကျေညာသည်။

ပေါတ၀ါခါလီ ခရိုင် တစ်ခုလုံးတွင် အိမ် ၂၀၀ ကျော်ပြိုပျက်သွားခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

အိမ်ပြိုသွားသွားသောကျေးရွာများမှာ အဆိုပါ ခရိုင်အတွင်းရှိ ခါဆူဇူရာ ရွာ၊ ခါဝါဂေါရာ၊ မေလာ ပါရာ၊  ခေါင်ကာ မောတီ၊ ကေ၀ါ စသည့် ကျေးရွာများမှ ဖြစ်သည်။

ဘိုလာခရိုင် အတွင်းရှိ ကူကရီ မိုကရီ ပေါ်ကျွန်းမှာ ရေအောက် (၅) ပေသို့ ရောက်ရှိသွားပြီဟု ဆိုသည်။

လေပြင်းတိုက်ပြီး မိုးအဆက်မပြတ် ရွာသွန်းနေသဖြင့် ပေါတ၀ါခါလီ၊ ဘိုလနှင့် မောင်လ ခရိုင်တို့တွင် လျှပ်စစ်မီး ပြတ်တောက်သွားပြီဟု သိရသည်။

အကြမ်းဘက် ပဋိပက္ခများအား ဥပဒေ စိုးမိုးရေး အခြေခံမှ သုံးသပ်ခြင်း အပိုင်း-၁ ( ဦးအောင်ထူး- ရှေ့နေ)

မေလ-၂၀၁၃
ရေးသူ- ဦးအောင်ထူး (ရှေ့နေ)
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဘက် ပဋိပက္ခများအား ဥပဒေ စိုးမိုးရေးအခြေခံမှ သုံးသပ်ခြင်း အပိုင်း (၁)

Riot policemen form up near a fire during riots in Meikhtila
နိဒါန်း
ဒီမိုကရေစီကို အသွင်ကူးပြောင်းနေသည်ဟု ကြွေးကြော်ဖေါ်ဆောင်နေသောဦးသိန်းစိန်အစိုးရလက်ထက်တွင်တိုင်းရင်း သားပြည်နယ်များ၌ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးရရန် အလားအလာမတွေ့ရသေး။ လက်နက်ကိုင် တိုက်ပွဲ မဖြစ် ပွားသည့် မြေပြန့်ဒေသများမှာပင် အကြမ်းဘက်ပဋိပက္ခများတိုးများလာ၊ နိုင်ငံပြင်ပမှလည်း ဟိုကသည်က ခြိမ်းခြောက် မှု များပေါ်လာလျှက်ရှိနေကြောင်းတွေ့ရသည်။ တိုင်းပြည်လုံခြုံရေးတပ် ဖွဲ့များ ကိုထိတ်လန့်ရ၊ ဘာသာရေး အစွန်း ရောက်များကို ကြောက်ရ၊ အကြမ်းဘက်သမားများ၏ အန္တရာယ် ကို သတိ ထားနေရနှင့် တိုင်းပြည်၏ ဒေသ အမြောက်အများ၌ သာမန် လူထုပေါင်းမြောက်များစွာမှာ ယုန်သူငယ်များ ဘ၀ သို့ကျဆင်းနေရသည်။ ဥပဒေစိုးမိုးရေးသည် ပြိုကျ တော့ မည်လားဟု စိုးရိမ်ရ သည် အထိပင် ယိုင်လဲ ချိနဲ့လာခဲ့သည်။ တိုင်းပြည် ငြိမ်းချမ်း၊ တည်ငြိမ်ကာ အခြေခံလူထု စီးပွား ရေး တိုးတက်မှုရနိုင်ရေးအတွက် “စစ်မှန် သည့် ဥပဒေ စိုးမိုးရေး အခြေခံများ” ကို တည်ဆောက်ရန်မှာ အရေး တကြီး လိုအပ်ချက် ဖြစ်လာသည်။
“စစ်မှန်သည့် ဥပဒေ စိုးမိုးရေး အခြေခံများ”[1] ဟူသော စကားလုံးကို သုံးစွဲရခြင်းမှာ ဥပဒေစိုးမိုးရေး အတု လွှမ်းမိုး သောကြောင့် ဖြစ်သည်။ စစ်အစိုးရ အဆက်ဆက်သည် ဥပဒေစိုးမိုးရေး ကို စကားလုံးအရ

၁၉၄၇ ရွေးကောက်ပွဲ အတွက် ဖဆပလ မှ ရွေးချယ်ခဲ့သော မြန်မာမွတ်စလင် အမတ်များ

M-Media
Pha Sa Pa La
Pha Sa Pa La 2

တိုင်းပြုပြည်ပြု လွတ်တော်ရွေးကောက်ပွဲ အတွက် ဖဆပလ အဖွဲ့ချူပ်မှ ရွေးချယ်သည့် အမတ်များစာရင်းတွင် ပါဝင်ခဲ့သည့် မြန်မာမွတ်စလင်မ် အမတ်များ
ရွေးချယ်သည့် အမတ်လောင်း (၂၀၀) ခန့်တွင် ပါဝင်သော မြန်မာမွတ်စလင်မ် အမတ်များ
ဦးသန်းညွှန့် (မေမြို့၊ ဗမာ မွတ်စလင်အဖွဲ့ချူပ်)
ဆရာရာဇတ် (ဗမာမွတ်စလင် အဖွဲ့ချူပ် ဥက္ကဌ)
ဦးဖေခင် (ဗမာမွတ်စလင် အဖွဲ့ချူပ် အမှူဆောင်)
ဒေါ်စောရွှေ (ဗမာမွတ်စလင် အဖွဲ့ချူပ် အမှုဆောင်)
မစ္စတာ လတစ်ဖ် ( ဗမာ မွတ်စလင်အဖွဲ့ချူပ် ဒုတိယ ဥက္ကဌ)
ဦးသန်းမြင့် (ဗမာမွတ်စလင် အဖွဲ့ချူပ်)
ဖဆပလ အမတ်လောင်း(၂၀၀၀)ကျော်ထဲမှ အမတ်လောင်း(၂၀၀) ခန့်ရွေးချယ်ရတဲ့ ရွေးချယ်ရေးလူကြီးများ
(၁) ဟင်္သားတဦးမြ
(၂) ဒီးဒုတ်ဦးဘချို
(၃) မန်းဘခိုင်
(၄) ဦးဘဆွေ
(၅) ဗိုလ်အောင်
အမတ်လောင်းစာရင်းကို အတည်ပြုပေးသူများ
(၁) သခင်နု
(၂) မြန်မာ့အလင်းဦးတင်
(၃) ဗိုလ်ချုပ်အောင်ဆန်း
(ကိုးကား။ ။ မတ် ၈၊၁၉၄၇ ဖဆပလသတင်းစဉ်)
via Maung Khin
BoBaHlaJapanKanbaluSayargyiPonesNephew
တိုင်းပြုပြည်ပြုလွှတ်တော်အမတ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ အမှတ်တရ ၁၂.၆.၁၉၄၇) အစည်းအဝေး ကျင်းပရာ လွှတ်တော်ရင်ပြင်အရှေ့တွင် ရိုက်ထားသည်။
ပထမတန်း -အလယ်ခြောက်ယောက်မြောက်တွင် ဒေါ်စောရွှေ(ဗမက)၊
ဒုတိတန်း – ယာဘက်ဒုတိယမြောက် ဆရာကြီးဦးရာဇတ်၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊
တတိယတန်း -၀ဲဘက်(၅)ယောက်မြောက် ဦးသန်းညွန့်၊ ဦးခင်မောင်လတ်ဆရာကြီးဦးရာဇတ်၊  ဦးသန်းညွန့်၊  ဦးခင်မောင်လတ်၊ဒေါ်စောရွှေ(ဗမက) တို့မှာ မြန်မာမွတ်စလင်မ် လွှတ်တော်အမတ်များဖြစ်ကြသည်။

ရန်ကုန်တိုင်း၌ အဓမ္မကျင့်မှု သုံးရက်လျှင် တကြိမ်၊ ကလေးများကို ကျူးလွန်မှု လေးလအတွင်း ၂၆ မှုရှိ



Monday, May 13, 2013

ရန်ကုန်တိုင်းအတွင်း အမျိုးသမီးများ အဓမ္မ ပြုကျင့်ခံရမှုနှုန်းမှာ သုံးရက်လျှင် တကြိမ်ခန့်ဖြစ်ပွားနေပြီး အသက်မပြည့်သေးသူ မိန်းခလေးငယ်များအား ကျူးလွန်ခံရမှုပေါင်းမှာ လေးလအတွင်း၃၀ နီးပါးခန့်အထိ ရှိလာကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်း သတင်းမှတ်တမ်းများအရ သိရသည်။

“ပထမ လေးလ အတွင်းမှာတင် မုဒိမ်းမှုပေါင်း ၄၇ မှု ဖြစ်တယ်။ အဲဒီမှာ အသက် ၁၆ နှစ်အောက် မိန်းခလေးတွေ အဓမ္မ ပြုကျင့်ခံရမှုပေါင်းက ၂၆ မှုထိ ရှိတယ်။ အဲဒီထဲမှာပဲ ၁၀ နှစ်အောက်က ၆မှုပါတယ်” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး ဦးစီး(၂)ဌာနခွဲမှ ဒုရဲမှူးက မဇ္ဈိမကို ပြောသည်။

ရိုဟင်ဂျာ ၂၀၀ ခန့်ပါဝင်သော မုန်တိုင်းရှောင် လှေတစင်း ပေါက်တော၌ နစ်မြှုပ်

မေ-၁၄-၂၀၁၃
M-Media
_67586840_burma_pauktaw214042013
မဟာစင် မုန်တိုင်း ဘေးက လွတ်မြောက်အောင် ရှောင်တိမ်းလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ ၂၀၀ လောက် ပါဝင်တဲ့ လှေတစီးပါ စစ်တွေ ၊ ပေါက်တောမြို့အနီးမှာ နစ်မြှုပ်သွားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာ နာရေးဆိုင်ရာ ကူညီထောက်ပံ့မှု အဖွဲ့က ပြောကြားလိုက်ပါတယ်။
လှေနစ်မြုပ်ခဲ့တာဟာ တနင်္လာနေ့ညက ဖြစ်ပြီး လူဘယ်လောက် ပျောက်ဆုံးနေတယ် ဆိုတာကို မသိရသေးဘူးလို့ ပြောတယ်။
ရခိုင်ပြည်နယ်မျာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ ကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၁ သိန်းကျော်ဟာ   နေ့ရပ်စွန်ခွါပြီး ကယ်ဆယ်ရေးစခန်းနေမှာ နေထိုင်လာကြရတာ ယခုဆို ၁ နှစ်နီးပါးရှိလာပါပြီ။

ဘေးကင်းရာရွှေ့ ပြောင်းပေးခြင်း မရှိက မြန်မာအာဏာပိုင်များ၏ တာဝန်ဖြစ်ကြောင်း HRW မှပြောကြား

မေ-၁၆-၂၀၁၃
M-Media
253284_10151430505894067_1886853046_n

ကမ်းခြေအနိမ့်ပိုင်းရှိ စခန်းများ၌ ယမန်နှစ်ကတည်းက ရှိနေကြသော ရခိုင်ပြည်နယ်မှ ဒုက္ခ သည်ထောင်ပေါင်း   များစွာတို့မှာ လုံခြုံဘေးကင်းသည့်နေရာသို့ ရွှေ့ပြောင်းခံရခြင်းအစား မုန်တိုင်းကို ရင်ဆိုင်စေသည့်အဖြစ်မျိုး ကြုံနေရသည်။
ကျရောက်လာတော့မည့် မုန်တိုင်းအန္တရာယ်မှကင်းဝေးအောင် ရွှေ့ပြောင်းပေးမည့် မြန်မာအာဏာပိုင်များ၏ အဆိုကို မြောက်များစွာသော ရိုဟင်ဂျာတို့က အယုံအကြည် မရှိသဖြင့် လက်ရှိစခန်းများ မှာ   ရွှေ့ပြောင်းထွက်ခွာရန် ငြင်းဆိုကြသည်။ လက်ရှိနေရာနှင့်အခြေအနေသည် ၄င်းတို့ရွှေ့ပြောင်းခိုင်း သည့်နေရာများထက် ပိုမိုလုံခြုံနိုင်သည်ဟု ယူဆထားသောကြောင့် ဖြစ်သည်။
“ ကျွန်တော်တို့ဟာ ရိုဟင်ဂျာဖြစ်နေတဲ့အတွက် ဒီစခန်းထဲရောက်အောင် သူတို့ဘဲ အတင်း

ရခိုင်ပြည် ရိုဟင်ဂျာ ဒုက္ခသည်ရွှေ့ ပြောင်းရေး နောက်ဆုံးရသတင်း

 
May 14, 2013

ရခိုင်ပြည်နယ်မှာ ဒုက္ခသည်စခန်းများမှာ ရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်မ်များကို မုန်တိုင်းလွတ် ရာ   ရွှေ့ ပြောင်းရန် အစိုးရတာဝန်ရှိသူများ၏ ဆောင်ရွက်ချက်ကို ရိုဟင်ဂျာများက ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
ထို့ အတွက်ကြောင့် အစိုးရအဖွဲ့ က အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီးမျာ့း ကို ခေါ်ယူတွေ့ ဆုံကာ ဒုက္ခသည်များ ကို ဘေးလွတ်ရာသို့ ရွေ့ ပြောင်းစေ မေတ္တာရပ်ခံခိုင်းစေကြောင်းသိရပါတယ်ရိုဟင်ဂျာများကမူ အစိုးရ ၏ ဆောင်ရွက်မှုများကို ယုံကြည်ချင်းမရှိပဲ ယခုနေရာမှ နောက်တစ်နေရာသို့ ရွှေ့ ပြောင်းရပါက ယခုနေနေရသည့် နေရာပါ ပျောက်ဆုံးသွားဖွယ်ရှိကြောင်း စိုးရိမ်လျှက်ရှိပါတယ်မြို့ နှင့်ပိုမိုဝေးကွာစွာ ထပ်မံပြောင်းရွှေ့ ရမည်ကို စိုးရိမ်လျှက်ရှိကြောင်းသိရပါတယ်ရခိုင်လူမျိုးများ ကိုမူ ဘေးလွတ်ရာ ကျောင်း အဆောက်အအုံတွင် ရွှေ့ ပြောင်းထားကြောင်း သိရပါတယ်။
သတင်းပေးပို့ ချက်အရ အစိုးရအာဏာပိုင်များသည်စစ်တွေအ လွန်တွင်ရှိသည့် လေကွယ်ရာ

Monday, May 13, 2013

ရန်ကုန်တိုင်း၌ အဓမ္မကျင့်မှု သုံးရက်လျှင် တကြိမ်၊ ကလေးများကို ကျူးလွန်မှု လေးလအတွင်း ၂၆ မှုရှိ



Monday, May 13, 2013

ရန်ကုန်တိုင်းအတွင်း အမျိုးသမီးများ အဓမ္မ ပြုကျင့်ခံရမှုနှုန်းမှာ သုံးရက်လျှင် တကြိမ်ခန့်ဖြစ်ပွားနေပြီး အသက်မပြည့်သေးသူ မိန်းခလေးငယ်များအား ကျူးလွန်ခံရမှုပေါင်းမှာ လေးလအတွင်း၃၀ နီးပါးခန့်အထိ ရှိလာကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်း သတင်းမှတ်တမ်းများအရ သိရသည်။

“ပထမ လေးလ အတွင်းမှာတင် မုဒိမ်းမှုပေါင်း ၄၇ မှု ဖြစ်တယ်။ အဲဒီမှာ အသက် ၁၆ နှစ်အောက် မိန်းခလေးတွေ အဓမ္မ ပြုကျင့်ခံရမှုပေါင်းက ၂၆ မှုထိ ရှိတယ်။ အဲဒီထဲမှာပဲ ၁၀ နှစ်အောက်က ၆မှုပါတယ်” ဟု   ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး ဦးစီး(၂)ဌာနခွဲမှ ဒုရဲမှူးက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်အတွင်းMass Grave ဟု ခေါ်သော အစုလိုက် အပြုံ လိုက်သတ်ဖြတ်ပြီး အလောင်း များ မြှုပ်နှံထားသည့် နေရာ ၄ခုကို HRW က ရှာ ဖွေ တွေ့ ရှိ



ရခိုင်ပြည်နယ်အတွင်း Mass Grave ဟုခေါ်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး အလောင်း များ မြှုပ်နှံ ထား သည့် နေရာ ၄ခုကို HRW က ရှာဖွေတွေ့ရှိခဲ့ပြီးအစိုးရ အာဏာပိုင်များက အလောင်းများ   ဖျောက် ဖျက် ခဲ့သည်ဟု ဆိုသည် ကို နိုင်ငံတော် သမ္မတ အကြံပေးအဖွဲ့ မှ ဦးရဲထွဠ်က လက်မ ခံနိုင်ကြောင်းလို့ ပြောထားပါတယ်။

ဦးရဲထွဠ် က ဒီလိုအလောင်းဖျောက်တဲ့ ဟာကို သူတို့ က တစ်ဘက်က ကြားစကားနဲ့   ပြော တာ ဖြစ်ပါ တယ်လို့ ပြော ထားတာရှိပါတယ်။ ကျွန်တော်ပြောချင်တာက မာန်ဇီ ရခိုင်း သချိုင်းမှာ အလောင်းတွေကို စစ်ကားနဲ့ တင်လာပြီး ဒီအတိုင်းအစုလိုက် အပြုံလိုက်စုပြီးမြုတ်တာကို မျက်မြင်သက်သေ ရှိပါတယ်၊၄င်း မျက်မြင် သက်သေ များကို HRW က စစ်ဆေးပြီးပါပြီ၊ နောက်ပြီး စစ်တွေ ပွိုင့် ကမ်းနားမှာ ရိုဟင်ဂျာ အလောင်းတွေကို ဓါတ်ဆီလောင်း မီးရှို့ အလောင်းဖျောက်တာ ရှိပါတယ်။

ရခိုင်သမိုင်းလေ့လာလိုသော မြန်မာတိုင်းရင်းသားများအတွက် ရခိုင်ပြည် သမိုင်းအကျဉ်း





အချုပ်အခြာအာဏာပိုင် ရခိုင်ဘုရင့်နိုင်ငံတော်
(ဘီစီ- ၃၃၂၅ မှ အေဒီ- ၁၇၈၄)

ပထမ ဓည၀တီခေတ် (ဘီစီ- ၃၃၂၅ မှ ဘီစီ-၁၅၀၇)
ဒုတိယ ဓည၀တီခေတ် (ဘီစီ- ၁၅၀၇ မှ ဘီစီ- ၅၈၀)
တတိယ ဓည၀တီခေတ် (ဘီစီ- ၅၈၀ မှ အေဒီ- ၃၂၆)

ဝေသာလီ ကျောက်လှေကားခေတ် (အေဒီ- ၃၂၇ မှ အေဒီ ၈၁၈)

လေးမြို့ခေတ် (အေဒီ- ၈၁၈ မှ ၁၄၃၀)
- ပဉ္စာမြို့ (အေဒီ ၈၁၈ မှ အေဒီ- ၁၁၀၃)
- ပထမပရိန်မြို့ (အေဒီ- ၁၁၀၃ မှ အေဒီ- ၁၁၂၃)
- ဒုတိယပရိန်မြို့ (အေဒီ- ၁၁၂၃ မှ အေဒီ- ၁၂၅၀)
- လောင်းကြက်မြို့ (အေဒီ- ၁၂၅၀ မှ အေဒီ- ၁၄၀၄)

အင်းဝဘုရင် မင်းခေါင် သိမ်းပိုက်၍ ရခိုင်ဘုရင် မင်းစောမွန် အနောက်ဘင်္ဂလားပြည် သူရတန်ဘုရင်ထံ ခိုလှုံစဉ်ကာလ (အေဒီ- ၁၄၀၄ မှ အေဒီ ၁၄၂၉)

ရခိုင်နယ်မှ မွတ်ဆလင်များ ၊ ဌေးလွင်ဦး




RB News
13.5.2013

ရခိုင်နယ်ရှိ အစ္စလာမ် သာသနာကို သက်ဝင် ယုံကြည်တဲ့ မွတ်ဆလင် သာသနာ ၀င်တွေကို အုပ်စု သုံးစု အဖြစ် တွေ့နိုင် ပါတယ်။

(၁) ရိုဟင်ဂျာ လူမျိုး အစ္စလာမ် သာသနာ ၀င်များ
(၂) ကမန် (ရခိုင် တပ်မတော်မှ ဆင်းသက် လာတဲ့ မျိုးဆက်) အစ္စလာမ် သာသနာ ၀င်များ
(၃) ရခိုင် ဧရိယာ အတွင်း ဗမာ မျိုးဆက် အစ္စလာမ် သာသနာ ၀င်များ ဖြစ်ပါတယ်။

ရခိုင် နယ်ကြီး ထဲမှာ ရိုဟင်ဂျာ လူမျိုးဟာ မူလ ဘူတ လူမျိုး ဖြစ်ပြီး-၊ သူတို့ဟာ အေဒီ ၈ ရာစု လောက်မှာ အစ္စလာမ် သာသနာ ကို စတင် လက်ခံ ခဲ့ပြီး- အေဒီ ၁၁ ရာစု လောက် မှာမှ လူမျိုး စုလိုက် အစ္စလာမ် သာသနာ ထဲကို အလုံး အရင်းနဲ့ လက်ခံ သွားသူ များဖြစ် ခဲ့တယ်။ ရှေးဦး ရခိုင် နယ်က မင်းဆက် များဟာ ရိုဟင်ဂျာ များ ဖြစ်ပြီး-၊ မင်းစဉ် မင်းဆက် တို့ရဲ့ အမည် နာမများ၊ ဘုရင့် သမိုင်း မှတ်တမ်း ကျောက်စာ များ ကို ရိုဟင်ဂျာ ဘာသာ စကားနဲ့ ရေးထိုး မှတ်တမ်း တင်ခဲ့ခြင်း ဖြစ်တယ်။

ကမန် လူမျိုးစု အဖြစ် ဖြစ်တည် လာတဲ့ လူမျိုး ထဲမှာ မွန်ဂို စစ်သည်များ၊ မူလ ဘူတ ရိုဟင်ဂျာ များ၊ ရှေးဦး ဗမာ မျိုးနွယ် ရခိုင် သားများ ရောနှော ပါဝင် ခဲ့ပါတယ်။

Friday, May 10, 2013

အိန္ဒိယဘုရင်ရုပ်ကြွင်း ရန်ကုန်တွင်ဆက်ထားမည်


Friday, May 10, 2013

ရန်ကုန်မြို့တော်တွင် ရှိသည့် အိန္ဒိယနိုင်ငံ မဂိုအင်ပါယာ၏ နောက်ဆုံးဘုရင်ဖြစ်သော ဘဟာဒူး ရှားဇဘား၏ ရုပ်ကြွင်းကို အိန္ဒိယနိုင်ငံသို့ ပြန်လည် သယ်ဆောင်မည် မဟုတ်ဘဲ မြန်မာနိုင်ငံတွင် သာ ဆက်လက်ထားရှိ သွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယသံအမတ်ကြီး H.E. Mr. Sailas Thangal က The Voice   သို့ ပြောကြား သည်။

အိန္ဒိယအခြေစိုက် သတင်းမီဒီယာများတွင် ပျံ့နှံ့နေသော အိန္ဒိယနိုင်ငံရေး ပါတီများက မြန်မာနိုင်ငံတွင် ရှိသော အိန္ဒိယ ဘုရင်၏ရုပ်ကြွင်းကို ပြန်လည် တောင်းဆိုသွားမည်ဟု သတင်းများ ထွက်ပေါ်နေမှုကို ၄င်းက ယင်းသို့ ငြင်းဆို လိုက်ခြင်း ဖြစ်သည်။

Wednesday, May 8, 2013

လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ်တစ်မျိုးသည် ဆေးမတိုးတော့သော ရောဂါပိုးသစ်

လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ်တစ်မျိုးသည် ဆေးမတိုးတော့သော ရောဂါပိုးသစ် တစ်မျိုးဖြစ်ပြီး AIDS ရောဂါပိုးထက် ပို၍ ဆိုးရွားစေနိုင်သည့် အလားအလာ ရှိကြောင်း အမေရိကန်ပြည်ထောင်စုမှ ဆရာဝန်များက သတိပေးပြောကြား ထားသည်။
အဆိုပါ ရောဂါပိုးကို လွန်ခဲ့သော နှစ်နှစ်က ဂျပန်နိုင်ငံရှိ ပြည့်တန်ဆာ အမျိုးသမီး တစ်ဦးထံမှ ပထမဆုံး ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ၎င်းရောဂါပိုးသည် ခုခံအားကျဆင်းမှုကို ပို၍ဖြစ်ပွား နိုင်ခြေ ရှိကြောင်း အမေရိကန် အမျိုးသား လိင် ကျန်းမာရေး ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့မှ ဝီလျံစမစ်က သတိပေး ပြောကြားခဲ့သည်။
 
 
Aye Chan Mon
Liked · 23 minutes ago

AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး ဆရာဝန်များ ရှာဖွေ တွေ့ရှိ

လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ်တစ်မျိုးသည် ဆေးမ တိုးတော့သော ရောဂါပိုးသစ် တစ်မျိုးဖြစ်ပြီး AIDS ရောဂါပိုးထက် ပို၍ ဆိုးရွားစေနိုင်သည့် အလားအလာ ရှိကြောင်း အမေရိကန်ပြည်ထောင်စုမှ ဆရာဝန်များက သတိပေးပြောကြား ထားသည်။

မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ဦးဝီရသူထံ ပေးစာ

photo.
မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ဦးဝီရသူထံ ပေးစာ

ဦးဇင်းဟောတဲ့ တရားတွေက မွတ်စလင်မ်တွေကို စော်ကားတဲ့ မတရားဟောတဲ့ တရားလိုဖြစ်နေပါတယ်။
ဦးဇင်းကိုမေးချင်တာက ဘုန်းကြီးဝတ်မယ်ဆိုရင် လောကီစိတ်တွေ အကုန်ဖြတ်ရမယ်ဆိုတာ ဘုန်းဘုန်းလဲသိမှာပါ
ဘာကြောင့် ဘုန်းဘုန်းက လောကီစိတ် မကုန်သေးပဲ သူများအချစ်ရေး အချစ်ကို အချစ်ရာကို စိတ်ဝင်စားရတာလဲ?
တကယ်ဆို လက်ထပ်တာက
နှစ်ဦးသဘောတူမှ ဖြစ်တာပါ။
ဘာသာမတူ သူများ ချစ်ကြိုက်ပြီး လက်ထပ်တယ်ဆိုတာက သူတို့တစ်ယောက်ကို တစ်ယောက် အသက်ထက်ချစ်မြတိနိုးလို့ပါ။
ဗုဒ္ဓဘာသာဝင်မိနိးမတစ်ယောက်က လက်ထပ်ပြီး အစ္စလာမ်ဘာသာကိုပြောင်းတာဟာ သျှောင်နောက်ဆံထုံးပါသလို ဖြစ်နိုင်ပြီး သူအစ္စလာမ်ဘာသာကို ယုံကြည်လို့ပါ။
ယုံကြည်မှုမရှိပဲ ဘာမှလုပ်လို့မရပါဘူး။
လက်ထပ်ပြီး ဗုဒ္ဓဘာသာကနေအစ္စလာမ်ဘာသာကိုပဲ ကူးပြောင်းကျတာလား မဟုတ်ပါဘူး အစ္စလာမ်ဘာသာကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းသွားတဲ သူတွေလဲအများကြီးပါ သူတို့ရဲ့ ယုံကြည်ချက်ပါ။့
် သူတို့လူအခွင့်အရေးဖြစ်လို့ ဘုန်းဘုန်းနဲ့ဘာမှမဆိုင်ပါ။
ဘုန်းဘုန်းပြောသလို မိဘနဲ့အဆက်အသွယ်ဖြတ်တယိဆိုတာကတော့ အဓိပါယ်မရှိဘူး ထင်ပါတယ်။
သွေးက စကားပြောပါတယ်။
တကယ်လို့ မိဘနဲ့အဆက်အသွယ် မလုပ်ဘူးဆိုတာက မိဘကဘာသာမတူတဲ့လူနဲ့ လက်ထပ်လို့ သူ့ကို စိတ်ကုန်သွားပြီလို့ ထင်လို့ ဖြစ်နိုင်ပါတယ်။
ဘယ်သူကမှ ကို့မိဘနဲ့မတွေ့ရဘူးလို့ ပိတ်ပင်ထားလို့မရပါဘူး။
ပြီးတော့ အစ္စလာမ်ဘာသာမှာ အတင်းအကျပ် အစ္စလာမ်ဘာသာထဲ ဝင်ခိုင်းတယ်ဆိုတာ မရှိပါဘူး။
ကုရ်အာန်ထဲမှာကိုက အဲ့လို အတင်းအကျပ်ဝင်ခိုင်းခြင်းကို တားမြစ်ထားပါတယ်။

ဗလီဝတ်ကျောင်းတော်တွေဟာ ရန်သူ့နယ်မြေဖြစိလို့ ဖျက်ဆီးရင် ငရဲမကြီးဘူးလ်ို့ ဘုန်းဘုန်းပြောခဲ့တယ်နော်။
ဘုန်းဘုန်းအနေနဲ့ ဘုရားကျမ်းစာတွေ အများကြီး ဖတ်မှတ်ဖူးမှာပါ။
မြတ်စွာဘုရားက ဘာသာမတူတဲ့ လူတွေဟာ ရန်သူလို့ သတ်မှတ်ခဲ့ပါသလား?
ဘာသာမတူတဲ့ လူတွေရဲ့ ဘာသာအဆောက်အအုံတွေကို ဖျက်ဆီးရင် ငရဲမကြီးဘူးလို့ ပြောခဲ့ပါသလား?"
မပြောခဲ့ဖူးဆိုရင် ဘုန်းဘုန်းကသာသနာနဲ့မသတ်ဆိုင်တဲ့ ဘုရားမဟောတဲ့စကားတွေပြောနေတော့ သင်္ဃာဝိနည်းနဲ့မညီပါ။ဦးဇင်းဟောတဲ့ တရားတွေက ဂေါတမဘုရားရဲ့ တရားတွေနဲ့ လွှဲချေိာနေတယိဆိုတော့ ဦးဇင်းက မြတ်စွာဘုရားကို မယုံကြည်သလို ဖြစ်မနေဘူးလား
မြတ်စွာဘုရားကိုယ်တိုင်က INDIAနိုင်ငံသား ကုလားလူမျိုးပါ မြတ်စွာဘုရားကသာ ဘာသာမတူလို့ ဘုန်းဘုန်းလိုသာ မတရားဟောတဲ့ တရားတွေ ဟောခဲ့မယ်ဆိုရင် ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာမှာတောင် ပေါ်လာခဲ့မှာမဟုတ်ဘူးဆိုတာ ဘုန်းဘုန်းနားလည်မယ် ထင်ပါတယ်။

ဗလီဝတ်ကျောင်းတော်တွေတည်ဆောက်တယ်ဆိုတာက အစ္စလာမ်ဘာသာမှာ တစ်နေ့နမားဇ်ငါးကြိမ် ဖတ်ရမယ်လို့ ပြဌာန်းထားလို့ နမားဇ်ဖတ်ရန် တည်ဆောက်ခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာကသာ အဲ့လိုပြဌာန်းထားရင် ဘုရားစေတီတွေ နိုင်ငံတကာမှာ မြင်ရမယ်ဆိုတာ မြေကြီး လက်ခတ်မလွဲပါ။
ဗလီဝတ်ကျောင်းတော်တွေမှာ စစ်စခန်းရှိတယ် စစ်သင်တန်းတွေဖွင့်တယ်ဆိုတဲ့စကားကို လုံးဝငြင်းဆိုပါတယ်။
ကိုအမြတ်တနိုးထားရတဲ့ ဘာသာရေးအဆောက်အအုံမှာ ဘယ်သူကသွးမြေကျမယ့်ကိစ္စတွေကို ပြုလုပ်မှာလဲ ဘုန်းကြီးကျောင်းမှာ လူသတ်ပါသလား?
ဘုန်းဘုန်းအနေနဲ့ အဓိပါယ် မရှိ အစ္စလာမ်ဘာသာဝင်တွေကို မတရား မဟုတ်မမှန် လုပ်ကြံဇာတ် ခင်းပြီး
စော်ကားနေမယ့်အစား ဗုဒ္ဓဘာသာကို တိုးတက်အောင် လုပ်သင့်တယ်။

ကဲကဲ မစိုးရိမ်ကျောင်းတိုက် ဘုန်းကြီး ဝီရသူရေအမျိုးသားရေး လုပ်တာလဲ ကြည့်လုပ် ဦးဇင်းးက ဒီမှာ လုယက်နေပေမယိ့
မွတ်စလင်မ်နိုင်ငံတွေမှာ ကျွန်ခံနေတဲ့ ဗုဒ္ဓဘာသာဝင်တွေ ထမင်းငတ်တော့မယ်
အမျိုးသားရေးက သူတို့ကို ထမင်းကျွေးနေတာ မဟုတ်ဘူး။ဦးဇင်း
သဘောပေါက်သင့်နေပြီ။

ဘုန်းဘုန်း ဦးဝီ၇သူ ခင်ဗျား။ တပည့်တော် ကျနော်
လျှံထက်အောင် စာရေးလိုက်ပါသည်ဘုရား
တပည့်တော်က မုဒုံကပါ။ မလေးရှားနိင်ငံပီနန် မှာ
ဒူးရင်းသီးခြံမှာအလုပ်လုပ်နေရပါတယ်ဘုရား။
... တပည့်တော်တို့  ဆရာတော်ကြောင့်ဒုက္ခရောက်ကုန်ပါပြီဘုရား။
မလေးရှားက လူမိုက်လဲပေါပါတယ်ဘုရား။ ညနေတိုင်း
မလေးလူမိုက်တွေက တပည်တော်တို့ ကိုလာရန်စနေကြပြီဖြစ်ပါတယ်။ မင်းတို့ ငါတို့ မူဆလင်တွေကို သတ်လိုက်တယ်ဆိုပြီးလာရန်စတာကိုနေ့စဉ်ခံနေရပါတယ်။
ဈေးဆိုင်တွေကို တပည့်တော်တို့ မသွားရဲဘူးဘုရား။
မလေးမှာ မြန်မာ လူမျိုးယောက်ကျားမိန်းမ ၇ သိန်း ရှိပါတယ်။
ဦးဇင်းတို့  ဟိုကနေ အမျိုးသားရေး ဆိုပြီး အရမ်းမလုပ်ကြဖို့
တောင်းပန်ပါတယ်။ ဒီက အမျိုးသားတွေမျက်နာကိုလဲ ထောက်ပါဦး။
မိန်းကလေးတွေ မလုံခြုံတော့ဖူးဘုရား။ လောလောဆယ်မှာ ဦးဇင်းတို့ 
အမျိုးသားရေးက တမင်းကျွေး တာမဟုတ်ဘူး
တပည့်တော်တို့ ကမိသားစုတွေကို ထမင်းကျွေးနေတာ မလေးရှားမှာအလုပ်လုပ်သူတွေဖြစ်ပါတယ်ဘုရား။
ဦးဇင်းတို့  အမျိုးသားကောင်းစားရေး လုပ်ခြင်တယ်ဆိုရင်
ဦးဇင်းတို့ လူထွက်ပြီး မိန်းမ ယူကြပါ။
အလုပ်လုပ်ကြပါ။ ကလေးများများမွေးပါ။

တပည့်တော် က မွန် လူမျိုး ဗုဒ္ဒဘာသာ ပါဘုရား။
ဗုဒ္ဒဘာသာစစ်ပါ။ ဗုဒံ္ဒသရဏံဂစ်ဆာမိ ၃ ကြိမ် ဆိုပါတယ်။
မူဆလိမ်မဟုတ်ပါဘုရား။
မလေးရှားက မြန်မာ တွေ တချက်ထည်းနဲ့သေကုန်နိင်တယ်ဆိုတာဦးဇင်း ခေါင်းထဲမှာ တချက်လောက်ညှာတာစိတ်လေး၇ှိပါနော်။
တပည့်တော်တို့  မူဆလင်နိင်ငံမှာ လာပြီး ကျွန် ခံ နေတာ
ဦးဇင်းတို့ ဗမာ တွေမကောင်းလို့ ဆိုတာ သိပါနော်။
ဦးဇင်းတို့ တပ်မတော်ခေါင်းဆောင်အညာသားတွေ
မကောင်းလို့ ဆိုတာပေါက်တယ်နော်ဦးဇင်း။

လျှံထက်အောင်(ပီနန်း)

မလေးရောက် ရွှေမြန်မာတစ်ဦးက
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်း အနေအထားကြောင့် သူ့ရဲ့ဘ၀လုံခြုံမှု ကင်းမဲ့လာရတဲ့အတွက် ဒီလို ရင်ဖွင့်ထားပါတယ်
ဝီရသူရေ ခင်ဗျား မွှေတဲ့ မီးက ပြည်ပမှာ ကျွန်လို အလုပ်လုပ်နေရတဲ့
ကျုပ်တို့  ကို အနေကြပ်တော့မယ်ဗျ။
ရွှေတွေဆိုရင် မူစလင်တွေက မကြည်တော့ဘူးလေ။
မလေးရှားမှာ ရွှေ ၆ သိန်း အလုပ်လုပ်နေတာ ခင်ဗျားသိမှာမဟုတ်ဘူး။
ခင်ဗျား က သူများချက်ကျွေးတာ ဦးဦးဖျားဖျားစားပြီး ဆောက်ပြသနာရှာနေတာ။
ဆောက်လုပ်လုပ်ဘူးတာ မဟုတ်ဘူး။ လေပါတယ်။
ဘရူနိင်းမှာရွှေ ၃ သောင်းရှိတယ်။ ဒူဘိုင်းမှာ တော့ မပြောနဲ့တော့။
အခု အင်ဒိုကကိစ္စ ခင်ဗျားဘာပြောမလဲ။
ခင်ဗျား ကြောင့်ကျူပ်တို့ အနေကြပ်ကုန်ပြီ။
ရွှေဓါတ်ကြိုးတွေလဲ သတိထားကြဗျာ။
(လုပ်သားမောင်-ခေတ္တမလေးရှား)
အမုန်းမြို့တော်မှ စိမ်းညို့ရှင်
မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ဦးဝီရသူထံ ပေးစာ

ဦးဇင်းဟောတဲ့ တရားတွေက မွတ်စလင်မ်တွေကို စော်ကားတဲ့ မတရားဟောတဲ့ တရားလိုဖြစ်နေပါတယ်။
ဦးဇင်းကိုမေးချင်တာက ဘုန်းကြီးဝတ်မယ်ဆိုရင် လောကီစိတ်တွေ အကုန်ဖြတ်ရမယ်ဆိုတာ ဘုန်းဘုန်း လဲသိမှာပါ
ဘာကြောင့် ဘုန်းဘုန်းက လောကီစိတ် မကုန်သေးပဲ သူများအချစ်ရေး အချစ်ကို အချစ်ရာကို စိတ်ဝင်စားရတာလဲ?
တကယ်ဆို လက်ထပ်တာကနှစ်ဦးသဘောတူမှ ဖြစ်တာပါ။
ဘာသာမတူ သူများ ချစ်ကြိုက်ပြီး လက်ထပ်တယ်ဆိုတာက သူတို့တစ်ယောက်ကို တစ်ယောက် အသက်ထက်ချစ်မြတိနိုးလို့ပါ။

ဗိုလ်ချုပ်များ၏ ချုပ်ကိုင်မှု လျော့ရဲလာခြင်း (၁)


မာရီ ကလဟန်

မြန်မာနိုင်ငံသည် နိုင်ငံရေး အသွင်ကူးပြောင်းမှု ဖြစ်စဉ်ထဲမှာ ရောက်ရှိနေပြီး အဆိုပါ အသွင်ကူးပြောင်းမှု၏ အပြင်ပန်း ပုံသဏ္ဍန် အခြေအနေအရ ကုန်လွန်ခဲ့သော အနည်းဆုံး ရာစုနှစ်သက်တမ်း တ၀က်ခန့် အခြေအနေထက်စာလျှင် တိုင်းပြည်၏ အနာဂတ်နိုင်ငံရေးသည် “စိတ်ဝင်စားသူတိုင်း ၀င်ရောက်နိုင်သောနေ ရာ” ဖြစ်လာနေသည်။ စစ်တပ်၏ တိုက်ရိုက်ချုပ်ကိုင်မှုကား ပြီးဆုံးသွားခဲ့ပြီ။ အနည်းဆုံးတော့ ခုအချိန်ထိ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

ထိပ်တန်း အစိုးရရာထူးကြီးများကို ကိုင်ထားသူများ၏ ကြန်အင်လက္ခဏာများကမူ သိသိသာ သာကြီး ပြောင်းလဲမှုများ မရှိသေး (ဤရာထူးကြီးများကို ကိုင်ထားသူများ သည် ယောက်ျားသားများ၊ ဗမာလူမျိုးများ၊ အငြိမ်းစားယူထားသော၊ သို့မဟုတ် တာဝန်ထမ်းဆောင်နေဆဲဖြစ်သော စစ်အရာရှိကြီးများ သာ ဖြစ်နေသေး) သည့်တိုင် အုပ်စိုးပုံအုပ်စိုးနည်းကို ပြောင်းလဲစေသော နိုင်ငံရေးအရ ချောမွေ့ပြေပြစ်မှု (အရှည်သဘော ရွေ့လျောပြောင်းလဲမှု) အသစ်တရပ် ရှိနေပါသည်။ စစ်တပ်၏ အခွင့်ထူးများ (ဆယ်စုနှစ်များနှင့် ချီ၍ “အမျိုးသား လုံခြုံရေး အမိန့်အာဏာ” အရ တည်ရှိခဲ့သော) ကို မမျှော်လင့်ဘဲ လွန်ခဲ့သော ၁၈ လ အတွင်းမှာ လျှော့ချခဲ့သည့်အပြင် ပွင့်လင်းသော နိုင်ငံရေးဖြစ်စဉ် တရပ် ပေါ်ပေါက်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုများကို အမျိုးသားရေး ခြိမ်းခြောက်မှုအဖြစ်လည်း သဘောမထားတော့ချေ။

ကသာရှိ ဂျော့အော်ဝဲလ်အိမ် ရှေးမူမပျက် ထိန်းသိမ်းမည်


နန်းသီရိလွင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ရှိ ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့အော်ဝဲလ်နေထိုင်ခဲ့ရာ ကိုလိုနီခေတ် အဆောက်အဦးကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များထံမှ သတင်းရရှိသည်။

ဂျော့အော်ဝဲလ်၏ နေအိမ်သည် နှစ်ပေါင်းများစွာ လျစ်လျူရှုထားခြင်းခံခဲ့ရရာမှ ပြီးခဲ့သည့် ဧပြီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး လာရောက် လည်ပတ်ခဲ့ပြီးနောက် ပြုပြင်ထိန်းသိမ်းရန် မှာကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရ ရာဇသံကို ငြိမ်းချမ်းရေး တပ်ဖွဲ့ များက စုပေါင်း ဆန့်ကျင်


ဖြူဖြူကို
အစိုးရ တပ်ဖွဲ့ များသည် ဟပ်ကြီး ရေကာတာကို အကြောင်းပြပြီး ငြိမ်းချမ်းရေး ရယူ ထားသော ကရင် လက်နက်ကိုင် များအား စစ်ဆင် ပါက စုပေါင်း ခုခံ သွားမည် ဖြစ်ကြောင်း ယမန်နေ့ မေလ (၆) ရက်နေ့၌ ကျင်းပ ခဲ့သော ပြည်တွင်း သတင်းထောက် များအား ခေါ်ယူ တွေ့ဆုံ ပွဲတွင် ကရင် ငြိမ်းချမ်းရေး အဖွဲ့များက ထုတ်ပြန် သွားပါသည်။

“ အစိုးရ တပ်ဖွဲ့ဟာ မေလ (၄) ရက်နေ့ ည (၁၂) နာရီ နောက်ဆုံး ထားပြီး ဆုတ်ခွာ ခိုင်းတယ်။ DKBA အနေနဲ့ ဘယ်လိုမှ ဆုတ်ခွာလို့ မဖြစ်တော့ဘူး။ ဒါကြောင့် အစိုးရ ဖက်က စစ်ဆင် လာလို့ ရှိရင် ပြန်လည် ခုခံဖို့ဘဲ ရှိတော့တယ်ဟု DKBA ၏ကလို့ ထူးဘော အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုပါသည်။
အဆိုပါ တွေ့ဆုံပွဲကို ကရင်ပြည်နယ် မြ၀တီမြို့ရှိ ကရင် ငြိမ်းချမ်းရေး ကောင်စီ၏ အထူး ဗျူဟာရုံးချုပ်တွင် ကျင်းပခဲ့ပြီး၊ ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA ) နှင့် ကရင် ငြိမ်း ချမ်းရေး ကောင်စီ တို့မှ ပြုလုပ် ခဲ့ခြင်း ဖြစ်ပါသည်။ DKBA သည် ဤကဲ့သို့ သတင်းထောက် အား ပြောကြား နေချိန်၌

Dalai Lama က ဘာသာရေး ခုတုံးလုပ်တဲ့ သတ်ဖြတ်မှု လက်မခံနိုင်လို့ပြော


ABC
မြန်မာနိုင်ငံက ​မွတ်စလင်လူမျိုးတွေကိုတိုက်ခိုက်တဲ့ ​နေရာမှာ ​ဗုဒ္ဓဘာသာ ​သံဃာတော်တချို့ပါဝင်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ​အခုလို ​ဘာသာရေးကို ​နံမည်ခံပြီး ​သတ်ဖြတ်တာဟာ ​လက်ခံလို့မရဘူးလို့ ​တိဘက်ဘုန်းတော်ကြီး ​Dalai ​Lama ​က ​ဝေဖန်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်နေတဲ့ပဋိပက္ခရဲ့ ​အခြေခံ ​အကြောင်းအရင်းဟာ ​ဘာသာရေးနဲ့ မဆိုင်ပဲ   ​နိုင်ငံရေးကြောင့် ​ဖြစ်တာဖြစ်တယ်လို့ ​ဘုန်းတော်ကြီး ​ဒလိုင်းလားမားက ​အမေရိကန်နိုင်ငံ ​မယ်ရီလန် ​တက္ကသိုလ်မှာ ​မိန့်ခွန်းပြောကြား ​စဉ်အတွင်း ​ပြောခဲ့တာဖြစ်ပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှု အစိုးရဘက်ဝှက်ဖဲ မရှိသင့်


သျှမ်းသံတော်ဆင့်

လာမည့်နှစ် သန်းခေါင်စာရင်းကောက်ယူရာမှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လူထုက စိတ်ဝင် စားနေတဲ့အချက်ကတော့ ဗမာလူဦးရေ အရေအတွက်ဘယ်လောက်၊ တိုင်းရင်းသားဦးရေဘယ်လောက် ရှိတယ်ဆိုတဲ့အချက်ဘဲဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် လူဦးရေ အရေအတွက် အပေါ် တဖက်တလမ်း မူတည် နေတာကြောင့်ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးချိန်ကစပြီး မြန်မာအစိုးရကနေ သန်းခေါင်စာရင်းကောက်ယူမှုတွေရှိခဲ့ဖူးပါတယ်။ လုပ်သားပြည်သူနေ့စဉ်သတင်းစာရဲ့ ဖော်ပြချက်အရ ၁၉၉၃ မှာ မြန်မာနိုင်ငံလူဦးရေ ၄၁.၂၀၄ သန်းရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ ဗမာလူဦးရေ ၂၈.၂၅ သန်းရှိတယ်လို့ဆိုထားတဲ့အတွက်ကြောင့် တနိုင်ငံလုံး ၆၈.၅၆% ရှိနေတာကိုတွေ့ရပါတယ်။ ဒါကြောင့် အဆိုပါစစ်တမ်း အရ ဗမာမဟုတ်သော တိုင်းရင်း သား လူဦးရေမှာ ၁၂.၉၅၄ သန်း ၃၁.၄၄ % ရှိနေတာတွေ့ရပါတယ်။

ဂျကာတာ သံရုံးဗုံး မသင်္ကာသူများကို အင်ဒိုနီးရှားရဲ ပစ်ခတ်ဖမ်းဆီး


ဧရာဝတီ
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သော စစ်သွေးကြွများ ပုန်းအောင်းနေသည်ဟု သံသယရှိသည့် နေရာတခုကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က စီးနင်းရှာဖွေစဉ် အပြန်အလှန် ပစ်ခတ်မှုတရပ် ယနေ့ ဖြစ်ပွားကြောင်း အင်ဒိုနီးရှားနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။

အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ယနေ့ မေလ ၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားခရိုင် Cigondewah ကျေးရွာတွင် မြန်မာသံရုံး ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူများ ခိုအောင်းနေနိုင်သည်ဟု ယူဆရသော နေအိမ်တခုကို စီးနင်းဝင်ရောက်စဉ် ပစ်ခတ်မှုများ အပြန်အလှန်

Tuesday, May 7, 2013

အင်ဒိုးနီးရှားနိုင်ငံမှ အစ္စလာမ်စစ်သွေးကြွများက မြန်မာနိုင်ငံအပေါ် ဂျီဟတ်ဘာသာရေးစစ်ပွဲ ဆင်နွှဲ မည်ဆိုသော သတင်း

 


အင်ဒိုးနီးရှားနိုင်ငံမှ အစ္စလာမ်စစ်သွေးကြွများက မြန်မာနိုင်ငံအပေါ် ဂျီဟတ်ဘာသာရေးစစ်ပွဲ ဆင်နွှဲ မည်ဆိုသော သတင်းများကို ပုဂ္ဂလိကသတင်းမီဒီယာများက သတင်းဖော်ပြကြသဖြင့် ပြည်သူများ ထိတ် လန့်မှုများပေါ်ပေါက်နေပြီး အဆိုပါသတင်းဖော်ပြမှု သည် စာနယ်ဇင်းကျင့်ဝတ်နှင့်ကိုက်ညီမှု ရှိ၊ မရှိဝေဖန် သုံးသပ်ချက်များ ပေါ်ထွက်လာသည်။

မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲဆင်နွဲရန် အစ္စလမ် စစ်သွေးကြွဝါဒီအချို့ကဖော်ထုတ်ပြောဆိုပြီးနောက် မေလ ၃ ရက်နေ့က အင်ဒိုးနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ မြန်မာသံရုံးကိုချိန်ကိုက်ဗုံးနှင့် ဖောက်ခွဲရန် ကြံစည်ခဲ့သည်ဟု သံသယရှိသူ ၂ ယောက်ကိုဖမ်းဆီးမိပြီး လက်လုပ်ဗုံး ၅ခုကို ရှာဖွေတွေ့ရှိခဲ့သည် ဟု နိုင်ငံတကာ သတင်းဌာန များက ရေးသားဖော်ပြခဲ့ပြီး ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာများကလည်း အင်ဒိုနီးရှားနိုင်ငံ မှလာသော သတင်းများကို ကိုးကားပြီး မြန်မာနိုင်ငံအပေါ် ဂျီဟတ် ဘာသာရေး စစ်ပွဲပြုလုပ်ရန် လှုံ့ဆော်ဆန္ဒပြသည့်သတင်းနှင့် ဆန္ဒပြဓာတ်ပုံကို ဝေေ၀ ဆာဆာဖြင့်

ကန်နှင့်တရုတ် စစ်တလင်းကြားက မြန်မာ ရေးသားသူ- ဘာတေးလင့်တနာ




(Asia Time တွင် ပုံနှိပ်ဖော်ပြပြီးဖြစ်သော Myanmar morphs to US-China battlefield ဆောင်းပါးကို ခင်မေဇော်က ဘာသာပြန်ပြီး 7Days တွင် အခုတပတ် ဖော်ပြခဲ့သည့် သုံးသပ်ချက် ဆောင်းပါးဖြစ်သည်။)

မြန်မာနိုင်ငံက နိုင်ငံရေးအခင်းအကျင်းကို ပွင့်လင်းစေရန်အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ဆောင်နေချိန်မှာပင် သရုပ်မှန်များက ပေါ်ထွက်လို့လာနေပါပြီ။ တရုတ်နှင့် နီးကပ်လှသော ဆက် ဆံရေးမှ ဖယ်ခွာ၍ အနောက်ကိုလှမ်းနေသော မြန်မာနိုင်ငံ၏လုပ်ရပ်က အာရှအခင်းအကျင်း ကို ပြောင်း လဲလိုက်ကြောင်း ပြသလိုက်သဖြင့် ၀ါရှင်တန်နှင့် ဘေဂျင်းတို့၏ အကျိုးစီးပွားပဋိပက္ခ စတင်လာတော့သည်။

ထိုအခါ မြန်မာနိုင်ငံသည် အန္တရာယ်ကြီးသည့် အင်အားကြီးနှစ်နိုင်ငံတို့၏ အားပြိုင်မှု အကြား ရောက်နေ သည့်အဖြစ်ကို တွေ့ရနိုင်သည်။ ဤအခြေအနေအောက်တွင် အစဉ်အဆက် အာဏာကြီးခဲ့ သည့် မြန်မာ စစ်တပ်က နိုင်ငံရေးနှင့် လူမှုအသိုင်းအ၀ိုင်းအတွင်း ၄င်းတို့၏ ချုပ်ကိုင်မှုအခန်းကဏ္ဍကို အချိန်အတော်ကြာ ထိန်းသိမ်းထားဦးမည်ဟု ယူဆရသည်။

ELEVEN နေ့စဉ်ထုတ်သတင်းစာ ခေါင်းကြီးပိုင်း၊မြန်မာနိုင်ငံ ဂျီဟဒ်ဆင်နွ့မည့်သတင်း


 

ELEVEN နေ့စဉ်ထုတ်သတင်းစာမှာ ခေါင်းကြီးပိုင်း သတင်းဖြစ်နေတော့မဖတ်မိတဲ့သူတွေဖတ်ရအောင်တင်ပေးတာပါ။သတိထားစရာအနေနဲ့ပါ၊ကိုယ့်အမိ မြန်မာနိုင်ငံ ကြီး စုတ်ပြတ်သတ်သွားမှာ လုံးဝ မလိုလားပါ။

အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ သဘောထား ကြေညာချက် ၃/၂၀၁၃ ထုတ်ပြန်

 
မေလ- ၆ ၊ ၂၀၁၃
M-Media
အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ လက်ရှိဖြစ်ပေါ်နေသည့် ကိစ္စရပ်များအပေါ် သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်ကြေငြာလိုက်သည်။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
308618_575882749112866_1502430603_n

ရခိုင် အစီရင်ခံစာ နှင့် ပတ်သက်ပြီး သမ္မတ မိန့်ခွန်း မှ ကောက်နှုတ်ချက်

မေလ ၆၊ ၂၀၁၃
M-Media
ဆူးထက်
ယနေ့ ည(၈)နာရီ သတင်းတွင် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင် အစီရင်ခံစာနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ပြောကြားသည့် မိန့်ခွန်း မှ ကောက်နှုတ်ချက် များဖြစ်ပါသည်။
U Thein Sein
“ ပဋိပက္ခ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်က လက်ရှိအခြေအနေကို လက်တွေ့ကြတဲ့ နည်းလမ်းများနှင့် ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အဖွဲ့ အစည်းတစ်ရပ် ပေါ်ပေါက်လာရေးကို ရှေ့ရှုတဲ့ ဦးတည်ချက်များနှင့် လုပ်ဆောင်သွား မှာ ဖြစ်တဲ့ အကြောင်း ပြောကြားလိုပါတယ်။
ဒီမိုကရေစီ ဖော်ဆောင်တဲ့နေရာမှာ နိုင်ငံသားတိုင်း မိမိတို့ ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိစေရေးဆိုတဲ့ အချက်တွေကိုလည်း မဖြစ်မနေ တစ်ပါးတည်း ကြိုးပမ်း ဖော်ဆောင်နေခြင်း ဖြစ်ပါတယ်။ မတူညီတဲ့ ကိုးကွယ် ယုံကြည်မူတွေကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိဖို့အတွက် အခြေခံ အနှစ်သာရဟာ ဘာသာတရားအချင်းချင်း အပြန် အလှန်လေး

ထိုင်းနိုင်ငံမှ ကိုယ်ဝန်ဖျက်ချပေးသော ဆေးခန်းသို့ ၀င်ရောက်ဖမ်းဆီး



Monday, May 6, 2013

တစ်လောကလုံး မှောင်မဲနေသည်။ ဘာဆို ဘာမျှ မမြင်ရ မကြားရ...။ တစ်ခုတော့ သိသည်။ ဒါကတော့ ကျွန်တော့် တစ်ကိုယ်လုံး ကျပ်ကျပ် တည်းတည်းနဲ့ အိတ်လေး တစ်လုံးထဲမှာ နေနေရခြင်း...။ ကျွန်တော် ဒီအိတ်လေးထဲမှာ နေနေရတာ ၈လကျော် ၉လ ထဲရောက်နေပြီ....၊ တစ်ကယ်တော့ ဒီထဲမှာ နေရသည် လွယ်လှသည်တော့ မဟုတ်..၊ ဒုတ်ခအမျိုးမျိုးခံခဲ့ပြီး နေခဲ့ရတာ ဖြစ်သည်...၊ သို့သော် ကိစ္စမရှိ...၊ သိပ်မကြာခင် ကျွန်တော် ဒီကနေ ထွက်ရတော့မှာ ဖြစ်သည်...၊ ဒီ့အပြင်မှာ ဘာတွေရှိမလဲ..သိချင်စိတ်ကို မနည်းမျိုသိပ် ကြိတ်မှိတ်နေခဲ့ ရတာကြာပြီ... မကြာခင် အပြင်မှာ ဘာတွေ ရှိလဲ... ဘယ်လိုတွေ ဖြစ်နေလဲ ဆိုတာ ကျွန်တော် သိခွင့်ရတော့မည်....။

မည်သည့်ဘာသာဝင်မဆို ဗလီများအတွင်း ၀င်ရောက်လေ့လာခွင့်ပြု



by Yangon Press International (Notes) on Monday, May 6, 2013

(မော်ကွန်းမဂ္ဂဇင်းမှ သတင်းကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။)

ရန်ကုန်- မေ ၆၊ ၂၀၁၃ (မော်ကွန်း)

မြန်မာတစ်နိုင်ငံလုံးရှိအစ္စလာမ်ဘာသာဝင်များဘုရားရှိခိုးရာ ဗလီများအတွင်း မည်သည့်ဘာသာဝင်မဆို ၀င်ရောက်ကြည့်ရှုလေ့လာခွင့်ပြုထားပြီးဖြစ်ကြောင်း အစ္စလာမ်သာသာနာရေးကောင်စီဥက္ကဌဦး ညွန့်မောင် ရှိန် က မော်ကွန်းသို့အတည်ပြုပြောကြားသည်။


ယင်းသို့ ၀င်ရောက်ကြည့်ရှုလေ့လာခွင့်ပြုရာတွင် အစ္စလာမ်ဘာသာရေးအဖွဲ့များဖြစ်သော အိုလမာ အစ္စ လာမ့် သာသနာ ပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ်သာသနာရေးရာဌာနချုပ်၊ မော်လ၀ီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ လုံးဆိုင်ရာမြန်မာမွတ်စလင်(မ်) လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်၊ မြန်မာမွတ် စလင် အမျိုး သားရေးရာအဖွဲ့ချုပ်နှင့်သက်ဆိုင်ရာဗလီဂေါပကများထံ အကူအညီတောင်း ခံနိုင်ကြောင်း ယင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် ဥပဒေ ပြင်ဆင်ရေး ထိပ်ပိုင်း ခေါင်းဆောင်များ အကြား သဘောထား ကွဲလွဲခဲ့


---------------------------------------------------------
ယခု သတင်းကို www.facebook.com/pofpage မှ တင်ပြပေးလိုက်ပါသည်။

မူရင်း သတင်းအား http://www.photayokeking.org/hot-news/1176-top-leader-opinions-are-different-to-amend-the-constitutaion-to-be-president-for-dassk တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။

မကြာသေးမီကလေးကမှ အစိုးရနဲ့ လွှတ်တော်ရှိ အနိုင်ရပါတီ USDP (ကြံ့ဖွံ့) ထိပ်ပိုင်း ခေါင်းဆောင် များအကြား တွင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ဥပဒေပြင်ဆင်ရေးအတွက် သဘောထား ကွဲလွဲခဲ့ကြောင်း စစ်ဖက်နီး စပ် သူများက သတင်း ပေးပို့လာပါတယ်။

မြန်မာနိုင်ငံအား ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ဖေါ်ဆောင်ရာတွင် သဘောထားချင်း တူတာတွေ ကို ပေါင်းစပ် လုပ်ကိုင်သွားကြဖို့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စတင် တွေ့ဆုံကတည်းက သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦး တွေ့ဆုံခဲ့စဉ် နှစ်ဦးနှစ်ဖက် အပြန်အလှန် ကတိကဝတ်ပြုမှု တနည်းအားဖြင့် စီးပွားရေး စကားအရ ပြောရရင် အပေးအယူ ရှိမှုဟာ သိမ်မွေ့နက်နဲပြီး လျှို့ဝှက်ခဲ့တာမျိုး ရှိကောင်းရှိနိုင်ပါတယ်။

Monday, May 6, 2013

မြန်မာပြည်ရှိ မွတ်စလင်များအား တိုက်ခိုက်နေခြင်းကို ပြင်းထန်စွာ ရှုံ့ချခြင်း

BMA ကြေငြာချက် ၂၀၁၃ မေလ ၄ ရက်



၁။ အစ္စလာမ်သာသနာနှင့် မြန်မာနိုင်ငံသားမွတ်စလင်များကို စော်ကားနှိမ့်ချသော စာရွက်စာတန်းများ၊ ဗီဒီယိုခွေများကို ဖြန့်ချိခြင်း၊ တရားပွဲများ ကျင်းပပြုလုပ်ခြင်းများကို ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မကြုံစဖူး များပြားစွာ နိုင်ငံနှင့်တဝှမ်း ပြုလုပ်လာကြသည်။

၂။ ခလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုပါမကျန် မြန်မာမွတ်စလင်များကို နှုတ်ဖြင့်စော်ကားမှု၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ လုယက်မှု၊ မီးရှို့မှုစသည့် ရာဇဝတ်မှုများသည်လည်း မြန်မာ့သမိုင်းတွင် အများဆုံးစံချိန်တင်အောင် ဦးသိန်းစိန်အစိုးရ လက်ထက်မှာမှ ဖြစ်ပွါးလျှက်ရှိသည်။

အေးချမ်းစွာ ယှဉ်တွဲနေထိုင်ဖို့ ဆိုတာ .......Myo Set




Multiculturalism ဆိုတာလေးကို တနေ့ က မြန်မာပြည်က လူကြီး တယောက် ပြော သွားတာ ကြား လိုက်ပါတယ်။ ဟုတ်ကဲ့ .. Multiculturalism ဆိုတာ လိုရင်းတို ရှင်း ပြောရရင်တော့ လူ့ အသိုင်း အဝိုင်းတစ်ခု ထဲမှာ လူမျိုး၊ ဘာသာ မတူညီတဲ့သူတွေ အတူတကွ ယှဉ်တွဲနေထိုင်ခြင်း ဖြစ်ပါတယ်။

.

နိုင်ငံတနိုင်ငံမှာ မတူညီတဲ့ လူမျိုး၊ ဘာသာဝင်တွေ အေးချမ်းစွာ ယှဉ်တွဲနေထိုင်ဖို့ ရာမှာ ထပ်ရောက်လာတဲ့ ခိုလှုံသူတွေဟာ မူလရှိရင်းစွဲ ဒေသခံများနဲ့ သဟဇာတ ဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒီလို ရွှေ့ပြောင်းလာတဲ့ ခိုလှုံသူတွေရဲ့ အလေ့အထ အမူအကျင့်တွေဟာ မူလဘူတ ဒေသခံများအတွက် လက်မခံနိုင် စရာ ဖြစ်နေ မယ်ဆိုရင်ဖြင့် မလိုလားအပ်တဲ့ လူမျိုးရေး၊ ဘာသာရေး ပြဿနာများ ဖြစ်ပွားမှုကို ဦးတည်စေ မှာ

ကိုနေမျိုးဝေ ဥက္ကဌ (မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ) က သံချောင်းခေါက်လိုက်ပြီ (သို့မဟုတ်) ဘာသာမဲ့ခေါင်းဆောင်တစ်ဦးရဲ့အသံ


Ar Mrat Khine


ဆက်တိုက်ဖြစ်ပေါ် လာသော ဘာသာရေး အခြေခံ ပဋိပက္ခများ နှင့် ပတ်သက်၍ ဆန်းစစ်ခြင်း
(၁) ပြတ်ပြတ်သားသားထောက်ပြမည် - - ပြတ်ပြတ်သားသားရေးမှာဖြစ်ပါတယ် ။ အချို့ကိစ္စတွေဟာ သိုသိုသိပ် သပ်လုပ်တာ ကောင်း တယ်ဆိုပေမဲ့ - - - ဒီကိစ္စမှာတော့ တိတိကျကျပြတ်ပြတ် သားသား ထောက်ပြမှဖြစ်ပါလိမ့်မယ်။ နို့မို့ဆို ရင် တအုံနွေးနွေးနဲ့ ကာလတာရှည် ဖြစ်နေပါလိမ့်မယ် ။ ထင်ထင်ရှားရှားပြတ်ပြတ်သားသား ရေးသား ခြင်းဖြင့် အနာကို မြင်သိလို့ ဆေးကုနိုင်မှာဖြစ်ပါတယ် ။
(၂) ဘာသာရေးအခြေခံအဓိကရုန်း - ဒီကိစ္စကို ပေါ့လျော့စေချင်တဲ့အတွက် လူမျိုးရေးမဟုတ်ပါဘူး ။ ဘာသာ ရေးမဟုတ်ပါဘူး ။ သာမန်ကိစ္စကနေ အကြီးအကျယ် ကျယ်ပြန့်ကုန်တာပါလို့ အာလူးဖုတ် လို့မရ ပါဘူး ။ တိတိကျကျ ပြောရမယ် ဆိုရင် ဘာသာရေးအခြေခံ အဓိကရုန်းလို့ ကျနော်က ရဲရဲကြီးပြောဆိုပါတယ် ။ အဲသလို ဘာသာရေးအခြေခံ အဓိကရုန်းဟာ အန္တရာယ်ကြီးမှန်းသိပေမဲ့ လိမ်နေလို့ မရတော့ပါဘူး ။
(၃) စတင်ရာဒေသ - စတင်ခဲ့တာကတော့ ရခိုက်ဒေသကဖြစ်ပြီး ရခိုင်နဲ့ဘင်္ဂါလီကိစ္စလို့ မြင်လို့

သမ္မတပါတီအချို့ တွေ့ဆုံဆွေးနွေး၊ ကုရ်အာန်အား ပြင်ဆင်ရန်လည်း ပါတီတစ်ခုမှ ဆွေးနွေးခဲ့


 

၂၀၁၃ ခုနှစ်၊ မေလ (၆) ရက် | TEOL

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် ပြည်တွင်းရှိနိုင်ငံရေးပါတီများ၏ တာဝန်ကိုယ်စားလှယ်များနှင့် ယမန် နေ့ က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားပါတီ (၈)ခုနဲ့၊ နိုင်ငံရေးပါတီ (၁၀)ခုတို့မှ တက်ရောက်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတော့ တွေ့ဆုံရန် ဖိတ်ကြားခြင်းမခံရ၍ တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ အလားတူပင် ပြည်ခိုင်ဖြိုးပါတီတို့မှလည်း တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရပြီး မည်သည့်အကြောင်း ကြောင့် တက်ရောက်ခြင်းမရှိသည်ကိုလည်း မသိရသေးပါ။

တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန်မှ ပါတီတစ်ခုကို (၅)မိနစ် ပြောဆိုခွင့်ပေးခဲ့ပြီး ပြည်သူဗဟိုပြုစနစ်ဖြင့်

“ မွတ်စ်လင်မ်ဆိုတာ အကြမ်းဖက်သူများမဟုတ်၊ လုံခြုံရေးအကာအကွယ်ပေးသူများဖြစ်ကြောင်းသက်သေ ”




မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်များ ဗုဒ္ဓဘာသာအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်မီးရှို့သတ်ဖြတ်တာကို မရှုမလှခံနေရတဲ့အချိန်မှာတောင် မွတ်စ်လင်မ်နိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေကို လုံခြုံရေးအကာအကွယ်ပေးရန် အစ္စလာမ်နိုင်ငံအစိုးရများက သဘောတူကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ပြောကြားချက်ကို The Messenger ဂျာနယ်တွင် ဖတ်လိုက်ရပါသည်။

အင်ဒိုနီးရှားနိုင်ငံဆိုလျှင် မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သူ (ဖောက်ခွဲသူမဟုတ်သေးသူ)နှစ်ဦးအား အင်ဒိုနီးရှား အကြမ်းဖက်တိုက်ခိုက်မှု နှိမ်နှင်းရေးအဖွဲ့က မေလ(၂)ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း

ရခိုင်ပြည်နယ်အတွင်းနေထိုင်အားလုံးအားနိုင်ငံသားဟုတ်မဟုတ် စိစစ်ရာတွင် U N နှင့်နိုင်ငံတကာအဖွဲ့ အစည်းများအား အသိသက် သေထား၍ပြီးပြတ်အောင် စိစစ်ကောက် ယူသွားမည်။


















ရခိုင်ပြည်နယ်အတွင်းနေထိုင်အားလုံးအားနိုင်ငံသားဟုတ်မဟုတ်
စိစစ်ရာတွင် U N နှင့်နိုင်ငံတကာအဖွဲ့ အစည်းများအား အသိသက်
သေထား၍ပြီးပြတ်အောင် စိစစ်ကောက် ယူသွားမည်။
===============
(၃၀ - ၄ - ၂၀၁၃ ) ကြေးမုံသတင်းစာစမျက်နှာ(၂၄) ကျောမျက်နှာဖုံးအဆက်---စာမျက်နှာ (၉) ၊ ကော်လံ(၁)
ဒုက္ခသည်မိသားစုများ အမိုးအကာရောက်အောင် လူနေအိမ်အမြန်တည်ဆောက်
ပြည်နယ်အတွင်နေထိုင်သူအားလုံး နိုင်ငံသားဟုတ်မဟုတ်သက်သေထားစီစစ်ကောက်ယူ
…………..   နိုင်ငံသားစိစစ်ရေးကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်ရှိ ဒုက္ခသည်အပါအ၀င် ရခိုင်ပြည် နယ် အတွင်း နေထိုင်သူအားလုံးအား နိုင်ငံသားဟုတ်၊ မဟုတ် စိစစ်ရာတွင် အခက်အခဲ မျိုးစုံကြုံတွေ့ ရမည်ဖြစ်သော် လည်း နှစ်ဖက် ရပ်မိရပ်ဖများ U N နှင့်နိုင်ငံတကာအဖွ့အစည်းများအား အသိသက်သေ ထား၍ပြီးပြတ်အောင် စိစစ်ကောက် ယူသွားမည်ဖြစ်ပါကြောင်း။
အထက်ပါအတိုင်းဒေါက်တာစိုက်မောက်ခန်းက အစည်းအဝေးတွင်တင်ပြသည် ကိုကြေးမုံသတင်းစာ ကိုတင်ပြပါသည်။

Friday, May 3, 2013

ရခိုင်အရေးအခင်း ပြစ်မှုကျူးလွန်သူတွေ အရေးယူရေးကိစ္စ ကုလကိုယ်စားလှယ် စိုးရိမ်


Thursday, May 02, 2013

 
ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာပါ တိုက်တွန်းချက် တချို့ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားက ကြိုဆိုလိုက်ပြီး အကြမ်းဖက်မှုတွေမှာ လူ့အခွင့်အရေးချိုးဖောက်သူတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့ကိစ္စ မပါဝင်တဲ့အပေါ်တော့ စိုးရိမ်ပူပန်မိတယ်လို့ မစ္စတာ ကင်တားနားက ပြောလိုက်ပါတယ်။

ကျောက်ဖြူ ဒေသခံများက သမ္မတ နှင့် CNPC ကို ၁၂ ချက် တောင်းဆို


ကျောက်ဖြူ ဒေသခံများက သမ္မတ နှင့် CNPC ကို ၁၂ ချက် တောင်းဆို
Friday, May 03, 2013

စစ်တွေ(မဇ္ဈိမ)။ ။ ရခိုင်ဒေသ လူမှုအဖွဲ့အစည်းများ အပါအဝင် ကျောက်ဖြူမြို့နယ် ကျေးရွာ ၂၀ နီးပါးမှ ကိုယ်စားလှယ်တို့က တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာဒေသ နစ်နာမှုများ အတွက် တောင်းဆိုချက် ၁၂ ချက်အား နိုင်ငံသမ္မတနှင့် တရုတ် CNPC ကုမ္ပဏီတို့ထံ မေလ ၂ ရက်နေ့က
တောင်းဆိုလိုက်ကြသည်။

မတ်လ ၁၅ ရက်မှ ၁၇ ရက်နေ့ထိ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့သည့် ဒေသခံများ တွေ့ဆုံဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များကို ယနေ့တွင် အတည်ပြု ထုတ်ပြန်
တောင်း ဆို လိုက်ခြင်း ဖြစ်သည်။

Memory Stick မှာ Virus ကိုက်လို့ ပျောက်နေတဲ့ File တွေကို ဘယ်လို ပြန်ဖော်မလဲ


Friday, May 03, 2013
https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-snc6/270821_569742859733023_2096106590_n.jpg

ဒီတစ်ခါ ကျွန်တော် တင်ပေးလိုက်တာက…တစ်ခါတစ်လေ memory stick တွေမှာ virus ကိုက်လို့ folder တွေ လုံးဝပျောက်နေတာကို ပြန်ဖော်တဲ့ နည်းလေးပါ။။။။ သိပြီးသားလူတွေလည်း ရှိမှာပါ..ဒါပေမယ့် မသိသေးတဲ့ ဘော်ဘော်တွေ အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာဖြစ်ပါတယ်…
….အားလုံး အဆင်ပြေပါစေဗျာ…..

ပထမဆုံးအနေနဲ့ memory stick ကို ကွန်ပျူတာနဲ့ ဆက်လိုက်ပါ… ဒီနေရာမှာ တစ်ခု သတိထားရမှာက အဲဒီ stick ကို ဖွင့်တဲ့ အခါ My Computer ကို double click နဲ့ မဖွင့်ဘဲ right click – Open နဲ့ပဲ ဖွင့်ပါ။ ဘာလို့လဲ ဆိုတော့ ပိုပြီး လုံခြုံ အောင်အတွက်ပါ။