New 1
Now Main menu , Sub menu taps on test
ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာ တို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု သတင်းရရှိသည်။
Thursday, March 28, 2013
မန်္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များမှ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးမှုနှင့် ပျက်စီးဆုံရှုံးမှုစာရင်း ပေါင်းချုပ်
 ၂၀-၃-၂၀၁၃ ရက်နေ့မှ ၂၈-၃-၂၀၁၃ ရက်နေ့ ၁၈၀၀ ချိန်ထိ နေပြည်တော်ကောင်စီနယ်မြေ၊ မန်္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များမှ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးမှုနှင့် ပျက်စီးဆုံရှုံးမှုစာရင်း ပေါင်းချုပ်
-ရဲဇာနည် - ရဲတပ်ဖွဲ့လူမှုကွန်ယက်စာမျက်နှာမှ ထုတ်ပြန်ချက်
d
ဇီးကုန်းမြို့ ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများက ဖျက်ဆီး
မတ်လ ၂၇၊ ၂၀၁၃
M-Media
KK
zingon
ဇီးကုန်း ။ ။ ပဲခူးတိုင်း ဇီးကုန်းရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ယနေ့ ၂-နာရီဝန်းကျင်က လာရောက်ဖျက်ဆီးနေကြောင်းသတင်းရရှိသည်။
ဇီးကုန်းရှိ မွတ်စလင်မ်အိမ်များနှင့် တစ်လုံးတည်ရှိသော ဗလီအား အကြမ်းဖက်သမားများမှ ဖျက် ဆီးနေကြောင်း၊ ဗလီအားဖျက်ဆီးရာတွင် ကြံ့ခိုင်ရေးအဖွဲ့သားများ ပါဝင်နေကြောင်း၊ ဗလီအား ဘူဒိုဇာဖြင့် တိုက်ဖျက်လိုက်ခြင်းကြောင့် ဗလီပျက်ဆီးသွားပြီဖြစ်ကြောင်း၊ မွတ်စလင်မ်အိမ် တော်တော် များများလည်း ပျက်စီးသွားပြီဖြစ်ကြောင်း၊ အိမ်များအား ဆက်လက်ဖျက်ဆီးနေကြကြောင်း၊ လာရောက် ဖျက် ဆီးနေကြသော    အကြမ်းဖက်သမားများမှာ ၅၀၀ ခန့်ရှိသည်ဟု သိရသည်
မုန်တိုင်းကြီးမတိုက်ခင်က မိတ္ထီလာ
(Geofferey Hiller မှ ကိုယ်တွေ့ဖြစ်ရပ်အား ရင်ဖွင့်တင်ပြသည်။)
ဘာသာပြန် – M-Media
ပြီးခဲ့တဲ့လက ကျနော်မြန်မာပြည်ရောက်တော့ နေပြည်တော်နဲ့ မန္တလေးအကြား မြန်မာပြည်အလယ်ပိုင်းက မိတ္ထီလာမှာ ရက်အနည်းငယ် နေခဲ့ပါတယ်။ တောင်ငူကနေ ကားစီးလာလိုက်တာ ကားက ကြက်တွေ၊ ၀ါးစည်းတွေ နဲ့အတူ လူအပြည့်ပါပဲ၊ မိနစ်နည်းနည်းလေးမောင်းလိုက် လူစောင့်တင်လိုက်နဲ့ သွားနေ တာကြောင့် မိုင် ၁၅၀ ခရီးကို ၈ နာရီလောက်ကြာသွားတယ်။
ရောက်တဲ့နေရာမှာပဲ အိပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တာကြောင့် ဟိုတယ်ကြီးကြီးတစ်ခုမှာ ဘွတ်ကင် လုပ်ကြည့်ပေမယ့် လူပြည့်နေတာကြောင့် မရတော့ဘူး။ ရန်ကုန်ဘက် လည်း ပြန်မလှည့် ချင်တော့ဘူး၊ မန္တလေးလည်း ဆက်မသွားချင်တာကြောင့် မိတ္ထီလာကို သွားဖြစ်တယ်။ အဲဒီမှာတော့ ဟိုတယ်ခန်း အလွတ်တွေ
Wednesday, March 27, 2013
Rule Of Law (တရားဥပဒေ စိုးမိုးရေး)
Posted: 26 Mar 2013
မတ်လ၊ ၂၇ ၊ ၂၀၁၃
M-Media
ရေးသူ- ဥပဒေပညာရှင်တစ်ဥိး
law-and-justice-image1
ကမ္ဘာပေါ်တွင်မည်သည့်တိုင်းပြည်၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာမဆို  အေးချမ်းစွာနေထိုင်  ပြီး   ကောင်း မွန်သော စီးပွားရေးကို ရှာဖွေ စားသောက်ကာ နေထိုင်သော  လူကောင်း များရှိသကဲ့သို့  ပြစ်မှုများကို ကျူးလွန်သော လူဆိုးသူခိုးများလည်း ရှိပါသည်။ထိုလူဆိုး  သူခိုး ပြစ်မှုကျူးလွန်သူ  များကို သက်ဆိုင် ရာပြစ်မှုဆိုင်ရာဥပဒေများနှင့်အညီ  ပြစ်ဒဏ်ပေးခြင်းပြု လုပ်ရပါသည်။ ထိုပြစ်ဒဏ်  များထဲတွင် သေဒဏ်၊ ထောင်ဒဏ်၊ ငွေဒဏ် စသဖြင့် ကျူးလွန်သော   ပစ်မှုကိုလိုက်ပြီး အပြစ်ပေး  အရေးယူရပါသည်။ သို့မှသာ တရားဥပဒေ စိုးမိုးမှု(Rule of Law) ကို ဖြစ်စေပါသည်။ မည်သည့်ဘာသာဝင် တစ်ဦးတစ်ယောက်(သို့)လူတစ်စုက  ပြစ်မှုများ (မုဒိန်းမှု၊ ခိုးမှု၊ ရိုက်နှက်မှု) စသည့်  တို့ကျူးလွန်သဖြင့် ထိုသူတို့နှင့်ဘာသာတူသည့် သူများ၏  အသက်၊အိုးအိမ်၊စည်းစိမ်၊ဘာသာသာသနာ အဆောက်အဦးတို့ကို ဖျက်ဆီးခြင်းမပြု  လုပ်ရပါ။ ထို သို့ ပြုလုပ်သူများသည်ပင်လျှင် ပြစ်မှုများ ကျူးလွန် သူများဖြစ်ပြီး  ဥပဒေပါ အတိုင်း အရေယူဆောင်ရွက်မှသာ တိုင်းပြည်၏ တရားဥပဒေစိုးမိုးမှု (Rule  of Law) ဖြစ်ပေါ်လာမည်သာဖြစ်ပါသည်။
မိမိတို့ နိုင်ငံသည်ဒီမိုကရေစီ ခေတ်သို့ ဦးတည်လျှောက်လှမ်းနေသော  နိုင်ငံဖြစ်ပါသည်။(ဒီမိုကရေစီ ဆိုသည်မှာ အခွင့်အရေးရှိ သလို  တာဝန်များလည်းရှိသည်။)  မည်သည့် ဥပဒေတွင် ဖြစ်စေ   အခွင့် အရေးနှင့်တာဝန် ၂ ရပ် ပူးတွဲ  တည်ရှိနေပါသည်။ နိုင်ငံ သားတိုင်း    အခွင့်အရေးရှိသလို  လိုက်နာရမည့် တာဝန်ဝတ္တရားများလည်းရှိသည်။  ၂၀၀၈ ခုနှစ် ပြည်ထောင် စု မြန်မာနိုင် ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ  ၆ (င) တွင် “နိုင်ငံတော်သည် …. နိုင်ငံတော်၌ တရားမျှတခြင်း၊  လွတ်လပ်ခြင်း နှင့် ညီမျှခြင်း တည်း ဟူသော လောကပါလတရားများ  ပိုမိုထွန်း ကားရေး…..တို့ ကို အစဉ်တစိုက်ဦးတည်သည် ” ဟု ပြဌာန်း  ထားပါသည်။
ပုဒ်မ ၃၆ဝ (က) တွင် “ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ်ဆောက်တည်မှု သည်စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ အခြားလောကီရေးရာ ဆောင်ရွကမှုတစ်ခုခုနှင့်ဆက်စပ်နေပါက ပုဒ်မ ၃၄ ပါ ဘာသာ သာသနာရေးဆိုင်ရာ  လွတ်လပ်ခွင့်များတွင် မပါဝင်စေရ၊”
ပုဒ်မ ၃၆ဝ (ခ)တွင် “ ထို့ သို့ ဘာသာသာသနာရေးနှင့် စပ်လျဉ်း၍ လွတ်လပ်သော  အခွင့်အရေးများ ကို ပေးထားသော်လည်း အများပြည်သူအကျိုးကိစ္စနှင့်  ပြုပြင်ရေးကိစ္စတို့  အတွက်   နိုင်ငံတော်၏ ဥပဒေပြု ခြင်း ကို မတားမြစ်ရ။”
ပုဒ်မ ၃၆၁ တွင် “ နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏  ဂုဏ်ထူး ဝိသေသနနှင့်ပြည့်စုံ သည့်ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က  အသိအမှတ်ပြုသည်။”
ပုဒ်မ ၃၆၃ တွင် “နိုင်ငံတော်သည် အသိအမှတ်ပြု ထားသော ဘာသာသာသနာများကို  တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။”
ရာဇသတ်ကြီး ပုဒ်မ ၂၉၅ အရ ။  ။- လူတစားကိုးကွယ်သည့်ဘာသာသာသနာကို  စော်ကားရန် အကြံဖြင့်ဖြစ်စေ၊ကိုးကွယ်ဝတ်ပြုသော နေရာကိုသော်၎င်း၊  အထွဋ်အမြတ်ထားသော အရာဝတ္ထုကိုသော်၎င်း၊ ဖျက်ဆီးခြင်းသည်၊ သို့ တည်းမဟုတ်  ပျက်စီးနစ်နာစေခြင်းသည်၊သို့ တည်းမဟုတ် ယုတ်ညံ့စေခြင်းသည်၊ ထို  ဘာသာသာသနာကို စော်ကားသည်ဟု လူတစားက ယူဆ တန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ  မည်သူမဆို၊ ထိုလူတစားက ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ်ဝတ်ပြု သော  နေရာကိုသော်၎င်း၊ အထွဋ်အမြတ်ထားသောအရာဝတ္ထု ကို သော်၎င်း၊ ဖျက်ဆီးလျှင်၊  သို့ တည်းမဟုတ် ပျက်စီးနစ်နာစေ လျှင်၊သို့ တည်းမဟုတ် ယုတ်ညံ့စေလျှင်၊   ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊  ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။
ရာဇသတ်ကြီးပုဒ်မ ၂၉၅ (က) ။  ။ ပြည်ထောင်စု နိုင်ငံတော်တွင် နေထိုင်သော  လူတစား၏ဘာသာရေးစိတ် ကို နာကြည်းစေရန် တမင်မသမာသော အကြံဖြင့် မည်သူမဆို၊  စကားဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဌာန်ဖြင့် ဖြစ်စေ၊ထို  လူတစားကိုးကွယ်သည့် ဘာသာသာသနာကို သော်၎င်း၊ ဘာသာသာသနာရေးယုံကြညမှုကိုသော်၎င်း၊ စော်ကား လျှင်၊ သို့  တည်းမဟုတ် စော်ကားရန်အားထုတ်လျှင်၊  ထိုသုကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
ရာဇသတ်ကြီး ပုဒ်မ ၂၉၆။  ။ ဥပဒေနှင့်အညီ ဘာသာသာသနာရေးဆိုင်၇ာ  ကိုးကွယ်ဝတ်ပြုခြင်းပြုနေသော၊ သို့ တည်းမဟုတ် ဘာသာသာသနာရေးဆိုင်ရာ  အခမ်းအနားကို ကျင်းပနေ   သော   အစုအဝေး တခုခုအား မည်သူမဆို၊ မိမိအလိုအလျောက်  အနှောင့်အယှက်ဖြစ်စေလျှင်၊ ထိုသူကို တနှစ်ထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊  ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
အခြေခံဥပဒေ ၂၁ (က)   ။နိုင်ငံသားတိုင်းသည် ဤဖွဲ့ စည်းပုံ  အခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည့် တန်းတူညီမျှ အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေး တို့ ခံစားခွင့်ရှိသည်။
၂၁(ဂ) ။  ပြည်သူတို့ ၏အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ သည်  နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်သည်။
ဘာသာသာသနာတစ် ရပ်ရပ်အား ထိခိုက်ပုတ်ခတ်စော်ကားသော ဟောပြောမှု  ထိုဟောပြောသော တရားခွေ VCD / DVD ခွေများကို တရားမဝင် လွတ်လပ်စွာ  ရောင်းချဖြန့် ဖြူး နေမှု များသည် နိုင်ငံတော်အားဆူ ပူအုံကြွမှုဖြစ်ပေါ်စေရန် အဓိကလှုံ ဆော်ဆောင်ရွက်မှု အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။  ထို ဆောင်ရွက်ဖြန့် ဖြူး ချက် များကို နိုင်ငံတော်အစိုးရ  ( ပြည် ထဲ   ရေး  နှင့် ဘာသာရေးဝန်ကြီး ဌာန ရဲ အရာရှိများ၊ တရားစီရင်ရေးဆိုင်ရာ  တရားရုံးများ)နှင့် တကွ တာဝန်သိ ပြည်သူတစ်ရပ်လုံးမှ ဝိုင်းဝန်းဖော်ထုတ်ဟန့် တား အရေးယူ   ဆောင်ရွက်   ပေးမှ သာလျှင်  နိုင်ငံသားတို့ ၏ အသက် အိုးအိမ်စည်းစိမ်၊  ဘာသာသာသနာ အ ဆောက်အဦးတို့ အား ကာကွယ်စောင့် ရှောက်နိုင်မည်ဖြစ်ကြောင်း  နှင့် ကမ္ဘာအလယ် တွင် လူ့ အခွင့် အရေး ကို လေးစားလိုက်နာသော  နိုင်ငံတစ်ခုအဖြစ် သိက္ခာရှိစွာ ရပ်တည်နိုင်မည်ဖြစ်ပါသည်။
မိတ္ထီလာမြို့၊မင်္ဂလာဇေယျုံရပ်ကွက်ရှိ ဟေမာယ သွလ်အစ္စလာမ်ကျောင်းမှရှဟီဒီများစာရင်း နှင့်အခြား မီးလောင်မှုမြင်ကွင်း …
မင်္ဂလာဇေယျုံရပ်ကွက်ရှိ ဟေမာယသွလ်အစ္စလာမ် အရဗီကျောင်းမှ အာလင်မ်တန်း ကျောင်းသား ဟာဖီးဇ် မိုဟမ္မဒ် အိဟ်သိရှာမ်း (ဘ) ဟဇရသ် မောင်ဝ်လာနာ ဟာဖီးဇ် နူးရွလ်ဟာက် အပါအ၀င် ကျောင်းသား (၂၈)ယောက် ရှဟီဒီ ဖြစ်ပါကြောင်း…
ဆရာများဖြစ်သော
(၁) မောင်ဝ်လာနာ မိုဟမ္မဒ် ရှဖီး (၄၅)နှစ် ၀န်းကျင်
(၂) မောင်ဝ်လာနာ ဇက္ကရီယာ (၄၀)နှစ် ၀န်းကျင်
(၃) မွတ်ဖ်သီ ၀ါဂျစ်ဗ် (၃၀)နှစ် ၀န်းကျင်နှင့် အခြား(၁)စုစုပေါင်း ဆရာ (၄)ပါးနှင့် ကျောင်းသား (၂၈)ယောက်မှာ ယနေ့ မတ်လ (၂၁)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၁၁)နာရီအချိန်က ရှဟီးဒ်ဖြစ် ကွယ်လွန်သွားပါတယ်။မင်္ဂလာဇေယျုံရပ်ကွက်မှ ယင်းစာသင်ကျောင်းအား ယမန်နေ့ကတည်းက မီးရှို့ဖျက်ဆီးခံရတဲ့အဆောက်အဦများအနက် အကြီးမားဆုံး နေရာဖြစ်ပါတယ်။ ညပိုင်း (၉)နာရီကျော် အချိန် ကတည်းက ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သော်လည်း အကြမ်းဖက်သမားများဟာ ညလုံးပေါက် လွတ်လပ်စွာဖြင့် အကြမ်းဖက်မှုများအား ကျူးလွန်ခဲ့ပါတယ်။ ကျနော် နောက်ဆုံး အဆက် အသွယ်ရချိန်ဟာ မနေ့ည (၃)နာရီကျော်နေပါပြီ။ ထိုအချိန်အထိ အကြမ်းဖက်မှုများအား အရေးယူမှု မရှိခဲ့သောကြောင့် မင်္ဂလာဇေယျုံကျောင်းမှ ကျောင်းသားများအား အနီးရှိ ဗုဒ္ဓဘာသာ ၀င် အိမ်မှ တူအရွယ် သားအရွယ် လူမမယ်များအား သံယောဇဉ်ဖြစ်နေခြင်းကြောင့် စာနာစိတ်ဖြင့် မိမိအိမ်တွင် ခေါ် ယူကယ်ဆယ်ထားခဲ့ပါတယ်။ မနက် (၄)နာရီကျော်မှာ ကျောင်းမှာ မီးလောင်ပြာကျသွားပြီးနောက် အကြမ်းဖက်သမားများ အလျှိုအလျှို   ပျောက်ကွယ်သွားကြပါတယ်။
မနက်ခင်း (၆)နာရီခွဲလောက်မှာတော့ ကယ်ဆယ်ထားသည့် အိမ်တွင် ကျောင်းသားများနဲ့ ဆရာများ   နှစ်ခြိုက်စွာ အိပ်မောကျနေစဉ် အကြမ်းဖက်သမားများ ပြန်လည်စုရုံးရောက်ရှိလာခဲ့ပြီး ကယ်ဆယ်ထား သည့် ဗုဒ္ဓဘာသာအိမ်အား ၀ိုင်းထားလိုက်ပါတယ်။ ကျောင်းသားများကို ထုတ်ပေးရန် တောင်း ဆိုနေခြင်းကြောင့် ပိုင်ရှင်မှ အမျိုးမျိုး တောင်းပန်နေ ပါတယ်။   ကျောင်းသားများဟာ ငယ်ရွယ်သူ များဖြစ်ကြောင်း၊ တစ်နယ်တစ်ကျေးမှ မိဘများနှင့်ခွဲခွာ၍ လာရောက်သူများဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင် အိမ်ပိုင်ရှင်မှ တောင်းပန်းနေပါတယ်။
ထိုအချိန် (၇)နာရီအချိန်တွင် ကျောင်းသား ဟာဖီးဇ် မိုဟမ္မဒ် အိဟ်သိရှာမ်းနှင့် ဖုန်းပြောခဲ့ရကြောင်း သတင်းပေးပို့သူမှ ပြောပါတယ်။ ဒိုအာလုပ်ကြဖို့၊ မိမိတို့မှာ ထွက်မရကြောင်း၊ အိမ်ရှေ့တွင် စစ်တပ်များနောက်မှ လူထုက အော်ဟစ်နေကြောင်း၊ လက်တွင် မီးကွင်းများ ကိုင်၍ ပစ်မယ်လို့   အော်နေကြောင်း၊ တုတ်၊ ဓား၊ လေးခွများဖြင့် ကြိမ်းမောင်းနေကြောင်း၊ အိမ်နောက်တွင်လည်း တုတ်၊ ဓား၊ လှံချွန် လက်နက် ကိုင်ဆောင်ထားသူများ စုပြုံ၍ စောင့်စိုင်းနေကြောင်းများကို ဖုန်းမှတဆင့်   ပြောပြ ခဲ့ကြောင်း သတင်းပေးပို့သူက ပြောပါတယ်။
ထိုသို့ အခြေအနေအား စောင့်စိုင်းနေစဉ်မှာပင် အိမ်ခေါင်မိုးပေါ်သို့ မီးကွင်းများဖြင့် လှမ်းပစ်ကြပြီး စစ်တပ်နဲ့ လုံခြုံရေးများမှ တားဆီးမှုမရှိဘဲ ရပ်ကြည့်နေကြခြင်းကြောင့် အိမ်မှာ တခဏ အတွင်းမှာပင် မီးလောင်ကျွမ်း သွားခဲ့ရပြီး အိမ်တွင်းမှ ကျောင်းသားများကို ဆရာများမှ အသုတ်ခွဲ၍ အရဲစွန့်ကာ ထွက်ပြေးကြပါတယ်။
ပုရွက်ဆိတ်အုံမီးတိုက်သလိုဖြစ်ခြင်းကြောင့် အပူဒဏ်မခံနိုင်တဲ့ လူသားများမှာ အသက်ဘေးမှ လွတ်မြောက်ဖို့ ဘာမှမမြင်နိုင်တော့ဘဲ အိမ်ထဲကနေ ထွက်ပြေးကြစဉ် အပြင်မှ စောင့်နေသော အကြမ်း ဖက် သမားများက လှံနှင့်ထိုး၊ ဓားဖြင့်ခုတ်၊ တုတ်နှင့်ရိုက်ကြတာကို ဖြတ်ကျော်နိုင်ခဲ့ကြသလို အဝေး ပစ် ကုန်းသီးလောက်စာများဖြင့် အနည်းဆုံး အပစ်ခံကြရပါတယ်။
အနီးကပ် လက်နက်များဖြစ်တဲ့ လှံထိုး၊ ဓားခုတ်၊ တုတ်ရိုက်ခြင်းတို့အား မရှောင်နိုင်ဘဲ ထိခိုက်သွား သူတွေကိုတော့ မီးလောင်နေတဲ့ အိမ်တွင်းသို့ အဝေးမှ လွှဲမ၍ ပစ်ထည့်ခံကြရသလို၊ အပြင် မထွက် ရဲ၍ အိမ်တွင်းမှာပင် မီးသတ်က မီးအများကြီး မလောင်အောင် ငြိမ်းမှာပဲလို့ တွေးထင်အား ကိုယ်းမိကာ   မျှော်လင့်ရင်း မီးလောင်ခံ၍ သေဆုံးသွားသူများလည်း ရှိပါတယ်။
စုစုပေါင်း ဆရာ (၄)ပါးနှင့် ကျောင်းသား (၂၈)ယောက်မှာ ယနေ့ မတ်လ (၂၁)ရက်နေ့ မြန်မာ စံတော်ချိန် နေ့လယ် (၁၁)နာရီအချိန်က ရှဟီးဒ်ဖြစ် ကွယ်လွန်သွားခြင်းအား အတည်ပြုနိုင်ပြီဖြစ်ကြောင်း သတင်းပေးပို့လာပါတယ်။
မွတ်စလင်မ်များရဲ့ ရင်ထဲမှာ နာကျည်းစွာဖြင့် မတရား အနိုင်ကျင့် နှိပ်စက် သတ်ဖြတ်ခံနေရမှုတွေကို အရှင့်ထံမှာ ဒိုအာလုပ်ပေးကြဖို့ တိုက်တွန်းပါတယ်။
(အင်နာလစ်လားဟိ ၀အင်းနာ အိလိုင်းဟိ ရားဂျေအူန်း)
xxxxxxxxxxxxxxxxxxxxxxx
ယနေ့ နေ့လည် ၃း၀၀ နာရီတွင် လက်ခံရရှိသည့် မိတ္ထီလာသတင်း
======================================ရတနာမောင်ရပ်ကွက်မှာရှိတဲ့ ဗလီ ၊ ဒီနေ့ နေ့လည် ၂-နာရီ ကပဲ မီးရှို့ခံရ။ မနေ့ကတော့ ဟာဖိဇ်ကျောင်းသားနဲ့ အရပ်သား စုစုပေါင်း ၂၀-ကျော် သေဆုံးခဲ့ပြီး ဒီနေ့မနက် ၉-နာရီကနေ ၁၀-နာရီခွဲအထိ ၃၇-ယောက် သေဆုံး။ မိတ္ထီလာမှာ အရင်ကတည်းက ဗလီ (၁၃)လုံး ရှိ။ အခုတော့ ဗလီ (၃)လုံးသာ ကျန်။ဟာဖိဇ် = ကုရ်အာန်ကျမ်းအား အာဂုံဆောင်နိုင်သည့် လူပုဂ္ဂိုလ်M-Media သတင်းထောက်မှ တိုက်ရိုက်သတင်းပေးပို့သည်။
မီးရှို့ခံထားသောအလောင်းများလမ်း၌ ပုံထားသည်ကိုတွေ့ရပုံ …
လမ်းမပေါ်တက်ပြီး လူသေ မီးရှို့ထားရဲတယ်ဆိုထဲက ဘယ်လောက် လူစိတ်ကင်း တဲ့ တောကြောင်တွေ   ဖြစ်မလဲ …. ဆေးရုံမရောက်ရှာတော့ သူ့ခမြာ သေစာရင်းထဲ မဝင်နိုင်ရှာဘူး…. ဥပဒေကြောင်းအရ ခုထိ အသက်ရှိသေးတယ်… ပြန်ကြားရေးစာရင်းကတော့ သေတာ ၅ယောက်ထက် တက်လာဖို့ မရှိဘူး…..
ပဲခူးတိုင်း ကြို့ပင်ကောက်ရှိဗလီ၊အုတ်ဖိုရွာဗလီ၊ မွတ်စလင်မ်အိမ်များနှင့် ဆိုင်ခန်းများအား ဖျက်ဆီးနေ …
ပဲခူးတိုင်း ကြို့ပင်ကောက်ရှိ ဗလီနဲ့ မွတ်စလင်မ်အိမ်နှင့် ဆိုင်ခန်းများအား ဖျက်ဆီးနေ
==============
မတ်လ ၂၆၊ ၂၀၁၃
M-Media
ထွန်းတောက်ကြို့ပင်ကောက် ။  ။ ပဲခူးတိုင်း ကြို့ပင်ကောက်ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်နှင့် ဆိုင်ခန်းများကို ၂၅-ရက်ည (၁၁)နာရီခွဲခန့်မှစ၍ ဖျက်ဆီးနေကြောင်း သတင်းရရှိ သည်။ကြို့ပင်ကောက်ရှိ ဗလီနှင့် မွတ်စလင်မ် အိမ်များကို အကြမ်းဖက်သမားများက ၀င်ရောက်ဖျက်ဆီး နေကြောင်း၊ မွတ်စလင်မ် အိမ်(၃) အိမ်နှင့် ဈေးရှိ မွတ်စလင်မ်ဆိုင်များကို ဖျက် ဆီးနေကြောင်း သိရသည်။”မွတ်စလင်မ်အိမ် (၃)အိမ်ကို ဖျက်ဆီးပြီးလို့ ဈေးဘက်က မွတ်စလင်မ်ပိုင်ဆိုင်တွေကို ဖျက်ဆီးပါတယ်။ အခုတော့ ဗလီကို ဖျက်နေပါ တယ်။ အသံတွေကြားနေ ရပါ တယ်။ ကျွန်တော်ကတော့ အခု ဗုဒ္ဓဘာသာဝင် တစ်ယောက်အိမ်မှာ လာရောက်ပုန်းနေပါတယ်။ ကြို့ပင်ကောက်မှာက ဒီဗလီတစ်လုံးတည်းရှိတာပါ။ ဘာသာရေးစာ သင်ကျောင်း ကလည်း ဗလီအတွင်းမှာရှိပါတယ်။ မွတ်စလင်မ် အိမ်ခြေ(၁၅၀)နဲ့ လူဦးရေ (၄၀၀) ၀န်းကျင်လောက် သာရှိပါတယ်။”လို့ ပြောပြလာပါတယ်။
“နေ့လည် (၃)နာရီလောက်ကတည်းက သတင်းလွှင့်ထားတယ်။ ဒီညကို ၀င်မယ်။ မီးမရှို့ဘူး ဖျက်ပဲ ဖျက်မှာဆိုတာကို။ ထန်းကုန်းဘက်နေ လူအင်အား (၆၀)လောက်စုပြီး လာနေတယ်လို့ ထန်းကုန်း ဘက်က သတင်းပို့ထားတယ်။ အခုဖျက်နေတာက တစ်ခြားက လူစိမ်းတွေပါသလို ကြို့ပင်ကောက်က တချို့လည်းပါတယ်။ ကျွန်တော်ကတော့ အိမ်နဲ့အဝေးမှာ တိမ်းရှောင်နေ ပါတယ်။”လို့ M-Media ကို ပြောပြလာပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုရွာတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက် ဖျက်ဆီးနေ
=============
မတ်လ ၂၆၊ ၂၀၁၃ (ည ၁၂:၃၀)
M-Media
ဇာဏီ
ပဲခူး ။ ။ ပဲခူးတိုင်း၊ သာယာဝတီခရိုင် အုတ်ဖိုရွာတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို လွန်ခဲ့သော ၄၅-မိနစ်ခန့်မှစ၍ ဖျက်ဆီးနေကြာင်း သတင်းရရှိသည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုရွာရှိ ဗလီ၊ ဘာသာရေးစာသင်ကျောင်းနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းသမားများက ၀ိုင်းဝန်း ဖျက်ဆီးနေကြောင်းသိရသည်။
အုတ်ဖိုရွာတွင် ယခုအချိန်အတွင်း ဗလီကို ဖျက်ဆီးနေကြောင်း၊ ဗလီဘေးရှိ မွတ်စလင်မ်အိမ်နှင့်၊ ယင်းအိမ်ဘေးရှိ ဘာသာရေး စာသင်ကျောင်းအားလည်း ဖျက်ဆီးကြကြောင်း၊ ဗလီနှင့် အလှမ်းဝေးကွာ သည့် အခြား မွတ်စလင်မ်အိမ်များကိုလည်း လိုက်လံဖျက်ဆီးနေကြောင်း သိရသည်။
“လာဖျက်နေတာ အနီးအနားက ရွာကလူတွေတက်လာပြီး ဖျက်ကြတာပါ။ လာဖျက်နေကြတဲ့ အကြမ်းဖက်အုပ်စုက လူအင်အား ၁၀၀၀-လောက်ရှိတယ်။ ရဲနှင့် စစ်တပ်ရောက်လာပြီး စစ်တပ်က ပစ်မိန့်ရလို့ ပစ်နေပါတယ်။ ဒါပေမယ့် လူအင်အား များလွန်းတာကြောင့် စစ်တပ်လည်း မနိုင် လို့ နောက်ဆုတ်သွားတယ်။ ဗလီ၊ စာသင်ကျောင်း၊ အိမ် အားလုံးက အုတ်တိုက်တွေဖြစ်တယ်။ ဖျက်နေတဲ့ အိမ်မှန်သမျှက မွတ်စလင်မ်ပိုက်ဆံရှိတဲ့အိမ်တွေဖြစ်တယ်။”လို့ အုတ်ဖိုရွာမှ အခြေအနေကို မျက်မြင်တွေ့ရသူတစ်ဦးမှ ပြောပြလာပါတယ်။
အုတ်ဖိုရွာတွင် မွတ်စလင်မ်အိမ်ခြေ (၇၀)၀န်းကျင်၊ လူဦးရေ (၂၀၀)ကျော်ရှိပြီး ဗလီ(၁)လုံးနှင့်ဘာသာရေး စာသင်ကျောင်း(၁)ကျောင်းသာ တည်ရှိကြောင်းလည်း သိရသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Mosque and Muslim Houses destroyed at Oke Pho, Tharwadi District, Bago Division(26.3.2013, 12:30 am)
M-MediaZarniIt has been reported that the Mosque and Muslim properties in Oke Pho, Tharwadi District, Bago Division have been destroyed since 12 am.A mob has been destroying the Mosque, Madrasah (religious school) and houses owned by the Muslims.“People from nearby villages lead the mob. There are about 1000 people in the mob. Police and armed-forces were also there, but as the mob outnumbered, they retreated.” An eye-witness said to M-Media. There are about 70 Muslim houses with the Muslim population of approximately 200 people, a Mosque and a religious school at Oak Pho.
“နွား” သရမ်းကြီး လွတ်နေပြီ
“နွား” သရမ်းကြီး လွတ်နေပြီ 
 မောင်သမာဓိ 
RB News 
၂၀၁၃ ခုနှစ် မတ်လ (၃၁) ရက်က နီးကပ် လာပေပြီ။ သမ္မတ ဦးသိန်းစိန် ဖွဲ့စည်း ပေးခဲ့သည့် “ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်” က နောက်ဆုံး အစီရင် ခံစာကို တင်သွင်း တော့မည် ဖြစ်သည်။ သို့ရာ တွင် သမ္မတ ဦးသိန်းစိန်က နွားကု ဆရာ အေးမောင် တို့ကို ကော်မရှင် ထဲထည့် ထားသည့် အပြင် “တိုင်း ရင်းသား ဖြစ်နေ လို့ပါ”၊ “ဒီမိုက ရေစီ အပြောင်း အလဲ လုပ်ခါစ မို့လို့ပါ” ဆိုပြီး ၎င်းနွားကု ဆရာ အေးမောင် တို့ကို ကြမ်းချင် တိုင်းကြမ်း ရမ်းချင်တိုင်း ရမ်းခွင့် ပေးပြီး အလိုလိုက် အကြိုက်ဆောင် နေသဖြင့် အစီရင် ခံစာသည် ဘက်လိုက်မှု ကင်းဖွယ် မရှိပါ။ လူသတ် သမားကို ဂျူရီ လူကြီး လုပ်ခွင့် ပေးသဖြင့် အမှု မှန် ပေါ်ပေါက်ရန် ခဲယဉ်းမည် ဖြစ်သည်။ 
အာရ်ကန် (ခ) ရခိုင် ပြည်နယ် တွင်လူများစု ရခိုင်များတွင် အစွန်းရောက်သူ အချို့သည် လူစိတ် ပျောက်၍ အဟိတ် တိရစ္ဆာန် စိတ်ပေါက် နေသည်။ လူသာမက ဘုန်းကြီး အချို့ ပင်လျှင် သင်္ဃန်း ခါးတောင်း ကျိုက်ပြီး ရမ်းကား နေကြပြီ။ ယာခင်း ထဲသို့ နွားအုပ် ၀င်၍ ဖျက်သည့် ပမာ ရခိုင် အကြမ်းဖက် များက ရခိုင် ပြည်ကြီး၏ အလှကို နင်းချေ ဖျက်ဆီး လျက်ရှိသည်။ ယခုအခါ ရခိုင်အကြမ်းဖက်များကရခိုင်ပြည်နယ် ကိုကျော်၍ မြန်မာ ပြည်မ နှင့်အခြား ပြည်နယ်များ သို့ပင် လူမျိုးရေး ဘာသာရေး မုန်းတီးမှု များကို တင် ပို့ ဖြန့်ချီလျက် ရှိသည်။ 
ရခိုင် နွားကု ဆရာ အေးမောင် ဆိုသူက ၂၀၁၀ ခုနှစ်တွင် ရခိုင် တိုင်းရင်း သားများ တိုးတက်ရေး ပါတီ (ရတပ ၊ RNDP) ကိုထည်ထောင် သည့်အချိန် မှစ၍ ရခိုင် ဒေသကို မင်းမဲ့ဒေသ တစ်ခု အဖြစ်သို့ ပြောင်းလဲ ပစ်ခဲ့သည်။ “ရခိုင် ပြည်နယ် သည် ရခိုင် လူမျိုး အတွက်သာ ဖြစ်ရမည်”၊ “ရတပကို မဲမထည့် သူသည် ရခိုင် လူမျိုးနှင့် ရခိုင် ပြည်နယ်ကို သစ္စာ ဖေါက်သူ ဖြစ်သည်”၊ “ရခိုင် ပြည်နယ်တွင် ကုလား ကင်း ရှင်း စေရမည်” စသော အစွန်းရောက် လှုံ့ဆော် ကြွေးကြော်သံ များဖြင့် “၂၀၁၀ ရွေးကောက်ပွဲ သို့ ၀င်ရောက် ခဲ့သည်။ ရွေးကောက်ပွဲ ဥပဒေတွင် “လူမျိုး၊ ဘာသာ” ကိုအသုံးချ၍ မဲမဆွယ်ရဟု အတိ အ လင်း ပြဌာန်း ထားသော်လည်း “ရတပ” အစွန်းရောက် အကြမ်းဖက် များက ရှိသမျှ ဥပဒေ များ ကို ပြောင်ပြောင် တင်းတင်း တက်နင်း ချိုးဖောက် ခဲ့သည်။ ဗိုလ်သိန်းစိန်၏ ရွေးကောက်ပွဲ ကော်မရှင် က လည်း မည်သို့မျှ အရေးမယူ၊ ဤအတိုင်း လွှတ်ထား ခဲ့သည်။ သို့နှင့် “အဖ ရခိုင် နိုင်ငံတော် ကြီး” လွတ်မြောက်ရေး၊ ကုလား ကင်းရှင်းရေးကို လှမ်းမျှော်ပြီး ရခိုင် အစွန်းရောက် များက ရတပ နလပိန်းတုံး များကို မဲထည့် လိုက်ကြ တော့သည်။ ရတပ ကဥပဒေ ချိုးဖောက်ပြီး အနိုင် ရသည်ကို အောင်မြင်စွာ ကန့်ကွက် နိုင်ခဲ့သော ပေါက်တော မြို့နယ်မှ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ် လောင်းသုံးဦး ကိုကော်မ ရှင်က ပထမ အနိုင် ပေးခဲ့သည်။ သို့ရာတွင် နွားကု ဆရာ အေးမောင်တို့ အုပ်စုက ကော်မရှင် ကိုရော သမ္မတ ဦးသိန်းစိန်ကိုပါ ရှူးရှူးရှဲရှဲနှင့် ရမ်းဝှေ့ သဖြင့် နွားကု ဆရာ အေးမောင်တို့ အုပ်စုမှ လူရမ်းကား များကို အလိုလိုက်ကာ ပြန်ပြီး အနိုင် ပေးခဲ့သည်။ 
ရတပ ဦးဆောင်၍ “ပစ္ဆိမ ရပ်ဝန်း” ကဲ့သို့ အစွန်းရောက် မဂ္ဂဇင်းဖြင့် လှုံ့ဆော်၊ ကျောက်နီမော် ကိစ္စ ကိုဖန်တီး၊ တောင်ကုတ်မှာ (၁၀) လောင်းပြိုင် သတ်၊ ထို့နောက် ရခိုင် ပြည်အနှံ့ မွတ်စလင် များကို မီးလောင် တိုက်သွင်း ခဲ့သည်။ ရတပ ရခိုင်များ တောရိုင်း တိရစ္ဆာန် များအလား ရိုင်းစိုင်း ဖျက်ဆီး သည်ကို ဦးသိန်းစိန် အစိုးရက လွှတ်ထား ခဲ့သည်။ ပြည်တွင်း မီဒီယာများ၊ ပြည်ပ RFA, DVB, VOA, BBC  မြန်မာ ပိုင်း အစီအစဉ် များမှ မျက်ကန်း မျိုးချစ်များက ရခိုင်များ၏ ထိုသို့ ရိုင်းစိုင်းမှုကို ၀ိုင်းပြီး အားပေး အားမြှောက် ပြုခဲ့သည်။ 
“ရခိုင် ပဋိပက္ခ” သည် ရတပ နွားကု ဆရာ အေးမောင်တို့၏ လက်ချက် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က လွှတ်တော်သို့ သုံးသပ်ချက် စာတမ်းနှင့် တကွ လက်မှတ် ရေးထိုး သ၀ဏ်လွှာ ပို့သောအခါ နွားကု ဆရာ အေးမောင် တို့အုပ်စုက လွှတ်တော် ခန်းမထဲမှာ နွားရိုင်းအုပ် ၀င်သည့်နှယ် ရုန်းရင်း ဆန်ခတ် ဖြစ်အောင် လုပ်ပြီး သမ္မတနှင့် သမ္မတရုံး ၀န်ထမ်းများကို တက်နင်း မတတ် ၀ိုင်းအုံ ဆဲရေး တိုင်း ထွာ ရမ်းပြ ခဲ့သည်။ ထိုအခါ သမ္မတရုံးက သိက္ခာမဲ့ စွာပင် “သုံးသပ်ချက် စာတမ်းသည် သမ္မတ လက် မှတ် ရေးထိုး ပို့ပေးသည့် စာမဟုတ်ကြောင်း၊ မှားယွင်း သွားခြင်း ဖြစ်ကြောင်း” ပြောပြီး သုံးသပ်ချက် စာ တမ်းကို ပြန်ရုပ်သိမ်း ခဲ့သည်။ ရခိုင် အရိုင်းများကို ထိုမျှအထိ သရမ်းခွင့် ပေးခဲ့သည်။ 
နွားကု ဆရာအေးမောင်တို့ မာန်ဖီတိုင်း တွန့်ဆုတ်၍ သွားတတ်သော သမ္မတက အဆိုပါ နွားကု ဆရာ အေးမောင်နှင့် ပုလင်းတူ ဗူး စို့ဖက် ဦးအေးသာအောင် တို့ကို “ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်” ထဲဝင် သရမ်း ခွင့်ပေးထား ပြန်သည်။ ကော်မရှင်ထဲ ရောက် လျှင်ရောက် ချင်း ထိုအရိုင်း တစ် ရှဉ်းသည် စပိန် နွားရိုင်း ကဲ့သို့ နီနီမြင်တိုင်း ရမ်းဝှေ့ လေသည်။ နောက်ဆုံးတွင် အမှန်တ ရား ထောက်ပြ သူ နှစ် ဦးကို ကော်မရှင် ပြင်ပသို့ တွန်းဝှေ့ ပစ်ခဲ့ လေသည်။ စုံစမ်းရေး ကော်မရှင် ဆိုသော်လည်း အသေ အချာ ဘာမှ မစုံစမ်း၊ (၈) လကျော် အချိန်ဆွဲ ခဲ့သော်လည်း အမှန် တကယ် အခင်း ဖြစ်ပွား ရာ နေရာများ သို့မသွား၊ အမှန် တကယ် ထိခိုက် နစ်နာသူ များနှင့် မတွေ့၊ မုသား ၀ါဒီ အာဏာပိုင် များနှင့်သာ သွားတွေ့သည်။ သူတို့ စေရာသာ သွားခဲ့သည်။ ရွာလုံးကျွတ် နီးပါး အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရသော မြောက်ဦး မြို့နယ်မှ ယိုင်သည်ရွာ သို့ဆိုလျှင် ရောက်ပင် မရောက်။ မည်သူ မည်မျှ နစ်နာသည်ကို အသေ အချာ မလေ့လာ၊ ခုတစ်မျိုး၊ တော်ကြာ တစ်မျိုး သွေးရူး သွေးတန်း ပြောသော သမ္မတ ဦးသိန်းစိန်နှင့် အစိုးရ အဖွဲ့ကို အကာ အကွယ် ပေးရန်၊ ဘာသာတူ ဗုဒ္ဓ ဘာသာဝင် များ၏ ရာဇ၀တ်မှု များကို ဖုံးဖိရန်၊ ရိုဟင်ဂျာနှင့် ကမန် များ၏ နစ်နာချက်များ မပေါ်လွင် စေရန် အားထုတ် နေသည့် အဖွဲ့တစ်ဖွဲ့သာ ဖြစ်နေသည်။ ၎င်း၏ လက်အောက်ခံ သုတေသန အဖွဲ့ ဆိုသည် တို့မှာလည်း အများ အားဖြင့် ရိုဟင်ဂျာ များအား ချောက်တွန်းသော မေးခွန်း များကိုသာ မေးမြန်း သွားခဲ့ သည်။ ခြုံ၍ ပြောရ လျှင် အဆိုပါ ကော်မရှင်သည် ဘာမှ ဟုတ်တိ ပတ်တိ မစုံစမ်းသော စုံစမ်းရေး ကော်မ ရှင် ဖြစ်ပြီး ရခိုင် တစ်ရှဉ်း ကြိုးဆွဲရာ ကသော ရုပ်သေး အဖွဲ့တစ်ခု သာဖြစ်သည်။ 
လွှတ်တော် အသီးသီး မှာလည်း လွှတ်တော် ဥက္ကဌ အသီးသီးက နွားကု အေးမောင်တို့ အုပ်စုကို စိတ်ကြိုက် ရမ်းကားခွင့် ပေးထားသည်။ ရခိုင် ပဋိ ပက္ခ အကြောင်း ဆွေးနွေးရာ ရတပ ကိုယ်စားလှယ် တစ်ဦးက ရိုင်းရိုင်း စိုင်းစိုင်းပင် “ကုလား တွေကို သုတ်သင်ရာမှာ ဗမာတွေ ၀င်ကူတာ အားမရလို့ ရခိုင် တွေက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အပြတ် ချတာ” ဟုဦးရွှေမန်း ကိုတိုင်တည်ပြီး ရမ်းခဲ့သည်။ တဖန် အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ကလည်း နွားကု အေးမောင်အား ကုလား ကုလား ဟူသော အသံ ပဲ့တင် ခတ်နေသော “ရိုဟင်ဂျာ မျိုးဖြုတ် စီမံကိန်း” တစ်ခုကို တင်ပြ စေ၍ ရိုင်းစိုင်း ခွင့်ပေး ခဲ့သည်။ ဦးရွှေမန်းက နွားကု အေးမောင်၏ ရမ်းကား အုပ်စုဝင် ဦးမောင်ညိုအား “မြန်မာ နိုင်ငံမှာ သမိုင်းဝင် ကုလား ရှိသလား”၊ ဒေါ်ခင်စောဝေအား “မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ ရှိသလား” ဆိုသော မေးခွန်း များကို မေး ခွင့် ပြုပြီး အကျိုး အကြောင်း ဖော်ပြချက်တွင် အခြား လူမျိုး တစ်မျိုးအား စော်ကားသော၊ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အနေဖြင့် မပြော အပ်သော ရိုင်းစိုင်း ကြမ်းတမ်းသည့် စကား များကို ပြောဆို ခွင့် ပေးခဲ့ လေသည်။ 
တောင်ကုတ်တွင် ရတပ နွားကု အေးမောင်တို့ အုပ်စု၏ (၁၀) လောင်းပြိုင် လူသတ်မှုကို ဖော်ထုတ်ရန် ပထမ ရခိုင် စုံစမ်းရေး ကော်မရှင် တစ်ခု ဖွဲ့ခဲ့သော်လည်း မည်သည့် အစီရင်ခံစာ မျှမထုတ်ပြန်ခဲ့၊ ဘာ မှ ဖော်ထုတ် အရေးယူ ခြင်းမရှိခဲ့။ ကော်မရှင် ခေါင်းဆောင် ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဆိုသူက ရခိုင် နွား ကု အေးမောင် တို့ကို ဖြုံနေပုံ ရသည် (သို့မဟုတ်) သူတို့နှင့် ပုလင်းတူ ဗူးစို့ဘက် ဖြစ်နေ ပုံ ပေါ် သည်။ ယနေ့တိုင် ထိုရခိုင် လူရမ်းကား များကို ဆန့်ကျင်၍ တစ်လုံး တစ်ပါဒ မျှမဟသေး။ ယခု ပုဒ်မ ၁၄၄ ထုတ်ပြန် ထားဆဲ အချိန်၌ပင် ရခိုင် အစွန်းရောက် များအား ထောင်သောင်း ချီစုရုံး၍ သောင်းကျန်း ရမ်းကား ခွင့်ပြု နေဆဲ ဖြစ်သည်။ နေ့စဉ်နှင့် အမျှ မွတ်စလင်များ အပေါ် တိုက်ခိုက် ရမ်းကား ခွင့်ပြုနေ ဆဲရှိ သည်။ နွားကု ဆရာ အေးမောင်၊ သမိုင်းလိမ် ပညာရှင် ဒေါက်တာ အေးချမ်း၊ ဦးအေးသာအောင်၊ ဦးဇော်အေးမောင်၊ ဦးအောင်မြကျော်၊ ဦးဝိရသူ တို့ရွက်ကုန် ဖွင့်၍ မွတ်စလင်များ အပေါ် ရမ်းကားခွင့် ရနေဆဲ ရှိသည်။ ယခု ထွက်မည် ဆိုသည့် ဒုတိယ “ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်” ၏နောက်ဆုံး အစီရင် ခံစာသည် အထက်ပါ နွားကု အေးမောင်တို့ ရမ်းကားမှု၏ အကျိုး သက်ရောက်မှုမှ လွတ်ကင်း ဖွယ်မရှိ။ မြန်မာ နိုင်ငံတွင် နွားကု အေးမောင်တို့ အုပ်စုအား မွတ်စလင် များအား ရမ်းကားရန် လွှတ်ထား လေပြီ။ မြန်မာ နိုင်ငံမှာ “နွား” သရမ်းကြီး လွတ်နေပြီ ဖြစ်သည်။
မောင်သမာဓိ
RB News
၂၀၁၃ ခုနှစ် မတ်လ (၃၁) ရက်က နီးကပ် လာပေပြီ။ သမ္မတ ဦးသိန်းစိန် ဖွဲ့စည်း ပေးခဲ့သည့် “ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်” က နောက်ဆုံး အစီရင် ခံစာကို တင်သွင်း တော့မည် ဖြစ်သည်။ သို့ရာ တွင် သမ္မတ ဦးသိန်းစိန်က နွားကု ဆရာ အေးမောင် တို့ကို ကော်မရှင် ထဲထည့် ထားသည့် အပြင် “တိုင်း ရင်းသား ဖြစ်နေ လို့ပါ”၊ “ဒီမိုက ရေစီ အပြောင်း အလဲ လုပ်ခါစ မို့လို့ပါ” ဆိုပြီး ၎င်းနွားကု ဆရာ အေးမောင် တို့ကို ကြမ်းချင် တိုင်းကြမ်း ရမ်းချင်တိုင်း ရမ်းခွင့် ပေးပြီး အလိုလိုက် အကြိုက်ဆောင် နေသဖြင့် အစီရင် ခံစာသည် ဘက်လိုက်မှု ကင်းဖွယ် မရှိပါ။ လူသတ် သမားကို ဂျူရီ လူကြီး လုပ်ခွင့် ပေးသဖြင့်
မိတ္ထီလာ အဓိကရုဏ်း မင်းကိုနိုင် နှင့် RFA မေးမြန်းခန်း
မိတ္ထီလာ အဓိကရုဏ်း မင်းကိုနိုင် နှင့် RFA မေးမြန်းခန်း
===============================
>> မိတ္ထီလာမြို့မှာ အခြေအနေတွေငြိမ်သက်သွားပြီးတဲ့နောက်ပိုင်းပေါ့လေ ပျဉ်းမနားတဝိုက်က ရမည်းသင်းတို့ နောက်ပဲခူးက အုတ်တွင်းတို့ သာယာဝတီ စစ်ကွင်း စတဲ့ဒေသတွေမှာ ရုပ်ရုပ်သဲသဲတွေဖြစ်လာတာတွေ့ရပါတယ်။ ဦးမင်းကိုနိုင်တို့ရော ဒီအခြေအနေတွေကို ဘယ်လိုတွေများ လေ့လာအကဲဖြတ်မိပါသလဲခင်ဗျ။
အော်ကျွန်တော်နောက်ဆုံးပေါ့ဗျာ စစ်ကွင်းက ဒေသခံတွေပြောကြားချက်တွေရော ကျွန်တော်ရောက်ခဲ့တဲ့ မိတ္ထီလာရောပေါ့ နောက်ကျန်တဲ့ အဲဒီလိုပါပဲ ပဲခူးရိုးမ အရှေ့ဘက်တစ်ကြောကမြို့တွေရဲ့ အတွေ့အကြုံရောပေါ့ အကုန်လုံးကိုသုံးသပ်လိုက်တော့ တူညီတဲ့အချက်တွေ အများကြီးတွေ့နေရတယ်။ ဒါပေမဲ့ ဒေသခံပြည်သူတွေ မပါဘဲနဲ့ ဒေသခံပြည်သူတွေက စိုးရိမ်ကြောင့်ကြစွာနဲ့ ဒီကိစ္စတွေရဲ့ မျက်မြင်သက်သေတွေ ဖြစ်နေတာက များတယ်။ တော်တော်များများက အစီအစဉ်တကျ ဝင်လာတာတွေများတယ်ဗျ။ ဒါက အကုန်သိထားပြီးတဲ့အတိုင်းပါပဲ မီးတွေပျက်သွားတယ်၊ တယ်လီဖုန်းလိုင်းတွေပျက်သွားတယ်၊ ဝင်လာကြတယ်၊ ဒါပေမဲ့ ပြီးတဲ့အခါကျတော့ ခရာတွေ မှုတ်ပြီးတော့ သူတို့ တိုက်ခိုက်ရေးသမားတွေ ပုံစံနဲ့ပေါ့ဗျာ အဲဒီမှာ ဖျက်စီးတာတွေရှိတယ်။ အဲဒါတွေအကုန်လုံးကြည့်လိုက်တဲ့အခါကျတော့ မျက်နှာစိမ်းတွေက ဝင်လာပြီးတော့ တချို့နေရာတွေမှာ မိတ္ထီလာဆိုပါတော့ဗျာ ဘယ်ဘာသာပဲဖြစ်ဖြစ် သူတို့ဖျက်ပစ်တာပဲ အိမ်တွေကို။ အဲဒီတော့ ဒါက ဘာသာရေးအရဖြစ်နေတာမဟုတ်ဘူးဆိုတာ ထင်ရှားနေပြီ။ လူမျိုးရေးအရလည်း မဟုတ်ဘူးဗျ။ ဒီ.. လူတွေဟာ ခိုကိုးရာမဲ့ ဆောက်တည်ရာမဲ့သွားပြီးတော့ နောက်ထပ်ကယ်တင်ရှင် တစ်ခုခုကို မျှော်ရတဲ့ အနေအထားမျိုး ရောက်သွားအောင် လုပ်တယ်ဆိုတာမျိုးတော့ အဖြစ်ခံလို့မရဘူး။ ဒါကျွန်တော်တို့ပြည်သူတွေက ကျွန်တော်တို့အားလုံးပေါ့ ဝိုင်းပြီးတိုက်တွန်းကြတယ် ဘာသာရေးခေါင်းဆောင်တွေရော နိုင်ငံရေးခေါင်းဆောင်တွေရော ကျွန်တော်တို့ တိုင်းရေးပြည်ရေးအတွက် စိုးရိမ်ကြောင့်ကြတဲ့လူတွေ အကုန်လုံးက တိုက်တွန်းကြတဲ့အပေါ်မှာ ပြည်သူတွေက အရင်လောက် မအတဲ့အခါမှာ သူတို့ထင်သလောက် မရဘူးပေါ့ဗျာ။ အဲဒီအခါကျတော့ ရန်ကုန်မြို့မှာတစ်ခါ စာတွေကြဲ ပြီးတဲ့အခါကျတော့ ကျီးလန့်စာစားဖြစ်အောင်လုပ်ပေါ့ဗျာ။ ဒါတွေအကုန်လုံးဟာ အစီအစဉ်ရှိရှိနဲ့ ရည်ရွယ်ချက်ရှိရှိ ကောက်ကျစ်တဲ့လုပ်ငန်းပဲလို့ ကျွန်တော်မြင်တယ်ဗျာ။ အဲဒီတော့ အာဏာရေးပဲပြောပြော၊ သူတို့ ကစားကွက်တွေကြားထဲမှာတော့ ကျွန်တော်တို့ပြည်သူတွေ ထောင်ချောက်ထဲမဝင်မိဖို့ အရေးကြီးဆုံးပေါ့။
>> ဘယ်လိုထောင်ချောက်မျိုးဖြစ်နိုင်မလဲခင်ဗျ။ အခု မျက်နှာစိမ်းဆိုတဲ့ ပုဂ္ဂိုလ်တွေက အခုလို အစီအစဉ်ကျကျ လုပ်နိုင်တယ်ဆိုတော့ အာဏာပိုင်တွေနဲ့ တစ်နည်းတစ်ဖုံအားဖြင့် ပတ်သတ်မှုရှိနိုင်တယ်လို့ ဆိုလိုတာလားခင်ဗျ။
ဒီလိုဗျ၊ အုပ်စုတွေက အများကြီးရှိကြတယ်ဗျ။ ဒီတော့ နံပါတ်တစ်က ကျွန်တော်တို့ ပြည်သူတွေကို အခုအစိုးရအဖွဲ့ကနေ ပြောပြီလေ နောက်ကွယ်ကနေပြီးတော့ စနစ်တကျ ကြိုးကိုင်လှုပ်ရှားနေသူတွေရှိတယ်ဆိုတာ အဲဒီတော့ သူတို့ကိုဖော်ထုတ် အရေးယူပြဖို့ပဲလိုတယ်ဗျ။ အဲဒီတော့ ဘာမှ စိုးရိမ်လက်တွန့်နေဖို့မလိုဘူးဗျာ ပြည်သူတွေကလည်း အဲဒါကိုမျှော်လင့်နေတာပဲ ဘယ်သူတွေ ကြိုးကိုင်ပြီးတော့ ဘယ်လိုလုပ်နေလဲဆိုတာကို ပြည်သူတွေသိပ်သိချင်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒါကအင်မတန်ထိခိုက်ရမယ့်ကိစ္စ။ အဲဒီတော့ လက်ရှိအစိုးရအနေနဲ့ သက်သေအကောင်းဆုံးပြနိုင်လို့ရှိရင် ဒီပွဲဟာ ဘယ်သူတွေဖျက်ခဲ့တယ်ဆိုတာ ပေါ်မှာပေှါ့ဗျာ။ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ ကျွန်တော်တို့ စိုးရိမ်ကြောင့်ကြမှုအရှိဆုံးကတော့ အဲ့ဒီ ကိုယ့်မြို့ ကိုယ့်ရွာမှာ လုံခြုံအောင် ဝိုင်းထိန်းကြဖို့ပဲ။ လန့်ပြီးတော့ လက်ဦးမှုယူလိုက်တာမျိုးမဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။
>> ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း ဒီကနေ့ နိုင်ငံရေးပါတီ ၃၀ လောက်နဲ့ တွေ့တဲ့အချိန်မှာ ပြောတာရှိပါတယ်၊ နိုင်ငံရေးပါတီ တစ်ချို့ကလည်း ဒီနောက်ကွယ်မှာ ရှိနေတယ်လို့ သူပြောသွားတယ်ပေါ့လေ။ ဆိုတော့ ဦးမင်းကိုနိုင်တို့ရော ဒီလိုမျိုး ဆက်စပ်တွေးယူလို့ရပါသလားခင်ဗျ။
ကျွန်တော်တို့က ဒီဟာကို နာမည်နဲ့တစ်ကွ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းဖြစ်တယ်ဆိုတာမျိုးကို ပြောဖို့တော့ ခက်ပါတယ်။ သို့သော် သေချာတာကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ တစ်ခုတစ်ဖွဲ့ကတော့ အနည်းဆုံးဆုံးပေါ့ဗျာ၊ ဒါကို ကြိုတင်ပြင်ဆင်ပြီးတော့ လုပ်တာပဲ။ သူတို့လိုချင်တဲ့ လမ်းကြောင်းထဲကို မရောက်နိုင်သေးတဲ့အခါမှာ ထပ်ပြီးတော့ မတည်ငြိမ်မှုတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေ၊ သွေးချောင်းစီးမယ့် ကိစ္စတွေကို ထပ်ပြီးတော့ ကြိုးစားနေမှာပဲ။ အဲဒီတော့ ကျွန်တော်တို့ ဒေသန္တရအုပ်ချုပ်ရေးတွေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ကာကွယ်ဖို့ပဲ အရေးကြီးတယ်ဗျ။ တစ်စုတစ်ဖွဲ့ထဲမရဘူးနော်၊ သိပ်သေချာတယ်။ အဲဒီတော့ နိုင်ငံရေးပါတီတွေလည်းပါ၊ အရပ်ဖက်လူ့အဖွဲအစည်းတွေလည်းပါ၊ အုပ်ချုပ်ရေးတွေလည်းပါ၊ ပြီးတဲ့အခါမှာ ဘာသာရေးခေါင်းဆောင်တွေလည်းပါ၊ အဲဒီလို အကုန်လုံး လက်ချင်းချိတ်ပြီးတော့ ကိုယ့်မြို့ကိုယ့်ရွာ ကာကွယ်ထား။ မဟုတ်ရင် သံသယတွေနဲ့ ကြီးထွားနေလို့ရှိရင် လန့်ပြီးတော့ လက်ဦးအောင် လုပ်လိုက်မှာမျိုး ကျွန်တော်သိပ်စိုးရိမ်တယ်။ နောက်မှ မှားမှန်းသိတာမျိုးပေါ့ဗျာ။ အဲဒါကြေကွဲစရာကောင်းလိမ့်မယ်။
>> ကြိုတင်စီမံနိုင်တယ်။ ဥပမာ မီးဖြတ်တာအပါအဝင် စနစ်တကျလုပ်ဆောင်နိုင်တယ်ဆိုတော့ ဘာကြောင့် ဒီလို အလွယ်တကူလုပ်နိုင်ရတယ်လို့ရော ယူဆပါသလဲခင်ဗျ။
အင်းပေှါ့ဗျာ… ကျွန်တော်တို့ သာမန်ပြည်သူတွေ အနေနဲ့ကတော့ဗျာ ကိုယ့်စီးပွားကိုယ်ရှာပြီးတော့ ကိုယ့်ဟာကို အေးအေးနေကြတာကိုး။ ဒီဟာတွေက ဘယ်ကတည်းက ဘယ်လောက် ပြင်ဆင်ထားလဲဆိုတာ ကျွန်တော်တို့မှ မသိတာ။ အရေးကြီးတာက ကျွန်တော်တို့တိုင်းပြည်မှာ ရဲအဖွဲအစည်းတွေ ထောက်လှမ်းရေးအဖွဲ့အစည်းတွေ အင်မတန်များတာပဲဗျာ ကွန်ရက်တွေ အင်မတန်ကောင်းတာပဲ၊ သူတို့ဖော်ထုတ်ပြဖို့ လိုပါတယ်။ ပြည်သူလူထုက ဒီပွဲမှာ ဘယ်သူတွေ ဒီလောက်ကောက်ကျစ်ပြီးတော့ ဒီလောက် အကြံကြီးကြီးလုပ်ခဲ့လဲဆိုတာကို သိပ်သိချင်နေကြတယ်ဗျာ။ နောက်ပြီးတော့ လုံခြုံတဲ့ဘဝအနေနဲ့က ကျွန်တော်တို့ အရပ်သားချင်း ခုခံကာကွယ်ထားရတဲ့ အနေအထားက ကာလတစ်ခုပဲရမှာကိုးဗျ။
>> ဒီအန္တရာယ်က ဘယ်လောက်အထိကြီးမားနိုင်သလဲ၊ ဦးမင်းကိုနိုင် ဘယ်လိုများအကဲဖြတ်လို့ရပါသလဲ။
ဒါကတော့ ကျွန်တော်တို့အားလုံးရဲ့ အစွမ်းအစအပေါ်မူတည်တာပေါ့။ ကျွန်တော် ပြောချင်တာကတော့ အဓိကက ဥာဏ်အမြော်အမြင်ပဲဗျ။ ဒီဟာက သူတို့သဘောအတိုင်း လုပ်လို့မရပါဘူး။ ကျွန်တော်တို့ပြည်သူတွေ အဲဒီလမ်းကြောင်းထဲ မဝင်သွားသရွေ့၊ အဲဒီအမှားတွေနောက်ကို မပါသွားသရွေ့၊ သူတို့လိုချင်တဲ့ လမ်းကြောင်းမရောက်ပါဘူး။ ကျွန်တော်တို့ရဲ့ ဥာဏ်အမြော်အမြင် ဘယ်လောက်ကြီးသလဲ၊ အချင်းချင်း ညီညွတ်မှု ဘယ်လောက်ရှိသလဲ အဲဒီအပေါ်ပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ ယုံပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ ကြံ့ကြံ့ခံပြီးတော့ ရင်ဆိုင်နိုင်မယ်။ အဲဒါကို လက်ချင်းချိတ်ပြီးတော့ ကာကွယ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံပါတယ်။ ဒီ သွေးချောင်းစီးတဲ့ ဇာတ်လမ်းတွေ ကျွန်တော်တို့တိုင်းပြည်မှာ ထပ်အဖြစ်ခံလို့မရဘူး။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဘယ်နေရာမှာမ အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ အလောင်းကို မကောက်ရအောင် ကျွန်တော်တို့ ဝိုင်းကာကွယ်ရလိမ့်မယ်။
>> သွေးချောင်းစီးအောင်၊မတည်မငြိမ်ဖြစ်အောင် လုပ်နေတဲ့သူတွေကို စုံစမ်းဖော်ထုတ်တဲ့နေရာမှာပေါ့လေ လက်ရှိ ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ကော ဘယ်သူတွေက ရန်သူ၊ ဘယ်သူတွေက မိတ်ဆွေ ဆိုပြီးတော့ ကွဲကွဲပြားပြား သိမြင်ဖို့က ဘယ်လောက်အထိ အခက်အခဲရှိနိုင်မလဲခင်ဗျ။
ဒါက ဒီတိုင်းပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘယ်လောက် အဲဒီ အဓိကရုန်းဖန်တီးသူတွေ အပေါ်မှာ ဘယ်လောက်ကိုင်တွယ်နိုင်လဲ၊ ဘယ်လောက်တားဆီးနိုင်လဲ ဆိုတာလည်း အရေးပါတဲ့ အချက်ပဲ။ နောက်တစ်ခုက ဘာကြောင့်မို့လို့ ဒီလောက် ရှောရှော ရှူရှူ ဝင်လို့ထွက်လို့ရပြီးတော့ ကြက်ပျောက်ငှက်ပျောက် ပြန်ပျောက်သွား၊ ဘယ်လိုပေါ်လာလဲ ဒါတွေအကုန်လုံးဟာ ဒေသန္တရဆိုင်ရာ လုံခြုံရေးအဖွဲ့တွေ ဘယ်လောက် အလုပ်လုပ်နိုင်လဲဆိုတာအပေါ် မူတည်တယ်ဗျ။ ဆိုကြပါတော့ ကျွန်တော်တို့ အစွန်းနှစ်ဖက်ကို ရောက်ရောက်သွားတာကို ကျွန်တော်တစ်ချက်ထောက်ပြချင်တယ်။ အရင်တုန်းကဆိုလို့ရှိရင် အဖြူအစိမ်းဝတ်တဲ့ ကျောင်းသားလေးတွေ ဒေါင်းအလံကိုင်ပြီးတော့ ချီတက်ရုံနဲ့ နှိမ်နင်းခဲ့တာတွေရှိတယ်။ သံဃာတွေ မေတ္တာသုတ်ရွတ်ပြီးတော့ စီတန်းရုံနဲ့ နှိမ်နင်းခဲ့တာတွေရှိတယ်။ အစွန်းတစ်ဖက်ပဲဗျ၊ နောက်တစ်ခါကျတော့ အခုလို လက်နက်တွေ ကိုင်ဆောင်ပြီး တော့ ဝင်ရောက်ဖျက်ဆီးနေတာကို မနှိမ်နင်းနိုင်တာ မတားဆီးနိုင်တာလည်း အစွန်းတစ်ဖက်ပဲ။ အဲဒီအစွန်းနှစ်ဖက်တော့ ဘယ်လိုမှရောက်လို့မရဘူး။ ကျွန်တော်တို့က ဒီလိုပြောလိုက်လို့ဟိုဘက် အစွန်းရောက်သွားတယ်၊ ဟိုဘက်ကိုပြောလို့ ဒီဘက်အစွန်းရောက်သွားတယ်ဆိုတာတော့ ဘယ်ဖြစ်လို့ရမလဲဗျ။ ဒါသူတို့ စဉ်းစားဆင်ခြင်ဥာဏ်နဲ့ တည့်တည့်မတ်မတ်ဆောင်ရွက်ရမယ့် ကိစ္စပါ။ ဒါအရေးအကြီးဆုံးပါ။
>> လက်ရှိကိုင်တွယ်နှိမ်နင်းမှုတွေမှာပေါ့လေ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်လာအောင် အစိုးရအနေနဲ့ နောက်ထပ်တစ်ဆင့်တိုးပြီးတော့ ဘာတွေများ လုပ်ဆောင်ဖို့လိုနေတာ တွေ့ရပါသလဲခင်ဗျ။
အဓိကကတော့ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေကိုလည်း မခြိမ်းခြောက်ဖို့အရေးကြီးတာပေါ့။ တကယ်က ဥာဏ်အမြော်အမြင်ရှိရင်ဗျာ… လုံခြုံရေးတပ်တွေကို အခုဝင်လာတဲ့ လမ်းကြောင်းတွေက ထင်ထင်ရှားရှား ပေါ်ပေါ်လာတာမျိုးတွေပါဗျာ၊ အဲဒီတော့ မြို့အဝင်အထွက်တွေမှာ စနစ်တကျ ကြည့်နိုင် ရှု့နိုင်ဖို့လည်း လိုပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုရဲ့ ပူးပေါင်းတဲ့အားကိုလည်း ယူဖို့လိုတယ်။ ပြည်သူလူထုကို အကူအညီတောင်းပြီးတော့ လက်တွဲလို့ရှိရင် ရတယ်ဗျ။ ပြည်သူလူထုက ကူညီဖို့ အဆင်သင့်ပဲ။
>> ပြည်သူတွေဘက်ကရော ဘာတွေများ သတိပြုဖို့လိုနေပါသလဲ ခင်ဗျ။ ခုအချိန်မှာပေါ့လေ။
ထောင်ချောက်ထဲမဝင်မိဖို့ပါပဲ။ ကျွန်တော်တို့အားလုံး အသက်သွေးချွေးတွေနဲ့ ဘဝတွေနဲ့ ရင်းနှီးတည်ဆောက်ထားတဲ့ အခုရက်သားနုနုနယ်နယ် ဒီမိုကရေစီလမ်းကြောင်းပေါ် တင်နေတုန်းရှိသေးတယ် ဒါကို ကျွန်တော်တို့ နောက်ကြောင်းအပျက်အစီးခံဖို့ မရဘူးပေါ့ဗျာ။ ကျွန်တော်တို့ပြည်သူတွေ ဒီလောက်ဆိုရင် သိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ သိပ်ညံ့တဲ့ပြည်သူတွေမဟုတ်ပါဘူး။
Re-Post By ACM 27-3-2013
အေးချမ်းမွန် Credit & Copy From >>အဖြူရောင်မီဒီယာ<< Thank
  မိတ္ထီလာမြို့မှာ အခြေအနေတွေငြိမ်သက်သွားပြီးတဲ့နောက်ပိုင်းပေါ့လေ ပျဉ်းမနားတဝိုက်က ရမည်းသင်းတို့ နောက်ပဲခူးက အုတ်တွင်းတို့ သာယာဝတီ စစ်ကွင်း စတဲ့ဒေသတွေမှာ ရုပ်ရုပ် သဲသဲတွေဖြစ် လာတာတွေ့ရပါတယ်။ ဦးမင်းကိုနိုင်တို့ရော ဒီအခြေအနေတွေကို ဘယ်လိုတွေ များ လေ့လာ အကဲဖြတ်မိပါသလဲခင်ဗျ။
အော်ကျွန်တော်နောက်ဆုံးပေါ့ဗျာ စစ်ကွင်းက ဒေသခံတွေပြောကြားချက်တွေရော ကျွန်တော်ရောက်ခဲ့တဲ့ မိတ္ထီလာရောပေါ့ နောက်ကျန်တဲ့ အဲဒီလိုပါပဲ ပဲခူးရိုးမ အရှေ့ဘက်တစ်ကြောကမြို့တွေရဲ့ အတွေ့ အကြုံရောပေါ့ အကုန်လုံးကိုသုံးသပ်လိုက်တော့ တူညီတဲ့
အင်္ဂပူမြို့၊ ကွင်းကောက်ရွာတွင် မြို့နယ် အုပ်ချုပ်ရေးမှူး မှ တည်ငြိမ်မှုများရရန် ကြိုးစားဆောင်ရွက်နေ
M-Media
မတ်လ ၂၇၊ ၂၀၁၃
M-Media
သတင်း- ၀ါးပင်လေး
အင်္ဂပူမြို့နယ်၊ ကွင်းကောက်ရွာတွင် ယခုလ ၂၂-ရက်နေ့က မတည်ငြိမ်မူများ ဖြစ်ပွားရာ ယခု မတ်လ၂၇ရက်နေ့တွင် အုပ်ချုပ်ရေးမှူးတို့မှ ထိန်းသိမ်း ကာကွယ်ခြင်းများ ပြုလုပ်ဆောင်ရွက် လာကြောင်း သတင်းရရှိသည်။
အင်္ဂပူမြို့နယ်၊ ကွင်းကောက်ရွာတွင် မြို့နယ် အုပ်ချုပ်ရေးမှူးတို့မှ အကြမ်းဖက်မူများ မဖြစ်ပွားစေရန် နှင့် တည်ငြိမ်အေး ချမ်းစေရန် ကြိုးစား ဆောင်ရွက်ခြင်းကြောင့် ဒေသခံ ဘာသာပေါင်းစုံ ရွာသူရွာသားအားလုံး စိတ်အေး ချမ်းသာစွာ နေထိုင်ရမည်ဟု မျှော်လင့်နေရ ကြောင်း သတင်းရရှိသည်။
ထို့သို့ အခြေအနေ အရပ်ရပ် ထိန်းသိမ်းထားနိုင်ခြင်းအပေါ် ဆူပူအကြမ်းဖက်မူကို လိုလားသူများမှ အုပ်ချုပ်ရေးမှူး တို့ အာဏာပိုင်တို့အား ရွာသူရွာသား အချို့မှ လာဘ်ထိုးထားကြောင်း သွားပုပ်လေလွှင့် ပြောဆိုနေကြသူများ ရှိကြောင်း သိရသည်။
အမှန်တကယ် ငြိမ်းအေးချမ်းသာစွာ နေထိုင်လိုသူများ၊ငြိမ်းချမ်းရေးကို မြတ်နိုးကြသူ ဒေသခံ ရွာသူရွာသားများ၏ စိုးရိမ်ထိတ်လန့်မူကို တာဝန်သိ အုပ်ချုပ်ရေးမှူးများအနေဖြင့် အချိန်မီ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မူ ပြု လုပ်နေ သည်ကို မလိုလား မနှစ်သက်ကြသည့် လူတစ်စုမှ ပြောဆိုကြခြင်း ဖြစ်ကြောင်း စုံစမ်း သိရှိရရ သည်။အုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း ထိုစွပ်စွဲပြောဆိုမူများ အဆက်အပြတ် ပေါ်ထွက်လာခြင်းကြောင့် တာဝန် ယူမူ ကို ပြန်လည် နောက်ဆုတ်သွားမည်ကို ဒေသခံများ အနေဖြင့် စိုးရိမ် နေရကြောင်း စုံစမ်းသိရှိရသည်။
ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဇီးကုန်းမြို့နှင့် မင်းလှမြို့တို့တွင် အကြမ်းဖက်မှုများ တပြိုင်နက်တည်း ဖြစ်ပွားခဲ့
Created on Wednesday, 27 March 2013 19:53
ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဇီးကုန်းမြို့နှင့် မင်းလှမြို့တို့တွင် ၂၀၁၃ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့ ညနေ (၃) နာရီ အချိန်ခန့်၌ အကြမ်းဖက်မှုများ တပြိုင်နက်တည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့တွင် မတ်လ (၂၇) ရက်နေ့ ညနေ (၃) နာရီအချိန်ခန့်မှ စတင်၍ လူအင်အား (၂၀၀) ခန့်မှ အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ရှင်းလင်းဆောင်ရွက်ခဲ့ရာ ညနေ (၅) နာရီ အချိန်ခန့်တွင် လူစုကွဲသွားခဲ့ကြောင်း သိရသည်။
ထို့အတူ မင်းလှမြို့တွင်လည်း မတ်လ (၂၇) ရက်နေ့ ညနေ (၃) နာရီအချိန်ခန့်၌ မင်းလှမြို့ပေါ်ရှိ ဂျာမေဗလီအား လူအင်အား (၅၀၀) ခန့်မှ ၀င်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဤသို့ဖြင့် ညနေ ၄ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် လူစုကွဲသွားခဲ့ကြောင်းသိရသည်။
ဤကဲ့သို့ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ရှင်းလင်း လူစုခွဲမှုကြောင့် ဆူပူအကြမ်းဖက်မှုတွင် ပါဝင်သူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မင်းလှမြို့တွင် (၃)ဦးနှင့်၊ ဇီးကုန်းမြို့တွင် (၁)ဦး၊ စုစုပေါင်း (၄) ဦး ဒဏ်ရာရ ရှိခဲ့သည်။ အဆိုပါ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အခြားဒေသများ၌ အလားတူ ကိစ္စမျိုး ထပ်မံ ဖြစ်ပွားခြင်း မရှိစေရန် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အကူအညီကို ရယူ၍ ရဲတပ်ဖွဲ့ဝင်အင်အား အလုံအလောက်ဖြင့် မြို့မိမြို့ဖများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ သံဃာတော်ကြီးများ စသည့် ပုဂ္ဂိုလ်များ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နေ့ညကင်းလှည့် စောင့်ကြပ်ခြင်း၊ ကြိုတင် သတင်းရယူခြင်း များ ကိုလည်း စဉ်ဆက်မပျက် လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
"ဒီကိစ္စက သာမန်ဘာသာရေး အဓိကရုဏ်း မဟုတ်ဘူး၊ မိတ္ထီလာမှာကဲ့သို့ မွတ်စလင် ဘာသာဝင်ကနေပြီးတော့ တစ်ခုခု မှားယွင်းပြီးတော့ ဆောင်ရွက်ခဲ့တယ်ဆိုတာလည်း ဒီဖြစ်စဉ်မှာ ဖော်ထုတ်လို့ မရဘူး။ ဒီမှာ ကတော့   ဘေးပယောဂကြောင့် ဒီလိုမျိုး ဖြစ်တယ်လို့ သုံးသပ်တယ်။ နောက်ကွယ်ကနေ ကြိုးကိုင်ပြီးတော့ ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းများရဲ့ ဆောင်ရွက်ချက်၊ ဒါကိုလည်း ဖျက်ဆီးဆောင်ရွက်ခဲ့တဲ့ လူတွေကို လည်း ဥပဒေအရ ထိရောက်စွာ အရေးယူဖို့ ဆောင်ရွက်လျက် ရှိပါတယ်။ အမှုကို ခိုင်ခိုင်မာမာ တည်ဆောက် ပြီးတော့ အရေးယူသလိုပဲ တပိုင်းက ဥပဒေမဲ့လုပ်ရပ်တွေကို တားဆီးဆောင်ရွက်နေပါတယ်။ တပိုင်းကလည်း တည်ငြိမ်အေးချမ်းမှု ရှိလာတာနဲ့အမျှ ဖျက်ဆီးရာမှာ ပါဝင်တဲ့သူတွေကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်အောင် ဆောင်ရွက်နေပါတယ်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ရဲ့ ဦးစီးကွပ်ကဲမှုနဲ့ တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးပြန်ရအောင် ဆောင်ရွက်နေပါတယ်" ဟု ပဲခူးတိုင်းဒေသကြီး အတွင်း လက် တလော ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး မြ၀င်းမှ ပြောကြားပါသည်။
Re-Post By ACM 27-3-2013
အေးချမ်းမွန် Credit & Copy From >>Eleven Media Group<< Thank
ရခိုင်လွတ်မြောက်ရေးပါတီသမိုင်း
........အခုလို မြန်မာပြည်မှာ ဒါတွေ ဖြစ်လာအောင် အဓိက အစပြုခဲ့တာ ရခိုင်တွေပါ.....
.........သူတို့ရဲ့ အကျိုးတစ်ခုတည်းအတွက်မြန်မာပြည်ကို.....ဒီလိုမျိုးအခြေနေဖြစ်အေင်လုပ်နေတဲ့ ဒီရခိုင်တွေ..မြန်မာပြည်မှ မွတ်စလင်မ် နှင့် ဗမာ အဓိကရုန်းဖြစ်အောင်လုပ်နေတာတွေ ဟာ ရခိုင်တွေ ပါ.....ဗမာစကားကို ကောင်းကောင်းတတ်တဲ့ ရခိုင်တွေ...တောင်ကုတ်ဘက်က တတ်လာတဲ့ ရခိုင်တွေ က မြန်မာနိုင်ငံအနဲ့ အခုအချိန်မှာ ရောက်ရှိနေပြီဖြစ်ပြီး ၀ါဒအမျိုးမျိုးဖြန့်ကာ ယခုကဲ့သို အဓိကရုန်း များဖြစ်အောင်လုပ်ဆောင်နေတာ အစ္စလာမ်ဘာသာဝင်တွေနဲ့ မြန်မာပြည်သူများသိရှိရန်လိုအပ်ပါတယ်... မူးယစ်ဆေးဝါးအခုလုပ်လုပ်ပြီး ရံပုံငွေတွေထောင်ပြီး အီစ္စလာမ်ဆန့်ကျင်ရေးကိုလုပ်နေတဲ့ ကျွန်န်ုတို့ရဲ့ အဓိက ရန်သူများဖြစ်တဲ့ .............
ရခိုင်ပြည်လွှတ်မြောက်ရေးတပ်မတော် သမိုင်းကို( မြန်မာဘာသာဖြင့်) ဖတ်ချင်သောသူမျာ အောက်ပါ link တွင် pdf file ကို download လုပ်ပြီး ကြည့်ရှုနိုင်ပါသည်။
http://www.arakanalp.com/wp-content/uploads/2012/05/burmese-1.pdf
ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ
မတ်လ ၂၇ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်
မတ် ၂၆ ရက်နေ့ ညပိုင်းက နတ္တလင်းတွင် လူအုပ်စုများဖွဲ့ပြီး ဆိုင်ခန်းများကို ခဲဖြင့် ပစ်ပေါက်ခြင်း၊ ၀င်ရောက် ဖျက်ဆီးခြင်းများ ပြုလုပ်သည့် အတွက် လူနေအိမ် ရှစ်လုံး၊ ဆိုင်ခန်း ၁၂ ခန်းနဲ့ ဘာသာရေး အဆောက်အအုံတစ်ခု ပျက်စီးခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သဲကုန်းမြို့နယ် အင်းမကျေးရွာ ၌ ဘာသာရေး အဆောက်အအုံ တစ်ခုကို လေးခွများဖြင့် ပစ်ခတ်မှု ရှိခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဇီးကုန်းမြို့၌ ခဲဖြင့် ပစ်ပေါက် ဖျက်ဆီးမှုများကြောင့် လူနေအိမ် ၁၄ လုံးနှင့် ဘာသာရေး အဆောက်အအုံ တစ်လုံး ပျက်စီးခဲ့ရကြောင်း၊ အုတ်ဖိုမြို့နှင့် ဇီးကုန်းမြို့များ၌ လာရောက်ဖျက်ဆီးသူများကို လုံခြုံရေး တပ်ဖွဲ့များက သေနတ် ပစ်ဖောက်ပြီး လူစု ခွဲခဲ့ရကြောင်း၊ ဇီးကုန်းမြို့ လုယက် ဖျက်ဆီးမှုတွင် ပါဝင်သည်ဟု ယူဆရသူ ၁၀ ဦးကို ဖမ်းဆီးထားကြောင်းနှင့် သတင်းအသေးစိတ်ကို နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က ၎င်း၏ Facebook စာမျက်နှာတွင် သတင်းထုတ်ပြန်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်နိုင်ငံရေးပါတီ အသီးသီး၊ ဘာသာရေးအဖွဲ့အစည်း၊အစိုးရသတင်းစာကျေညာအရ ထောက်ပြကာတင်ပြရလျှင်----
ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို လိုလားနေသောတိုင်းသူ/ပြည်သားအားလုံးမှ ယနေ့လတ်တလော ဖြစ်ပေါ်နေသော မငြိမ်သက်မှုများ၊လုယက်မှုများ၊လူသတ်မှုများ၊ဘာသာရေး အဆောက်အဦး၊နေအိမ်၊ဆိုင် ခန်းစ သည့်တို့ကို အခွင့်ကောင်း လိုလား သူ လူတစ်စု အကြောင်းအမျိုးမျိုးပြခြင်း၊ ဘာသာရေး ကိုဗန်းပြ ပြီးအချင်းချင်းသွေးခွဲ စည်းရုံးခြင်း များ ပြုလုပ် လာကြ သည် ကိုတွေ့ရပါသည်။
ရှေးပဝေသဏီကပင်နေထိုင်သော မိတ္ထိလာမြို့သူ/သား သာမန်အကြောင်းကိစ္စတစ်ခုမှ တစ်မြို့လုံးပြာကျသွားအောင် ပြုလုပ်ခဲ့သည်မှာ အခွင့်ရေးသမားများ၏ကြိုတင် အစီစဉ်ရှိ၍ တစ်ခဏအတွင်းယခုကဲ့ဖြစ်ကြောင်းလူတိုင်း သိရှိနားလည် ပါသည်။ ထိုမှတစ်ဆင့်အခြားမြို့ကြီးများကိုပင် ကူးစက်လာအောင် အကွက်ဆင်
Friday, March 22, 2013
မိတ္ထီလာအရေး ဗီဂျေနမ်ဘီးယား ကြေညာချက်ထုတ်ပြန်
Friday, March 22, 2013
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ အခြားဒေသများသို့ ဆက်လက်ကူးစက်ပြန့်ပွားမှုမရှိစေရန် နှင့်   နောက်ထပ်အသက်ဆုံးရှုံးမှုများ မရှိစေရန်အတွက် အာဏာပိုင်များ၏ ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ် သကဲ့သို့ ဘာသာရေးနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များကလည်း မိမိတို့၏ နောက်လိုက်နောက် ပါများအား ပဋိပက္ခအကြမ်းဖက်မှုများ အဆုံးသတ်ရန် နှင့် တရားဥပဒေ ကို လေးစားလိုက်နာရန် တိုက်တွန်း အားပေးရမည်ဖြစ်ကြောင်း ကုလအထူးသံတမန် မစ္စတာ ဗီဂျေနမ်ဘီးယားကဆိုသည်။
ယမန်နေ့ညက မြန်မာနိုင်ငံသို့ ရောက်လာသော ကုလအထူးသံတမန် မစ္စတာ ဗီဂျေနမ်ဘီးယားက မိတ္ထီလာမြို့ ပဋိပက္ခတွင်းသေဆုံးခဲ့ရသူများနှင့် ပျက်ဆီးဆုံးရှုံးမှုများ အတွက် အလွန်ပင်ဝမ်းနည်းမိကြောင်း သတင်း ထုတ်ပြန် ထားခဲ့သည်။
ယခုအရေးနှင့်ပတ်သတ်၍မြန်မာအစိုးရအဖွဲ့ထိပ်တန်းခေါင်းဆောင်များအဖွဲ့အစည်းခေါင်းဆောင်များနှင့် လွှတ်တော် ဥက္ကဌများက ထုတ်ပြန်ပြောဆိုခဲ့သော သဘောထားများမှာ ချီးမွမ်းလေးစား ဖွယ်ကောင်းပြီး ပဋိပက္ခဒေသ တွင်း အာဏာပိုင်များက နိုးနိုးကြားကြား တာဝန်ထမ်းဆောင် ရန်လိုအပ်သည်ဟု ပါရှိသည်။
PN 055
Popular Myanmar News Journal
မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း အတွင်းသို့ ရောက်ရှိနေသော အစ္စလာမ်ဘာသာဝင်များကို မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။
မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း အတွင်းသို့ ရောက်ရှိနေသော အစ္စလာမ်ဘာသာဝင်များကို မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။
မိတ္ထီလာမှ မွတ်စလင်များအားအကြမ်းဖက်မှု ယခုတိုင် မရပ်တံ့သေး
မိတ္ထီလာမှ မွတ်စလင်များအားအကြမ်းဖက်မှု ယခုတိုင် မရပ်တံ့သေး ယခု ဒိုဘီကုန်း၌ မီးရှို့နေ
 (22-03-2013 9:00 AM )
မတ်လ ၂၂၊ ၂၀၁၃
M-Media
အေးမောင်
မိတ္ထီလာ ။ ။ မတ်လ ၂၀-ရက်နေ့မှစတင်ကာ မိတ္ထီလာတစ်မြို့လုံးရှိ မွတ်စလင်မ်များ၏ ဗလီများ၊ လူနေအိမ်များ၊ လူများအား အကြမ်းဖက်ဖျက်ဆီး၊ သတ်ဖြတ်မှုများအား ယခုအချိန်ထိတိုင် ထိန်းသိမ်းနိုင်မှု မရှိသေးကြောင်း သတင်းရရှိသည်။
မိတ္ထီလာမြို့တွင် မတ်လ ၂၀-ရက်နေ့ စီးပွားရေးအရောင်းအ၀ယ်ကိစ္စကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ဘာသာရေး အကြမ်းဖက်မှုများအား ယခုအချိန်အထိ ထိန်းသိမ်းကာကွယ်နိုင်မှုမရှိသေးကြောင်း၊ ယခု မနက် ၉-နာရီဝန်းကျင်ခန့်တွင် မိတ္ထီလာမြို့ ဒိုဘီကုန်းရပ်ကွက်တွင် တကြော့ပြန်လည်ပြီး မီးရှို့ဖျက်ဆီးသတ်ဖြတ် မှု များ ပြုလုပ်နေကြောင်း၊ အချို့ရပ်ကွက်အတွင်းမှ လူများသည် တောထဲပြေးဝင် ပုန်းအောင်းနေသည့်အတွက် အိမ်များမပျက်သော်လည်း အိမ်မှာနေရင် လုံခြုံရေးမရှိ၍ ဒုက္ခသည်စခန်း(ဘောလုံးကွင်း)တွင် ပို့ထားမည်ဟုဆိုကာ ရဲများမှ လာရောက်ခေါ်ယူသွားကြောင်း၊ ဒုက္ခသည် စခန်းတွင် သောက်စရာရေ မရှိ၍ ဒုက္ခရောက်နေရကြောင်းများ သိရသည်။
"ခုနကပဲ ဒိုဘီကုန်းမှာ မီးရှို့နေပါတယ်။ ကျွန်တော့်အသိတစ်ယောက်ဆို စစ်တပ်ထဲ ရောက်နေပါတယ်။ သူ့လုံခြုံရေး အရ စစ်တပ်က အသိမိတ်ဆွေကခေါ်သွားတာပါ။ ဒိုဘီကုန်းမှာ မီးရှို့နေလို့ ဆိုင်ကယ်မောင်းပြီး ထွက်ပြေးသွားတဲ့ ကျွန်တော့်မိတ်ဆွေ သားအဖနှစ်ယောက်ကို အကြမ်းဖက်လူတွေက ၀ိုင်းတားပြီး ရိုက်သတ်လိုက်တာ အဲဒီနေရာ မှာပဲ သေသွားပါတယ်။ သူတို့ကို ၀ိုင်းရိုက်သတ်တာကို ကျွန်တော် ကိုယ်တိုင် မျက်စိနဲ့မြင်တာပါ။ အခုတော့ ကျွန်တော် ဒုက္ခသည်စခန်းမှာရောက်နေပါတယ်။"လို့ မိတ္ထီလာမြို့ခံ အကြမ်းဖက်ခံရမှု ဒုက္ခသည်တစ်ယောက်မှ M-Media ကို ပြောပြလာပါတယ်။
မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံသို့ ဒဏ်ရာ ရရှိသူ အရေ အတွက်မှာလည်း စုစုပေါင်း(၄၅) ဦးအထိ ရြှိ
မိတ္ထီလာမြို့ အခြေအနေ 1:20 PM
မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်
မိတ္ထီလာမြို့ အခြေအနေ 1:20 PM
မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်
မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံသို့ ယနေ့ နံနက်ပိုင်းတွင် သေဆုံးသူ (၅) ဦး ထပ်မံ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာ ရရှိသူ အရေ အတွက်မှာလည်း စုစုပေါင်း(၄၅) ဦးအထိ ရှိလာကြောင်း မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။ 
နိုင်ငံပိုင် မီဒီယာများမှ ယမန်နေ့က ထုတ်ပြန်ခဲ့သော စာရင်းများအရ မတ်လ ၂၁ ရက်နေ့တွင် သေဆုံးသူ (၅) ဦးရှိခဲ့သဖြင့် မတ်လ ၂၀ ရက်နေ့မှ ယခု အချိန်အထိ ဖြစ်ပွား နေသော မိထ္ထီလာ ပဋိပက္ခတွင် သေဆုံးသူ (၁၀) ဦးရှိလာခဲ့ကြောင်း ယနေ့ မွန်းလွဲပိုင်အချိန်အထိ တရားဝင် ရရှိသော သတင်းများအရ သိရပါသည်။ 
"လက်ရှိအချိန်အထိ စုစုပေါင်း သေဆုံးသူ (၁၀) ဦး ရှိပါပြီ။ ဒဏ်ရာရသူက (၄၅) ဦးပါ။ အများစုက မီးလောင် ဒဏ်ရာ၊ ပြတ်ရှ ဒဏ်ရာ၊ တုတ်နဲ့ ရိုက်ခံရတဲ့ ဒဏ်ရာတွေ ဖြစ်ပါတယ်။ ဒီစာရင်းတွေက ဆေးရုံကို ရောက်လာတဲ့ စာရင်း ဖြစ်ပါတယ်။
 ဆေးရုံအနေနဲ့ ရောက်ရှိလာတဲ့ လူနာတွေကို ထိရောက်စွာ ကုသနိုင်ဖို့ ၀န်ထမ်း အင်အား၊ အရေးပေါ် နေရာတွေ တိုးချဲ့ပြီး ဆောင် ရွက်နေပါ တယ်”ဟု မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
News From EMG
Photo From STL
မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံသို့ ယနေ့ နံနက်ပိုင်းတွင် သေဆုံးသူ (၅) ဦး ထပ်မံ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာ ရရှိသူ အရေ အတွက်မှာလည်း စုစုပေါင်း(၄၅) ဦးအထိ ရှိလာကြောင်း မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။
နိုင်ငံပိုင် မီဒီယာများမှ ယမန်နေ့က ထုတ်ပြန်ခဲ့သော စာရင်းများအရ မတ်လ ၂၁ ရက်နေ့တွင် သေဆုံးသူ (၅) ဦးရှိခဲ့သဖြင့် မတ်လ ၂၀ ရက်နေ့မှ ယခု အချိန်အထိ ဖြစ်ပွား နေသော မိထ္ထီလာ ပဋိပက္ခတွင် သေဆုံးသူ (၁၀) ဦးရှိလာခဲ့ကြောင်း ယနေ့ မွန်းလွဲပိုင်အချိန်အထိ တရားဝင် ရရှိသော သတင်းများအရ သိရပါသည်။
"လက်ရှိအချိန်အထိ စုစုပေါင်း သေဆုံးသူ (၁၀) ဦး ရှိပါပြီ။ ဒဏ်ရာရသူက (၄၅) ဦးပါ။ အများစုက မီးလောင် ဒဏ်ရာ၊ ပြတ်ရှ ဒဏ်ရာ၊ တုတ်နဲ့ ရိုက်ခံရတဲ့ ဒဏ်ရာတွေ ဖြစ်ပါတယ်။ ဒီစာရင်းတွေက ဆေးရုံကို ရောက်လာတဲ့ စာရင်း ဖြစ်ပါတယ်။
ဆေးရုံအနေနဲ့ ရောက်ရှိလာတဲ့ လူနာတွေကို ထိရောက်စွာ ကုသနိုင်ဖို့ ၀န်ထမ်း အင်အား၊ အရေးပေါ် နေရာတွေ တိုးချဲ့ပြီး ဆောင် ရွက်နေပါ တယ်”ဟု မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
News From EMG
Photo From STL
Thursday, March 14, 2013
Attachments of Rohingyas’ doccuments(Part – 5) ရိုဟင်ဂျာအထောက်အထားဆိုင်ရာ ပူးတွဲစာရွက်စာတမ်းများအပိုင်း(၅) …
N.D.P.D. presentation for the native inhabitants (Whose Faith Is Islam) residing in Rakhine State (Arakan State) as   the citizen by law and by natural or birth right as well as the indenous national of Republic of Union of Myanmar   Go to the Burmese Version – Link (1)   -    (Burmese Version) Very Important ရခိုင်ပြည်ရှိမွတ်ဆလင်များသည်သဘာဝအလျှောက်တိုင်းရင်းသား၊ နိုင်ငံသားဖြစ်ကြောင်း၊ပြည်ထောင်စု [...]
Wednesday, March 13, 2013
Attachments of Rohingyas’ doccuments(Part – 4) ရိုဟင်ဂျာအထောက်အထားဆိုင်ရာ ပူးတွဲစာရွက်စာတမ်းများအပိုင်း(၄) …
N.D.P.D. presentation for the native inhabitants (Whose Faith Is Islam) residing in Rakhine State (Arakan State) as   the citizen by law and by natural or birth right as well as the indenous national of Republic of Union of Myanmar   Go to the Burmese Version – Link (1)   -    (Burmese Version) Very Important ရခိုင်ပြည်ရှိမွတ်ဆလင်များသည်သဘာဝအလျှောက်တိုင်းရင်းသား၊ နိုင်ငံသားဖြစ်ကြောင်း၊ပြည်ထောင်စု [...]